လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

မိမိရဲ႕သူငယ္ခ်င္း၊ အေပါင္းအသင္းထဲမွာ ညွိရႏႈိင္းရခက္တဲ့၊ ေခါင္းအရမ္းမာတဲ့ သူငယ္ခ်င္းတစ္ေယာက္႐ွိလား။ ဒါမွမဟုတ္ ကုိယ္ကိုယ္တိုင္ေကာ ေခါင္းအရမ္းမာတတ္လား။ တကယ္ေတာ့ ေခါင္းမာတယ္ဆိုတာ အခ်ိန္နဲ႔ေနရာကုိလည္း လိုက္ပါေသးတယ္။ ကိုယ္ယံုၾကည္ရာ အရာတစ္ခုကို မစြန္႔လႊတ္ဘဲ မမွိတ္မသံုရပ္တည္တာလိုမ်ိဳး ေခါင္းမာတာမ်ိဳးကို ေယဘုယ်အားျဖင့္ ေကာင္းတယ္လို႔ ေျပာလို႔ရပါတယ္။

ဒါေပမယ့္ မွားေနတဲဲ့အခ်က္ႀကီးကို ေခါင္းမာမာနဲ႔ ဖင္ပိတ္ျငင္းေနတာလိုမ်ိဳး ေခါင္းမာတာႀကီးက် ေကာင္းတယ္လို႔ သတ္မွတ္လို႔ မရေတာ့ပါဘူး။ အရမ္းေခါင္းမာၿပီး ညွိႏႈိင္းရခက္တဲ့သူကို လုပ္ေဖာ္ကိုင္ဖက္ေတြ၊ အထက္လူႀကီးေတြကလည္း မႏွစ္သက္ၾကပါဘူး။ ဒါေပမယ့္ ေခါင္းမာျခင္းမွာ က်န္းမာေရးကို အေထာက္အကူျပဳေစတဲ့ ေကာင္းက်ိဳးေတြလည္း ႐ွိေနပါေသးတယ္တဲ့။

ကယ္လီဖိုးနီးယား တကၠသိုလ္၊ စန္ဒီေရဂိုေဆးေက်ာင္းက သုေတသီေတြျပဳလုပ္တဲ့ သုေတသနတစ္ခုအရ ေခါင္းမာျခင္းဟာ လူကိုအသက္ပို႐ွည္ေစႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။ သုေတသန ျပဳလုပ္ရာမွာ အီတလီႏိုင္ငံ၊ ေက်းလက္ေဒသမွာ ေနထိုင္တဲ့ အသက္ (၉၀) ကေန (၁၀၁) ႏွစ္ ဝန္းက်င္႐ွိတဲ့ သက္ႀကီး႐ြယ္အို (၂၉) ေယာက္ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ သူတို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးဟာ သူတို႔ရဲ႕သားသမီးေတြထက္ ပိုဆိုးတယ္ဆိုေပမယ့္ သူတို႔ရဲ႕စိတ္က်န္းမာေရးကေတာ့ ေဒါင္ေဒါင္ျမည္ပဲဆိုတာကို ေတြ႕ရွိရပါတယ္။

အဲဒီသက္ႀကီး႐ြယ္အို (၂၉) ေယာက္လံုးမွာ သိသာထင္႐ွားေနတဲ့ စ႐ိုက္လကၡဏာေတြကေတာ့ ေခါင္းမာျခင္း၊ အလုပ္ႀကိဳးစားလိုစိတ္ ျပင္းျပျခင္း၊ မိသားစုနဲ႔ နီးနီးကပ္ကပ္ ေနထိုင္တတ္ျခင္း၊ ဘဝကို ေနေပ်ာ္ျခင္းနဲ႔ ေက်းလက္ေဒသကို ခ်စ္ျမတ္ႏိုးျခင္းတို႔ပဲ ျဖစ္ပါတယ္။ သုေတသီေတြကေတာ့ ေခါင္းမာျခင္းဟာ စမ္းသပ္ခံ သက္ႀကီး႐ြယ္အိုေတြကို အသက္႐ွည္ေစတဲ့ အဓိကအေၾကာင္းရင္းလို႔ ယံုၾကည္ၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က သူမ်ားေတြဘာေတြးလဲကို ဂ႐ုမစိုက္တဲ့အတြက္ စိတ္ဖိစီးမႈလည္း သူမ်ားထက္ ပိုနည္းပါတယ္။

