၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

 စည္းစိမ္ပ်က္ေႀကာင္း (၆) ပါး

( ၁ ) မူးယစ္ေမ့ေလ်ာ့ေၾကာင္းျဖစ္ေသာ ေသရည္ ေသရက္ ေသာက္ေလ့ရွိျခင္းသည္ စည္းစိမ္ပ်က္ေၾကာင္းတည္း ။

( ၂ ) အခ်ိန္အခါမဲ့ ( ညအခါ ) ၌ ခရီးသြားလာေလ့ရွိျခင္းသည္ စည္းစိမ္ပ်က္ေၾကာင္းတည္း ။

( ၃ ) ပြဲလမ္းသဘင္ ၾကည့္႐ႈေလ့ရွိျခင္းသည္ စည္းစိမ္ပ်က္ေၾကာင္းတည္း ။

( ၄ ) ေမ့ေလ်ာ့ေၾကာင္းျဖစ္ေသာ ေလာင္းကစားေလ့ရွိျခင္းသည္ စည္းစိမ္ပ်က္ေၾကာင္းတည္း ။

( ၅ ) မေကာင္းေသာ အေဆြခင္ပြန္းတို႕ ႏွင့္ ေပါင္းသင္းေလ့ရွိျခင္းသည္ စည္းစိမ္ပ်က္ေၾကာင္းတည္း ။

( ၆ ) ပ်င္းရိျခင္းေလ့ရွိျခင္းသည္ စည္းစိမ္ပ်က္ေၾကာင္းတည္း ။

ေသရည္ေသရက္ ေသာက္ျခင္း အျပစ္ေျခာက္ပါး

( ၁ ) ဥစၥာဆုတ္ယုတ္ျခင္းသည္ ကုိယ္ေတြ႕မ်က္ျမင္ အျပစ္ျဖစ္၏။
( ၂ ) ခိုက္ရန္ ျဖစ္ပြားတက္၏ ။
( ၃ ) အနာေရာဂါ ျဖစ္ေၾကာင္း ျဖစ္၏ ။
( ၄ ) အရွိန္အေစာ္ မဲ့တက္၏ ။
( ၅ ) လွ်ိဳ႕ဝွက္အပ္သည္ကို ေဖာ္ျပတက္၏ ။
( ၆ ) ဥာဏ္ပညာ အားနည္းေအာင္ ျပဳတက္၏ ။

ေဆာင္ပုဒ္ ။ ။ ဥစၥာယုတ္ျခင္း ၊ ျငင္းခုံမ်ားစြာ ၊
ေရာဂါထူေျပာ ၊ ေက်ာ္ေစာမဲ့တုံ ၊
မလုံအဂၤါ ၊ ပညာနည္းပါး ၊
ဤေျခာက္ပါးကား ၊
ေသာက္စား ေသစာ အျပစ္တည္း ။

ေလာင္းကစားျခင္း အျပစ္ေျခာက္ပါး

( ၁ ) ႏိုင္ေသာ္ ရန္ပြား၏ ။
( ၂ ) ႐ႈံးေသာ္ ဥစၥာအတြက္ ပူပန္ရ၏ ။
( ၃ ) ကိုယ္ေတြ႕ မ်က္ျမင္ ဥစၥာ ဆုတ္ယုတ္၏ ။
( ၄ ) တရားရုံး၌ တိုသူ၏ စကားသည္ သက္ေသအျဖစ္ မတည္ ။
( ၅ ) အေဆြခင္ပြန္းတို႕သည္ သက္ေသအျဖစ္ မတည္ ။
( ၆ ) ဤသူသည္ ကစားသမားတည္း ၊ မယားကို ေကၽြးေမြးရန္ မစြမ္းႏိုင္
ဟု သမီးေပး သားယူျပဳလိုကုန္ေသာ သူတို႕သည္ အလိုမလိုအပ္ ။

