ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဧရာ၀တီတိုင္းေဒသႀကီး ေျမာင္းျမၿမိဳ႕နယ္ ေတာင္ကေလးေက်းရြာမွာ ဒီဇင္ဘာ ၁၀ ရက္ ညေန ၄ နာရီေလာက္က သုံးေလာင္းၿပိဳင္ လူသတ္မႈျဖစ္ပြားခဲ့ၿပီး တစ္ဦးက ေျမာင္းျမေဆး႐ံုမွာ ေဆးကုသမႈခံယူေနရတယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ လင္မယားစကားမ်ားတာကေန ခင္ပြန္းျဖစ္သူ ဦးသန္႔ေဇာ္ (၄၀ ႏွစ္)က ဇနီးျဖစ္သူ ေဒၚတင္တင္သန္း (၃၃ ႏွစ္)ကို ဓားနဲ႔ စတင္ခုတ္သတ္ခဲ့တာလုိ႔ ဆိုပါတယ္။ ေနာက္ပိုင္းမွာ အခင္းျဖစ္တဲ့ ေနရာကုိ ေရာက္ရွိလာတဲ့ အိမ္ ေဘးမွာေနထိုင္တဲ့ ေဒၚတင္တင္သန္း၏မိခင္ ေဒၚခင္ရီ (အသက္ ၆၀ ႏွစ္)၊ တူျဖစ္သူ ေမာင္လင္းလင္း (အသက္ ၁၀ ႏွစ္)နဲ႔ ေယာင္းမျဖစ္သူ မစႏၵာဦး (၂၆ ႏွစ္ )တို႔ကိုလည္း ဓားနဲ႔ဆက္လက္ခုတ္သတ္ခဲ့တာလို႔ တရားလိုလုပ္ၿပီး အမႈဖြင့္သူ ေဒၚခင္ရီရဲ႕ သမီးႀကီးျဖစ္သူက ေျပာပါတယ္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ေဒၚတင္တင္သန္း ၊ ေဒၚခင္ရီနဲ႔ ေမာင္လင္းလင္းတို႔က အခင္းျဖစ္တဲ့ ေနရာမွာပဲ ေသဆံုးခဲ့ၿပီး ေသဆံုးသူ ေဒၚတင္တင္သန္းရဲ႕ ေယာင္းမျဖစ္သူ မစႏၵာဦးက ေျမာင္းျမေဆး႐ံုမွာ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူေနတယ္လို႔ သိရပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ျပစ္မႈက်ဴးလြန္သူ ဦးသန္႔ေဇာ္ (၄၀ ႏွစ္)က ထြက္ေျပး တိမ္းေရွာင္ေနၿပီး အျမန္ဖမ္းဆီးရမိေရးအတြက္ နယ္ေျမခံ ရဲတပ္ ဖြဲ႔၀င္ေတြက ေဆာင္ရြက္ေနဆဲျဖစ္တယ္လို႔ ေျမာင္းျမၿမိဳ႕မ ရဲစခန္းထံမွ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thevoice

#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာမှာ ဒီဇင်ဘာ ၁၀ ရက် ညနေ ၄ နာရီလောက်က သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးက မြောင်းမြဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ လင်မယားစကားများတာကနေ ခင်ပွန်းဖြစ်သူ ဦးသန့်ဇော် (၄၀ နှစ်)က ဇနီးဖြစ်သူ ဒေါ်တင်တင်သန်း (၃၃ နှစ်)ကို ဓားနဲ့ စတင်ခုတ်သတ်ခဲ့တာလို့ ဆိုပါတယ်။ နောက်ပိုင်းမှာ အခင်းဖြစ်တဲ့ နေရာကို ရောက်ရှိလာတဲ့ အိမ်ဘေးမှာနေထိုင်တဲ့ ဒေါ်တင်တင်သန်း၏မိခင် ဒေါ်ခင်ရီ (အသက် ၆၀ နှစ်)၊ တူဖြစ်သူ မောင်လင်းလင်း (အသက် ၁၀ နှစ်)နဲ့ ယောင်းမဖြစ်သူ မစန္ဒာဦး (၂၆ နှစ် )တို့ကိုလည်း ဓားနဲ့ဆက်လက်ခုတ်သတ်ခဲ့တာလို့ တရားလိုလုပ်ပြီး အမှုဖွင့်သူ ဒေါ်ခင်ရီရဲ့ သမီးကြီးဖြစ်သူက ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေါ်တင်တင်သန်း ၊ ဒေါ်ခင်ရီနဲ့ မောင်လင်းလင်းတို့က အခင်းဖြစ်တဲ့ နေရာမှာပဲ သေဆုံးခဲ့ပြီး သေဆုံးသူ ဒေါ်တင်တင်သန်းရဲ့ ယောင်းမဖြစ်သူ မစန္ဒာဦးက မြောင်းမြဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ဦးသန့်ဇော် (၄၀ နှစ်)က ထွက်ပြေး တိမ်းရှောင်နေပြီး အမြန်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံ ရဲတပ် ဖွဲ့ဝင်တွေက ဆောင်ရွက်နေဆဲဖြစ်တယ်လို့ မြောင်းမြမြို့မ ရဲစခန်းထံမှ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top