"ကြ်န္မတို႔ ေတြ႕႐ွိထားတာကေတာ့ ဒီအုပ္စုဟာ ေခါင္းမာၾကတယ္။ တဇြတ္ထုိးဆန္ၾကတယ္။ ေနာက္ၿပီး ေနရာတကာမွာ ဝင္ၿပီးျခယ္လွယ္ခ်င္ၾကတယ္" လို႔ သုေတသနအဖြဲ႔ရဲ႕ စာတမ္း႐ွင္တစ္ဦးျဖစ္တဲ့ Anna Scelzo က UC San Diego Health မဂၢဇင္းမွာ ေဖာ္ျပခဲ့ပါတယ္။ "ေနာက္ၿပီး အဲဒီလို ေနရာတကာမွာ ျခယ္လွယ္လိုၿပီး ကိုယ္တိုင္လုပ္ရမွ စိတ္တိုင္းက်တတ္တဲ့ စ႐ိုက္က ေျပာင္းလဲေနတဲ့ အေျခအေနေတြေပၚ မူတည္ၿပီး လုိက္ေလ်ာညီေထြေနတတ္ဖုိ႔ အသင့္ေတာ္ဆံုးျဖစ္ေစပါတယ္" လို႔လည္း သူမကဆိုပါတယ္။

"စိတ္ဖိစီးမႈဆိုတာဘာလဲ ကြ်န္ေတာ္မသိဘူး။ ကြ်န္ေတာ္တစ္ခုခုဆို အျမဲတမ္းပဲ တက္ၾကြေနတယ္" သုေတသနမွာ ပါဝင္ခဲ့တဲ့ ပုဂၢိဳလ္တစ္ဦးက ဆိုပါတယ္။ "ဘဝဆိုတာ ဘဝပဲေလ။ လာသမွ်ကို ရင္ဆိုင္လိုက္႐ံုပဲေပါ့" လို႔လည္း ေျပာသြားပါေသးတယ္။

Source: Reader's Digest
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
မိမိရဲ့သူငယ်ချင်း၊ အပေါင်းအသင်းထဲမှာ ညှိရနှိုင်းရခက်တဲ့၊ ခေါင်းအရမ်းမာတဲ့ သူငယ်ချင်းတစ်ယောက်ရှိလား။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ကော ခေါင်းအရမ်းမာတတ်လား။ တကယ်တော့ ခေါင်းမာတယ်ဆိုတာ အချိန်နဲ့နေရာကိုလည်း လိုက်ပါသေးတယ်။ ကိုယ်ယုံကြည်ရာ အရာတစ်ခုကို မစွန့်လွှတ်ဘဲ မမှိတ်မသုံရပ်တည်တာလိုမျိုး ခေါင်းမာတာမျိုးကို ယေဘုယျအားဖြင့် ကောင်းတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် မှားနေတဲ့အချက်ကြီးကို ခေါင်းမာမာနဲ့ ဖင်ပိတ်ငြင်းနေတာလိုမျိုး ခေါင်းမာတာကြီးကျ ကောင်းတယ်လို့ သတ်မှတ်လို့ မရတော့ပါဘူး။ အရမ်းခေါင်းမာပြီး ညှိနှိုင်းရခက်တဲ့သူကို လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေကလည်း မနှစ်သက်ကြပါဘူး။ ဒါပေမယ့် ခေါင်းမာခြင်းမှာ ကျန်းမာရေးကို အထောက်အကူပြုစေတဲ့ ကောင်းကျိုးတွေလည်း ရှိနေပါသေးတယ်တဲ့။

