မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×






Credit: oasis

# Unicode Version ဖြင့် ဖတ်ပါ #

ကလေးမွေးပြီး နောက်ပိုင်း အနုပညာအလုပ်တွေ ပြန်လုပ်လာတဲ့ မယ်လိုဒီ ဟာ “အသက်ကြီးသွားလို့လားမသိဘူး ဖွင့်ပွဲတွေ အကဲဖြတ်ဒိုင်လုပ်တာတို့သားနဲ့ ပတ်သတ်တာတို့ အာ့လိုလေးတွေ တက်ရတာများတယ် ။ ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး အဓိက ကတော့ ကစားတယ် ။ အရင်ကတော့ အစားနဲ့ ထိန်းတာ အခုက အစားပြန်စားတယ် ပုံမှန်လည်း ကစားတယ် ။ ကြည့်ကောင်းနေရတာကတော့ အခုက လူကြီးလည်း ဖြစ်လာတယ် မိခင်လည်း ဖြစ်လာတဲ့အခါ စိတ်ထားပိုထားတက်သွားပြီး မျက်နှာလည်း ကြည်လာတယ် ။

မျိုးရဲ့ ယောက်က္ခထီးနဲ့ ယောက်က္ခမ တွေက ဆရာဝန်ကြီးတွေ ရိုးသားတဲ့ ဂုဏ်ကို တန်ဖိုးထားကြတယ် ။ မျိုးဆိုလည်း ကိုယ့် အဖေ အမေ လိုအများကြီး သင်ယူရပါတယ် ။ စီးပွားရေး လုပ်ငန်းရှင်တွေ မဟုတ်ကြပါဘူး ။

သားကို သာသနာ့ဘောင်ထဲမှာပဲ အေးအေးချမ်းချမ်း နဲ့ သူများကို ပြန်လည်ဝေငှပြီး အေးချမ်းတဲ့ သူဖြစ်စေချင်တယ် ။ ဒါပေမယ့် သူဖြစ်ချင်တာကို ဦးစားပေးမှာပါ ။ ဆရာဝန်ဆိုလည်း ဆရာဝန် ၊ အနုပညာ သမားဆိုလည်း အနုပညာသမားပေါ့ ။ သူဖြစ်ချင်တဲ့ လမ်းကို အကောင်းဆုံး ပံ့ပိုးလမ်းပြပေးသွားမှာပါ ။

သားသားက ကံကောင်းတယ် အတိတ်မှာ ကောင်းမှုကုသိုလ်တွေအများကြီး လုပ်ခဲ့တဲ့ အတွက် အခု ဘဝမှာ ကောင်းကောင်းလေးကြီးပြင်းခွင့်ရတယ် ။အဓိက တော့ လူချစ်လူခင်ပေါတယ် ။ ဘုရားတရားလဲသိတယ် ဘယ်နေရာရောက်ရောက် စေတီဘုရားတွေ့တာနဲ့ ဦးတော်ဆိုပြီး ဘုရားရှိခိုးတယ် ။ သူ့ကို လူတွေ ချစ်ကြတယ် အဲ့ဒါကတော့ ဘာနဲ့မှ မလဲနိုင်ဘူး ။ မျိုးတောင် အရင်တုန်းက လူချစ် သိပ်မခံရဘူး အခု သားရပြီးတော့ သားကိုမှီပြီး လူချစ်လူခင်ပိုများလာတယ် ။

မျိုးက ယောက်က္ခမ ရထားတာမဟုတ်ဘဲ အမေရထားသလိုဖြစ်နေတာ ။ အမေ့ဆီက အများကြီးသင်ယူရတယ် ။ အမေက သမီးဒါလုပ်လို့ ပြောစရာမလိုဘဲ နေတာထိုင်တာကိုကြည့်ပြီး အမြဲတမ်း အတုယူနေရတယ် ။ အမေရင်းဆီမှာနေရသလိုနွေးထွေးစေတယ် ၊ လုံခြုံတယ် ၊ စိတ်ချလက်ချနေခွင့်ရတယ် ။ ယောက်က္ခမ နဲ့တောင်မတူပါဘူး ။ အမေရင်းကတော့ သားရပြီးမှ အရမ်းအဆင်ပြေသွားပြီး ။ အဓိက ကတော့ ယောက်က္ခမ ကြောင့်ပါပဲ ။ ဘယ်လို စိတ်ထားရမယ်ဆိုတာ အမြဲ သွန်သင်ပေးတယ် ။ ကလေးထပ်ယူဖို့တော့ အစီအစဥိမရှိသေးပါဘူး တစ်ယောက်တည်းတောင်တော်တော်ထိန်းနေရတယ်” ဆိုပြီး ပြောသွားခဲ့ ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: oasis
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top