iMyanmarHouse.com - Best Property Website for Myanmar
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေလာကမွာ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြလို႔ ေျပာစမွတ္ရွိသလို ပုရိသအမ်ိဳးသားေတြကိုလည္း အမ်ိဳးမ်ိဳး ခြဲျခားသတ္မွတ္ၾကမွာပါ။ ကၽြန္မအတြက္ကေတာ့ ေယာက်္ားႏွစ္မ်ိဳးပဲရွိတယ္။ တာဝန္ယူတတ္တဲ့ေယာက်္ားနဲ႔ တာဝန္မယူတတ္တဲ့ေယာက်္ားရယ္လို႔ပဲ ခြဲျခားသတ္မွတ္လိုက္ပါတယ္။ ဒီအေၾကာင္းအရာကို မေျပာခင္ ခ်စ္ျခင္းေမတၱာနဲ႔ပတ္သက္တဲ့ အမ်ိဳးသားႏွစ္ေယာက္ရဲ႕အေၾကာင္းကို အရင္ေျပာရမွာပါ။

ခ်စ္ႀကိဳက္ၿပီး အခ်စ္ခရီးလြန္ခဲ့တဲ့ စံုတြဲေတြထဲမွာ ရရွိလာတဲ့ကိုယ္ဝန္ကို ဘယ္လိုေျဖရွင္းၾကမလဲလို႔ ကာယကံရွင္ႏွစ္ဦး ေခါင္းခ်င္းဆိုင္ အေျဖရွာၾကတယ္။ ေကာင္မေလးအမ်ားစုက လက္ထပ္ၿပီး လြယ္ထားတဲ့ကိုယ္ဝန္ကို ေမြးခ်င္တယ္။ တခ်ိဳ႕အမ်ိဳးသားေတြ(အမ်ားစု)က အခ်ိန္မတန္ေသးဘူး ဘာ ညာ အေၾကာင္းအမ်ိဳးမ်ိဳးျပလို႔ ဒီကိုယ္ဝန္ကို ဖ်က္ဖို႔တိုက္တြန္းတယ္။ တခ်ိဳ႕ကေတာ့ ကိုယ္ဝန္ကို တာဝန္ယူလိုစိတ္ (မိမိခ်စ္သူကိုငဲ့ညႇာစိတ္)နဲ႔ တာဝန္ယူလက္ထပ္လိုက္တယ္။ အဲဒီႏွစ္မ်ိဳးေသာ ဆံုးျဖတ္ခ်က္ေတြအေပၚ သံုးသပ္ရင္ တာဝန္ယူတဲ့သူနဲ႔ တာဝန္မယူတဲ့သူ ကြဲျပားသြားတာပါပဲ။ အဆိုးဆံုးေသာအေျခအေနမွာ ေခါင္းေရွာင္သြားတဲ့ အမ်ိဳးသားေၾကာင့္ အမ်ိဳးသမီးဟာ ကိုယ့္တာဝန္ ကိုယ့္ဘာသာေျဖရွင္းလိုက္ရတာပါပဲ။

အခ်ိန္မတန္ေသးဘူးဆိုတာ အစကတည္းက ႀကိဳမေတြးခဲ့သင့္ဘူးလား။ မိန္းကေလးအမ်ားစုဟာ ဒီလိင္ကိစၥ ၊ သေႏၶတားတဲ့ကိစၥေတြမွာ အပ်ိဳစစ္ေလ ဗဟုသုတနည္းေလပါ။ ၿပီးတယ္ဆိုတာကို ဘာမွန္းမသိဘဲ ဆက္ဆံၿပီးသြားတဲ့ တံုးနန မိန္းကေလးေတြ ဒုနဲ႔ေဒးရွိေနၾကတယ္လို႔ ကၽြန္မေျပာရင္ သိပ္ဒဲ့က်သြားေလမလား။ ေသခ်ာတာကေတာ့ ဒီကိစၥမွာ ဗဟုသုတရွိခ်င္လို႔ပဲျဖစ္ျဖစ္ ၊ စိတ္ဝင္စားလို႔ပဲျဖစ္ျဖစ္ ၊ ရွာရွာေဖြေဖြ ေလ့လာျဖစ္တဲ့ အမ်ိဳးသမီးေတြကလြဲရင္ (အထူးသျဖင့္ အပ်ိဳေလးေတြ)ဟာ  ရည္းစားဆႏၵကို လိုက္ေလ်ာရင္းနဲ႔သာ အတူေနျဖစ္သြားၾကတာပါ။ ၿပီးတယ္ဆိုတာဘာမွန္းမသိသလို ၊ သုတ္ရည္ဆိုတာလည္း မျမင္ဖူး ၊ အဲဒီသက္ေရာက္မႈဟာ ဘယ္ေလာက္အထိ တာသြားသလဲဆိုတာ ႏိုက္ႏႈိက္ခၽြတ္ခၽြတ္ ေလ့လာတဲ့သူရွားတယ္။

မ ဟာ မ သဘာဝရွိတယ္ ။ က်ားဟာ က်ားသဘာဝရွိတယ္။ မ သဘာဝကို က်ားကနားလည္ႏိုင္မွာမဟုတ္သလို က်ား သဘာဝကိုလည္း မ ဟာ နားလည္ႏိုင္မွာမဟုတ္ဘူး။ ပိုၿပီးရွင္းေအာင္ေျပာရရင္ အရြယ္ေရာက္လာတဲ့ အမ်ိဳးသမီးသမီးတိုင္း ဓမၼတာေသြးဆင္းတယ္။ ဘယ္အခ်ိန္မွာေသြးဆင္းေလ့ရွိၿပီး ဘယ္ႏွစ္ရက္ၾကာတယ္ ၊ ဘယ္လိုခံစားရတယ္ဆိုတာ အမ်ိဳးသားေတြနားလည္ခံစားသိႏိုင္မွာမဟုတ္ဘူး။ ဒါဟာ သူ႔သဘာဝမဟုတ္လို႔ပါ။

