×

၂ဝ၁၇ ခုႏွစ္အတြင္း ထူးျခားတဲ့ အျဖစ္အပ်က္ေတြ၊ စိတ္ဝင္စားစရာအေၾကာင္းအရာေတြအေၾကာင္း တင္ျပေနတဲ့ ဒီက႑ကေန ၂ဝ၁၇ ခုႏွစ္အတြင္း စံခ်ိန္တင္ခဲ့တဲ့ ဂရင္းနစ္မွတ္တမ္းေတြအေၾကာင္း တင္ျပခ်င္ပါတယ္။
၂ဝ၁၇ ခုႏွစ္အတြင္း တင္ခဲ့တဲ့ ထူးထူးျခားျခား ဂရင္းနစ္မွတ္တမ္းေတြအေၾကာင္း တင္ျပေပးပါမယ္။
၁။ လက္သည္းအရွည္ဆံုးအမ်ိဳးသမီး

အေမရိကန္ႏုိင္ငံ၊ တကၠဆက္ျပည္နယ္မွာ ေနထုိင္တဲ့ Ayanna Williams ဆိုတဲ့ အမ်ိဳးသမီးဟာ လက္သည္။ းအရွည္ဆံုးအမ်ိဳးသမီးအျဖစ္ အခုႏွစ္အတြင္း ဂရင္းနစ္စံခ်ိန္တင္ႏုိင္ခဲ့တာျဖစ္ပါတယ္။ လက္ ၁ဝ ေခ်ာင္းစလံုးမွာ ရွိတဲ့လက္သည္းေတြကို အရွည္ထားကာ စံခ်ိန္တင္ခဲ့တာျဖစ္ၿပီး သူ႔လက္သည္းေတြရဲ႕ စုစုေပါင္း အရွည္က ၁၈ ေပ ၁၀ ဒႆမ ၉ လက္မ ရွိပါသတဲ့
၂။ ေျခေထာက္အရွည္ဆံုးအမ်ိဳးသမီး

Ekatrina Lisina ဆိုတဲ့ အမ်ိဳးသမီးဟာ ေျခေထာက္အရွည္ဆံုးအမ်ိဳးသမီးအျဖစ္ ဂရင္းနစ္စံခ်ိန္တင္ႏုိင္ခဲ့သူျဖစ္ပါတယ္။ ၂ဝ၁၇ ခုႏွစ္ စက္တင္ဘာလအတြင္း စံခ်ိန္တင္ခဲ့တာျဖစ္ၿပီး သူမရဲ႕ ေျခေထာက္ ၂ ဖက္အရွည္က အနည္းငယ္ကြာျခားၿပီး ဘယ္ဘက္ေျခေထာက္အရွည္က ၁၃၂ ဒႆမ ၈ စင္တီမီတာရွိသလို ညာဘက္ေျခေထာက္အရွည္ကေတာ့ ၁၃၂ ဒႆမ ၂ စင္တီမီတာရွည္ပါတယ္။ သူဟာ ေျခေထာက္အရွည္ဆံုးအမ်ိဳးသမီးအျဖစ္ဂရင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့သလို ကမၻာအရပ္အရွည္ဆံုး ပေရာ္ဖက္ရွင္နယ္ေမာ္ဒယ္အျဖစ္လည္း လူသိမ်ားသူျဖစ္ပါတယ္။
၃။ အႀကီးဆံုးေက်ာက္ကပ္ပိုင္ရွင္

ဒူဘိုင္းက အမ်ိဳးသားတစ္ဦးကေတာ့ ႀကီးမားတဲ့ ေက်ာက္ကပ္ကို ပိုင္ဆုိင္ခဲ့ၿပီး ဂရင္းနစ္မွတ္တမ္းဝင္ခဲ့ပါတယ္။ Ahmed Saeed Mohammed Omar ဆိုတဲ့ အမ်ိဳးသားဟာ ဇူလိုင္လအတြင္း ဂရင္းနစ္မွတ္တမ္းလက္မွတ္ရရွိခဲ့တာျဖစ္ၿပီး ၿပီးေနာက္မွာေတာ့ အသံုးမဝင္တဲ့ ေက်ာက္ကပ္အစိတ္အပိုင္းေတြကို ခြဲစိတ္ဆရာဝန္ေတြက ျဖတ္ထုတ္ေပးခဲ့ပါတယ္။ မခြဲစိတ္ခင္မွာ သူ႔ရဲ႕ ေက်ာက္ကပ္ဟာ လြန္ႀကီးမားေနၿပီး ၉ ေပါင္ေက်ာ္ေလာက္ေလးေနပါတယ္။ Ahmed ဟာ Polycystic လို႔ေခၚတဲ့ ေက်ာက္ကပ္ေရာဂါတစ္ခု ခံစားခဲ့ရတာျဖစ္ၿပီး အခုေတာ့ ကုသႏုိင္ခဲ့ၿပီျဖစ္ပါတယ္။
၄။ မ်က္ေတာင္အရွည္ဆံုးအမ်ိဳးသမီး

