ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဒီတစ္ခါမွာေတာ့ တဲြလ်က္ေဖာ္ျပထားတဲ့ပံုနွစ္ပံုထဲက ပထမဆံုးသင္ျမင္မိတဲ့အရာေပၚ မူတည္ျပီး သင့္စိတ္ေနစိတ္ထား အၾကမ္းဖ်ဥ္းခန့္မွန္းၾကမယ္ဆိုေတာ့ မွန္မမွန္စမ္းသပ္သြားၾကပါအံုး။   ။

1.မ်က္နွာ(သို)ငါး??

မ်က္နွာ:သင္ဟာဆိုရွယ္က်ျပီး အေပါင္းအသင္း၀င္ဆံ့သူျဖစ္ပါတယ္။အားလံုးရဲ့ဘ၀ေတြကို စူးစမ္းသိလိုစိတ္ျပင္းျပျပီး ေန့စဥ္တာ၀န္ျပသနာေတြကို အလြယ္တကူေျဖရွင္းနိုင္စြမ္းလည္းရွိပါတယ္။

ငါး :သင္ဟာသင့္ဘ၀နဲ့သင္ေပ်ာ္ေမြ့ေနသူျဖစ္ျပီး ၾကိဳးပမ္းအားထုတ္လိုစိတ္ရွိသည့္တိုင္ေအာင္ ကံကိုလည္းယံုတတ္ပါေသးတယ္။သင္သတ္မွတ္ထားတဲ့အတိုင္းအတာတစ္ခုထိေရာက္မလာသည့္တိုင္ စိတ္ဓာတ္က်ေနတာထက္ ျဖစ္ေျမာက္ေအာင္ ရတဲ့နည္းနဲ့ၾကိဳးစားတတ္သူပါ။

2.ေသာ့ေပါက္(သို့)ငိုေနတဲ့သ႑ာန္

ေသာ့ေပါက္:ေယဘုယ်အားျဖင့္ သင္ဟာ သင့္ဘ၀နဲ့ပတ္သက္ျပီးပဲ စိတ္၀င္စားသူျဖစ္ပါတယ္။

ငိုေနတဲ့သ႑ာန္:သင္ဟာ သင့္ရဲ့လက္ရွိစိတ္ခံစားမွဳအေျခအေနကိုေတာင္ သတိမျပဳမိသူျဖစ္ပါတယ္။ဥပမာအားျဖင့္ ၀မ္းနည္းမွဳလည္းျဖစ္နိုင္တယ္၊စိတ္အေနွာင့္အယွက္လည္းျဖစ္ေနနိုင္တယ္၊ဒါမွမဟုတ္ အထီးက်န္ေနတာလည္းျဖစ္ေနနိုင္တယ္ ဒါေပမယ့္ သင္ကိုယ္တိုင္ဘာမွန္းမသိဘူး။ဒါေၾကာင့္ သင့္ရဲ့ကိုယ္ပိုင္ခံစားခ်က္ေတြကို ပိုျပီးအာရုံစိုက္ဖို့လိုပါတယ္။

3.အနည္းငယ္ပြင့္ေနတဲ့တံခါး(သို့)ဂီတနုတ္

အနည္းငယ္ပြင့္ေနတဲ့တံခါး: သင္ဟာေျပာင္းလဲမွဳေတြအတြက္ အသင့္ျဖစ္ေနတဲ့အျပင္ မွန္ကန္တဲ့လမ္းေၾကာင္းတစ္ခုမွာေရွ့ဆက္ေနတယ္လို့ ကိုယ့္ကိုယ္ကိုယံုၾကည္ခ်က္ရွိသူျဖစ္ပါတယ္။ေနာက္ သင့္အနာဂတ္မွာေစာင့္ၾကိဳေနမယ့္အရာေတြအတြက္ သတိရွိေနသူလည္းျဖစ္ပါတယ္။

ဂီတနုတ္:သင္ဟာစိတ္ကူးညဏ္ရင့္သန္သူျဖစ္ျပိး ဒီအခ်ိန္ဟာ သင့္ဖန္တီးမွုဳကိုခ်ျပဖို့ အခါေကာင္းျဖစ္ပါတယ္။သင္ၾကိဳးစားရင္ၾကိဳးစားသလို သင့္ဖန္တီးမွဳစြမ္းအားက က်ယ္ျပန့္စြာလြမ္းမိုးနိုင္စြမ္းရွိပါတယ္။

4.တိုင္လံုးမ်ား(သို့)လူေတြ

တိုင္လံုးမ်ား :တစ္ခါတေလမွာ သင္ဟာ သင့္ဘ၀မွာအမွန္တကယ္လိုခ်င္ေနတဲ့အရာကို ပိုင္ဆိုင္ဖို့အေရး လက္ရွိသက္ေတာင့္သက္သာအေနအထားကေန ရုန္းထြက္ဖို့ခက္ခဲေနသူျဖစ္ပါတယ္။သင့္အေနနဲ့ ကပာၻၾကီးကို ကြဲထြက္တဲ့ရွဳေထာင့္ကေန ျမင္တတ္ဖို့ၾကိဳးစားသင့္ပါတယ္။ေနာက္ သင္ဟာစိတ္ကူးယဥ္ဆန္တတ္သူျဖစ္ပါတယ္။