ဒီအတိုင္းပဲ အရြယ္ေရာက္တဲ့ အမ်ိဳးသားတစ္ဦးဟာ စိတ္ဆႏၵျပင္းေနခ်ိန္ သုတ္ေရၾကည္ထြက္ၿပီး ဆႏၵၿပီးသြားရင္ သုတ္ရည္ထြက္တယ္ဆိုတာကို အမ်ိဳးသားေတြပဲသိတယ္။ ဘယ္အခ်ိန္မွာၿပီးခါနီးနဲ႔ ဘယ္အခ်ိန္မွာထြက္တယ္ဆိုတာ အမ်ိဳးသားေတြပဲ သိႏိုင္တယ္။ ၿပီးေတာ့ ဒီသုတ္ရည္ဟာ အရည္ၾကည္ထဲမွာကတည္းက သုတ္ေကာင္ေတြ ပါဝင္ၿပီး မအဂၤါထဲ ေရာက္သြားရင္ မမ်ိဳးဥနဲ႔ ေပါင္းစပ္လို႔ ကိုယ္ဝန္ (ကေလး)ရသြားႏိုင္တယ္။ အမ်ိဳးသားစိတ္ဆႏၵၿပီးသြားရင္ ထြက္တဲ့သုတ္ထဲမွာ သုတ္ေကာင္ေတြ ပါဝင္ၿပီး မအဂၤါထဲ ေရာက္သြားရင္ မမ်ိဳးဥနဲ႔ ေပါင္းစပ္လို႔ ကိုယ္ဝန္ (ကေလး)ရသြားႏိုင္တယ္ဆိုတာကို ဆႏၵေနာက္ လိုက္ပါ စပ္ယွက္မိၾကတဲ့ အမ်ိဳးသားေကာ ၊ အမ်ိဳးသမီးေကာ ဗဟုသုရွိမႈ ရာခိုင္ႏႈန္းနည္းၾကတယ္။

ဒါ့အျပင္ ကၽြန္မကို စာေရးေမးျမန္းၾကတဲ့ အမ်ိဳးသမီးေတြနဲ႔ အမ်ိဳးသားေတြရဲ႕ ေမးခြန္းေတြေၾကာင့္ သူတို႔ဟာ သုတ္အျပင္ထုတ္လႊတ္ရင္ ကိုယ္ဝန္မရႏိုင္ဘူးလို႔ မွတ္ယူေနၾကတယ္။ လိင္တံထိပ္ကိုင္ထားတဲ့ လက္ကတဆင့္ပဲျဖစ္ျဖစ္ ၊ မဆက္ဆံခင္ အဂၤါခ်င္း ထိေတြ႔ေနတုန္း ၊ ဆက္ဆံေနတုန္းမွာ ဝင္သြားႏိုင္တဲ့ သုတ္ေကာင္ေတြေၾကာင့္ ကိုယ္ဝန္ရႏိုင္ေခ်ရွိတာကို သူတို႔မသိၾကဘူး။

တခ်ိဳ႕အမ်ိဳးသားေတြက သိေပမယ့္ ရလာလည္း ကိုယ့္တာဝန္မဟုတ္ဘူးလို႔ ျဖစ္ခ်င္တဲ့ကိုယ့္ဆႏၵေရွ႕တန္းတင္ၿပီး မကာမကြယ္ စပ္ယွက္ၾကတယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြက်ေတာ့ ဗဟုသုတရွိေပမယ့္ ကိုယ့္ခ်စ္သူအေပၚ မလြန္ဆန္ရဲဘူး။ ဟင့္အင္းလို႔ အတင္း မျငင္းခ်င္ဘဲ တခဏတာ လိုက္ေလ်ာလိုစိတ္ ႀကီးစိုးသြားလို႔ ဒုကၡမ်ားသြားတာေတြလည္း ရွိတယ္။

ဆႏၵေနာက္ အလိုတူအလိုပါ လိုက္ျဖစ္ခဲ့ၾကတာလည္း ဒီႏွစ္ေယာက္ ၊ ျဖစ္လာတဲ့ေနာက္ဆက္တြဲကိုလည္း အတူတကြ ေျဖရွင္းသင့္တာ ဒီႏွစ္ေယာက္မဟုတ္ဘူးလား။ ဒါလုပ္ရင္ ဒါျဖစ္ႏိုင္တယ္ဆိုတဲ့ အေျခခံ ဗဟုသုတေလးေတာ့ အမ်ိဳးသားေရာ ၊ အမ်ိဳးသမီးေတြမွာပါရွိတယ္။ တာဝန္ရွိသူခ်င္းအတူတူထဲမွာမွ ဒီလိုဆက္ဆံဖို႔ အေျခအေန ဖန္တီးေတာင္းဆိုျဖစ္တဲ့ အမ်ိဳးသားေတြမွာ ပိုၿပီးတာဝန္ရွိတယ္လို႔ ကၽြန္မေျပာရင္ မလြန္ပါဘူးေနာ္။ ဘာျဖစ္လို႔လဲဆို ၾကက္မ တြန္လို႔ မိုးမလင္းပါဘူး။ အမ်ိဳးသားရဲ႕အဂၤါသာ မေတာင့္တင္းခဲ့ပါရင္ ၊ စိတ္ေနာက္ကိုယ္ပါ မေတာင္းဆိုျဖစ္ခဲ့ရင္ ၊ ႀကိဳတင္ ကာကာကြယ္ကြယ္ ျပဳခဲ့မယ္ဆိုရင္ သေႏၶမေအာင္ႏိုင္ဘူးေလ။

