iMyanmarHouse.com - Best Property Website for Myanmar
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အိႏိၵယႏုိင္ငံမွာ မိခင္တဦးက လူတပုိင္းငါးတပိုင္းပံုစံ ကေလးကို ေမြးခဲ့ၿပီး နာရီပိုင္းအၾကာမွာ ေသဆံုးသြားပါတယ္။အခုလုိ ပုံစံမ်ဳိးေမြးလာတာဟာ အခုကေလးနဲ႔ဆုိ ကမာၻေပၚမွာ ၅ ဦးေျမာက္အျဖစ္ ေမြးဖြားခဲ့တယ္လုိ႔ သိရပါတယ္။

မက္ကူရာဘီဘီ အသက္ ၂၃ ႏွစ္က ေရသူမေရာဂါလကၡဏာ ဒါမွမဟုတ္ စီရန္ႏိုမီလီယာ (Sirenomelia) လုိ႔ ေခၚတဲ့ ခႏၶာကုိယ္ပံုမွန္မဟုတ္တဲ့ ကေလးကုိ ဒီဇင္ဘာ ၆ ရက္ေန႔က ေမြးဖြားခဲ့တာပါ။

ေျခေထာက္ ၂ ေခ်ာင္းက ပူးေနလုိ႔ ေယာက္က်ားကေလး၊ မိန္းကေလးမွန္း မသိရတဲ့ ကေလးငယ္က အိႏိၵယႏုိင္ငံမွာေတာ့ စီရန္ႏုိမီလီယာေရာဂါနဲ႔ ဒုတိယေျမာက္ ေမြးဖြားလာတဲ့ ကေလးလုိ႔ ဆုိပါတယ္။

ကေလးက ေမြးဖြားၿပီး ၄ နာရီအၾကာမွာ ေသဆံုးသြားတယ္လုိ႔လည္း သိရပါတယ္။

“ဒီလုိကေလးမ်ိဳး အရင္က တခါမွ မေတြ႔ဖူးဘူး။ ဒီလုိေမြးတာက ျပည္နယ္မွာ ပထမဦးဆံုးအႀကိမ္ ႏုိင္ငံအေနနဲ႔ေတာ့ ဒုတိအႀကိမ္အျဖစ္ ေမြးတာပါ။ ကေလးရဲ႕ အေပၚပိုင္းက ပံုမွန္ပဲ၊ ဒါေပမယ့္ ခါးေအာက္ပုိင္း ေျခေထာက္ေတြက တြဲရက္ျဖစ္ေနတယ္ ေအာက္ပုိင္းကလည္း လံုးဝမဖြြြံ႔ၿဖိဳးဘူး” လုိ႔ ကေလးအထူးကု ေဒါက္တာဆူဒစ္ရွာဟာက ေျပာပါတယ္။

မိခင္ျဖစ္သူက သူမရဲ႕ဦးဆံုးကေလးအတြက္ သင့္ေတာ္တဲ့ေဆးဝါးေတြ မတတ္ႏုိင္သလုိ အာလ္ထရာေဆာင္းလည္း မ႐ိုက္ခဲ့ရပါဘူး။

ဒီလုိျဖစ္တာဟာ သေႏၶသားေလာင္းက သင့္ေတာ္တဲ့ အာဟာရမရွိတာနဲ႔ ပုံမွန္မလည္ပတ္မႈေၾကာင့္ ျဖစ္တာလုိ႔ ဆရာဝန္က ေျပာပါတယ္။

အိႏိၵယႏုိင္ငံရဲ႕ ၂၀၁၆ ခုႏွစ္မွာ ေမြးဖြားတဲ့ ပထမဦးဆံုးေသာ ေရသူမပံုစံ ကေလးက ၁၀ မိနစ္ပဲ အသက္ရွင္တယ္လုိ႔ ေမရာသတင္းမွာ ဒီဇင္ဘာ ၉ ရက္ေန႔က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

# Unicode Version ျဖင့္ ဖတ္ပါ #

အိန္ဒိယနိုင်ငံမှာ မိခင်တဦးက လူတပိုင်းငါးတပိုင်းပုံစံ ကလေးကို မွေးခဲ့ပြီး နာရီပိုင်းအကြာမှာ သေဆုံးသွားပါတယ်။အခုလို ပုံစံမျိုးမွေးလာတာဟာ အခုကလေးနဲ့ဆို ကမ္ဘာပေါ်မှာ ၅ ဦးမြောက်အဖြစ် မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

မက်ကူရာဘီဘီ အသက် ၂၃ နှစ်က ရေသူမရောဂါလက္ခဏာ ဒါမှမဟုတ် စီရန်နိုမီလီယာ (Sirenomelia) လို့ ခေါ်တဲ့ ခန္ဓာကိုယ်ပုံမှန်မဟုတ်တဲ့ ကလေးကို ဒီဇင်ဘာ ၆ ရက်နေ့က မွေးဖွားခဲ့တာပါ။

ခြေထောက် ၂ ချောင်းက ပူးနေလို့ ယောက်ကျားကလေး၊ မိန်းကလေးမှန်း မသိရတဲ့ ကလေးငယ်က အိန္ဒိယနိုင်ငံမှာတော့ စီရန်နိုမီလီယာရောဂါနဲ့ ဒုတိယမြောက် မွေးဖွားလာတဲ့ ကလေးလို့ ဆိုပါတယ်။

ကလေးက မွေးဖွားပြီး ၄ နာရီအကြာမှာ သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

“ဒီလိုကလေးမျိုး အရင်က တခါမှ မတွေ့ဖူးဘူး။ ဒီလိုမွေးတာက ပြည်နယ်မှာ ပထမဦးဆုံးအကြိမ် နိုင်ငံအနေနဲ့တော့ ဒုတိအကြိမ်အဖြစ် မွေးတာပါ။ ကလေးရဲ့ အပေါ်ပိုင်းက ပုံမှန်ပဲ၊ ဒါပေမယ့် ခါးအောက်ပိုင်း ခြေထောက်တွေက တွဲရက်ဖြစ်နေတယ် အောက်ပိုင်းကလည်း လုံးဝမဖွံ့ဖြိုးဘူး” လို့ ကလေးအထူးကု ဒေါက်တာဆူဒစ်ရှာဟာက ပြောပါတယ်။

မိခင်ဖြစ်သူက သူမရဲ့ဦးဆုံးကလေးအတွက် သင့်တော်တဲ့ဆေးဝါးတွေ မတတ်နိုင်သလို အာလ်ထရာဆောင်းလည်း မရိုက်ခဲ့ရပါဘူး။

ဒီလိုဖြစ်တာဟာ သန္ဓေသားလောင်းက သင့်တော်တဲ့ အာဟာရမရှိတာနဲ့ ပုံမှန်မလည်ပတ်မှုကြောင့် ဖြစ်တာလို့ ဆရာဝန်က ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ၂၀၁၆ ခုနှစ်မှာ မွေးဖွားတဲ့ ပထမဦးဆုံးသော ရေသူမပုံစံ ကလေးက ၁၀ မိနစ်ပဲ အသက်ရှင်တယ်လို့ မေရာသတင်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  DVB

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top