(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

လူေတြမွာ ေနရာေဒသကို လိုက္ျပီး အေၾကာင္းအရာ အေတြးအေခၚ အယူအဆေတြ ေျပာင္းလဲေနတတ္ပါတယ္။အခုလဲ ျပင္သစ္မွာ ထူးျခားစြာ ဝတ္လစ္စလစ္ စားေသာက္ဆိုင္ကို ဖြင့္ျပီး စားပြဲထိုးဝန္ထမ္းေရာ လာစားသံုးသူေတြပါ ဝတ္လစ္စလစ္ျဖစ္ပါတယ္။

ကိုယ္တံုးလံုးနဲ႕ စားေသာက္ရတဲ့ ညစာစားပြဲကို ျပင္သစ္ေတြက ထြင္ျပီး စားေသာက္ဆိုင္ကို အာရုံစိုက္မႈျမင့္မားေအာင္ လုပ္တာျဖစ္ပါတယ္။လာေရာက္စားေသာက္သူေတြအေနနဲ႕ အဝတ္အစားေတြ ခြ်တ္ျပီး ကိုယ္တံုးလံုးနဲ႕ စားေသာက္ရတာျဖစ္ပါတယ္။

ဒီလို ဝတ္လစ္စလစ္စားေသာက္ဆိုင္ေတြကို O’Naturel လို႕ နာမည္ေပးထားျပီး ဒီလိုဆိုင္မ်ိဳး ပဲရစ္မွာ 10 ေက်ာ္ဆိုင္ရွိပါတယ္။ဒီဆိုင္ေတြမွာ လူက အျမဲတိုးေနရတာျဖစ္ျပီး ျပင္သစ္ေတြက ဒီလိုမ်ိဳးကို သေဘာက်သလို ႏိုင္ငံျခားခရီးသြားေတြပါ ဝင္ေရာက္ စားေသာက္က်တာျဖစ္ပါတယ္။

ဒီလို အၾကံဥာဏ္ကို စီးပြားေရးသမားေတြျဖစ္တဲ့ Mike နဲ႕ Stephane Saadaဆိုတဲ့ ညီအစ္ကို ႏွစ္ေယာက္က ရတာျဖစ္ျပီး အခုဆို ပဲရစ္မွာ ေပၚျပဴလာအျဖစ္ဆံုး စားေသာက္ဆိုင္ျဖစ္ပါတယ္။ကမ္းေျခေတြမွာ ဝတ္လစ္စလစ္ေနတာ သူတို႕လူမ်ိဳးအတြက္ မထူးဆန္းသလို ဒီလို စားေသာက္ဆိုင္မွာ အဝတ္ခြ်တ္လိုက္လို႕လဲ ဘာမွ မေျပာင္းလဲသြားပါဘူး။

O’Naturel မွာ ညစာစားသူေတြဟာ စံုတြဲေတြ လင္မယားေတြျဖစ္ျပီး တခါတဆေလ အေပါင္းအသင္း အုပ္စုေတြလဲ လာတတ္ပါတယ္။အဝတ္အစားေတြကို ခြ်တ္ျပီး သတ္မွတ္ထားတဲ့ ဘီဒိုထဲထည့္ကာ ဖုန္းေတြပါ ထားခဲ့ရတာျဖစ္ပါတယ္။အေၾကာင္းကေတာ့ လူႏွစ္ဦး လူအမ်ားစု ဘာပကာသန ဘယ္လို အေပၚယံေတြမွ မပါပဲ တေျပးညီေတြ႔ဆံုတဲ့ ညစာစားပြဲလို သရုပ္ေဖာ္တာျဖစ္ျပီး လိင္အေငြ႔အသက္ တစက္မွ မပါဝင္ပါဘူး။

ဒီစားေသာက္ဆိုင္ပိုင္ရွင္ေတြကိုပဲ အဝတ္နဲ႕ ျမင္ရမွာျဖစ္ျပီး က်န္တဲ့သူေတြအားလံုးဟာ အဝတ္ဗလာျဖစ္ပါတယ္။သူတို႕ဟာ စားသံုးသူအေပၚ အာရုံစိုက္မႈ မရွိၾကသလို စားသံုးသူေတြကလည္း ရွက္ရြံျခင္းမ်ိဳး မရွိဘူးလို႕ ဆိုပါတယ္။ဝယ္သူျခင္းလဲ တေယာက္နဲက တေယာက္ ရုိင္းျပတဲ့ အၾကည့္ေတာင္မရွိပဲ ဒါဟာ ေျပာင္းလဲမႈတရပ္အေနနဲ႔ ကမာၻဦးကို ျပန္သြားရသလိုပဲလို႕ ဆိုပါတယ္။