ဆက္ဆံနည္းပညာေတြကိုသာ ဆည္းပူးခဲ့ၿပီး ကာကြယ္နည္းေတြကို မဆည္းပူးမေလ့လာခဲ့တာ တာဝန္မယူတတ္တဲ့ အမ်ိဳးသားေတြရဲ႕ ပထမအမွားပါ။ လူဆိုတာ ကိုယ္မွားရင္ ကိုယ္တာဝန္ယူရဲရမွာေပ့ါ။ ကိုယ္က ျမင့္ျမတ္ပါတယ္ဆိုတဲ့ အမ်ိဳးသားမဟုတ္ဘူးလား။ စိတ္ယုတ္မာမထားသင့္ဘူးေလ။ စိတ္လာလို႔ အတူေနဖို႔ေတာင္းဆိုတယ္ ၊ မႊန္ေနတာပဲသိ ဘာမွမသိခဲ့ၿပီးတဲ့ေနာက္ ႏွစ္ေယာက္အတူေနျဖစ္တဲ့ရလဒ္ ကိုယ္ဝန္လြယ္ထားရတဲ့ တဖက္မိန္းကေလးကို ငါနဲ႔မဆိုင္ဘူး ၊ ငါတာဝန္ယူစရာမလိုဘူးလို႔ ေခါင္းေရွာင္တာ ယုတ္မာတာပဲေပါ့။ တခ်ိဳ႕က်ေတာ့ အတင္းဖ်က္ခ်ခိုင္းတယ္။

မိန္းကေလးဆိုတာ နာဘက္ကပါဆိုတဲ့အဓိပၸါယ္ကို ခုေခတ္အမ်ိဳးသမီးေလးေတြ ေကာင္းေကာင္းသေဘာေပါက္ေစခ်င္လိုက္တာ။ ကိုယ့္ခ်စ္သူကို လိုက္ေလ်ာၿပီးတဲ့ေနာက္မွာ သူတာဝန္မယူရင္ ကိုယ့္ဗိုက္ထဲကတာဝန္ ကိုယ့္ဘာသာယူရလိမ့္မယ္ဆိုတာ ႀကိဳေတြးထားရင္ေကာင္းမယ္။ ဒါကိုႀကိဳေတြးမိရင္ ႀကိဳျပင္ဆင္ျဖစ္တာေပါ့။ မကာကြယ္ရင္ ေနာင္မွာ ကိုယ္အရင္အရွက္ကြဲမွာ။ တားေဆးေတြေသာက္ ၊ သံုးျပန္ေတာ့လည္း ကိုယ္ေတြမိန္းကေလးေတြပဲ ဒုကၡခံရတာပါ။ ဘာဒုကၡလဲဆို အတိုင္းအဆလြန္ သံုးခဲ့တဲ့ေဆးေတြေၾကာင့္ ေဘးထြက္ဆိုးက်ိဳးေတြ ကိုယ္ပဲခံစားရတာေလ။

ဒီေခတ္မွာ ကိစၥၿပီး အမ်ိဳးသားေလးေတြ တာဝန္ယူမႈအမ်ားဆံုးက တခါသံုးေဆး မိန္းကေလးကို တိုက္ေကၽြးလိုက္တာပါပဲ။ ဒါဟာ ကိုယ့္တာဝန္ ကိုယ္ယူလိုက္တယ္လို႔ သူတို႔ထင္ေနတယ္။ အဲဒီေဆးေတြက အလြန္႔အလြန္ ျဖစ္ခဲတဲ့ မုဒိမ္းမႈေတြမွာ အဓမၼျပဳက်င့္ခံရတဲ့ အမ်ိဳးသမီးကေလး မိေအးႏွစ္ခါနာ မျဖစ္ရေအာင္ (ကိုယ္ဝန္မျဖစ္ေပၚလာေအာင္) ေဆးပညာရွင္ေတြက တိုက္ေကၽြးတဲ့ေဆးေတြပါ။

သူ႔ရဲ႕အာနိသင္ဟာ ေဟာ္မုန္းေတြကို ကေျပာင္းကျပန္ျဖစ္သြားေအာင္ထိ ျပင္းပါတယ္။ ဒါေပမယ့္ ေသာက္သံုးသူ အမ်ိဳးသမီးေလးဟာ တသက္မွာ တခါလို အဓမၼျပဳက်င့္ခံရတာမ်ိဳးဆိုေတာ့ ျဖစ္ႏိုင္ေခ်ရွိတဲ့ သေႏၶသားကို တားဆီးဖို႔ ေဟာ္မုန္းေတြ ကေျပာင္းကျပန္ ေျပာင္းလဲျဖစ္တာ တသက္မွာတႀကိမ္လည္း ျဖစ္ႏိုင္တာပါ။ ေဘးထြက္ဆိုးက်ိဳးမ်ားတဲ့ ဒီေဆးကိုေသာက္သံုးလို႔ ရရွိလာမယ့္ဆိုးက်ိဳးကို တြက္ဆဖို႔ထက္ မုဒိမ္းေကာင္ရဲ႕သေႏၶသားကို မလြယ္ရဖို႔ မိန္းကေလးအတြက္ ပိုအေရးပါေနတာမို႔ ဒီေဆးကို ေဆးပညာရွင္ေတြက သံုးလိုက္တာ။ အဆိုးထဲကအေကာင္းတြက္ဆလို႔ တႀကိမ္တခါ သံုးေစတာပါ။

