ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အမ်ိဳးသမီးတစ္ဦးရဲ႕ မိန္းမကိုယ္ဟာ သင့္ပါးစပ္ထက္ ညစ္ပတ္တယ္လို႔ ထင္ျမင္ခဲ့ရင္ ျပန္လည္စဥ္းစားၾကည့္ပါ။ မွန္ပါတယ္။ မိန္းမကိုယ္ ကေတာ့ နည္းနည္းအနံ႔ျပင္းပါတယ္။ ဒါေပမဲ့ ကူးစက္ေရာဂါေတြကို ဆန႔္က်င္တိုက္ခိုက္ၿပီး သင့္ကိုက်န္းမာသန္စြမ္းေအာင္ ထိန္းထားေပး တဲ့ lactobacilli ေခၚ က်န္းမာေရးေကာင္းက်ိဳးေပးတဲ့ဘက္တီးရီးယားေတြ အျပည့္ရွိေနပါတယ္။ တကယ္ေတာ့ ပါးစပ္၊ ခ်က္တို႔လို ခႏၶာကိုယ္အျခားအစိတ္အပိုင္းေတြကသာ ေရာဂါပိုးေတြပိုမိုေပါက္ေရာက္ရွင္သန္ေစပါတယ္။

ပါးစပ္
သင့္ပါးစပ္က စအိုပိုင္းေတြထက္ ေရာဂါပိုးမႊားမ်ား ပိုမိုေနထိုင္တတ္ပါတယ္။ေရာဂါပိုးမႊား ၆၀၀ ေက်ာ္တို႔ဟာ သင္ခံတြင္းထဲမွာ ရွင္သန္ေပါက္ဖြားေနပါတယ္။ အနမ္းေလးတစ္ခ်က္ေပး႐ုံႏွင့္ ေရာဂါပိုး သန္း ၈၀ ကူးစပ္ႏိုင္တယ္လို႔ Microbiome ဂ်ာနယ္မွာ ေရးသား ေဖာ္ျပထားတဲ့ ေလ့လာေရးတစ္ရပ္က ေတြ႕ရွိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ခ်က္
ေယာက်ၤားအေတာ္မ်ားမ်ား ခ်က္ကိုလွ်ာနဲ႔လ်က္ရတာ သေဘာက်ၾကတယ္။ ခ်က္ကိုလွ်ာနဲ႔လ်က္တာဟာ ဘာမွ႐ြံစရာမရွိဘူးလို႔ ထင္ေနတဲ့အခါမွာ ခ်က္မွာ ေခြၽးေတြအျပည့္၊ ပ်က္စီးေနတဲ့အေရျပား၊ ခႏၶာကိုယ္အေမြးေတြႏွင့္ အဝတ္အစားမွခ်ည္မွ်င္ေလးေတြ စုပုံေန တတ္တယ္ဆိုတာ သိထားပါ။

လက္သည္း
ခင္ဗ်ာတို႔ခ်စ္သူေတြလည္း လက္ကေလးေတြနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္က်ီစယ္တာကို သေဘာက်ၾက မွာေပါ့။ ဒါေပမဲ့ ခင္ဗ်ားလက္သည္းထဲမွာ အသက္အႏၲရာယ္ကိုထိခိုက္ေစတဲ့ ေရာဂါပိုးေလးေတြ ရွိေနပါတယ္။ ဘက္တီးရီးယားပိုးေတြ ဟာ လက္သည္းေအာက္မွာ ခိုေအာင္းၿပီးေတာ့ ကူးစက္ေရာဂါ အဓိကျဖစ္ေစတတ္ပါတယ္။

လည္ပင္း
လည္ပင္းဟာ သဘာဝေလထုညစ္ညမ္းမႈေတြနဲ႔ အၿမဲလိုလိုထိေတြ႕ေနရၿပီး တစ္ေနကုန္ ေခြၽးထြက္တဲ့ေနရာ ျဖစ္တယ္။ လည္ပင္းဟာ ခႏၶာကိုယ္မွာ မထိခ်င္၊ မကိုင္ခ်င္စရာေကာင္းေလာက္ေအာင္ ညစ္ပတ္တဲ့ေနရာျဖစ္တယ္ဆိုတာကို မေျပာဘဲနဲ႔သိၾကပါ တယ္။ အဲဒီလို ဖုန္မႈန္ေတြ၊ ေခြၽးေတြေၾကာင္း လည္ပင္းဟာ တျခားခႏၶာကိုယ္အစိတ္အပိုင္းေတြထက္ မဲနက္ေနတာပါ။

