မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

# Zawgyi Version ဖြင့် ဖတ်ပါ #




Photo@DailyMail


# Unicode Vewrsion ဖြင့် ဖတ်ပါ #

တံတားလက်တန်းပေါ်မှာ ပြုတ်ကျလုဆဲဆဲဖြစ်နေတဲ့ကားကို ပြုတ်မကျအောင် ဆွဲထားပေးခဲ့တဲ့ ရဲအရာရှိကို လုပ်ဖော်ကိုင်ဖက်တွေက စူပါမန်းလို့ ဂုဏ်ပြုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ နံနက်က အနောက်ယော့ခ်ရှိုင်းယားစီရင်စုရဲ့ A1(M) လမ်းမပေါ်မှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ဗန်ကားတစ်စီး တံတားလက်တန်းမှာ ပြုတ်ကျလုဆဲဆဲ ဖြစ်ခဲ့ပါတယ်။ လေပြင်းပြင်းတိုက်ရင် ပြုတ်ကျသွားမယ့် အနေအထားမျိုးပါ။

အခင်းဖြစ်ပွားရာနေရာကို ပထမဆုံးရောက်ရှိလာတဲ့ အဝေးပြေးလမ်း ရဲအရာရှိ မာတင်ဝီလီက ကားထဲမှာ ယာဉ်မောင်းဖြစ်သူ ပိတ်မိနေတာ တွေ့ရပြီးတဲ့နောက် ကားပြုတ်မကျသွားအောင် အားနဲ့ဆွဲထားပေးခဲ့တာပါ။

မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့ရောက်လာတော့မှာ မာတင်ဝီလီရဲ့ ဝန်ထုပ်ဝန်ပိုးကြီး သက်သာသွားတာပါ။ ဝန်ထုပ်ဝန်ပိုးကြီး သက်သာသွားတာကို စကားလုံးနဲ့ ဖော်ပြလို့မရနိုင်ဘူးလို့ မာတင်ဝီလီက ဆိုပါတယ်။ ဒီဖြစ်ရပ်မှာ ကားသမားက ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပေမယ့် အသက်အန ္တရာယ် စိုးရိမ်ရခြင်းမရှိပါဘူး။

Photo@DailyMail

ဖိုးသူတော် (www.phothutaw.com)
Credit: pthonlinemedia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top