တိုးတက္တဲ့ ႏိုင္ငံရပ္ျခားမွာ အဲဒီတခါသံုးေဆးဆိုတဲ့ (Emergency Pills)ကို သံုးလိုတဲ့သူေတြဟာ ဆရာဝန္ကို အရင္ေဆြးေႏြးၿပီး ဆရာဝန္ရဲ႕ ခြင့္ျပဳခ်က္ရပါမွ ေဆးဆိုင္မွာ ဝယ္ခြင့္ရတာ ၊ ဆရာဝန္က ေဆးေပးလိုက္တာမ်ိဳးပါ။ ျမန္မာႏိုင္ငံမွာလို လမ္းေထာင့္ေဆးဆိုင္တိုင္းမွာ လိုသလို (လိုသေလာက္) ဝယ္လို႔မရဘူးဆိုတာ သိေစခ်င္လိုက္တာ။ ဘာလို႔ဒီလိုခက္ခဲေအာင္ လုပ္ထားတာလဲဆိုရင္ အဲဒီေဆးဟာ ေဘးထြက္ဆိုးက်ိဳး အလြန္မ်ားလို႔ျဖစ္ပါတယ္။ ဘယ္ေလာက္ထိ ေဘးထြက္ဆိုးက်ိဳးမ်ားသလဲဆို ႏို႔တိုက္မိခင္ဟာ အဲဒီေဆးေသာက္ဖို႔လိုအပ္လာရင္ ကေလးကို သံုးရက္တိတိ (မျဖစ္ႏိုင္တဲ့အဆံုး ၂၄နာရီတိတိ) ႏို႔တိုက္ေကၽြးမႈ မျပဳရပါဘူး။

ဘာျဖစ္လို႔လဲဆိုရင္ ေဆးရဲ႕အာနိသင္ဟာ တိုက္ေကၽြးတဲ့ႏို႔ရည္ကတဆင့္ ႏုနယ္တဲ့ ကေလးဆီကို ေဟာ္မုန္းေျပာင္းလဲမႈေတြ ျဖစ္ေပၚေစတဲ့အထိ ျပင္းလို႔ပါ။ ဘယ္ေလာက္အထိ ကေလးဟာ ဆိုးက်ိဳးျဖစ္ႏိုင္သလဲဆို ကေလးဟာ ၿမံဳသြားတဲ့အထိ (ႏို႔စို႔ခ်ိန္မွာ ႏို႔ထဲဝင္လာတဲ့ အဲဒီေဆးအာနိသင္ေၾကာင့္ အက်ိဳးဆက္အျဖစ္ ၿမံဳသြားလို႔ ႀကီးလာရင္ မ်ိဳးဆက္ျပတ္သြားတဲ့အထိ) ျဖစ္ႏိုင္လို႔ပါ။ ဒါေတြကို သိေစခ်င္လိုက္တာ။ ဒီတခါသံုး အေရးေပၚေဆးကို တြင္တြင္က်ယ္က်ယ္သံုးေနတဲ့ ျမန္မာႏိုင္ငံမွာ ဒီေလာက္ထိ ေဘးထြက္ဆိုးက်ိဳးမ်ားတဲ့ေဆးပါလို႔ တြင္တြင္က်ယ္က်ယ္ သိေစခ်င္လိုက္တာ။

ခ်စ္သူကို အေကာင္းဆံုးေပးသင့္တဲ့ ခ်စ္သက္လက္ေဆာင္က ကိုယ္ခ်င္းနီးစပ္မႈလို႔ ေတြးေခၚေနၾကတာ ၊ အဲဒီေနာက္မွာ မတားခဲ့သူေတြက အေရးေပၚေဆးနဲ႔ေျဖရွင္းႏိုင္သလို ၊ ေနာင္ျဖစ္မွေနာင္ရွင္း ေနျဖစ္သြားတဲ့စံုတြဲေတြလည္းရွိတယ္။ ဒါေၾကာင့္လည္း တာဝန္ယူတတ္တဲ့ အမ်ိဳးသားနဲ႔ တာဝန္မယူတတ္တဲ့ အမ်ိဳးသားဆိုၿပီး ေရးျဖစ္ခဲ့တာပဲ။

တခါတေလမွာ တာဝန္ယူတတ္တဲ့ အမ်ိဳးသားနဲ႔ တာဝန္မယူတတ္တဲ့ အမ်ိဳးသားဆိုတာ ကာလနဲ႔ တြဲတဲ့အမ်ိဳးသမီးအေပၚ ကြာျခားလို႔ ဒီအမ်ိဳးသားတစ္ဦးတည္းက အေျခအေနႏွစ္မိ်ဳးကို ဖန္တီးတတ္ၾကတယ္။ အဲဒီအမ်ိဳးသားဟာ အိမ္ေထာင့္တာဝန္မထမ္းႏိုင္ေသးလို႔ ၊ ဒါမွမဟုတ္ အိမ္ေထာင့္တာဝန္ မထမ္းခ်င္ေသးလို႔ ၊ ဒါမွမဟုတ္ တဖက္မိန္းကေလးကို အတည္မရည္ရြယ္ခဲ့ဘဲ အတူေန႐ံုသေဘာထားခဲ့လို႔ စသျဖင့္ေသာ အေၾကာင္းအရာေတြေၾကာင့္ ကိုယ္ဝန္ရတဲ့ အမ်ိဳးသမီးေလးရဲ႕တာဝန္ကို မယူဘဲဖ်က္ခ်ခိုင္းတာ ၊ ေခါင္းေရွာင္တာေတြျဖစ္တတ္တယ္။ အဲဒီအမ်ိဳးသားကပဲ အိမ္ေထာင့္တာဝန္ထမ္းႏိုင္တဲ့အခါ ၊ တဖက္မိန္းကေလးကို တကယ္ခ်စ္လို႔ပဲျဖစ္ျဖစ္ ၊ ငဲ့ညႇာစိတ္ဝင္သြားလို႔ပဲျဖစ္ျဖစ္ ၊ တာဝန္ယူမယ္ဆိုတဲ့စိတ္ ႀကီးစိုးသြားတဲ့အခါ ပတ္ဝန္းက်င္အေျပာ ၊ ဘယ္သူေတြဘာထင္ထင္ ဂ႐ုမစိုက္ေတာ့ဘဲ ဦးေဆာင္တာဝန္ယူ လက္ထပ္ျဖစ္တယ္။