လူေတြ:သင့္ဘ၀မွာခက္ခဲတဲ့အကာအရံေတြမၾကံဳဖူးသလို သင္လိုခ်င္တဲ့အရာေတာ္ေတာ္မ်ားမ်ားကို အလြယ္တကူရနိုင္တဲ့သူျဖစ္ပါတယ္။ေနာက္ ခံစားလြယ္သူျဖစ္ျပီး အျခားသူေတြကိုကူညီဖို့ဆို အျမဲအဆင္သင့္ျဖစ္ေနတတ္တဲ့ ၾကင္နာတဲ့နွလံုးသားပိုင္ရွင္ေတြျဖစ္ပါတယ္။

5.ေယာက်ာၤး (သို့)မိန္းမ

ေယာက်ၤား :သင္ဟာ ေယာက်ၤားပံုကို အရင္ဆံုးျမင္မိတဲ့မိန္းကေလးဆိုရင္ေတာ့ သင္ဟာရုိးမန္းတစ္ဆန္တဲ့ဘ၀လက္တဲြေဖာ္ကို အလိုရွိရွာေဖြေနသူျဖစ္ပါတယ္။တကယ္လို့ သင့္မွာခ်စ္သူရွိျပီးသားဆိုရင္လည္း သင္ဟာသူနဲ့အတူခိုင္မာတဲ့ စိတ္ခံစားဆက္သြယ္မွဳကိုတည္ေဆာက္ေနခ်င္သူပါ။တကယ္လို့ သင္ဟာ ေယာက်ၤားပံုကိုပထမဆံုးျမင္မိတဲ့ ေယာက်ၤားေလးဆိုရင္ေတာ့ သင္ဟာ လက္ရွိမွာ သင့္ခ်စ္သူကို အျခားေယာက်္ားေလးေတြနဲ့ပတ္သက္ျပီး စိုးရိမ္ေနသူပါ။

မိန္းမ:တကယ္လို့ သင္ဟာ မိန္းမပံုကို ပထမဆံုးျမင္မိတဲ့မိန္းကေလးဆိုရင္ေတာ့ သင္ဟာအေကာင္းျမင္တတ္သူျဖစ္ျပိး ေလာကဓံအလွည့္အေျပာင္းေတြၾကား ေအးေဆးစြာေက်ာ္ျဖတ္နိုင္သူျဖစ္ပါတယ္။တကယ္လို့ မိန္းမပံုကိုပထမဆံုးျမင္မိတဲ့ ေယာက်ၤားေလးဆိုရင္ေတာ့ သင္ဟာမိန္းကေလးေတြရဲ့အလွအပနဲ့ပတ္သက္ျပီး အထူးျမင္တတ္၊အသိအမွတ္ျပဳတတ္သူျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #
ဒီတစ်ခါမှာတော့ တွဲလျက်ဖော်ပြထားတဲ့ပုံနှစ်ပုံထဲက ပထမဆုံးသင်မြင်မိတဲ့အရာပေါ် မူတည်ပြီး သင့်စိတ်နေစိတ်ထား အကြမ်းဖျဉ်းခန့်မှန်းကြမယ်ဆိုတော့ မှန်မမှန်စမ်းသပ်သွားကြပါအုံး။   ။

1.မျက်နှာ(သို)ငါး??

မျက်နှာ:သင်ဟာဆိုရှယ်ကျပြီး အပေါင်းအသင်းဝင်ဆံ့သူဖြစ်ပါတယ်။အားလုံးရဲ့ဘဝတွေကို စူးစမ်းသိလိုစိတ်ပြင်းပြပြီး နေ့စဉ်တာဝန်ပြသနာတွေကို အလွယ်တကူဖြေရှင်းနိုင်စွမ်းလည်းရှိပါတယ်။

ငါး :သင်ဟာသင့်ဘဝနဲ့သင်ပျော်မွေ့နေသူဖြစ်ပြီး ကြိုးပမ်းအားထုတ်လိုစိတ်ရှိသည့်တိုင်အောင် ကံကိုလည်းယုံတတ်ပါသေးတယ်။သင်သတ်မှတ်ထားတဲ့အတိုင်းအတာတစ်ခုထိရောက်မလာသည့်တိုင် စိတ်ဓာတ်ကျနေတာထက် ဖြစ်မြောက်အောင် ရတဲ့နည်းနဲ့ကြိုးစားတတ်သူပါ။

2.သော့ပေါက်(သို့)ငိုနေတဲ့သဏ္ဍာန်

သော့ပေါက်:ယေဘုယျအားဖြင့် သင်ဟာ သင့်ဘဝနဲ့ပတ်သက်ပြီးပဲ စိတ်ဝင်စားသူဖြစ်ပါတယ်။

ငိုနေတဲ့သဏ္ဍာန်:သင်ဟာ သင့်ရဲ့လက်ရှိစိတ်ခံစားမှုအခြေအနေကိုတောင် သတိမပြုမိသူဖြစ်ပါတယ်။ဥပမာအားဖြင့် ဝမ်းနည်းမှုလည်းဖြစ်နိုင်တယ်၊စိတ်အနှောင့်အယှက်လည်းဖြစ်နေနိုင်တယ်၊ဒါမှမဟုတ် အထီးကျန်နေတာလည်းဖြစ်နေနိုင်တယ် ဒါပေမယ့် သင်ကိုယ်တိုင်ဘာမှန်းမသိဘူး။ဒါကြောင့် သင့်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို ပိုပြီးအာရုံစိုက်ဖို့လိုပါတယ်။

