ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

တ႐ုတ္ေျမာက္ပုိင္း Hebei အေဝးေျပးလမ္းမေပၚမွာ ႏိုဝင္ဘာ ၂၉ရက္ေန႔ကအျဖဴေရာင္ကားတစ္စီးယာဥ္တုိက္မႈျဖစ္ပြားခဲ့ပါတယ္။ ကားကတစ္ေဇာင္းတိမ္းေမွာက္ေနျပီး အထဲကလူေတြထြက္မရျဖစ္ေနပါတယ္။ မီးခိုးေတြလည္းထြက္ေနျပီး အျပင္ကို ဓာတ္ဆီေတြ ယိုစိမ့္ထြက္လာတာ ေတြ႔ရပါတယ္။

ပတ္ဝန္းက်င္မွ လူအမ်ားစုေရာက္လာျပီး ထိုထဲမွာစစ္သားတစ္ေယာက္လည္းပါပါတယ္။ အသက္ ၂၆ႏွစ္ Ma Jun – dong လို႔သိရျပီး ကားေလကာကို လက္နဲ႔ဒီတုိင္း ဆဲြျဖဲေနတာေတြ႔ရပါတယ္။ လူႏွစ္ေယာက္ကို အျပင္မထုတ္မီ မွန္ကိုအရင္ခဲြပါတယ္။ စစ္သားေလးကသူ႔လက္ေတြ အနာခံျပီးေတာ့ကိုကယ္တင္ခဲ့ပါတယ္။ သူ႔ရဲ႕ဗီဒီယုိက အင္တာနက္မွာ ပ်ံ႕ႏွံ႔သြားျပီး သူ႔ရဲ႕စြမ္းေဆာင္ရည္ကိုအားလံုးက ခ်ီးက်ဳးခဲ့ၾကတယ္။

စစ္သားမိသားစုမွ ေမြးဖြားလာသူပီပီ စစ္သားတစ္ေယာက္ျဖစ္ဖို႔က သူ႔ရဲ႕အိပ္မက္ပါတဲ့။ Finance and Economics တကၠသိုလ္မွာဘဲြ႕ရ႐ွိျပီးေတာ့ စစ္တပ္ထဲဝင္ခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #

တရုတ်မြောက်ပိုင်း Hebei အဝေးပြေးလမ်းမပေါ်မှာ နိုဝင်ဘာ ၂၉ရက်နေ့ကအဖြူရောင်ကားတစ်စီးယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။ ကားကတစ်ဇောင်းတိမ်းမှောက်နေပြီး အထဲကလူတွေထွက်မရဖြစ်နေပါတယ်။ မီးခိုးတွေလည်းထွက်နေပြီး အပြင်ကို ဓာတ်ဆီတွေ ယိုစိမ့်ထွက်လာတာ တွေ့ရပါတယ်။

ပတ်ဝန်းကျင်မှ လူအများစုရောက်လာပြီး ထိုထဲမှာစစ်သားတစ်ယောက်လည်းပါပါတယ်။ အသက် ၂၆နှစ် Ma Jun – dong လို့သိရပြီး ကားလေကာကို လက်နဲ့ဒီတိုင်း ဆွဲဖြဲနေတာတွေ့ရပါတယ်။ လူနှစ်ယောက်ကို အပြင်မထုတ်မီ မှန်ကိုအရင်ခွဲပါတယ်။ စစ်သားလေးကသူ့လက်တွေ အနာခံပြီးတော့ကိုကယ်တင်ခဲ့ပါတယ်။ သူ့ရဲ့ဗီဒီယိုက အင်တာနက်မှာ ပျံ့နှံ့သွားပြီး သူ့ရဲ့စွမ်းဆောင်ရည်ကိုအားလုံးက ချီးကျုးခဲ့ကြတယ်။

စစ်သားမိသားစုမှ မွေးဖွားလာသူပီပီ စစ်သားတစ်ယောက်ဖြစ်ဖို့က သူ့ရဲ့အိပ်မက်ပါတဲ့။ Finance and Economics တက္ကသိုလ်မှာဘွဲ့ရရှိပြီးတော့ စစ်တပ်ထဲဝင်ခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top