ဒီလိုမတူတဲ့ အေျခအေန ႏွစ္မ်ိဳးစလံုးကို ဖန္တီးျဖစ္ခဲ့တဲ့ အမ်ိဳးသားေတြကို တကယ့္လက္ေတြ႔ ကၽြန္မျမင္ေတြ႔ခဲ့ဖူးတယ္။ တျခားေကာင္မေလးေတြနဲ႔ အတူေနလိုက္ ၊ ဖ်က္ခ်ခိုင္းလိုက္ ၊ ေခါင္းေရွာင္လိုက္လိုက္ လုပ္ခဲ့ေပမယ့္ သူတို႔ကပဲ လက္မထပ္ခင္ရတဲ့ကေလးကို တာဝန္ယူလို႔ အိမ္ေထာင္ထူေထာင္သြားၾကတာကိုပါ။ ကိုယ့္ခ်စ္သူက တာဝန္မယူတတ္တဲ့သူမ်ိဳးဆိုတာ အဲဒီအေျခအေနမ်ိဳးမွ မသိခ်င္ပါနဲ႔ မိန္းကေလးတို႔ …. ေနာက္က်သြားလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရတု (Burmesehearts.com)

# Unicode Version ျဖင့္ ဖတ္ပါ #

လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေလို့ ပြောစမှတ်ရှိသလို ပုရိသအမျိုးသားတွေကိုလည်း အမျိုးမျိုး ခွဲခြားသတ်မှတ်ကြမှာပါ။ ကျွန်မအတွက်ကတော့ ယောကျ်ားနှစ်မျိုးပဲရှိတယ်။ တာဝန်ယူတတ်တဲ့ယောကျ်ားနဲ့ တာဝန်မယူတတ်တဲ့ယောကျ်ားရယ်လို့ပဲ ခွဲခြားသတ်မှတ်လိုက်ပါတယ်။ ဒီအကြောင်းအရာကို မပြောခင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ အမျိုးသားနှစ်ယောက်ရဲ့အကြောင်းကို အရင်ပြောရမှာပါ။

ချစ်ကြိုက်ပြီး အချစ်ခရီးလွန်ခဲ့တဲ့ စုံတွဲတွေထဲမှာ ရရှိလာတဲ့ကိုယ်ဝန်ကို ဘယ်လိုဖြေရှင်းကြမလဲလို့ ကာယကံရှင်နှစ်ဦး ခေါင်းချင်းဆိုင် အဖြေရှာကြတယ်။ ကောင်မလေးအများစုက လက်ထပ်ပြီး လွယ်ထားတဲ့ကိုယ်ဝန်ကို မွေးချင်တယ်။ တချို့အမျိုးသားတွေ(အများစု)က အချိန်မတန်သေးဘူး ဘာ ညာ အကြောင်းအမျိုးမျိုးပြလို့ ဒီကိုယ်ဝန်ကို ဖျက်ဖို့တိုက်တွန်းတယ်။ တချို့ကတော့ ကိုယ်ဝန်ကို တာဝန်ယူလိုစိတ် (မိမိချစ်သူကိုငဲ့ညှာစိတ်)နဲ့ တာဝန်ယူလက်ထပ်လိုက်တယ်။ အဲဒီနှစ်မျိုးသော ဆုံးဖြတ်ချက်တွေအပေါ် သုံးသပ်ရင် တာဝန်ယူတဲ့သူနဲ့ တာဝန်မယူတဲ့သူ ကွဲပြားသွားတာပါပဲ။ အဆိုးဆုံးသောအခြေအနေမှာ ခေါင်းရှောင်သွားတဲ့ အမျိုးသားကြောင့် အမျိုးသမီးဟာ ကိုယ့်တာဝန် ကိုယ့်ဘာသာဖြေရှင်းလိုက်ရတာပါပဲ။

အချိန်မတန်သေးဘူးဆိုတာ အစကတည်းက ကြိုမတွေးခဲ့သင့်ဘူးလား။ မိန်းကလေးအများစုဟာ ဒီလိင်ကိစ္စ ၊ သန္ဓေတားတဲ့ကိစ္စတွေမှာ အပျိုစစ်လေ ဗဟုသုတနည်းလေပါ။ ပြီးတယ်ဆိုတာကို ဘာမှန်းမသိဘဲ ဆက်ဆံပြီးသွားတဲ့ တုံးနန မိန်းကလေးတွေ ဒုနဲ့ဒေးရှိနေကြတယ်လို့ ကျွန်မပြောရင် သိပ်ဒဲ့ကျသွားလေမလား။ သေချာတာကတော့ ဒီကိစ္စမှာ ဗဟုသုတရှိချင်လို့ပဲဖြစ်ဖြစ် ၊ စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် ၊ ရှာရှာဖွေဖွေ လေ့လာဖြစ်တဲ့ အမျိုးသမီးတွေကလွဲရင် (အထူးသဖြင့် အပျိုလေးတွေ)ဟာ  ရည်းစားဆန္ဒကို လိုက်လျောရင်းနဲ့သာ အတူနေဖြစ်သွားကြတာပါ။ ပြီးတယ်ဆိုတာဘာမှန်းမသိသလို ၊ သုတ်ရည်ဆိုတာလည်း မမြင်ဖူး ၊ အဲဒီသက်ရောက်မှုဟာ ဘယ်လောက်အထိ တာသွားသလဲဆိုတာ နိုက်နှိုက်ချွတ်ချွတ် လေ့လာတဲ့သူရှားတယ်။

