၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

လႈိင္သာယာၿမိဳ႕နယ္အ တြင္း လမ္းေဘးတြင္ဖြင့္လွစ္ထား ေသာ ဓာတ္ဆီဆိုင္၌ ဓာတ္ဆီ လွယ္ေနစဥ္ ေဆးလိပ္မီးညႇိရာမွ မီးေလာင္မႈျဖစ္ပြားရာ က်ပ္သိန္း ၈၀ ေက်ာ္ဖိုး ဆံုး႐ႈံးခဲ့သည္။

ဒီဇင္ဘာ ၂၇ ရက္ မြန္းလြဲ ၁ နာရီခန္႔က လႈိင္သာယာၿမိဳ႕နယ္ ကြၽန္းစုေက်းရြာရွိ လမ္းေဘးတြင္ ဖြင့္လွစ္ထားသည့္ ဆီဆိုင္၌ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး တစ္နာရီေက်ာ္ၾကာ မီးၿငႇိမ္းသတ္ခဲ့ရ ေၾကာင္း မီးသတ္ဦးစီးဌာနက သတင္းထုတ္ျပန္သည္။

မီးေလာင္မႈေၾကာင့္ ဓာတ္ ဆီ 92 ဂါလန္ ၅၀ ပါ ပီပါအလံုး ၂၀၊ ဒီဇယ္ဂါလန္ ၅၀ ပါ ပီပါ အလံုး ၃၀၊ ပီပါခြံမ်ားႏွင့္ အဆိုပါ ဆီဆိုင္တို႔မီးေလာင္ခဲ့ၿပီး က်ပ္ ၈၈ သိန္းဖိုး မီးေလာင္ဆံုး႐ႈံးခဲ့သည္။

ေလာင္စာဆီ မီးေလာင္မႈ ျဖစ္ေသာေၾကာင့္ Foam (ဆပ္ျပာ ျမႇဳပ္ကဲ့သို႔ အျမႇဳပ္မ်ား) မ်ားျဖင့္ မီးၿငႇိမ္းသတ္ခဲ့ရၿပီး မီးေလာင္ သည့္ေနရာသို႔ မီးသတ္ယာဥ္မ်ား Level 3 အဆင့္သတ္မွတ္၍ မီး ၿငႇိမ္းသတ္ခဲ့ရသည္။

အမ်ိဳးသားႏွစ္ဦး မီးေလာင္ ဒဏ္ရာရရွိခဲ့ၿပီး လႈိင္သာယာေဆး ႐ံုတြင္ ေဆးကုသမႈခံယူခဲ့ရသည္။ မီးေလာင္မႈႏွင့္ပတ္သက္၍ ဆိုင္ ပိုင္ရွင္ကို လႈိင္သာယာၿမိဳ႕နယ္ ရဲ စခန္းက မီးေပါ့ဆမႈပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္အေရးယူထားသည္။

ဒီဇင္ဘာ ၂၇ ရက္ နံနက္က လည္း သန္လ်င္ႏွင့္ ဗိုလ္တေထာင္ၿမိဳ႕နယ္သို႔ ေျပးဆြဲေသာ YBS (၃၁)ယာဥ္တစ္စီးသည္ သန္လွ်င္ၿမိဳ႕ နယ္ရွိ CNG ဂက္စ္ဆိုင္တြင္ ဂက္စ္ျဖည့္ရန္သြားေရာက္စဥ္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး က်ပ္ရွစ္သိန္းေက်ာ္ဖိုး မီးေလာင္ဆံုး႐ႈံးခဲ့ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
လှိုင်သာယာမြို့နယ်အ တွင်း လမ်းဘေးတွင်ဖွင့်လှစ်ထား သော ဓာတ်ဆီဆိုင်၌ ဓာတ်ဆီ လှယ်နေစဉ် ဆေးလိပ်မီးညှိရာမှ မီးလောင်မှုဖြစ်ပွားရာ ကျပ်သိန်း ၈၀ ကျော်ဖိုး ဆုံးရှုံးခဲ့သည်။

ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က လှိုင်သာယာမြို့နယ် ကျွန်းစုကျေးရွာရှိ လမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ဆီဆိုင်၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး တစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရ ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မီးလောင်မှုကြောင့် ဓာတ် ဆီ 92 ဂါလန် ၅၀ ပါ ပီပါအလုံး ၂၀၊ ဒီဇယ်ဂါလန် ၅၀ ပါ ပီပါ အလုံး ၃၀၊ ပီပါခွံများနှင့် အဆိုပါ ဆီဆိုင်တို့မီးလောင်ခဲ့ပြီး ကျပ် ၈၈ သိန်းဖိုး မီးလောင်ဆုံးရှုံးခဲ့သည်။

လောင်စာဆီ မီးလောင်မှု ဖြစ်သောကြောင့် Foam (ဆပ်ပြာ မြှုပ်ကဲ့သို့ အမြှုပ်များ) များဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင် သည့်နေရာသို့ မီးသတ်ယာဉ်များ Level 3 အဆင့်သတ်မှတ်၍ မီး ငြှိမ်းသတ်ခဲ့ရသည်။

အမျိုးသားနှစ်ဦး မီးလောင် ဒဏ်ရာရရှိခဲ့ပြီး လှိုင်သာယာဆေး ရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ ဆိုင် ပိုင်ရှင်ကို လှိုင်သာယာမြို့နယ် ရဲ စခန်းက မီးပေါ့ဆမှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ဒီဇင်ဘာ ၂၇ ရက် နံနက်က လည်း သန်လျင်နှင့် ဗိုလ်တထောင်မြို့နယ်သို့ ပြေးဆွဲသော YBS (၃၁)ယာဉ်တစ်စီးသည် သန်လျှင်မြို့ နယ်ရှိ CNG ဂက်စ်ဆိုင်တွင် ဂက်စ်ဖြည့်ရန်သွားရောက်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျပ်ရှစ်သိန်းကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top