ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဆံပင္ထိန္းသိမ္းေစာင့္ေရွာက္မႈမွာ ေခါင္းေလွ်ာ္ရည္ေတြဟာ အေရးႀကီးတဲ့ အခန္းက႑က ပါဝင္ပါတယ္ ခ်စ္တို႔ေရ ။ ဆံပင္မွာ ကပ္ေနတဲ့ အညစ္အေၾကးေတြမွ ကင္းစင္ၿပီး သန္႔ရွင္းစင္ၾကယ္ သြားေစဖို႔အတြက္ ေခါင္းေလွ်ာ္ရည္နဲ႔ ပံုမွန္ေခါင္းေလွ်ာ္ ေပးရၾကပါတယ္။

ပံုမွန္ကေတာ့ ခ်စ္တို႔စိတ္ထဲမွာ ႏွစ္သက္တဲ့အနံ႔ ဒါမွအဟုတ္ရင္ သင့္ေတာ္တယ္လို႔ စိတ္ထဲမွာ ထင္ေနတဲ့ ေခါင္းေလ်ာ္ရည္မ်ိဳးကို ဝယ္သံုးမိၾကမွာ အမွန္ပါပဲေနာ္ ၊

လူတစ္ေယာက္နဲ႔ တစ္ေယာက္ ဆံပင္သားအမ်ိဳးအစားနဲ႔ အေျခအေနေတြ မတူညီတဲ့အတြက္ အသံုးျပဳသင့္တဲ့ ေခါင္းေလွ်ာ္ရည္ အမ်ိဳးအစားေတြလည္း မတူၾကပါဘူး။

ေတြ႕ကရာေခါင္းေလွ်ာ္ရည္ကို ဝယ္သံုးၿပီး ေခါင္းေလွ်ာ္တာမ်ိဳးမလုပ္ဘဲ သင့္ေတာ္တဲ့ ေခါင္းေလွ်ာ္ရည္ကို အသံုးျပဳေပးရင္ သင့္ဆံပင္ရဲ႕ က်န္းမာလွပမႈကို ပထမတန္းစား အေျခအေနျဖစ္ေအာင္ ထိန္းသိမ္းထားႏိုင္မွာပါ။

အရည္အေသြးေကာင္းတဲ့ ေခါင္းေလွ်ာ္ရည္ကို သံုးေပးပါ

ဘယ္လုိေခါင္းေလွ်ာ္ရည္ပဲျဖစ္ျဖစ္ အားလံုးအတူတူပဲလို႔ မထင္ပါနဲ႔။ အရည္အေသြးညံ့တဲ့ ေခါင္းေလွ်ာ္ရည္ေတြဟာ ေခါင္းေလွ်ာ္ၿပီးတဲ့အခါ သင့္ဆံပင္ေတြကို ၾကမ္းတမ္း ေျခာက္ေသြ႕ သြားေစ႐ံုသာမက ဆံပင္ေပၚမွာလည္း ေခါင္းေလွ်ာ္ရည္ အႂကြင္းအက်န္ေတြ က်န္ရိွေနတတ္ပါတယ္။

ဒါေၾကာင့္ အရည္အေသြးေကာင္းတဲ့ ေခါင္းေလွ်ာ္ရည္ကို ရွာေဖြဖို႔လိုပါတယ္။

ပါးၿပီးေပ်ာ့တဲ့ ဆံပင္ေတြအတြက္ ပ႐ိုတင္းႂကြယ္ဝတဲ့ ေခါင္းေလွ်ာ္ရည္ကို သံုးပါ သင့္ဆံပင္ဟာ ပါးၿပီး ႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့ ဆံပင္သားမ်ိဳးဆိုရင္ သင့္ဆံပင္ကို အားျဖည့္ေပးဖို႔လုိအပ္ပါတယ္။

ပ႐ုိတင္းႂကြယ္ဝတဲ့ ေခါင္းေလွ်ာ္ရည္ (Protein Enriched Shampoo)ဟာ သင့္ဆံပင္ကို အားျဖည့္ေပးႏိုင္ၿပိး ထိခုိက္ႏိုင္ေျခနည္းေစပါတယ္။ ပါးၿပီးေပ်ာ့တဲ့ ဆံပင္ေတြဟာ ဆံပင္ကိုအံုထူေစတဲ့ Volumising Shampoo ကိုသံုးရင္လည္း အက်ိဳးရိွပါတယ္။

ေကာက္တဲ့ဆံပင္ ဒါမွမဟုတ္ေျခာက္ေသြ႕တဲ့ ဆံပင္အတြက္ အစိုဓာတ္ျဖည့္ေပးတဲ့ ေခါင္းေလွ်ာ္ရည္ကို သံုးပါ။