မ ဟာ မ သဘာဝရှိတယ် ။ ကျားဟာ ကျားသဘာဝရှိတယ်။ မ သဘာဝကို ကျားကနားလည်နိုင်မှာမဟုတ်သလို ကျား သဘာဝကိုလည်း မ ဟာ နားလည်နိုင်မှာမဟုတ်ဘူး။ ပိုပြီးရှင်းအောင်ပြောရရင် အရွယ်ရောက်လာတဲ့ အမျိုးသမီးသမီးတိုင်း ဓမ္မတာသွေးဆင်းတယ်။ ဘယ်အချိန်မှာသွေးဆင်းလေ့ရှိပြီး ဘယ်နှစ်ရက်ကြာတယ် ၊ ဘယ်လိုခံစားရတယ်ဆိုတာ အမျိုးသားတွေနားလည်ခံစားသိနိုင်မှာမဟုတ်ဘူး။ ဒါဟာ သူ့သဘာဝမဟုတ်လို့ပါ။

ဒီအတိုင်းပဲ အရွယ်ရောက်တဲ့ အမျိုးသားတစ်ဦးဟာ စိတ်ဆန္ဒပြင်းနေချိန် သုတ်ရေကြည်ထွက်ပြီး ဆန္ဒပြီးသွားရင် သုတ်ရည်ထွက်တယ်ဆိုတာကို အမျိုးသားတွေပဲသိတယ်။ ဘယ်အချိန်မှာပြီးခါနီးနဲ့ ဘယ်အချိန်မှာထွက်တယ်ဆိုတာ အမျိုးသားတွေပဲ သိနိုင်တယ်။ ပြီးတော့ ဒီသုတ်ရည်ဟာ အရည်ကြည်ထဲမှာကတည်းက သုတ်ကောင်တွေ ပါဝင်ပြီး မအင်္ဂါထဲ ရောက်သွားရင် မမျိုးဥနဲ့ ပေါင်းစပ်လို့ ကိုယ်ဝန် (ကလေး)ရသွားနိုင်တယ်။ အမျိုးသားစိတ်ဆန္ဒပြီးသွားရင် ထွက်တဲ့သုတ်ထဲမှာ သုတ်ကောင်တွေ ပါဝင်ပြီး မအင်္ဂါထဲ ရောက်သွားရင် မမျိုးဥနဲ့ ပေါင်းစပ်လို့ ကိုယ်ဝန် (ကလေး)ရသွားနိုင်တယ်ဆိုတာကို ဆန္ဒနောက် လိုက်ပါ စပ်ယှက်မိကြတဲ့ အမျိုးသားကော ၊ အမျိုးသမီးကော ဗဟုသုရှိမှု ရာခိုင်နှုန်းနည်းကြတယ်။

ဒါ့အပြင် ကျွန်မကို စာရေးမေးမြန်းကြတဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေရဲ့ မေးခွန်းတွေကြောင့် သူတို့ဟာ သုတ်အပြင်ထုတ်လွှတ်ရင် ကိုယ်ဝန်မရနိုင်ဘူးလို့ မှတ်ယူနေကြတယ်။ လိင်တံထိပ်ကိုင်ထားတဲ့ လက်ကတဆင့်ပဲဖြစ်ဖြစ် ၊ မဆက်ဆံခင် အင်္ဂါချင်း ထိတွေ့နေတုန်း ၊ ဆက်ဆံနေတုန်းမှာ ဝင်သွားနိုင်တဲ့ သုတ်ကောင်တွေကြောင့် ကိုယ်ဝန်ရနိုင်ချေရှိတာကို သူတို့မသိကြဘူး။

တချို့အမျိုးသားတွေက သိပေမယ့် ရလာလည်း ကိုယ့်တာဝန်မဟုတ်ဘူးလို့ ဖြစ်ချင်တဲ့ကိုယ့်ဆန္ဒရှေ့တန်းတင်ပြီး မကာမကွယ် စပ်ယှက်ကြတယ်။ တချို့အမျိုးသမီးတွေကျတော့ ဗဟုသုတရှိပေမယ့် ကိုယ့်ချစ်သူအပေါ် မလွန်ဆန်ရဲဘူး။ ဟင့်အင်းလို့ အတင်း မငြင်းချင်ဘဲ တခဏတာ လိုက်လျောလိုစိတ် ကြီးစိုးသွားလို့ ဒုက္ခများသွားတာတွေလည်း ရှိတယ်။

ဆန္ဒနောက် အလိုတူအလိုပါ လိုက်ဖြစ်ခဲ့ကြတာလည်း ဒီနှစ်ယောက် ၊ ဖြစ်လာတဲ့နောက်ဆက်တွဲကိုလည်း အတူတကွ ဖြေရှင်းသင့်တာ ဒီနှစ်ယောက်မဟုတ်ဘူးလား။ ဒါလုပ်ရင် ဒါဖြစ်နိုင်တယ်ဆိုတဲ့ အခြေခံ ဗဟုသုတလေးတော့ အမျိုးသားရော ၊ အမျိုးသမီးတွေမှာပါရှိတယ်။ တာဝန်ရှိသူချင်းအတူတူထဲမှာမှ ဒီလိုဆက်ဆံဖို့ အခြေအနေ ဖန်တီးတောင်းဆိုဖြစ်တဲ့ အမျိုးသားတွေမှာ ပိုပြီးတာဝန်ရှိတယ်လို့ ကျွန်မပြောရင် မလွန်ပါဘူးနော်။ ဘာဖြစ်လို့လဲဆို ကြက်မ တွန်လို့ မိုးမလင်းပါဘူး။ အမျိုးသားရဲ့အင်္ဂါသာ မတောင့်တင်းခဲ့ပါရင် ၊ စိတ်နောက်ကိုယ်ပါ မတောင်းဆိုဖြစ်ခဲ့ရင် ၊ ကြိုတင် ကာကာကွယ်ကွယ် ပြုခဲ့မယ်ဆိုရင် သန္ဓေမအောင်နိုင်ဘူးလေ။

