ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အခ်စ္စစ္ဆိုတာက သူ႕ရဲ႕ အားနည္းခ်က္ေတြ၊ မျပည့္ဝမႈေတြ၊ အနာတရေတြ အားလံုးကို အရွိအတိုင္း လက္ခံေပးၿပီး သူျဖစ္ေနတာေၾကာင့္ကို ခ်စ္ေနတာ မ်ိဳးပါ...........

မသင့္ေတာ္တဲ့ ေပါင္းစပ္မႈေတြက ႏွစ္ဦး ႏွစ္ဖက္စလံုးကို ထိခိုက္နာက်င္ေစတာေတာ့ အမွန္ပါ

တည္တံ့ခိုင္ၿမဲၿပီး စိတ္ေအးခ်မ္းသာရတဲ့ Relationship မ်ိဳးက ရွားလြန္းပါတယ္။ ဒါေၾကာင့္ ကိုယ့္အတြက္ အသင့္ေတာ္ဆံုး၊ ကိုယ့္ဘဝအတြက္ အမွန္ကန္ဆံုး တစ္စံုတစ္ေယာက္ေသာသူနဲ႔ မေတြ႔ဆံုရေသးခင္မွာ ကိုယ့္အတြက္ မသင့္ေတာ္တဲ့ သူေတြကို မွားယြင္းေရြးခ်ယ္မိတတ္ၾကတာလည္း မဆန္းပါဘူး။ ေရရွည္ မျဖစ္ႏိုင္တဲ့  Relation မ်ိဳးကို ေယာက္်ားေလးေရာ၊ မိန္းကေလးပါ မွားယြင္းၿပီး တည္ေဆာက္မိတတ္ၾကပါတယ္။ မွားယြင္းတဲ့ တည္ေဆာက္မႈေတြ၊ မသင့္ေတာ္တဲ့ ေပါင္းစပ္မႈေတြက ႏွစ္ဦး ႏွစ္ဖက္စလံုးကို ထိခိုက္နာက်င္ေစတာေတာ့ အမွန္ပါ။

ဒါေၾကာင့္ ကိုယ့္တည္ေဆာက္ထားတဲ့ Relationship တစ္ခုက မွားယြင္းေနၿပီဆိုရင္ လမ္းခြဲ လိုက္တာက အေကာင္းဆံုးပါပဲ။ ကိုယ္နဲ႔ ေပါင္းစပ္ဖို႔ မျဖစ္ႏိုင္တဲ့ လက္တြဲေဖာ္ဆိုတာက ဆိုဒ္ေသးေနတဲ့ ဖိနပ္တစ္ရံလိုပါပဲ။ စီးရတာ အဆင္မေျပသလို ေျခေထာက္မွာလည္း ဒဏ္ရာ အနာတရေတြနဲ႔ ခရီးလည္း တြင္ေအာင္ ေလွ်ာက္ႏိုင္မွာ မဟုတ္ဘူးေလ။ ဒါေၾကာင့္ Relationship တစ္ခုက ကိုယ့္အတြက္ ေရရွည္သြားဖို႔ မျဖစ္ႏိုင္တဲ့ Relation တစ္ခု ျဖစ္ေနမွန္း သိသာႏိုင္တဲ့ ျပႆနာ တစ္ရပ္အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။

