ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

တစ္ခါတုန္းက အေၾကြးေတြ ဗရပြနဲ႔ ဘဝမွာ ေရွ႕ဆက္ဖို႔ လမ္းစေပ်ာက္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္ သူေဌးၾကီးတစ္ေယာက္ရိွပါတယ္

အေၾကြးရွင္ေတြကလည္း သူ႔ေနာက္ကို တစ္ေကာက္ေကာက္လိုက္ေနၾကတယ္။ ကုန္သည္ေတြကလည္း ပစၥည္းဖိုးေတြေခ်ဖို႔ နားပူနားဆာလုပ္ေနၾကျပီ။ ဒီေတာ့ အၾကံအိုက္ေနတဲ့ သူေဌးၾကီးဟာ ပန္းျခံေလးတစ္ခုထဲက ခံုေလးေပၚမွာ ထိုင္ျပီး ေခါင္းတစ္ကုတ္ကုတ္နဲ႔ စဥ္းစားေနေတာ့တယ္။ သူ႔စီးပြားေရးလုပ္ငန္းေတြ ျပန္ျပီး နာလန္ထူလာေအာင္ ဘယ္လိုမ်ား လုပ္ရပါ့မလဲ ဆိုျပီးေပါ့။

ရုတ္တစ္ရက္ဆိုသလိုပဲ အဖိုးအိုၾကီး တစ္ေယာက္ဟာ သူ႔ေနာက္ကေန ေရာက္လာျပီး “မင္းတစ္ခုခု ျပႆနာတက္ေနတယ္ ဆိုတာ ငါသိတယ္ကြ” ဆိုျပီး ေျပာပါတယ္။ သူေဌးၾကီးက အေၾကာင္းစံု ရွင္းျပျပီးတဲ့အခါ အဖိုးအိုက “ငါမင္းကို ကူညီႏိုင္တယ္ ဆိုတာ ငါ့ကိုယ္ငါ ယံုၾကည္တယ္ ေဟ”့ ဆိုျပီး ခ်က္လက္မွတ္တစ္ေစာင္ ေရးလိုက္ပါတယ္။ ျပီးေတာ့ ခ်က္လက္မွတ္ကို သူေဌးၾကီးဆီ ကမ္းေပးရင္း “ဒီေငြေတြကို ယူသြားလိုက္၊ ဒီေန႕ကေန စတြက္လို႔ တစ္ႏွစ္တိတိျပည့္တဲ့ ေန႔မွာ တို႔ ဒီေနရာမွာပဲ ျပန္ဆံုၾကမယ္၊ အဲ့အခ်ိန္က်ရင္ေတာ့ မင္းငါ့ကို ဒီေငြေတြ ျပန္ေပးႏိုင္မွာပါ” ဆိုျပီး ေျပာလိုက္ပါေသးတယ္။ အဲ့ဒီေနာက္မွာေတာ့ အဖိုးအိုဟာ သူေဌးၾကီးေတာင္ ဘာမွ ျပန္မေျပာလိုက္ႏိုင္ေသးခင္ပဲ ထြက္သြားပါေတာ့တယ္။

သူေဌးၾကီးဟာ သူ႕လက္ထဲက ေဒၚလာ ၅ သိန္းတန္ ခ်က္လက္မွတ္ကို မမွိတ္မသုန္နဲ႔ ၾကည့္ေနမိေတာ့တာေပါ့။ လက္မွတ္ေနရာမွာက ကမၻာ့အခ်မ္းသာဆံုး သူၾကြယ္စာရင္းဝင္ ဂြ်န္ ဒီ ေရာ့ကဖဲလ္လာ(John D. Rockefeller) တဲ့ေလ။

ဘာပဲျဖစ္ျဖစ္ သူေဌးၾကီးကေတာ့ “ငါ့ရဲ႕ ေငြေရးေၾကးေရး ေသာကေတြကေန လြတ္ေျမာက္ျပီ ေဟ့” ဆိုျပီး သူ႕အေတြးနဲ႔သူ ဝမ္းသာေနေတာ့တာေပါ့။ ဒါေပမယ့္ သူ ဆံုးျဖတ္လိုက္တာက ဒီခ်က္လက္မွတ္ကို မသံုးေသးဘဲ သိမ္းထားဖို႔ပါပဲ။ သူ႕မွာ ေငြရိွတယ္ ဆိုတဲ့ အသိနဲ႔တင္ သူ႕ရဲ႕ စီးပြားေရးလုပ္ငန္းေတြကို ျပန္လည္ ကယ္တင္ႏိုင္မယ့္ အားအင္ေတြ ျပန္ရလာမွာပဲေလ ဆိုျပီး ေတြးေတာေနမိပါတယ္။