ဆက်ဆံနည်းပညာတွေကိုသာ ဆည်းပူးခဲ့ပြီး ကာကွယ်နည်းတွေကို မဆည်းပူးမလေ့လာခဲ့တာ တာဝန်မယူတတ်တဲ့ အမျိုးသားတွေရဲ့ ပထမအမှားပါ။ လူဆိုတာ ကိုယ်မှားရင် ကိုယ်တာဝန်ယူရဲရမှာပေ့ါ။ ကိုယ်က မြင့်မြတ်ပါတယ်ဆိုတဲ့ အမျိုးသားမဟုတ်ဘူးလား။ စိတ်ယုတ်မာမထားသင့်ဘူးလေ။ စိတ်လာလို့ အတူနေဖို့တောင်းဆိုတယ် ၊ မွှန်နေတာပဲသိ ဘာမှမသိခဲ့ပြီးတဲ့နောက် နှစ်ယောက်အတူနေဖြစ်တဲ့ရလဒ် ကိုယ်ဝန်လွယ်ထားရတဲ့ တဖက်မိန်းကလေးကို ငါနဲ့မဆိုင်ဘူး ၊ ငါတာဝန်ယူစရာမလိုဘူးလို့ ခေါင်းရှောင်တာ ယုတ်မာတာပဲပေါ့။ တချို့ကျတော့ အတင်းဖျက်ချခိုင်းတယ်။

မိန်းကလေးဆိုတာ နာဘက်ကပါဆိုတဲ့အဓိပ္ပါယ်ကို ခုခေတ်အမျိုးသမီးလေးတွေ ကောင်းကောင်းသဘောပေါက်စေချင်လိုက်တာ။ ကိုယ့်ချစ်သူကို လိုက်လျောပြီးတဲ့နောက်မှာ သူတာဝန်မယူရင် ကိုယ့်ဗိုက်ထဲကတာဝန် ကိုယ့်ဘာသာယူရလိမ့်မယ်ဆိုတာ ကြိုတွေးထားရင်ကောင်းမယ်။ ဒါကိုကြိုတွေးမိရင် ကြိုပြင်ဆင်ဖြစ်တာပေါ့။ မကာကွယ်ရင် နောင်မှာ ကိုယ်အရင်အရှက်ကွဲမှာ။ တားဆေးတွေသောက် ၊ သုံးပြန်တော့လည်း ကိုယ်တွေမိန်းကလေးတွေပဲ ဒုက္ခခံရတာပါ။ ဘာဒုက္ခလဲဆို အတိုင်းအဆလွန် သုံးခဲ့တဲ့ဆေးတွေကြောင့် ဘေးထွက်ဆိုးကျိုးတွေ ကိုယ်ပဲခံစားရတာလေ။

ဒီခေတ်မှာ ကိစ္စပြီး အမျိုးသားလေးတွေ တာဝန်ယူမှုအများဆုံးက တခါသုံးဆေး မိန်းကလေးကို တိုက်ကျွေးလိုက်တာပါပဲ။ ဒါဟာ ကိုယ့်တာဝန် ကိုယ်ယူလိုက်တယ်လို့ သူတို့ထင်နေတယ်။ အဲဒီဆေးတွေက အလွန့်အလွန် ဖြစ်ခဲတဲ့ မုဒိမ်းမှုတွေမှာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးကလေး မိအေးနှစ်ခါနာ မဖြစ်ရအောင် (ကိုယ်ဝန်မဖြစ်ပေါ်လာအောင်) ဆေးပညာရှင်တွေက တိုက်ကျွေးတဲ့ဆေးတွေပါ။

သူ့ရဲ့အာနိသင်ဟာ ဟော်မုန်းတွေကို ကပြောင်းကပြန်ဖြစ်သွားအောင်ထိ ပြင်းပါတယ်။ ဒါပေမယ့် သောက်သုံးသူ အမျိုးသမီးလေးဟာ တသက်မှာ တခါလို အဓမ္မပြုကျင့်ခံရတာမျိုးဆိုတော့ ဖြစ်နိုင်ချေရှိတဲ့ သန္ဓေသားကို တားဆီးဖို့ ဟော်မုန်းတွေ ကပြောင်းကပြန် ပြောင်းလဲဖြစ်တာ တသက်မှာတကြိမ်လည်း ဖြစ်နိုင်တာပါ။ ဘေးထွက်ဆိုးကျိုးများတဲ့ ဒီဆေးကိုသောက်သုံးလို့ ရရှိလာမယ့်ဆိုးကျိုးကို တွက်ဆဖို့ထက် မုဒိမ်းကောင်ရဲ့သန္ဓေသားကို မလွယ်ရဖို့ မိန်းကလေးအတွက် ပိုအရေးပါနေတာမို့ ဒီဆေးကို ဆေးပညာရှင်တွေက သုံးလိုက်တာ။ အဆိုးထဲကအကောင်းတွက်ဆလို့ တကြိမ်တခါ သုံးစေတာပါ။

တိုးတက်တဲ့ နိုင်ငံရပ်ခြားမှာ အဲဒီတခါသုံးဆေးဆိုတဲ့ (Emergency Pills)ကို သုံးလိုတဲ့သူတွေဟာ ဆရာဝန်ကို အရင်ဆွေးနွေးပြီး ဆရာဝန်ရဲ့ ခွင့်ပြုချက်ရပါမှ ဆေးဆိုင်မှာ ဝယ်ခွင့်ရတာ ၊ ဆရာဝန်က ဆေးပေးလိုက်တာမျိုးပါ။ မြန်မာနိုင်ငံမှာလို လမ်းထောင့်ဆေးဆိုင်တိုင်းမှာ လိုသလို (လိုသလောက်) ဝယ်လို့မရဘူးဆိုတာ သိစေချင်လိုက်တာ။ ဘာလို့ဒီလိုခက်ခဲအောင် လုပ်ထားတာလဲဆိုရင် အဲဒီဆေးဟာ ဘေးထွက်ဆိုးကျိုး အလွန်များလို့ဖြစ်ပါတယ်။ ဘယ်လောက်ထိ ဘေးထွက်ဆိုးကျိုးများသလဲဆို နို့တိုက်မိခင်ဟာ အဲဒီဆေးသောက်ဖို့လိုအပ်လာရင် ကလေးကို သုံးရက်တိတိ (မဖြစ်နိုင်တဲ့အဆုံး ၂၄နာရီတိတိ) နို့တိုက်ကျွေးမှု မပြုရပါဘူး။

