မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

တခါတုန္းက က်ေနာ့္မွာ သူ႔အိမ္က ဒ႐ိုင္ဘာကို
အင္မတန္ႏိုင္စားတဲ့ သူငယ္ခ်င္းတစ္ေယာက္ရွိတယ္။ဒ႐ိုင္ဘာက သူ႔ထက္ အသက္ငါးႏွစ္ေလာက္ႀကီးတယ္
ဒီေတာ့ က်ေနာ္တို႔က “ကို” တပ္ၿပီး ေခၚေပမယ့္
သူငယ္ခ်င္းကေတာ့ နာမည္ပဲေခၚပါတယ္…။
စကားေျပာလည္း သူငယ္ခ်င္းက မင္းနဲ႔ ငါပဲ
ဒ႐ိုင္ဘာအကိုႀကီးကေတာ့ သူ႔အလုပ္ရွင္ဆိုေတာ့
႐ို႐ိုေသေသဆက္ဆံရတာေပါ့ေလ…။
ဒီေကာင္က ေျပာစရာရွိလည္းေျပာ၊ ဆဲစရာရွိလည္းဆဲ
သေဘာေကာင္းေပမယ့္ အထက္စီးေတာ့ဆန္ပါတယ္
တခါတေလ ကိုယ္ကေတာင္ ၾကားထဲကေန
ဝင္အားနာရတယ္…။

ဒ႐ိုင္ဘာအေပၚ သူေျပာပံုဆိုပံုေတြက ရင့္သီးပါတယ္
ဟိုကေတာ့ သည္းခံရွာပါတယ္ အလုပ္ရွင္မလား…။
ဒီလိုနဲ႔ တစ္ေန႔…
သူငယ္ခ်င္းက ေဒါကန္ေနပါတယ္
ဘာျဖစ္တာလဲေမးလိုက္ေတာ့ သူ႔ဒ႐ိုင္ဘာ
ဘာမေျပာ ညာမေျပာနဲ႔ မလာလို႔တဲ့…
ဒါနဲ႔ ဘာမ်ားျဖစ္တာလဲဆိုၿပီး အိမ္လိုက္သြားၾကတယ္။
ေတြ႕လို႔ကေတာ့ ဆဲဆိုၿပီး ေဟာက္ထည့္လိုက္မယ္ေပါ့..။
.
ဒီလိုနဲ႔ ဒ႐ိုင္ဘာအိမ္ေရာက္သြားတယ္
သူ႔အေမလို႔ ထင္ရတဲ့ အန္တီႀကီးတစ္ေယာက္
ထြက္လာတယ္၊ ေမးလိုက္တယ္၊ ရွိလားေပါ့…
ရွိပါတယ္၊ ဖ်ားၿပီး အိပ္ေနတယ္ဆိုၿပီး
ေျပာတယ္၊ ေနာက္ေတာ့ အနားကိုေရာက္လာတဲ့
ေကာင္မေလးတစ္ေယာက္ကို အန္တီႀကီးက
လွမ္းေျပာလိုက္တယ္…။

ဟဲ့ သြားႏႈိးလိုက္စမ္းေပါ့၊ ဒီမွာ သူ႔အလုပ္ရွင္အိမ္က
လိုက္လာတယ္ေပါ့ စသျဖင့္၊ အဲ့ဒီမွာ ေကာင္မေလးက
ဘာေျပာလိုက္လဲဆိုေတာ့…
“ကိုႀကီးအိပ္ေနတာ မႏႈိးရဲဘူး”တဲ့…။
က်ေနာ့္သူငယ္ခ်င္းကို ၾကည့္လိုက္ေတာ့
ဒီေကာင္ တခ်က္ေတြသြားတယ္
စကၠန္႔ပိုင္းေလာက္ေပါ့…
ေနာက္ေတာ့ ေကာင္မေလးကို ေျပာလိုက္တယ္
“မႏႈိးရဲရင္ သြားမႏႈိးနဲ႔ေတာ့၊ ထားလိုက္ပါ သူအိပ္ပါေစ” တဲ့
ၿပီးေတာ့ ျပန္လွည့္လာခဲ့လိုက္ၾကတယ္…။
အျပန္လမ္းမွာ က်ေနာ္ သူ႔ကို ေမးၾကည့္တယ္
“မင္းဘာျဖစ္သြားတာလဲ”လို႔…
သူငယ္ခ်င္းက ျပန္ေျဖတယ္
“ငါ သူ႔အေပၚေလးစားမႈရွိရမယ္ေလကြာ”တဲ့။