ေဆာင္ပုဒ္ ။ ။ ေအာင္မူ ရန္ပြား ၊ ႐ႈံးသား စိုးရိမ္ ၊
စည္းစိမ္ ေလ်ာ့ပါး တရားသဘင္
မဝင္သက္ေသ ၊ မိတ္ေဆြႏွိပ္ဆို ၊
မလိုထိမ္းျမား၊ ဤေျခာက္ပါးကား
ေပ်ာ္ပါး ေၾကြအန္ - အျပစ္တည္း ။
( ဆရာေတာ္ - ဦးဗုဓ္ )

ဖိုးသူေတာ္ (www.phothutaw.com)
Credit: တရားေတာ္မ်ား
#Unicode Version#
 စည်းစိမ်ပျက်ကြောင်း (၆) ပါး

( ၁ ) မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက် သောက်လေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း ။

( ၂ ) အချိန်အခါမဲ့ ( ညအခါ ) ၌ ခရီးသွားလာလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း ။

( ၃ ) ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း ။

( ၄ ) မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း ။

( ၅ ) မကောင်းသော အဆွေခင်ပွန်းတို့ နှင့် ပေါင်းသင်းလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း ။

( ၆ ) ပျင်းရိခြင်းလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း ။

သေရည်သေရက် သောက်ခြင်း အပြစ်ခြောက်ပါး

( ၁ ) ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် အပြစ်ဖြစ်၏။
( ၂ ) ခိုက်ရန် ဖြစ်ပွားတက်၏ ။
( ၃ ) အနာရောဂါ ဖြစ်ကြောင်း ဖြစ်၏ ။
( ၄ ) အရှိန်အစော် မဲ့တက်၏ ။
( ၅ ) လျှို့ဝှက်အပ်သည်ကို ဖော်ပြတက်၏ ။
( ၆ ) ဉာဏ်ပညာ အားနည်းအောင် ပြုတက်၏ ။

ဆောင်ပုဒ် ။ ။ ဥစ္စာယုတ်ခြင်း ၊ ငြင်းခုံများစွာ ၊
ရောဂါထူပြော ၊ ကျော်စောမဲ့တုံ ၊
မလုံအင်္ဂါ ၊ ပညာနည်းပါး ၊
ဤခြောက်ပါးကား ၊
သောက်စား သေစာ အပြစ်တည်း ။

လောင်းကစားခြင်း အပြစ်ခြောက်ပါး

( ၁ ) နိုင်သော် ရန်ပွား၏ ။
( ၂ ) ရှုံးသော် ဥစ္စာအတွက် ပူပန်ရ၏ ။
( ၃ ) ကိုယ်တွေ့ မျက်မြင် ဥစ္စာ ဆုတ်ယုတ်၏ ။
( ၄ ) တရားရုံး၌ တိုသူ၏ စကားသည် သက်သေအဖြစ် မတည် ။
( ၅ ) အဆွေခင်ပွန်းတို့သည် သက်သေအဖြစ် မတည် ။
( ၆ ) ဤသူသည် ကစားသမားတည်း ၊ မယားကို ကျွေးမွေးရန် မစွမ်းနိုင်
ဟု သမီးပေး သားယူပြုလိုကုန်သော သူတို့သည် အလိုမလိုအပ် ။

ဆောင်ပုဒ် ။ ။ အောင်မူ ရန်ပွား ၊ ရှုံးသား စိုးရိမ် ၊
စည်းစိမ် လျော့ပါး တရားသဘင်
မဝင်သက်သေ ၊ မိတ်ဆွေနှိပ်ဆို ၊
မလိုထိမ်းမြား၊ ဤခြောက်ပါးကား
ပျော်ပါး ကြွေအန် - အပြစ်တည်း ။
( ဆရာတော် - ဦးဗုဓ် )

ဖိုးသူတော် (www.phothutaw.com)
Credit: တရားတော်များ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top