ဘာဖြစ်လို့လဲဆိုရင် ဆေးရဲ့အာနိသင်ဟာ တိုက်ကျွေးတဲ့နို့ရည်ကတဆင့် နုနယ်တဲ့ ကလေးဆီကို ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်စေတဲ့အထိ ပြင်းလို့ပါ။ ဘယ်လောက်အထိ ကလေးဟာ ဆိုးကျိုးဖြစ်နိုင်သလဲဆို ကလေးဟာ မြုံသွားတဲ့အထိ (နို့စို့ချိန်မှာ နို့ထဲဝင်လာတဲ့ အဲဒီဆေးအာနိသင်ကြောင့် အကျိုးဆက်အဖြစ် မြုံသွားလို့ ကြီးလာရင် မျိုးဆက်ပြတ်သွားတဲ့အထိ) ဖြစ်နိုင်လို့ပါ။ ဒါတွေကို သိစေချင်လိုက်တာ။ ဒီတခါသုံး အရေးပေါ်ဆေးကို တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ မြန်မာနိုင်ငံမှာ ဒီလောက်ထိ ဘေးထွက်ဆိုးကျိုးများတဲ့ဆေးပါလို့ တွင်တွင်ကျယ်ကျယ် သိစေချင်လိုက်တာ။

ချစ်သူကို အကောင်းဆုံးပေးသင့်တဲ့ ချစ်သက်လက်ဆောင်က ကိုယ်ချင်းနီးစပ်မှုလို့ တွေးခေါ်နေကြတာ ၊ အဲဒီနောက်မှာ မတားခဲ့သူတွေက အရေးပေါ်ဆေးနဲ့ဖြေရှင်းနိုင်သလို ၊ နောင်ဖြစ်မှနောင်ရှင်း နေဖြစ်သွားတဲ့စုံတွဲတွေလည်းရှိတယ်။ ဒါကြောင့်လည်း တာဝန်ယူတတ်တဲ့ အမျိုးသားနဲ့ တာဝန်မယူတတ်တဲ့ အမျိုးသားဆိုပြီး ရေးဖြစ်ခဲ့တာပဲ။

တခါတလေမှာ တာဝန်ယူတတ်တဲ့ အမျိုးသားနဲ့ တာဝန်မယူတတ်တဲ့ အမျိုးသားဆိုတာ ကာလနဲ့ တွဲတဲ့အမျိုးသမီးအပေါ် ကွာခြားလို့ ဒီအမျိုးသားတစ်ဦးတည်းက အခြေအနေနှစ်မျိုးကို ဖန်တီးတတ်ကြတယ်။ အဲဒီအမျိုးသားဟာ အိမ်ထောင့်တာဝန်မထမ်းနိုင်သေးလို့ ၊ ဒါမှမဟုတ် အိမ်ထောင့်တာဝန် မထမ်းချင်သေးလို့ ၊ ဒါမှမဟုတ် တဖက်မိန်းကလေးကို အတည်မရည်ရွယ်ခဲ့ဘဲ အတူနေရုံသဘောထားခဲ့လို့ စသဖြင့်သော အကြောင်းအရာတွေကြောင့် ကိုယ်ဝန်ရတဲ့ အမျိုးသမီးလေးရဲ့တာဝန်ကို မယူဘဲဖျက်ချခိုင်းတာ ၊ ခေါင်းရှောင်တာတွေဖြစ်တတ်တယ်။ အဲဒီအမျိုးသားကပဲ အိမ်ထောင့်တာဝန်ထမ်းနိုင်တဲ့အခါ ၊ တဖက်မိန်းကလေးကို တကယ်ချစ်လို့ပဲဖြစ်ဖြစ် ၊ ငဲ့ညှာစိတ်ဝင်သွားလို့ပဲဖြစ်ဖြစ် ၊ တာဝန်ယူမယ်ဆိုတဲ့စိတ် ကြီးစိုးသွားတဲ့အခါ ပတ်ဝန်းကျင်အပြော ၊ ဘယ်သူတွေဘာထင်ထင် ဂရုမစိုက်တော့ဘဲ ဦးဆောင်တာဝန်ယူ လက်ထပ်ဖြစ်တယ်။

ဒီလိုမတူတဲ့ အခြေအနေ နှစ်မျိုးစလုံးကို ဖန်တီးဖြစ်ခဲ့တဲ့ အမျိုးသားတွေကို တကယ့်လက်တွေ့ ကျွန်မမြင်တွေ့ခဲ့ဖူးတယ်။ တခြားကောင်မလေးတွေနဲ့ အတူနေလိုက် ၊ ဖျက်ချခိုင်းလိုက် ၊ ခေါင်းရှောင်လိုက်လိုက် လုပ်ခဲ့ပေမယ့် သူတို့ကပဲ လက်မထပ်ခင်ရတဲ့ကလေးကို တာဝန်ယူလို့ အိမ်ထောင်ထူထောင်သွားကြတာကိုပါ။ ကိုယ့်ချစ်သူက တာဝန်မယူတတ်တဲ့သူမျိုးဆိုတာ အဲဒီအခြေအနေမျိုးမှ မသိချင်ပါနဲ့ မိန်းကလေးတို့ …. နောက်ကျသွားလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရတု (Burmesehearts.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top