ေျပာင္းလဲလာဖို႔ ေမွ်ာ္လင့္ေနမယ့္အစား လမ္းခြဲလိုက္တာ အေကာင္းဆံုးပါပဲ

အဲ့ဒိ ျပႆနာ တစ္ရပ္ကေတာ့ ေျပာင္းလဲေစခ်င္ စိတ္ေတြ မ်ားေနတာပါ။ ကိုယ့္က သူ႕အေပၚမွာ ျဖစ္ျဖစ္၊ သူက ကိုယ့္အေပၚမွာ ျဖစ္ျဖစ္ ေျပာင္းလဲေစခ်င္တာေတြ အမ်ားႀကီး  ရွိေနတယ္ ဆိုရင္ ေျပာင္းလဲလာဖို႔ ေမွ်ာ္လင့္ေနမယ့္အစား လမ္းခြဲလိုက္တာ အေကာင္းဆံုးပါပဲ။ ဘာေၾကာင့္လည္း ဆိုေတာ့ လူတစ္ဦး တစ္ေယာက္ရဲ႕ ပင္ကိုယ္ စ႐ိုက္နဲ႔ သေဘာသဘာဝကို ဘယ္သူကမွ ေျပာင္းလဲႏိုင္မွာ မဟုတ္လို႔ပါ။ ေျပာင္းလဲ ႏိုင္ရင္လည္း ခဏတာ အတြက္ပဲ ျဖစ္ပါလိမ့္မယ္။ ျပင္ပ အသြင္အျပင္ကို ေျပာင္းလဲေကာင္း ေျပာင္းလဲ ႏိုင္ေပမယ့္ စိတ္ဓာတ္နဲ႔ စ႐ိုက္ကိုေတာ့ ေျပာင္းလဲဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ္ျဖစ္ေစခ်င္တဲ့ အတိုင္း သူမျဖစ္ေပးႏိုင္တဲ့အခါ၊ သူျဖစ္ေစခ်င္တဲ့အတိုင္း ကိုယ္မျဖစ္ေပးႏိုင္တဲ့အခါ အခ်စ္လမ္းခရီးက အဖုအထစ္ေတြ မ်ားလာမွာ ေသခ်ာပါတယ္။

ေျပာင္းလဲေစခ်င္တာေတြ ရွိေနတယ္ ဆိုရင္ အခ်စ္ဆိုတာေပၚမွာ သံသယ ျဖစ္ခ်င္စရာ ေကာင္းလွပါတယ္

ေနာက္တစ္ခ်က္ကေတာ့ ေျပာင္းလဲေစခ်င္တာေတြ ရွိေနတယ္ ဆိုရင္ အခ်စ္ဆိုတာေပၚမွာ သံသယ ျဖစ္ခ်င္စရာ ေကာင္းလွပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခ်စ္စစ္ဆိုတာက သူ႕ရဲ႕ အားနည္းခ်က္ေတြ၊ မျပည့္ဝမႈေတြ၊ အနာတရေတြ အားလံုးကို အရွိအတိုင္း လက္ခံေပးၿပီး သူျဖစ္ေနတာေၾကာင့္ကို ခ်စ္ေနတာ မ်ိဳးပါ။ ကိုယ့္ခ်စ္သူက ဘာႀကီးပဲ ခ်စ္ေနျဖစ္ေန ခ်စ္ေနတုန္းပဲ ဆိုတာမ်ိဳးကိုမွ အခ်စ္စစ္လို႔ သတ္မွတ္တာမို႔ အစစအရာရာ အရွိတိုင္းလက္ခံေပးႏိုင္မွ ခ်စ္သူအျဖစ္ သတ္မွတ္ပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: marry

# Unicode Version ျဖင့္ ဖတ္ပါ #
အချစ်စစ်ဆိုတာက သူ့ရဲ့ အားနည်းချက်တွေ၊ မပြည့်ဝမှုတွေ၊ အနာတရတွေ အားလုံးကို အရှိအတိုင်း လက်ခံပေးပြီး သူဖြစ်နေတာကြောင့်ကို ချစ်နေတာ မျိုးပါ...........

မသင့်တော်တဲ့ ပေါင်းစပ်မှုတွေက နှစ်ဦး နှစ်ဖက်စလုံးကို ထိခိုက်နာကျင်စေတာတော့ အမှန်ပါ

တည်တံ့ခိုင်မြဲပြီး စိတ်အေးချမ်းသာရတဲ့ Relationship မျိုးက ရှားလွန်းပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အသင့်တော်ဆုံး၊ ကိုယ့်ဘဝအတွက် အမှန်ကန်ဆုံး တစ်စုံတစ်ယောက်သောသူနဲ့ မတွေ့ဆုံရသေးခင်မှာ ကိုယ့်အတွက် မသင့်တော်တဲ့ သူတွေကို မှားယွင်းရွေးချယ်မိတတ်ကြတာလည်း မဆန်းပါဘူး။ ရေရှည် မဖြစ်နိုင်တဲ့  Relation မျိုးကို ယောက်ျားလေးရော၊ မိန်းကလေးပါ မှားယွင်းပြီး တည်ဆောက်မိတတ်ကြပါတယ်။ မှားယွင်းတဲ့ တည်ဆောက်မှုတွေ၊ မသင့်တော်တဲ့ ပေါင်းစပ်မှုတွေက နှစ်ဦး နှစ်ဖက်စလုံးကို ထိခိုက်နာကျင်စေတာတော့ အမှန်ပါ။