သင့္ဆံပင္က ေျခာက္ေသြ႕ရင္ ဆံပင္ကို အစိုဓာတ္ျဖည့္ေပးႏုိင္တဲ့ ေခါင္းေလွ်ာ္ရည္ (Moisturising Shampoo) ကိုသံုးပါ။ ေကာက္တဲ့ဆံပင္ေတြဟာလည္း အမ်ားအားျဖင့္ ေျခာက္ေသြ႕တတ္ၿပီး Moisturising Shampoo သံုးရင္ ပိုၾကည့္ေကာင္းေစပါတယ္။ ၾကမ္းတမ္းေျခာက္ေသြ႕တဲ့ ဆံပင္နဲ႔ ေကာက္တဲ့ ဆံပင္ေတြကို ေန႔စဥ္ေခါင္းေလွ်ာ္ဖို႔ မလိုအပ္ပါဘူး။ တစ္ပတ္မွာ တစ္ႀကိမ္ဒါမွမဟုတ္ ႏွစ္ႀကိမ္ခန္႔သာ Moisturising Shampoo နဲ႔ ေလွ်ာ္ေပးသင့္ပါတယ္။

ဆံပင္ေရစိုေနစဥ္ အထူးဂ႐ုစိုက္ပါ ဖို႔ လိုအပ္ပါတယ္...

ဆံပင္ဟာ ေရစိုေနတဲ့အခါ ပိုၿပီးထိခုိက္လြယ္တတ္ပါတယ္။ ဒါေၾကာင့္ ေခါင္းေလွ်ာ္ ၿပီးေနာက္ ေရစိုေနစဥ္မွာ အထူးဂ႐ုစိုက္ကိုင္တြယ္ဖို႔ အေရးႀကီးပါတယ္။ သင့္ဆံပင္ဟာ ေခါင္းေလွ်ာ္ၿပီး ေနာက္မွာ ႐ႈပ္ေထြးလိမ္ၿငိေနတတ္ရင္ ေပ်ာ့ေဆး (Conditioner) ထည့္ၿပီး ေရျပန္မေဆးခင္ ဆံပင္ကို ျဖည္းျဖည္းနဲ႔ ညင္ညင္သာသာ ရွင္းဖို႔အတြက္ အသြားက်ဲတဲ့ ဘီးကုိသံုးပါ။

ေခါင္းေလွ်ာ္ၿပီးေရစို ဆံပင္ကို မၿဖီးပါနဲ႔။ ဘီးကို ေခါင္းမွာ စိုက္ၿပီး ႐ုတ္တရက္ ျပန္ဆြဲ ႏႈတ္တာမ်ိဳးလည္း မလုပ္ပါနဲ႔။ ဒီႏွစ္မ်ိဳးစလံုးက ဆံပင္ကို ထိခိုက္ေစႏိုင္ပါတယ္။ ဆံပင္ေလမႈတ္စက္(Dryer)သံုးမယ္ဆိုရင္ အပူခ်ိန္ နိမ့္နိမ့္မွာ ထားၿပီး ျဖည္းျဖည္းခ်င္းသာ ေလမႈတ္တာက ဆံပင္ကို ထိခိုက္ ပ်က္စီးႏိုင္ေျခကို နည္းေစပါတယ္။

ေရကူးၿပီးရင္ သန္႔စင္ေပးႏုိင္တဲ့ ေခါင္းေလွ်ာ္ရည္ကို သံုးပါ ကလိုရင္းနဲ႔ ထိေတြ႕မႈဟာ သင့္ဆံပင္ကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကလိုရင္းခတ္ထားတဲ့ ေရကူးကန္မွာ ေရကူးရသင္ အထူးသျဖင့္ သင္ဟာ ပံုမွန္ ေရကူးေလ့ရွိသူဆိုရင္ သင့္ေတာ္တဲ့ ေခါင္းေလွ်ာ္ရည္ကို သံုးဖို႔ အေရးႀကီးပါတယ္။ EDTA ပါဝင္ၿပီး သန္႔စင္ေပးႏိုင္တဲ့ ေခါင္းေလွ်ာ္ရည္ (Clariflying Shampoo) ကို သံုးပါ။

EDTA ဟာ ဆံပင္မွာ ကပ္ေနမယ့္ ကလိုရင္းေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ကလိုရင္းေၾကာင့္ ဆံပင္ကို ထိခိုက္ပ်က္စီးမႈနဲ႔ ေကာ့ပါးဆာလ္ဖိုက္နဲ႔ ေပါင္းၿပီး ဆံပင္ကို တျဖည္းျဖည္း အစိမ္းေရာင္ သန္းေစႏိုင္မႈေတြကို ကာကြယ္ေပးပါတယ္။ ေရကူးကန္ထဲကို မဆင္းခင္ သန္႔စင္တဲ့ ႐ိုး႐ိုးေရနဲ႔ ဆံပင္ကို ေရစိုေအာင္ လုပ္ပါ။ ဒါဟာ သင္ေရကူးေနစဥ္ ဆံပင္က စုပ္ယူမယ့္ ကလိုရင္း ပမာဏကို နည္းေစႏိုင္ပါတယ္။

ကဲ ခ်စ္တို႔ေရ အထက္မွာေဖာ္ျပထားတဲ့ နည္းေလးေတြကို ဖတ္ၾကည့္ျပီး ကိုယ့္ဆံသားနဲ႔ လိုက္ဖက္မယ့္ Shampoo ကို ေရႊးသံုးသင့္ပါတယ္ လို႔ အၾကံျပဳလိုက္ပါတယ္ေနာ္....

