ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အခ်စ္နဲ႔ေမတၱာ ဆက္လက္ရွင္သန္ဖို႔ ဘယ္လုိထိန္းသိမ္းရမလဲပထမဆံုး စခ်စ္တတ္ခ်ိန္မွာေတာ့ အခ်စ္က ေသြးသားဆႏၵတပ္မက္ျခင္းကို ဦးတည္ပါလိမ့္မယ္။ ဒါေပမယ့္ လက္ထပ္ျပီးလို႔ သားသမီးေတြေမြးဖြားျပီး အခ်ိန္ၾကာလာတဲ့အခါ ေသြးသားဆႏၵဆိုတာ ဘဝမွာ တျခားအရာတခ်ိဳ႕ေလာက္ အေရးမပါေတာ့သလို ျဖစ္လာနိုင္ပါတယ္။ သို႔ေသာ္လည္း ကေလးေတြရွိလာတာ၊ တျခားရည္မွန္းခ်က္ေတြရွိေန ေသးတာနဲ႔ပဲ အိမ္ေထာင္တစ္ခုရဲ႕လင္မယား ဆက္ဆံေရးကို ေခ်ာင္ထိုးထားဖို႔မဟုတ္ပါဘူး။

ကိုယ့္အိမ္ေထာင္ဘက္နဲ႔ေျပာဆိုၾကည့္ျပီး အခ်စ္မေလ်ာ့ေအာင္ ဆက္လက္ထိန္းသိမ္းနိုုင္ပါ တယ္။ တိတ္ဆိတ္ျခင္းဟာ ဆက္ဆံေရးအတြက္ အဆိပ္အေတာက္တစ္ခုပါပဲ။ကိုယ္ခံစားေနရတာေတြ ကို အိမ္ေထာင္ဘက္ဆီေျပာျပျပီး သူ႔ခံစားခ်က္ေတြကို လည္းနားေထာင္ေပးဖို႔ အေရးၾကီးပါတယ္။ဒါေပမယ့္ သင့္အိမ္ေထာင္ဘက္က စိတ္မပါဘဲ အခုခ်ိန္မွာ မေျပာခ်င္ေသးဘူးဆိုရင္လည္း အခ်ိန္ေပးလိုက္ပါ။ အတင္းအက်ပ္မတိုက္တြန္းပါနဲ႔။ အဲဒါက သင္တို႔ၾကားက ဆက္ဆံေရးကို ပိုအလွမ္းေဝးသြားေစ တာပဲရွိပါလိမ့္မယ္။ သင့္အိမ္ေထာင္ဘက္က ဒီကိစၥကို ေသခ်ာစဥ္းစားဖို႔ အခ်ိန္ေပးနုိုင္တဲ့အခါမွ ဒီေခါင္းစဥ္ကို ေနာက္မွေျပာလို႔ရပါတယ္။

အတူေနလာတာၾကာျပီျဖစ္တဲ့အတြက္လည္း “ခ်စ္တယ္”ဆိုတဲ့စကား ေျပာထြက္ဖို႔ ေမ့ေလ်ာ့ေနတာမ်ိဳး ျဖစ္ေစနုိင္ပါတယ္။ အခုခ်က္ခ်င္း ျပန္အက်င့္လုပ္သင့္တဲ့အခ်က္ပါပဲ။ ကိုယ့္ဘက္က သူ႔ကိုခ်စ္ေနေသးရဲ႕လား၊ သူနဲ႔ေနရတာ ေပ်ာ္ရဲ႕လား ဆိုတာကို သင့့္အိမ္ေထာင္ဘက္က သိခ်င္ေနမွာပါ။ အရင္ကေလာက္ လင္မယားကိစၥ(လိင္ကိစၥ) သိပ္မရွိျဖစ္ရင္ေတာင္ အိမ္ေထာင္ဘက္အေပၚထားရွိ တဲ့အခ်စ္က ေျပာင္းလဲမွာမဟုတ္ပါဘူး။

အရင္ကလည္း သိထားတဲ့အတိုင္းပါပဲ၊ အခ်စ္ဆိုတာ လိင္ကိစၥခ်ည္းပဲမဟုတ္ပါဘူး။ အတူရွိေနခ်ိန္မွာ ျဖစ္ေပၚေနတဲ့ခံစားခ်က္က လိင္ကိစၥစိတ္ေက်နပ္မႈ ထက္ပိုအေရးၾကီးပါတယ္။ အခ်င္းခ်င္း အတူရွိေနခ်ိန္မွာ ဆံစကေျခဖ်ားအထိ အေသးအဖြဲကအစ ဂရုတစိုက္ရွိေပးပါ။ အခ်စ္ေတြျပန္ ေပါက္ဖြားလာပါလိမ့္မယ္။