ဒီေတာ့ စိတ္သစ္လူသစ္နဲ႔ သူေဌးၾကီးဟာ အေၾကြးရွင္ေတြ၊ လုပ္ငန္းရွင္ေတြနဲ႔ ေပးစရာေငြေတြကို ေခတၱဆိုင္းငံ့ထားေပးဖို႔ ညိွႏိႈင္းျပီး အလုပ္ေတြကို ၾကိဳးစားလုပ္ေတာ့တာေပါ့။ လအနည္းငယ္ၾကာတဲ့အခါ သူ႕မွာ အေၾကြးဆိုလို႔ စိုးစဥ္းမ်ွ မရိွေတာ့ဘဲ ျပန္လည္ျပီး လည္ပတ္ေနတဲ့ လုပ္ငန္းေတြကေန ဝင္ေငြေတြ ရေနပါေတာ့တယ္။

တစ္ႏွစ္တိတိျပည့္ျပီးခ်ိန္မွာ သူေဌးၾကီးဟာ မသံုးရေသးတဲ့ ခ်က္လက္မွတ္ၾကီးကို ကိုင္ျပီး ပန္းျခံထဲကို ျပန္လာခဲ့တာေပါ့။ အရင္က အခ်ိန္ေလာက္မွာပဲ အဖိုးအို ေရာက္လာပါေတာ့တယ္။ ဒါေပမယ့္ သူေဌးၾကီးက ခ်က္လက္မွတ္ကို ကမ္းေပးရင္း သူဘယ္လိုေတြ ေအာင္ျမင္ခဲ့လဲ ဆိုတာေတြ ျပန္ေျပာျပေနတုန္းမွာ သူနာျပဳတစ္ေယာက္က ေျပးလာျပီး အဖိုးအိုကို ဆြဲေခၚပါေတာ့တယ္။

အဲေတာ့ သူေဌးၾကီးက သူနာျပဳကို လွမ္းေမးရာ သူနာျပဳက သူက အျမဲတမ္း ဒီလိုပဲရွင့္၊ ရိပ္သာထဲကေန ေပ်ာက္ေပ်ာက္သြားျပီး လူတိုင္းကို သူက ဂြ်န္ ဒီ ေရာ့ကဖဲလ္လာ(John D. Rockefeller) ဆိုျပီး လိုက္လိုက္ေျပာေနက်ေလ” ဆိုျပီး ေျပာရင္း အဖိုးအို လက္ေမာင္းကို တြဲျပီး ေခၚသြားပါေတာ့တယ္။

သူေဌးၾကီးလည္း အလြန္အမင္း အံ့အားသင့္ျပီး ေနရာမွာတင္ ၾကက္ေသေသ သြားေတာ့တာေပါ့။ ျပီးခဲ့တဲ့ တစ္ႏွစ္ပတ္လံုး သူ ေရာင္းလိုက္ ဝယ္လိုက္နဲ႔ လည္ပတ္ေနခဲ့တာက သူ႕မွာ သိမ္းထားတဲ့ ေဒၚလာ ၅ သိန္းရိွတာပဲ ဆိုတဲ့ ယံုၾကည္ခ်က္နဲ႔ေလ။ အခုေတာ့ အသက္ၾကီးျပီး စိတ္လြတ္ေနတဲ့ အဖိုးၾကီး ေလ်ွာက္ေရးေပးခဲ့တဲ့ ခ်က္လက္မွတ္အတုၾကီး တဲ့လား။

ခ်က္ခ်င္းဆိုသလုိ သူသေဘာေပါက္သြားတာက ခ်က္လက္မွတ္က အစစ္ပဲျဖစ္ျဖစ္၊ အတုပဲျဖစ္ျဖစ္ သူဘဝျပန္ျပီး ေျပာင္းလဲခဲ့ရတာေငြေၾကာင့္မဟုတ္ဘူး ဆိုတာပါပဲ။ သူ႕ရဲ႕ အသစ္တစ္ဖန္ ေမြးဖြားလာတဲ့ ကိုယ့္ကုိယ္ကို ယံုၾကည္မႈကပဲ သူ႕ရဲ႕ ျပန္လည္ၾကိဳးစားတဲ့ ခရီးတစ္ေလ်ွာက္မွာ ေအာင္ျမင္မႈပန္းတိုင္ကိုု လွမ္းကိုင္ႏိုင္မယ့္ စြမ္းအားေတြ ေပးခဲ့တယ္ ဆိုတာ သူ သိရိွလိုက္ရပါေတာ့တယ္။