ဒါကြောင့် ကိုယ့်တည်ဆောက်ထားတဲ့ Relationship တစ်ခုက မှားယွင်းနေပြီဆိုရင် လမ်းခွဲ လိုက်တာက အကောင်းဆုံးပါပဲ။ ကိုယ်နဲ့ ပေါင်းစပ်ဖို့ မဖြစ်နိုင်တဲ့ လက်တွဲဖော်ဆိုတာက ဆိုဒ်သေးနေတဲ့ ဖိနပ်တစ်ရံလိုပါပဲ။ စီးရတာ အဆင်မပြေသလို ခြေထောက်မှာလည်း ဒဏ်ရာ အနာတရတွေနဲ့ ခရီးလည်း တွင်အောင် လျှောက်နိုင်မှာ မဟုတ်ဘူးလေ။ ဒါကြောင့် Relationship တစ်ခုက ကိုယ့်အတွက် ရေရှည်သွားဖို့ မဖြစ်နိုင်တဲ့ Relation တစ်ခု ဖြစ်နေမှန်း သိသာနိုင်တဲ့ ပြဿနာ တစ်ရပ်အကြောင်း ပြောပြပေးချင်ပါတယ်။

ပြောင်းလဲလာဖို့ မျှော်လင့်နေမယ့်အစား လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ

အဲ့ဒိ ပြဿနာ တစ်ရပ်ကတော့ ပြောင်းလဲစေချင် စိတ်တွေ များနေတာပါ။ ကိုယ့်က သူ့အပေါ်မှာ ဖြစ်ဖြစ်၊ သူက ကိုယ့်အပေါ်မှာ ဖြစ်ဖြစ် ပြောင်းလဲစေချင်တာတွေ အများကြီး  ရှိနေတယ် ဆိုရင် ပြောင်းလဲလာဖို့ မျှော်လင့်နေမယ့်အစား လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လည်း ဆိုတော့ လူတစ်ဦး တစ်ယောက်ရဲ့ ပင်ကိုယ် စရိုက်နဲ့ သဘောသဘာဝကို ဘယ်သူကမှ ပြောင်းလဲနိုင်မှာ မဟုတ်လို့ပါ။ ပြောင်းလဲ နိုင်ရင်လည်း ခဏတာ အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ ပြင်ပ အသွင်အပြင်ကို ပြောင်းလဲကောင်း ပြောင်းလဲ နိုင်ပေမယ့် စိတ်ဓာတ်နဲ့ စရိုက်ကိုတော့ ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း သူမဖြစ်ပေးနိုင်တဲ့အခါ၊ သူဖြစ်စေချင်တဲ့အတိုင်း ကိုယ်မဖြစ်ပေးနိုင်တဲ့အခါ အချစ်လမ်းခရီးက အဖုအထစ်တွေ များလာမှာ သေချာပါတယ်။

ပြောင်းလဲစေချင်တာတွေ ရှိနေတယ် ဆိုရင် အချစ်ဆိုတာပေါ်မှာ သံသယ ဖြစ်ချင်စရာ ကောင်းလှပါတယ်

နောက်တစ်ချက်ကတော့ ပြောင်းလဲစေချင်တာတွေ ရှိနေတယ် ဆိုရင် အချစ်ဆိုတာပေါ်မှာ သံသယ ဖြစ်ချင်စရာ ကောင်းလှပါတယ်။ ဘာကြောင့်လဲဆိုတော့ အချစ်စစ်ဆိုတာက သူ့ရဲ့ အားနည်းချက်တွေ၊ မပြည့်ဝမှုတွေ၊ အနာတရတွေ အားလုံးကို အရှိအတိုင်း လက်ခံပေးပြီး သူဖြစ်နေတာကြောင့်ကို ချစ်နေတာ မျိုးပါ။ ကိုယ့်ချစ်သူက ဘာကြီးပဲ ချစ်နေဖြစ်နေ ချစ်နေတုန်းပဲ ဆိုတာမျိုးကိုမှ အချစ်စစ်လို့ သတ်မှတ်တာမို့ အစစအရာရာ အရှိတိုင်းလက်ခံပေးနိုင်မှ ချစ်သူအဖြစ် သတ်မှတ်ပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top