ဖိုးသူေတာ္ (www.phothutaw.com)

# Unicode Version ျဖင့္ ဖတ္ပါ #
ဆံပင်ထိန်းသိမ်းစောင့်ရှောက်မှုမှာ ခေါင်းလျှော်ရည်တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ် ချစ်တို့ရေ ။ ဆံပင်မှာ ကပ်နေတဲ့ အညစ်အကြေးတွေမှ ကင်းစင်ပြီး သန့်ရှင်းစင်ကြယ် သွားစေဖို့အတွက် ခေါင်းလျှော်ရည်နဲ့ ပုံမှန်ခေါင်းလျှော် ပေးရကြပါတယ်။

ပုံမှန်ကတော့ ချစ်တို့စိတ်ထဲမှာ နှစ်သက်တဲ့အနံ့ ဒါမှအဟုတ်ရင် သင့်တော်တယ်လို့ စိတ်ထဲမှာ ထင်နေတဲ့ ခေါင်းလျော်ရည်မျိုးကို ဝယ်သုံးမိကြမှာ အမှန်ပါပဲနော် ၊

လူတစ်ယောက်နဲ့ တစ်ယောက် ဆံပင်သားအမျိုးအစားနဲ့ အခြေအနေတွေ မတူညီတဲ့အတွက် အသုံးပြုသင့်တဲ့ ခေါင်းလျှော်ရည် အမျိုးအစားတွေလည်း မတူကြပါဘူး။

တွေ့ကရာခေါင်းလျှော်ရည်ကို ဝယ်သုံးပြီး ခေါင်းလျှော်တာမျိုးမလုပ်ဘဲ သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပေးရင် သင့်ဆံပင်ရဲ့ ကျန်းမာလှပမှုကို ပထမတန်းစား အခြေအနေဖြစ်အောင် ထိန်းသိမ်းထားနိုင်မှာပါ။

အရည်အသွေးကောင်းတဲ့ ခေါင်းလျှော်ရည်ကို သုံးပေးပါ

ဘယ်လိုခေါင်းလျှော်ရည်ပဲဖြစ်ဖြစ် အားလုံးအတူတူပဲလို့ မထင်ပါနဲ့။ အရည်အသွေးညံ့တဲ့ ခေါင်းလျှော်ရည်တွေဟာ ခေါင်းလျှော်ပြီးတဲ့အခါ သင့်ဆံပင်တွေကို ကြမ်းတမ်း ခြောက်သွေ့ သွားစေရုံသာမက ဆံပင်ပေါ်မှာလည်း ခေါင်းလျှော်ရည် အကြွင်းအကျန်တွေ ကျန်ရှိနေတတ်ပါတယ်။

ဒါကြောင့် အရည်အသွေးကောင်းတဲ့ ခေါင်းလျှော်ရည်ကို ရှာဖွေဖို့လိုပါတယ်။

ပါးပြီးပျော့တဲ့ ဆံပင်တွေအတွက် ပရိုတင်းကြွယ်ဝတဲ့ ခေါင်းလျှော်ရည်ကို သုံးပါ သင့်ဆံပင်ဟာ ပါးပြီး နူးညံ့ပျော့ပျောင်းတဲ့ ဆံပင်သားမျိုးဆိုရင် သင့်ဆံပင်ကို အားဖြည့်ပေးဖို့လိုအပ်ပါတယ်။

ပရိုတင်းကြွယ်ဝတဲ့ ခေါင်းလျှော်ရည် (Protein Enriched Shampoo)ဟာ သင့်ဆံပင်ကို အားဖြည့်ပေးနိုင်ပြိး ထိခိုက်နိုင်ခြေနည်းစေပါတယ်။ ပါးပြီးပျော့တဲ့ ဆံပင်တွေဟာ ဆံပင်ကိုအုံထူစေတဲ့ Volumising Shampoo ကိုသုံးရင်လည်း အကျိုးရှိပါတယ်။

ကောက်တဲ့ဆံပင် ဒါမှမဟုတ်ခြောက်သွေ့တဲ့ ဆံပင်အတွက် အစိုဓာတ်ဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်ကို သုံးပါ။

