မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×

Zawgyi ဖြင့်ဖတ်ရန်









Credit: dvb

# Unicode Version ဖြင့် ဖတ်ပါ #

အမေရိကန်နိုင်ငံ၊ တက်ခ်ဆက်စ်ပြည်နယ်၊ ဟူစတန်မြို့မှ အလယ်တန်းကျောင်း တကျောင်းမှာ ဆရာမ တဦးဟာ ၁၃ နှစ်သား ကျောင်းသား တဦးနဲ့ ကိုယ်ဝန် ရရှိခဲ့တယ်လို့ ဝန်ခံခဲ့ပြီးနောက်မှာ ရဲတွေက အရေးယူ စုံစမ်း စစ်ဆေးမှု တွေ လုပ်ဆောင်နေပါတယ်။

သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလကတည်းက လိင်ပိုင်းဆိုင်ရာ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေခဲ့ကြတာလို့ အသက် ၂၄ နှစ်အရွယ် ဆရာ မ အလက်ဇန္ဒရီရာ ဗီယာက ဆိုပါတယ်။

စတော်ဗယ်လ် အလယ်တန်း ကျောင်းမှာ တက်ရောက်နေတဲ့ အဆိုပါ ကျောင်းသား ဟာ အတန်း တွေမတက်ပဲ ပျက်ကွက်နေခဲ့တာမို့ သူ့ကို အင်စတာဂရမ်လူမှုကွန်ရက်စာ မျက်နှာပေါ်ကနေတဆင့် သူ့ရဲ့ ဖုန်းနံပါတ် ကို ပေးခဲ့ပြီးနောက်မှာ ဇာတ်လမ်း တွေစခဲ့ကြ တာလို့ ဗီယာက ပြောပါတယ်။

သူတို့ ၂ ဦးဟာ နေ့စဉ်နဲ့အမျှ လိင်ဆက်ဆံမှု တွေ စတင်ခဲ့ကြတာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားခဲ့တာမျိုးမရှိဘူးလို့ တရားရုံးသတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။

“သူ(ကျောင်းသား)ဟာ အများသူငါရှေ့မှာတောင် ဆရာမ ရဲ့ တင်ပါး ကို ပွတ်သပ် ကိုင်တွယ်တာမျိုးတွေ၊ အဲဒီအကြောင်းအရာတွေကို အချင်းချင်းပြောတာမျိုးတွေ လုပ် လေ့ရှိတယ်”လို့ မျက်မြင်သက်သေ ကျောင်းသား တဦးက ပြောပါတယ်။

အဆိုပါကျောင်းမှ အင်္ဂလိပ်စာ ဆရာ မတဦးဖြစ်တဲ့ ဗီယာ ကတော့ ကျောင်းသား ရဲ့ မိဘ တွေဟာ သူတို့ရဲ့ ပတ်သက်ဆက်နွှယ်မှုကို ထောက်ခံခဲ့ကြပြီး ကလေးအ တွက် စိတ်လှုပ်ရှားနေခဲ့ကြတာလို့ ဖြေရှင်းပြောဆိုပါတယ်။

ဒါပေမယ့် ဗီယာ ဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှု အတွက် ကျောင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ လာရောက်ခဲ့ကြပြီးနောက်မှာ ကလေးပျက်ကျမှု တကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီစွပ်စွဲချက်တွေဟာ ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ခဲ့တာဖြစ်ပြီး ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေက သူ့ကို ကျောင်းက ထုတ်ပယ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top