ဘယ္လိုအေျခအေနမ်ဳိးမွာပဲရွိရွိ မိမိကုိယ္ကို ယုံၾကည္မႈရွိဖို႕က အေရးၾကီးဆုံး ခြန္အားတခုပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ခါတုန်းက အကြွေးတွေ ဗရပွနဲ့ ဘဝမှာ ရှေ့ဆက်ဖို့ လမ်းစပျောက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတစ်ယောက်ရှိပါတယ်

အကြွေးရှင်တွေကလည်း သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေကြတယ်။ ကုန်သည်တွေကလည်း ပစ္စည်းဖိုးတွေချေဖို့ နားပူနားဆာလုပ်နေကြပြီ။ ဒီတော့ အကြံအိုက်နေတဲ့ သူဌေးကြီးဟာ ပန်းခြံလေးတစ်ခုထဲက ခုံလေးပေါ်မှာ ထိုင်ပြီး ခေါင်းတစ်ကုတ်ကုတ်နဲ့ စဉ်းစားနေတော့တယ်။ သူ့စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီး နာလန်ထူလာအောင် ဘယ်လိုများ လုပ်ရပါ့မလဲ ဆိုပြီးပေါ့။

ရုတ်တစ်ရက်ဆိုသလိုပဲ အဖိုးအိုကြီး တစ်ယောက်ဟာ သူ့နောက်ကနေ ရောက်လာပြီး “မင်းတစ်ခုခု ပြဿနာတက်နေတယ် ဆိုတာ ငါသိတယ်ကွ” ဆိုပြီး ပြောပါတယ်။ သူဌေးကြီးက အကြောင်းစုံ ရှင်းပြပြီးတဲ့အခါ အဖိုးအိုက “ငါမင်းကို ကူညီနိုင်တယ် ဆိုတာ ငါ့ကိုယ်ငါ ယုံကြည်တယ် ဟေ”့ ဆိုပြီး ချက်လက်မှတ်တစ်စောင် ရေးလိုက်ပါတယ်။ ပြီးတော့ ချက်လက်မှတ်ကို သူဌေးကြီးဆီ ကမ်းပေးရင်း “ဒီငွေတွေကို ယူသွားလိုက်၊ ဒီနေ့ကနေ စတွက်လို့ တစ်နှစ်တိတိပြည့်တဲ့ နေ့မှာ တို့ ဒီနေရာမှာပဲ ပြန်ဆုံကြမယ်၊ အဲ့အချိန်ကျရင်တော့ မင်းငါ့ကို ဒီငွေတွေ ပြန်ပေးနိုင်မှာပါ” ဆိုပြီး ပြောလိုက်ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ အဖိုးအိုဟာ သူဌေးကြီးတောင် ဘာမှ ပြန်မပြောလိုက်နိုင်သေးခင်ပဲ ထွက်သွားပါတော့တယ်။

သူဌေးကြီးဟာ သူ့လက်ထဲက ဒေါ်လာ ၅ သိန်းတန် ချက်လက်မှတ်ကို မမှိတ်မသုန်နဲ့ ကြည့်နေမိတော့တာပေါ့။ လက်မှတ်နေရာမှာက ကမ္ဘာ့အချမ်းသာဆုံး သူကြွယ်စာရင်းဝင် ဂျွန် ဒီ ရော့ကဖဲလ်လာ(John D. Rockefeller) တဲ့လေ။

ဘာပဲဖြစ်ဖြစ် သူဌေးကြီးကတော့ “ငါ့ရဲ့ ငွေရေးကြေးရေး သောကတွေကနေ လွတ်မြောက်ပြီ ဟေ့” ဆိုပြီး သူ့အတွေးနဲ့သူ ဝမ်းသာနေတော့တာပေါ့။ ဒါပေမယ့် သူ ဆုံးဖြတ်လိုက်တာက ဒီချက်လက်မှတ်ကို မသုံးသေးဘဲ သိမ်းထားဖို့ပါပဲ။ သူ့မှာ ငွေရှိတယ် ဆိုတဲ့ အသိနဲ့တင် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ကယ်တင်နိုင်မယ့် အားအင်တွေ ပြန်ရလာမှာပဲလေ ဆိုပြီး တွေးတောနေမိပါတယ်။