“သူက ဘယ္လိုပဲ ဒ႐ိုင္ဘာပဲျဖစ္ျဖစ္၊ ငါဘယ္လိုပဲ
ဆဲဆဲဆိုဆို၊ အႏိုင္က်င့္က်င့္ သူ႔ပတ္ဝန္းက်င္မွာေတာ့
သူဟာ မိသားစုရဲ႕အားကိုးရာ၊ ေလးစားရာ၊ ႐ိုေသရာ
လူသားတစ္ေယာက္ပဲကြ”တဲ့…။
“ဟိုကေလးမေလး ေျပာတဲ့စကားကို ၾကားတယ္မလား၊
ကိုႀကီးအိပ္ေနတာ သြားမႏႈိးရဲဘူးတဲ့”…
“သူ႔ပတ္ဝန္းက်င္၊ သု႔မိသားစုမွာေတာ့ ေတာ္ေတာ့ကို
အရွိန္အဝါႀကီးပံုရတယ္၊ ငါက ဒါကို ထည့္မတြက္ဘဲ
ခါတိုင္းလို သြားဆက္ဆံလိုက္ရင္ သူ႔အားကိုးေနတဲ့
သူ႔မိသားစုခင္ဗ်ာ ဘယ္လိုခံစားသြားရမလဲ။
သူကိုယ္တိုင္ေရာ…”
လူတစ္ေယာက္ဟာ တစ္ေနရာရာမွာ ဘယ္လိုပဲ
ျဖစ္ေနျဖစ္ေန၊ ဘယ္ဘဝပဲေရာက္ေနေရာက္ေန၊
ေအာက္ေျခသိမ္းပဲျဖစ္ျဖစ္၊ အႏွိမ္ခံပဲျဖစ္ျဖစ္၊
ဘယ္သူမွေဆးေဖာ္ေၾကာဖက္မလုပ္ခ်င္တဲ့သူပဲျဖစ္ျဖစ္၊
အဲ့ဒီလူဟာ တျခားေသာ တစ္ေနရာရာမွာေတာ့
အရွင္သခင္တစ္ပါး၊ မွီခိုအားကိုးရာတစ္ျဖစ္နဲ႔
႐ိုေသေလးစားစရာျပယုဂ္ တစ္ခုခုေတာ့
ျဖစ္ေနတတ္ပါတယ္…။

တစ္ရက္ကလိုေပါ့
ျဖတ္သြားသူတိုင္း ႏွာေခါင္းပိတ္ျဖတ္ေလ့ရွိတဲ့
အမႈိက္ပံုမွာ အလုပ္လုပ္ေနရတဲ့ စည္ပင္က
ဝန္ထမ္းေလးကို ဘယ္သူက ေခါင္းထဲထည့္မလဲ
ဘယ္သူက အဖက္လုပ္ၿပီး စိတ္ပူေပးမလဲ…။
ဒါေပမဲ့ က်ေနာ္လည္း အမႈိက္သြားပစ္ေရာ
အဲ့ဒီဝန္ထမ္းေလးရဲ႕ ဇနီးျဖစ္ပံုရတဲ့ ေကာင္မေလး
ေရာက္လာၿပီး ဘာေျပာသြားတယ္မွတ္လဲ…။
“မနက္က ေဆးေသာက္ပါဆို ေသာက္မသြားဘူး၊
လူကို အၿမဲတမ္း စိတ္ေမာရေအာင္လုပ္တယ္၊
ေရာ့ ဒီမွာေဆး အခုေသာက္”တဲ့…။
အဲ့ဒီစကားေလးၾကားမိေတာ့ က်ေနာ့ျဖင့္
အဲ့ဒီစည္ပင္ဝန္ထမ္းေလးအေပၚ ေလးစားသြားလိုက္တာ
ဪ…တစ္ေလာကလံုးက သူ႔အေပၚ ဘယ္လိုပဲ
သေဘာထားထား သူ႔အေပၚ မင္းသားတစ္ပါးလို
ဆက္ဆံတဲ့သူဆိုတာေတာ့ ရွိေနတာပါပဲလားလို႔…။
တဖက္က ျပန္စဥ္းစားျပန္ရင္လည္း ဒီလိုပါပဲ
တစ္ေလာကလံုးက ကိုယ့္အေပၚ ဘယ္လိုႏွိမ္ႏွိမ္၊
ဘယ္လိုဆက္ဆံ ဆက္ဆံ အေရးမႀကီးဘူး…။
အေရးႀကီးတာက ငါခ်စ္ရတဲ့သူေတြ၊
ငါ့ကိုခ်စ္တဲ့သူေတြနဲ႔ ငါ့ပတ္ဝန္းက်င္၊ ငါ့မိသားစုေလးမွာ
ငါဟာ တန္ဖိုးရွိတဲ့၊ ေလးစားခံထိုက္တဲ့
လူသားတစ္ေယာက္ ျဖစ္ေနရင္ ရၿပီဆိုတာမ်ိဳး…
ဆိုလိုတာက လူတစ္ေယာက္ကို ဘယ္ေတာ့မွ
အထင္မေသးပါနဲ႔၊ မႏွိမ့္ခ်ပါနဲ႔၊ မေစာ္ကားပါနဲ႔
သူ႔အတြက္ ကမာၻဆိုတာ ဒီတစ္ေနရာတည္းမွာပဲ
ရွိေနတာ မဟုတ္လို႔ပါ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Wai Phyo Maung
#Unicode Version#
တခါတုန်းက ကျနော့်မှာ သူ့အိမ်က ဒရိုင်ဘာကို
အင်မတန်နိုင်စားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ဒရိုင်ဘာက သူ့ထက် အသက်ငါးနှစ်လောက်ကြီးတယ်
ဒီတော့ ကျနော်တို့က “ကို” တပ်ပြီး ခေါ်ပေမယ့်
သူငယ်ချင်းကတော့ နာမည်ပဲခေါ်ပါတယ်…။
စကားပြောလည်း သူငယ်ချင်းက မင်းနဲ့ ငါပဲ
ဒရိုင်ဘာအကိုကြီးကတော့ သူ့အလုပ်ရှင်ဆိုတော့
ရိုရိုသေသေဆက်ဆံရတာပေါ့လေ…။
ဒီကောင်က ပြောစရာရှိလည်းပြော၊ ဆဲစရာရှိလည်းဆဲ
သဘောကောင်းပေမယ့် အထက်စီးတော့ဆန်ပါတယ်
တခါတလေ ကိုယ်ကတောင် ကြားထဲကနေ
ဝင်အားနာရတယ်…။