3.အနည်းငယ်ပွင့်နေတဲ့တံခါး(သို့)ဂီတနုတ်

အနည်းငယ်ပွင့်နေတဲ့တံခါး: သင်ဟာပြောင်းလဲမှုတွေအတွက် အသင့်ဖြစ်နေတဲ့အပြင် မှန်ကန်တဲ့လမ်းကြောင်းတစ်ခုမှာရှေ့ဆက်နေတယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိသူဖြစ်ပါတယ်။နောက် သင့်အနာဂတ်မှာစောင့်ကြိုနေမယ့်အရာတွေအတွက် သတိရှိနေသူလည်းဖြစ်ပါတယ်။

ဂီတနုတ်:သင်ဟာစိတ်ကူးညဏ်ရင့်သန်သူဖြစ်ပြိး ဒီအချိန်ဟာ သင့်ဖန်တီးမှုုကိုချပြဖို့ အခါကောင်းဖြစ်ပါတယ်။သင်ကြိုးစားရင်ကြိုးစားသလို သင့်ဖန်တီးမှုစွမ်းအားက ကျယ်ပြန့်စွာလွမ်းမိုးနိုင်စွမ်းရှိပါတယ်။

4.တိုင်လုံးများ(သို့)လူတွေ

တိုင်လုံးများ :တစ်ခါတလေမှာ သင်ဟာ သင့်ဘဝမှာအမှန်တကယ်လိုချင်နေတဲ့အရာကို ပိုင်ဆိုင်ဖို့အရေး လက်ရှိသက်တောင့်သက်သာအနေအထားကနေ ရုန်းထွက်ဖို့ခက်ခဲနေသူဖြစ်ပါတယ်။သင့်အနေနဲ့ ကပ္ဘာကြီးကို ကွဲထွက်တဲ့ရှုထောင့်ကနေ မြင်တတ်ဖို့ကြိုးစားသင့်ပါတယ်။နောက် သင်ဟာစိတ်ကူးယဉ်ဆန်တတ်သူဖြစ်ပါတယ်။

လူတွေ:သင့်ဘဝမှာခက်ခဲတဲ့အကာအရံတွေမကြုံဖူးသလို သင်လိုချင်တဲ့အရာတော်တော်များများကို အလွယ်တကူရနိုင်တဲ့သူဖြစ်ပါတယ်။နောက် ခံစားလွယ်သူဖြစ်ပြီး အခြားသူတွေကိုကူညီဖို့ဆို အမြဲအဆင်သင့်ဖြစ်နေတတ်တဲ့ ကြင်နာတဲ့နှလုံးသားပိုင်ရှင်တွေဖြစ်ပါတယ်။

5.ယောကျာၤး (သို့)မိန်းမ

ယောင်္ကျား :သင်ဟာ ယောင်္ကျားပုံကို အရင်ဆုံးမြင်မိတဲ့မိန်းကလေးဆိုရင်တော့ သင်ဟာရိုးမန်းတစ်ဆန်တဲ့ဘဝလက်တွဲဖော်ကို အလိုရှိရှာဖွေနေသူဖြစ်ပါတယ်။တကယ်လို့ သင့်မှာချစ်သူရှိပြီးသားဆိုရင်လည်း သင်ဟာသူနဲ့အတူခိုင်မာတဲ့ စိတ်ခံစားဆက်သွယ်မှုကိုတည်ဆောက်နေချင်သူပါ။တကယ်လို့ သင်ဟာ ယောင်္ကျားပုံကိုပထမဆုံးမြင်မိတဲ့ ယောင်္ကျားလေးဆိုရင်တော့ သင်ဟာ လက်ရှိမှာ သင့်ချစ်သူကို အခြားယောကျ်ားလေးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေသူပါ။

မိန်းမ:တကယ်လို့ သင်ဟာ မိန်းမပုံကို ပထမဆုံးမြင်မိတဲ့မိန်းကလေးဆိုရင်တော့ သင်ဟာအကောင်းမြင်တတ်သူဖြစ်ပြိး လောကဓံအလှည့်အပြောင်းတွေကြား အေးဆေးစွာကျော်ဖြတ်နိုင်သူဖြစ်ပါတယ်။တကယ်လို့ မိန်းမပုံကိုပထမဆုံးမြင်မိတဲ့ ယောင်္ကျားလေးဆိုရင်တော့ သင်ဟာမိန်းကလေးတွေရဲ့အလှအပနဲ့ပတ်သက်ပြီး အထူးမြင်တတ်၊အသိအမှတ်ပြုတတ်သူဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top