သင့္စိတ္ကေတာင့္တတဲ့လိင္မႈကိစၥအတိုင္းအတာက တစ္ခါတရံမွာ အိမ္ေထာင္ဘက္ရဲ႕သေဘာနဲ႔ တူခ်င္မွတူ ပါလိမ့္မယ္။ ဒီကိစၥေၾကာင့္ ႏွစ္ဦးၾကားမွာ ျပႆနာ မျဖစ္ပါေစနဲ႔။ သင့္အိမ္ေထာင္ဘက္ စိတ္ၾကည္ေနခ်ိန္ မွာ  သင့္အေတြးေတြကို ေျပာျပဖို႔ၾကိဳးစားပါ။ ႏွစ္ဦးၾကားမွာ အသင့္ေတာ္ဆံုးျဖစ္မယ့္ ေျဖရွင္းနည္းတစ္ခုကို အေျဖထုတ္ပါ။ ေပြ႕ဖက္ျခင္းနဲ႔ အနမ္းေပးျခင္းက အခ်စ္နဲ႔ဆက္ဆံေရးမွာအေရးပါ ပါတယ္။ သင္က လိင္ကိစၥ စိတ္မပါရင္ေတာင္မွ ဟိုးအရင္ ခ်စ္သူဘဝတုန္းကအတိုင္း အိမ္ေထာင္ဘက္ကို ေပြ႕ဖက္ျပီး အနမ္းေပးပါ။ဒီကိစၥေတြကို ေဆြးေႏြးဖို႔ မလြယ္ကူဘူးဆိုေပမယ့္ လင္မယားကိစၥဆိုတာဟာ အိမ္ေထာင္သည္ ဆက္ဆံေရးမွာ အေရးပါေနတဲ့အတြက္ လ်စ္လ်ဴရႈ

မထားသင့္ပါဘူး။ ခ်စ္ျခင္းေမတၱာခိုင္မာေစဖို႔အတြက္ သင့္အေနနဲ႔ ဂရုစိုက္ထိန္းသိမ္းရပါမယ္။ အိမ္ေထာင္ တစ္ခုရဲ႕ခ်စ္ျခင္းေမတၱာ ဆက္လက္ရွင္သန္ေနေစဖို႔ အေကာင္းဆံုးနည္းလမ္းကေတာ့ တတ္နိုင္သေလာက္ အေရးတယူဂရုစိုက္ေပးဖို႔၊ အခ်င္းခ်င္း လိုအပ္ခ်က္ ျဖည့္ဆည္းေပးဖို႔ပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
ပထမဆုံး စချစ်တတ်ချိန်မှာတော့ အချစ်က သွေးသားဆန္ဒတပ်မက်ခြင်းကို ဦးတည်ပါလိမ့်မယ်။ ဒါပေမယ့် လက်ထပ်ပြီးလို့ သားသမီးတွေမွေးဖွားပြီး အချိန်ကြာလာတဲ့အခါ သွေးသားဆန္ဒဆိုတာ ဘဝမှာ တခြားအရာတချို့လောက် အရေးမပါတော့သလို ဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း ကလေးတွေရှိလာတာ၊ တခြားရည်မှန်းချက်တွေရှိနေ သေးတာနဲ့ပဲ အိမ်ထောင်တစ်ခုရဲ့လင်မယား ဆက်ဆံရေးကို ချောင်ထိုးထားဖို့မဟုတ်ပါဘူး။

ကိုယ့်အိမ်ထောင်ဘက်နဲ့ပြောဆိုကြည့်ပြီး အချစ်မလျော့အောင် ဆက်လက်ထိန်းသိမ်းနိုုင်ပါ တယ်။ တိတ်ဆိတ်ခြင်းဟာ ဆက်ဆံရေးအတွက် အဆိပ်အတောက်တစ်ခုပါပဲ။ကိုယ်ခံစားနေရတာတွေ ကို အိမ်ထောင်ဘက်ဆီပြောပြပြီး သူ့ခံစားချက်တွေကို လည်းနားထောင်ပေးဖို့ အရေးကြီးပါတယ်။ဒါပေမယ့် သင့်အိမ်ထောင်ဘက်က စိတ်မပါဘဲ အခုချိန်မှာ မပြောချင်သေးဘူးဆိုရင်လည်း အချိန်ပေးလိုက်ပါ။ အတင်းအကျပ်မတိုက်တွန်းပါနဲ့။ အဲဒါက သင်တို့ကြားက ဆက်ဆံရေးကို ပိုအလှမ်းဝေးသွားစေ တာပဲရှိပါလိမ့်မယ်။ သင့်အိမ်ထောင်ဘက်က ဒီကိစ္စကို သေချာစဉ်းစားဖို့ အချိန်ပေးနိုင်တဲ့အခါမှ ဒီခေါင်းစဉ်ကို နောက်မှပြောလို့ရပါတယ်။

