ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×



Credit: သစ်ထူးလွင်

#Unicode Version#
 ၂၂.၁၂.၂၀၁၇ ရက်နေ့၊ ၀၈း၁၀ အချိန်ခန့်က၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နယ်မြေ(၅)ရှိ ရေတွင်းဟောင်းတစ်ခုအတွင်း အမျိုးသမီးတစ်ဦး၏ရုပ်အလောင်း တွေ့ရှိကြောင်း သိရပါသည်။

အဆိုပါ သတင်းအရ မုံရွာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၀၉း၀၀ အချိန်တွင် အမျိုးသမီး၏ ရုပ်အလောင်းအား ဆယ်ယူပြီးစီးခဲ့ပြီး ဒေဝဂတိလူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်ဖြင့် မုံရွာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရသိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top