ကယ်လီဖိုးနီးယား တက္ကသိုလ်၊ စန်ဒီရေဂိုဆေးကျောင်းက သုတေသီတွေပြုလုပ်တဲ့ သုတေသနတစ်ခုအရ ခေါင်းမာခြင်းဟာ လူကိုအသက်ပိုရှည်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ သုတေသန ပြုလုပ်ရာမှာ အီတလီနိုင်ငံ၊ ကျေးလက်ဒေသမှာ နေထိုင်တဲ့ အသက် (၉၀) ကနေ (၁၀၁) နှစ် ဝန်းကျင်ရှိတဲ့ သက်ကြီးရွယ်အို (၂၉) ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ သူတို့ရဲ့သားသမီးတွေထက် ပိုဆိုးတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲဆိုတာကို တွေ့ရှိရပါတယ်။

အဲဒီသက်ကြီးရွယ်အို (၂၉) ယောက်လုံးမှာ သိသာထင်ရှားနေတဲ့ စရိုက်လက္ခဏာတွေကတော့ ခေါင်းမာခြင်း၊ အလုပ်ကြိုးစားလိုစိတ် ပြင်းပြခြင်း၊ မိသားစုနဲ့ နီးနီးကပ်ကပ် နေထိုင်တတ်ခြင်း၊ ဘဝကို နေပျော်ခြင်းနဲ့ ကျေးလက်ဒေသကို ချစ်မြတ်နိုးခြင်းတို့ပဲ ဖြစ်ပါတယ်။ သုတေသီတွေကတော့ ခေါင်းမာခြင်းဟာ စမ်းသပ်ခံ သက်ကြီးရွယ်အိုတွေကို အသက်ရှည်စေတဲ့ အဓိကအကြောင်းရင်းလို့ ယုံကြည်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သူများတွေဘာတွေးလဲကို ဂရုမစိုက်တဲ့အတွက် စိတ်ဖိစီးမှုလည်း သူများထက် ပိုနည်းပါတယ်။

"ကျွန်မတို့ တွေ့ရှိထားတာကတော့ ဒီအုပ်စုဟာ ခေါင်းမာကြတယ်။ တဇွတ်ထိုးဆန်ကြတယ်။ နောက်ပြီး နေရာတကာမှာ ဝင်ပြီးခြယ်လှယ်ချင်ကြတယ်" လို့ သုတေသနအဖွဲ့ရဲ့ စာတမ်းရှင်တစ်ဦးဖြစ်တဲ့ Anna Scelzo က UC San Diego Health မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။ "နောက်ပြီး အဲဒီလို နေရာတကာမှာ ခြယ်လှယ်လိုပြီး ကိုယ်တိုင်လုပ်ရမှ စိတ်တိုင်းကျတတ်တဲ့ စရိုက်က ပြောင်းလဲနေတဲ့ အခြေအနေတွေပေါ် မူတည်ပြီး လိုက်လျောညီထွေနေတတ်ဖို့ အသင့်တော်ဆုံးဖြစ်စေပါတယ်" လို့လည်း သူမကဆိုပါတယ်။

"စိတ်ဖိစီးမှုဆိုတာဘာလဲ ကျွန်တော်မသိဘူး။ ကျွန်တော်တစ်ခုခုဆို အမြဲတမ်းပဲ တက်ကြွနေတယ်" သုတေသနမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက ဆိုပါတယ်။ "ဘဝဆိုတာ ဘဝပဲလေ။ လာသမျှကို ရင်ဆိုင်လိုက်ရုံပဲပေါ့" လို့လည်း ပြောသွားပါသေးတယ်။

Source: Reader's Digest

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top