သင့်ဆံပင်က ခြောက်သွေ့ရင် ဆံပင်ကို အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ခေါင်းလျှော်ရည် (Moisturising Shampoo) ကိုသုံးပါ။ ကောက်တဲ့ဆံပင်တွေဟာလည်း အများအားဖြင့် ခြောက်သွေ့တတ်ပြီး Moisturising Shampoo သုံးရင် ပိုကြည့်ကောင်းစေပါတယ်။ ကြမ်းတမ်းခြောက်သွေ့တဲ့ ဆံပင်နဲ့ ကောက်တဲ့ ဆံပင်တွေကို နေ့စဉ်ခေါင်းလျှော်ဖို့ မလိုအပ်ပါဘူး။ တစ်ပတ်မှာ တစ်ကြိမ်ဒါမှမဟုတ် နှစ်ကြိမ်ခန့်သာ Moisturising Shampoo နဲ့ လျှော်ပေးသင့်ပါတယ်။

ဆံပင်ရေစိုနေစဉ် အထူးဂရုစိုက်ပါ ဖို့ လိုအပ်ပါတယ်...

ဆံပင်ဟာ ရေစိုနေတဲ့အခါ ပိုပြီးထိခိုက်လွယ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော် ပြီးနောက် ရေစိုနေစဉ်မှာ အထူးဂရုစိုက်ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။ သင့်ဆံပင်ဟာ ခေါင်းလျှော်ပြီး နောက်မှာ ရှုပ်ထွေးလိမ်ငြိနေတတ်ရင် ပျော့ဆေး (Conditioner) ထည့်ပြီး ရေပြန်မဆေးခင် ဆံပင်ကို ဖြည်းဖြည်းနဲ့ ညင်ညင်သာသာ ရှင်းဖို့အတွက် အသွားကျဲတဲ့ ဘီးကိုသုံးပါ။

ခေါင်းလျှော်ပြီးရေစို ဆံပင်ကို မဖြီးပါနဲ့။ ဘီးကို ခေါင်းမှာ စိုက်ပြီး ရုတ်တရက် ပြန်ဆွဲ နှုတ်တာမျိုးလည်း မလုပ်ပါနဲ့။ ဒီနှစ်မျိုးစလုံးက ဆံပင်ကို ထိခိုက်စေနိုင်ပါတယ်။ ဆံပင်လေမှုတ်စက်(Dryer)သုံးမယ်ဆိုရင် အပူချိန် နိမ့်နိမ့်မှာ ထားပြီး ဖြည်းဖြည်းချင်းသာ လေမှုတ်တာက ဆံပင်ကို ထိခိုက် ပျက်စီးနိုင်ခြေကို နည်းစေပါတယ်။

ရေကူးပြီးရင် သန့်စင်ပေးနိုင်တဲ့ ခေါင်းလျှော်ရည်ကို သုံးပါ ကလိုရင်းနဲ့ ထိတွေ့မှုဟာ သင့်ဆံပင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလိုရင်းခတ်ထားတဲ့ ရေကူးကန်မှာ ရေကူးရသင် အထူးသဖြင့် သင်ဟာ ပုံမှန် ရေကူးလေ့ရှိသူဆိုရင် သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို သုံးဖို့ အရေးကြီးပါတယ်။ EDTA ပါဝင်ပြီး သန့်စင်ပေးနိုင်တဲ့ ခေါင်းလျှော်ရည် (Clariflying Shampoo) ကို သုံးပါ။

EDTA ဟာ ဆံပင်မှာ ကပ်နေမယ့် ကလိုရင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကလိုရင်းကြောင့် ဆံပင်ကို ထိခိုက်ပျက်စီးမှုနဲ့ ကော့ပါးဆာလ်ဖိုက်နဲ့ ပေါင်းပြီး ဆံပင်ကို တဖြည်းဖြည်း အစိမ်းရောင် သန်းစေနိုင်မှုတွေကို ကာကွယ်ပေးပါတယ်။ ရေကူးကန်ထဲကို မဆင်းခင် သန့်စင်တဲ့ ရိုးရိုးရေနဲ့ ဆံပင်ကို ရေစိုအောင် လုပ်ပါ။ ဒါဟာ သင်ရေကူးနေစဉ် ဆံပင်က စုပ်ယူမယ့် ကလိုရင်း ပမာဏကို နည်းစေနိုင်ပါတယ်။

ကဲ ချစ်တို့ရေ အထက်မှာဖော်ပြထားတဲ့ နည်းလေးတွေကို ဖတ်ကြည့်ပြီး ကိုယ့်ဆံသားနဲ့ လိုက်ဖက်မယ့် Shampoo ကို ရွှေးသုံးသင့်ပါတယ် လို့ အကြံပြုလိုက်ပါတယ်နော်....

ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top