ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





Credit: lwinpyin
#Unicode Version#
တရုတ် နိုင်ငံအရှေ့ပိုင်း လျန်ယွင်ဂန်းမြို့က လူစည်ကားတဲ့လမ်းဆုံမှာ လမ်းပေါ်ကအမှတ်အသားတွေကို ဆေးခြယ်ပစ်တဲ့ တရုတ်အမျိုးသားတဦးကို ရဲတွေက ဖမ်းခဲ့ပြီး ဒဏ်ငွေ ယွမ် ၁၀၀၀ ဒဏ်တပ်ခဲ့တယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှာ လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ တောက်ပတဲ့ ဂျာကင်အင်္ကျီဝတ်ထားတဲ့ အမျိုးသားတဦးက သူ့ဘေးမှာ ကားတွေ အရှိန်နဲ့ သွားလာနေပေမယ့် လမ်းပေါ်က အမှတ်အသား အတော်များများကို ဆေးခြယ်ခဲ့တာ တွေ့ရပါတယ်။

လက်ရှိအမှတ်အသားတွေကြောင့် ယာဉ်ကြော ကြပ်ညပ်နေနိုင်တယ်၊ ယာဉ်ကြောပြဿနာတွေ အေးငြိမ်းအောင် အားထုတ်တာလို့ ဆေးသုတ်သူ အမျိုးသားက ပြောပါတယ်။

ရဲတွေက သူ့ရဲ့အမှတ်အသားတွေကို တိုက်ချွတ်ဖျက်ပစ်ခဲ့တယ်၊ ခုတော့ လမ်းဆုံက အရင်အတိုင်း ပြန်ဖြစ်နေပြီလို့ ရဲတွေက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top