ဒီတော့ စိတ်သစ်လူသစ်နဲ့ သူဌေးကြီးဟာ အကြွေးရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ပေးစရာငွေတွေကို ခေတ္တဆိုင်းငံ့ထားပေးဖို့ ညှိနှိုင်းပြီး အလုပ်တွေကို ကြိုးစားလုပ်တော့တာပေါ့။ လအနည်းငယ်ကြာတဲ့အခါ သူ့မှာ အကြွေးဆိုလို့ စိုးစဉ်းမျှ မရှိတော့ဘဲ ပြန်လည်ပြီး လည်ပတ်နေတဲ့ လုပ်ငန်းတွေကနေ ဝင်ငွေတွေ ရနေပါတော့တယ်။

တစ်နှစ်တိတိပြည့်ပြီးချိန်မှာ သူဌေးကြီးဟာ မသုံးရသေးတဲ့ ချက်လက်မှတ်ကြီးကို ကိုင်ပြီး ပန်းခြံထဲကို ပြန်လာခဲ့တာပေါ့။ အရင်က အချိန်လောက်မှာပဲ အဖိုးအို ရောက်လာပါတော့တယ်။ ဒါပေမယ့် သူဌေးကြီးက ချက်လက်မှတ်ကို ကမ်းပေးရင်း သူဘယ်လိုတွေ အောင်မြင်ခဲ့လဲ ဆိုတာတွေ ပြန်ပြောပြနေတုန်းမှာ သူနာပြုတစ်ယောက်က ပြေးလာပြီး အဖိုးအိုကို ဆွဲခေါ်ပါတော့တယ်။

အဲတော့ သူဌေးကြီးက သူနာပြုကို လှမ်းမေးရာ သူနာပြုက သူက အမြဲတမ်း ဒီလိုပဲရှင့်၊ ရိပ်သာထဲကနေ ပျောက်ပျောက်သွားပြီး လူတိုင်းကို သူက ဂျွန် ဒီ ရော့ကဖဲလ်လာ(John D. Rockefeller) ဆိုပြီး လိုက်လိုက်ပြောနေကျလေ” ဆိုပြီး ပြောရင်း အဖိုးအို လက်မောင်းကို တွဲပြီး ခေါ်သွားပါတော့တယ်။

သူဌေးကြီးလည်း အလွန်အမင်း အံ့အားသင့်ပြီး နေရာမှာတင် ကြက်သေသေ သွားတော့တာပေါ့။ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး သူ ရောင်းလိုက် ဝယ်လိုက်နဲ့ လည်ပတ်နေခဲ့တာက သူ့မှာ သိမ်းထားတဲ့ ဒေါ်လာ ၅ သိန်းရှိတာပဲ ဆိုတဲ့ ယုံကြည်ချက်နဲ့လေ။ အခုတော့ အသက်ကြီးပြီး စိတ်လွတ်နေတဲ့ အဖိုးကြီး လျှောက်ရေးပေးခဲ့တဲ့ ချက်လက်မှတ်အတုကြီး တဲ့လား။

ချက်ချင်းဆိုသလို သူသဘောပေါက်သွားတာက ချက်လက်မှတ်က အစစ်ပဲဖြစ်ဖြစ်၊ အတုပဲဖြစ်ဖြစ် သူဘဝပြန်ပြီး ပြောင်းလဲခဲ့ရတာငွေကြောင့်မဟုတ်ဘူး ဆိုတာပါပဲ။ သူ့ရဲ့ အသစ်တစ်ဖန် မွေးဖွားလာတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကပဲ သူ့ရဲ့ ပြန်လည်ကြိုးစားတဲ့ ခရီးတစ်လျှောက်မှာ အောင်မြင်မှုပန်းတိုင်ကိုု လှမ်းကိုင်နိုင်မယ့် စွမ်းအားတွေ ပေးခဲ့တယ် ဆိုတာ သူ သိရှိလိုက်ရပါတော့တယ်။

ဘယ်လိုအခြေအနေမျိုးမှာပဲရှိရှိ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့က အရေးကြီးဆုံး ခွန်အားတခုပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top