အတူနေလာတာကြာပြီဖြစ်တဲ့အတွက်လည်း “ချစ်တယ်”ဆိုတဲ့စကား ပြောထွက်ဖို့ မေ့လျော့နေတာမျိုး ဖြစ်စေနိုင်ပါတယ်။ အခုချက်ချင်း ပြန်အကျင့်လုပ်သင့်တဲ့အချက်ပါပဲ။ ကိုယ့်ဘက်က သူ့ကိုချစ်နေသေးရဲ့လား၊ သူနဲ့နေရတာ ပျော်ရဲ့လား ဆိုတာကို သင့်အိမ်ထောင်ဘက်က သိချင်နေမှာပါ။ အရင်ကလောက် လင်မယားကိစ္စ(လိင်ကိစ္စ) သိပ်မရှိဖြစ်ရင်တောင် အိမ်ထောင်ဘက်အပေါ်ထားရှိ တဲ့အချစ်က ပြောင်းလဲမှာမဟုတ်ပါဘူး။

အရင်ကလည်း သိထားတဲ့အတိုင်းပါပဲ၊ အချစ်ဆိုတာ လိင်ကိစ္စချည်းပဲမဟုတ်ပါဘူး။ အတူရှိနေချိန်မှာ ဖြစ်ပေါ်နေတဲ့ခံစားချက်က လိင်ကိစ္စစိတ်ကျေနပ်မှု ထက်ပိုအရေးကြီးပါတယ်။ အချင်းချင်း အတူရှိနေချိန်မှာ ဆံစကခြေဖျားအထိ အသေးအဖွဲကအစ ဂရုတစိုက်ရှိပေးပါ။ အချစ်တွေပြန် ပေါက်ဖွားလာပါလိမ့်မယ်။

သင့်စိတ်ကတောင့်တတဲ့လိင်မှုကိစ္စအတိုင်းအတာက တစ်ခါတရံမှာ အိမ်ထောင်ဘက်ရဲ့သဘောနဲ့ တူချင်မှတူ ပါလိမ့်မယ်။ ဒီကိစ္စကြောင့် နှစ်ဦးကြားမှာ ပြဿနာ မဖြစ်ပါစေနဲ့။ သင့်အိမ်ထောင်ဘက် စိတ်ကြည်နေချိန် မှာ  သင့်အတွေးတွေကို ပြောပြဖို့ကြိုးစားပါ။ နှစ်ဦးကြားမှာ အသင့်တော်ဆုံးဖြစ်မယ့် ဖြေရှင်းနည်းတစ်ခုကို အဖြေထုတ်ပါ။ ပွေ့ဖက်ခြင်းနဲ့ အနမ်းပေးခြင်းက အချစ်နဲ့ဆက်ဆံရေးမှာအရေးပါ ပါတယ်။ သင်က လိင်ကိစ္စ စိတ်မပါရင်တောင်မှ ဟိုးအရင် ချစ်သူဘဝတုန်းကအတိုင်း အိမ်ထောင်ဘက်ကို ပွေ့ဖက်ပြီး အနမ်းပေးပါ။ဒီကိစ္စတွေကို ဆွေးနွေးဖို့ မလွယ်ကူဘူးဆိုပေမယ့် လင်မယားကိစ္စဆိုတာဟာ အိမ်ထောင်သည် ဆက်ဆံရေးမှာ အရေးပါနေတဲ့အတွက် လျစ်လျူရှု

မထားသင့်ပါဘူး။ ချစ်ခြင်းမေတ္တာခိုင်မာစေဖို့အတွက် သင့်အနေနဲ့ ဂရုစိုက်ထိန်းသိမ်းရပါမယ်။ အိမ်ထောင် တစ်ခုရဲ့ချစ်ခြင်းမေတ္တာ ဆက်လက်ရှင်သန်နေစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ တတ်နိုင်သလောက် အရေးတယူဂရုစိုက်ပေးဖို့၊ အချင်းချင်း လိုအပ်ချက် ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top