တ႐ုတ္လူမ်ိဳး You Jianxia ရဲ႕ မ်က္ေတာင္ဟာ အံ့ဖြယ္ရွည္လ်ားေနၿပီး ဂရင္းနစ္မွတ္တမ္းထဲပါဝင္ခဲ့ပါတယ္။ သူ႔မရဲ႕ မ်က္ေတာင္ ၂ ဖက္စလံုးဟာ ပံုမွန္ထက္ ရွည္လ်ားေနၿပီး ဘယ္ဘက္အေပၚမ်က္ေတာင္ကေတာ့ အရွည္လ်ားဆံုးျဖစ္ပါတယ္။ အဲဒီ မ်က္ေတာင္ရဲ႕ အရွည္ဟာ ၁၂ ဒႆမ ၄၀ စင္တီမီတာအထိ ရွည္လ်ားပါတယ္။ You Jianxia က ဒါဟာ သူမရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းျဖစ္တဲ့အတြက္ ကသိကေအာင့္ျဖစ္မႈကိုေတာ့ ဘယ္ေတာ့မွ မခံစားရပါဘူးလို႔ ေျပာၾကားခဲ့ပါတယ္။
၅။ အရွည္ဆံုးဆံပင္စတုိင္

Benny Harlem ဆိုတဲ့ အမ်ိဳးသားဟာ သူ႔ရဲ႕ ရွည္လ်ားတဲ့ ဆံပင္စတုိင္ေၾကာင့္ ဂရင္းနစ္မွတ္တမ္းထဲေရာက္ရွိခဲ့သူပါ။ ဆံပင္ေတြအားလံုးကို စုၿပီး မိုးထိေအာင္ေထာင္ထားတဲ့ သူ႔ရဲ႕ ဆံပင္စတိုင္ကေတာ္ေတာ္ေတာ့ အေနခက္မယ့္ စတုိင္ပါပဲ။သူ႔ရဲ႕ ဆံပင္အရွည္ဟာ ၅၂ စင္တီမီတာအထိ ရွည္လ်ားတယ္လို႔လည္း သိရပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: wowbox & noti9

# Unicode Version ျဖင့္ ဖတ္ပါ #
၂ဝ၁၇ ခုနှစ်အတွင်း ထူးခြားတဲ့ အဖြစ်အပျက်တွေ၊ စိတ်ဝင်စားစရာအကြောင်းအရာတွေအကြောင်း တင်ပြနေတဲ့ ဒီကဏ္ဍကနေ ၂ဝ၁၇ ခုနှစ်အတွင်း စံချိန်တင်ခဲ့တဲ့ ဂရင်းနစ်မှတ်တမ်းတွေအကြောင်း တင်ပြချင်ပါတယ်။
၂ဝ၁၇ ခုနှစ်အတွင်း တင်ခဲ့တဲ့ ထူးထူးခြားခြား ဂရင်းနစ်မှတ်တမ်းတွေအကြောင်း တင်ပြပေးပါမယ်။

၁။ လက်သည်းအရှည်ဆုံးအမျိုးသမီး

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ Ayanna Williams ဆိုတဲ့ အမျိုးသမီးဟာ လက်သည်။ းအရှည်ဆုံးအမျိုးသမီးအဖြစ် အခုနှစ်အတွင်း ဂရင်းနစ်စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ လက် ၁ဝ ချောင်းစလုံးမှာ ရှိတဲ့လက်သည်းတွေကို အရှည်ထားကာ စံချိန်တင်ခဲ့တာဖြစ်ပြီး သူ့လက်သည်းတွေရဲ့ စုစုပေါင်း အရှည်က ၁၈ ပေ ၁၀ ဒဿမ ၉ လက်မ ရှိပါသတဲ့