လက္ေမာင္း
လက္ေမာင္းဟာ ေရးခ်ိဳးၿပီးေနာက္ ဘက္တီးရီးယားမ်ား အမ်ားဆုံးစုပုံေနႏိုင္တဲ့ေနရာျဖစ္တယ္လို႔ အမ်ိဳးသားမ်ိဳး႐ီုးဗီဇ ေလ့လာေရးသုေတသနအဖြဲ႕အစည္းမွ ျပဳလုပ္ေသာေလ့လာေရးတစ္ရပ္က ဆိုထားပါတယ္။ သိပၸံပညာရွင္ေတြကလည္း လက္ေမာင္းမွာ ေရာဂါပိုးအမ်ိဳးအစား ၄၄ မ်ိဳးေက်ာ္ ရွင္သန္ေပါက္ဖြားေနေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer
#Unicode Version#
အမျိုးသမီးတစ်ဦးရဲ့ မိန်းမကိုယ်ဟာ သင့်ပါးစပ်ထက် ညစ်ပတ်တယ်လို့ ထင်မြင်ခဲ့ရင် ပြန်လည်စဉ်းစားကြည့်ပါ။ မှန်ပါတယ်။ မိန်းမကိုယ် ကတော့ နည်းနည်းအနံ့ပြင်းပါတယ်။ ဒါပေမဲ့ ကူးစက်ရောဂါတွေကို ဆန့်ကျင်တိုက်ခိုက်ပြီး သင့်ကိုကျန်းမာသန်စွမ်းအောင် ထိန်းထားပေး တဲ့ lactobacilli ခေါ် ကျန်းမာရေးကောင်းကျိုးပေးတဲ့ဘက်တီးရီးယားတွေ အပြည့်ရှိနေပါတယ်။ တကယ်တော့ ပါးစပ်၊ ချက်တို့လို ခန္ဓာကိုယ်အခြားအစိတ်အပိုင်းတွေကသာ ရောဂါပိုးတွေပိုမိုပေါက်ရောက်ရှင်သန်စေပါတယ်။

ပါးစပ်
သင့်ပါးစပ်က စအိုပိုင်းတွေထက် ရောဂါပိုးမွှားများ ပိုမိုနေထိုင်တတ်ပါတယ်။ရောဂါပိုးမွှား ၆၀၀ ကျော်တို့ဟာ သင်ခံတွင်းထဲမှာ ရှင်သန်ပေါက်ဖွားနေပါတယ်။ အနမ်းလေးတစ်ချက်ပေးရုံနှင့် ရောဂါပိုး သန်း ၈၀ ကူးစပ်နိုင်တယ်လို့ Microbiome ဂျာနယ်မှာ ရေးသား ဖော်ပြထားတဲ့ လေ့လာရေးတစ်ရပ်က တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ချက်
ယောင်္ကျားအတော်များများ ချက်ကိုလျှာနဲ့လျက်ရတာ သဘောကျကြတယ်။ ချက်ကိုလျှာနဲ့လျက်တာဟာ ဘာမှရွံစရာမရှိဘူးလို့ ထင်နေတဲ့အခါမှာ ချက်မှာ ချွေးတွေအပြည့်၊ ပျက်စီးနေတဲ့အရေပြား၊ ခန္ဓာကိုယ်အမွေးတွေနှင့် အဝတ်အစားမှချည်မျှင်လေးတွေ စုပုံနေ တတ်တယ်ဆိုတာ သိထားပါ။

လက်သည်း
ခင်ဗျာတို့ချစ်သူတွေလည်း လက်ကလေးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကျီစယ်တာကို သဘောကျကြ မှာပေါ့။ ဒါပေမဲ့ ခင်ဗျားလက်သည်းထဲမှာ အသက်အန္တရာယ်ကိုထိခိုက်စေတဲ့ ရောဂါပိုးလေးတွေ ရှိနေပါတယ်။ ဘက်တီးရီးယားပိုးတွေ ဟာ လက်သည်းအောက်မှာ ခိုအောင်းပြီးတော့ ကူးစက်ရောဂါ အဓိကဖြစ်စေတတ်ပါတယ်။

လည်ပင်း
လည်ပင်းဟာ သဘာဝလေထုညစ်ညမ်းမှုတွေနဲ့ အမြဲလိုလိုထိတွေ့နေရပြီး တစ်နေကုန် ချွေးထွက်တဲ့နေရာ ဖြစ်တယ်။ လည်ပင်းဟာ ခန္ဓာကိုယ်မှာ မထိချင်၊ မကိုင်ချင်စရာကောင်းလောက်အောင် ညစ်ပတ်တဲ့နေရာဖြစ်တယ်ဆိုတာကို မပြောဘဲနဲ့သိကြပါ တယ်။ အဲဒီလို ဖုန်မှုန်တွေ၊ ချွေးတွေကြောင်း လည်ပင်းဟာ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် မဲနက်နေတာပါ။

လက်မောင်း
လက်မောင်းဟာ ရေးချိုးပြီးနောက် ဘက်တီးရီးယားများ အများဆုံးစုပုံနေနိုင်တဲ့နေရာဖြစ်တယ်လို့ အမျိုးသားမျိုးရီုးဗီဇ လေ့လာရေးသုတေသနအဖွဲ့အစည်းမှ ပြုလုပ်သောလေ့လာရေးတစ်ရပ်က ဆိုထားပါတယ်။ သိပ္ပံပညာရှင်တွေကလည်း လက်မောင်းမှာ ရောဂါပိုးအမျိုးအစား ၄၄ မျိုးကျော် ရှင်သန်ပေါက်ဖွားနေကြောင်း တွေ့ရှိခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top