ဒရိုင်ဘာအပေါ် သူပြောပုံဆိုပုံတွေက ရင့်သီးပါတယ်
ဟိုကတော့ သည်းခံရှာပါတယ် အလုပ်ရှင်မလား…။
ဒီလိုနဲ့ တစ်နေ့…
သူငယ်ချင်းက ဒေါကန်နေပါတယ်
ဘာဖြစ်တာလဲမေးလိုက်တော့ သူ့ဒရိုင်ဘာ
ဘာမပြော ညာမပြောနဲ့ မလာလို့တဲ့…
ဒါနဲ့ ဘာများဖြစ်တာလဲဆိုပြီး အိမ်လိုက်သွားကြတယ်။
တွေ့လို့ကတော့ ဆဲဆိုပြီး ဟောက်ထည့်လိုက်မယ်ပေါ့..။
.
ဒီလိုနဲ့ ဒရိုင်ဘာအိမ်ရောက်သွားတယ်
သူ့အမေလို့ ထင်ရတဲ့ အန်တီကြီးတစ်ယောက်
ထွက်လာတယ်၊ မေးလိုက်တယ်၊ ရှိလားပေါ့…
ရှိပါတယ်၊ ဖျားပြီး အိပ်နေတယ်ဆိုပြီး
ပြောတယ်၊ နောက်တော့ အနားကိုရောက်လာတဲ့
ကောင်မလေးတစ်ယောက်ကို အန်တီကြီးက
လှမ်းပြောလိုက်တယ်…။

ဟဲ့ သွားနှိုးလိုက်စမ်းပေါ့၊ ဒီမှာ သူ့အလုပ်ရှင်အိမ်က
လိုက်လာတယ်ပေါ့ စသဖြင့်၊ အဲ့ဒီမှာ ကောင်မလေးက
ဘာပြောလိုက်လဲဆိုတော့…
“ကိုကြီးအိပ်နေတာ မနှိုးရဲဘူး”တဲ့…။
ကျနော့်သူငယ်ချင်းကို ကြည့်လိုက်တော့
ဒီကောင် တချက်တွေသွားတယ်
စက္ကန့်ပိုင်းလောက်ပေါ့…
နောက်တော့ ကောင်မလေးကို ပြောလိုက်တယ်
“မနှိုးရဲရင် သွားမနှိုးနဲ့တော့၊ ထားလိုက်ပါ သူအိပ်ပါစေ” တဲ့
ပြီးတော့ ပြန်လှည့်လာခဲ့လိုက်ကြတယ်…။
အပြန်လမ်းမှာ ကျနော် သူ့ကို မေးကြည့်တယ်
“မင်းဘာဖြစ်သွားတာလဲ”လို့…
သူငယ်ချင်းက ပြန်ဖြေတယ်
“ငါ သူ့အပေါ်လေးစားမှုရှိရမယ်လေကွာ”တဲ့။