၂။ ခြေထောက်အရှည်ဆုံးအမျိုးသမီး

Ekatrina Lisina ဆိုတဲ့ အမျိုးသမီးဟာ ခြေထောက်အရှည်ဆုံးအမျိုးသမီးအဖြစ် ဂရင်းနစ်စံချိန်တင်နိုင်ခဲ့သူဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလအတွင်း စံချိန်တင်ခဲ့တာဖြစ်ပြီး သူမရဲ့ ခြေထောက် ၂ ဖက်အရှည်က အနည်းငယ်ကွာခြားပြီး ဘယ်ဘက်ခြေထောက်အရှည်က ၁၃၂ ဒဿမ ၈ စင်တီမီတာရှိသလို ညာဘက်ခြေထောက်အရှည်ကတော့ ၁၃၂ ဒဿမ ၂ စင်တီမီတာရှည်ပါတယ်။ သူဟာ ခြေထောက်အရှည်ဆုံးအမျိုးသမီးအဖြစ်ဂရင်းနစ်စံချိန်တင်နိုင်ခဲ့သလို ကမ္ဘာအရပ်အရှည်ဆုံး ပရော်ဖက်ရှင်နယ်မော်ဒယ်အဖြစ်လည်း လူသိများသူဖြစ်ပါတယ်။

၃။ အကြီးဆုံးကျောက်ကပ်ပိုင်ရှင်

ဒူဘိုင်းက အမျိုးသားတစ်ဦးကတော့ ကြီးမားတဲ့ ကျောက်ကပ်ကို ပိုင်ဆိုင်ခဲ့ပြီး ဂရင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ Ahmed Saeed Mohammed Omar ဆိုတဲ့ အမျိုးသားဟာ ဇူလိုင်လအတွင်း ဂရင်းနစ်မှတ်တမ်းလက်မှတ်ရရှိခဲ့တာဖြစ်ပြီး ပြီးနောက်မှာတော့ အသုံးမဝင်တဲ့ ကျောက်ကပ်အစိတ်အပိုင်းတွေကို ခွဲစိတ်ဆရာဝန်တွေက ဖြတ်ထုတ်ပေးခဲ့ပါတယ်။ မခွဲစိတ်ခင်မှာ သူ့ရဲ့ ကျောက်ကပ်ဟာ လွန်ကြီးမားနေပြီး ၉ ပေါင်ကျော်လောက်လေးနေပါတယ်။ Ahmed ဟာ Polycystic လို့ခေါ်တဲ့ ကျောက်ကပ်ရောဂါတစ်ခု ခံစားခဲ့ရတာဖြစ်ပြီး အခုတော့ ကုသနိုင်ခဲ့ပြီဖြစ်ပါတယ်။

၄။ မျက်တောင်အရှည်ဆုံးအမျိုးသမီး

တရုတ်လူမျိုး You Jianxia ရဲ့ မျက်တောင်ဟာ အံ့ဖွယ်ရှည်လျားနေပြီး ဂရင်းနစ်မှတ်တမ်းထဲပါဝင်ခဲ့ပါတယ်။ သူ့မရဲ့ မျက်တောင် ၂ ဖက်စလုံးဟာ ပုံမှန်ထက် ရှည်လျားနေပြီး ဘယ်ဘက်အပေါ်မျက်တောင်ကတော့ အရှည်လျားဆုံးဖြစ်ပါတယ်။ အဲဒီ မျက်တောင်ရဲ့ အရှည်ဟာ ၁၂ ဒဿမ ၄၀ စင်တီမီတာအထိ ရှည်လျားပါတယ်။ You Jianxia က ဒါဟာ သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့အတွက် ကသိကအောင့်ဖြစ်မှုကိုတော့ ဘယ်တော့မှ မခံစားရပါဘူးလို့ ပြောကြားခဲ့ပါတယ်။

၅။ အရှည်ဆုံးဆံပင်စတိုင်

Benny Harlem ဆိုတဲ့ အမျိုးသားဟာ သူ့ရဲ့ ရှည်လျားတဲ့ ဆံပင်စတိုင်ကြောင့် ဂရင်းနစ်မှတ်တမ်းထဲရောက်ရှိခဲ့သူပါ။ ဆံပင်တွေအားလုံးကို စုပြီး မိုးထိအောင်ထောင်ထားတဲ့ သူ့ရဲ့ ဆံပင်စတိုင်ကတော်တော်တော့ အနေခက်မယ့် စတိုင်ပါပဲ။သူ့ရဲ့ ဆံပင်အရှည်ဟာ ၅၂ စင်တီမီတာအထိ ရှည်လျားတယ်လို့လည်း သိရပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit: wowbox & noti9
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top