“သူက ဘယ်လိုပဲ ဒရိုင်ဘာပဲဖြစ်ဖြစ်၊ ငါဘယ်လိုပဲ
ဆဲဆဲဆိုဆို၊ အနိုင်ကျင့်ကျင့် သူ့ပတ်ဝန်းကျင်မှာတော့
သူဟာ မိသားစုရဲ့အားကိုးရာ၊ လေးစားရာ၊ ရိုသေရာ
လူသားတစ်ယောက်ပဲကွ”တဲ့…။
“ဟိုကလေးမလေး ပြောတဲ့စကားကို ကြားတယ်မလား၊
ကိုကြီးအိပ်နေတာ သွားမနှိုးရဲဘူးတဲ့”…
“သူ့ပတ်ဝန်းကျင်၊ သု့မိသားစုမှာတော့ တော်တော့ကို
အရှိန်အဝါကြီးပုံရတယ်၊ ငါက ဒါကို ထည့်မတွက်ဘဲ
ခါတိုင်းလို သွားဆက်ဆံလိုက်ရင် သူ့အားကိုးနေတဲ့
သူ့မိသားစုခင်ဗျာ ဘယ်လိုခံစားသွားရမလဲ။
သူကိုယ်တိုင်ရော…”
လူတစ်ယောက်ဟာ တစ်နေရာရာမှာ ဘယ်လိုပဲ
ဖြစ်နေဖြစ်နေ၊ ဘယ်ဘဝပဲရောက်နေရောက်နေ၊
အောက်ခြေသိမ်းပဲဖြစ်ဖြစ်၊ အနှိမ်ခံပဲဖြစ်ဖြစ်၊
ဘယ်သူမှဆေးဖော်ကြောဖက်မလုပ်ချင်တဲ့သူပဲဖြစ်ဖြစ်၊
အဲ့ဒီလူဟာ တခြားသော တစ်နေရာရာမှာတော့
အရှင်သခင်တစ်ပါး၊ မှီခိုအားကိုးရာတစ်ဖြစ်နဲ့
ရိုသေလေးစားစရာပြယုဂ် တစ်ခုခုတော့
ဖြစ်နေတတ်ပါတယ်…။

တစ်ရက်ကလိုပေါ့
ဖြတ်သွားသူတိုင်း နှာခေါင်းပိတ်ဖြတ်လေ့ရှိတဲ့
အမှိုက်ပုံမှာ အလုပ်လုပ်နေရတဲ့ စည်ပင်က
ဝန်ထမ်းလေးကို ဘယ်သူက ခေါင်းထဲထည့်မလဲ
ဘယ်သူက အဖက်လုပ်ပြီး စိတ်ပူပေးမလဲ…။
ဒါပေမဲ့ ကျနော်လည်း အမှိုက်သွားပစ်ရော
အဲ့ဒီဝန်ထမ်းလေးရဲ့ ဇနီးဖြစ်ပုံရတဲ့ ကောင်မလေး
ရောက်လာပြီး ဘာပြောသွားတယ်မှတ်လဲ…။
“မနက်က ဆေးသောက်ပါဆို သောက်မသွားဘူး၊
လူကို အမြဲတမ်း စိတ်မောရအောင်လုပ်တယ်၊
ရော့ ဒီမှာဆေး အခုသောက်”တဲ့…။
အဲ့ဒီစကားလေးကြားမိတော့ ကျနော့ဖြင့်
အဲ့ဒီစည်ပင်ဝန်ထမ်းလေးအပေါ် လေးစားသွားလိုက်တာ
ဪ…တစ်လောကလုံးက သူ့အပေါ် ဘယ်လိုပဲ
သဘောထားထား သူ့အပေါ် မင်းသားတစ်ပါးလို
ဆက်ဆံတဲ့သူဆိုတာတော့ ရှိနေတာပါပဲလားလို့…။
တဖက်က ပြန်စဉ်းစားပြန်ရင်လည်း ဒီလိုပါပဲ
တစ်လောကလုံးက ကိုယ့်အပေါ် ဘယ်လိုနှိမ်နှိမ်၊
ဘယ်လိုဆက်ဆံ ဆက်ဆံ အရေးမကြီးဘူး…။
အရေးကြီးတာက ငါချစ်ရတဲ့သူတွေ၊
ငါ့ကိုချစ်တဲ့သူတွေနဲ့ ငါ့ပတ်ဝန်းကျင်၊ ငါ့မိသားစုလေးမှာ
ငါဟာ တန်ဖိုးရှိတဲ့၊ လေးစားခံထိုက်တဲ့
လူသားတစ်ယောက် ဖြစ်နေရင် ရပြီဆိုတာမျိုး…
ဆိုလိုတာက လူတစ်ယောက်ကို ဘယ်တော့မှ
အထင်မသေးပါနဲ့၊ မနှိမ့်ချပါနဲ့၊ မစော်ကားပါနဲ့
သူ့အတွက် ကမ္ဘာဆိုတာ ဒီတစ်နေရာတည်းမှာပဲ
ရှိနေတာ မဟုတ်လို့ပါ…

ဖိုးသူတော် (www.phothutaw.com)
Credit: Wai Phyo Maung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top