ေန႕စဥ္ လာေရာက္သူေတြမွာ 60 % က အမ်ိဳးသားျဖစ္ျပီး 40% က အမ်ိဳးသမီးေတြျဖစ္ပါတယ္။

သတင္းဌာနတခုရဲ႕ စံုစမ္းမႈမွာလည္း အေမရိကားနဲ႕ ဥေရာပဘက္ထိ ဒီလိုဆိုင္မ်ိဳး ေျခဆန္႕သြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #

လူတွေမှာ နေရာဒေသကို လိုက်ပြီး အကြောင်းအရာ အတွေးအခေါ် အယူအဆတွေ ပြောင်းလဲနေတတ်ပါတယ်။အခုလဲ ပြင်သစ်မှာ ထူးခြားစွာ ဝတ်လစ်စလစ် စားသောက်ဆိုင်ကို ဖွင့်ပြီး စားပွဲထိုးဝန်ထမ်းရော လာစားသုံးသူတွေပါ ဝတ်လစ်စလစ်ဖြစ်ပါတယ်။

ကိုယ်တုံးလုံးနဲ့ စားသောက်ရတဲ့ ညစာစားပွဲကို ပြင်သစ်တွေက ထွင်ပြီး စားသောက်ဆိုင်ကို အာရုံစိုက်မှုမြင့်မားအောင် လုပ်တာဖြစ်ပါတယ်။လာရောက်စားသောက်သူတွေအနေနဲ့ အဝတ်အစားတွေ ချွတ်ပြီး ကိုယ်တုံးလုံးနဲ့ စားသောက်ရတာဖြစ်ပါတယ်။

ဒီလို ဝတ်လစ်စလစ်စားသောက်ဆိုင်တွေကို O’Naturel လို့ နာမည်ပေးထားပြီး ဒီလိုဆိုင်မျိုး ပဲရစ်မှာ 10 ကျော်ဆိုင်ရှိပါတယ်။ဒီဆိုင်တွေမှာ လူက အမြဲတိုးနေရတာဖြစ်ပြီး ပြင်သစ်တွေက ဒီလိုမျိုးကို သဘောကျသလို နိုင်ငံခြားခရီးသွားတွေပါ ဝင်ရောက် စားသောက်ကျတာဖြစ်ပါတယ်။

ဒီလို အကြံဉာဏ်ကို စီးပွားရေးသမားတွေဖြစ်တဲ့ Mike နဲ့ Stephane Saadaဆိုတဲ့ ညီအစ်ကို နှစ်ယောက်က ရတာဖြစ်ပြီး အခုဆို ပဲရစ်မှာ ပေါ်ပြူလာအဖြစ်ဆုံး စားသောက်ဆိုင်ဖြစ်ပါတယ်။ကမ်းခြေတွေမှာ ဝတ်လစ်စလစ်နေတာ သူတို့လူမျိုးအတွက် မထူးဆန်းသလို ဒီလို စားသောက်ဆိုင်မှာ အဝတ်ချွတ်လိုက်လို့လဲ ဘာမှ မပြောင်းလဲသွားပါဘူး။

O’Naturel မှာ ညစာစားသူတွေဟာ စုံတွဲတွေ လင်မယားတွေဖြစ်ပြီး တခါတဆလေ အပေါင်းအသင်း အုပ်စုတွေလဲ လာတတ်ပါတယ်။အဝတ်အစားတွေကို ချွတ်ပြီး သတ်မှတ်ထားတဲ့ ဘီဒိုထဲထည့်ကာ ဖုန်းတွေပါ ထားခဲ့ရတာဖြစ်ပါတယ်။အကြောင်းကတော့ လူနှစ်ဦး လူအများစု ဘာပကာသန ဘယ်လို အပေါ်ယံတွေမှ မပါပဲ တပြေးညီတွေ့ဆုံတဲ့ ညစာစားပွဲလို သရုပ်ဖော်တာဖြစ်ပြီး လိင်အငွေ့အသက် တစက်မှ မပါဝင်ပါဘူး။

ဒီစားသောက်ဆိုင်ပိုင်ရှင်တွေကိုပဲ အဝတ်နဲ့ မြင်ရမှာဖြစ်ပြီး ကျန်တဲ့သူတွေအားလုံးဟာ အဝတ်ဗလာဖြစ်ပါတယ်။သူတို့ဟာ စားသုံးသူအပေါ် အာရုံစိုက်မှု မရှိကြသလို စားသုံးသူတွေကလည်း ရှက်ရွံခြင်းမျိုး မရှိဘူးလို့ ဆိုပါတယ်။ဝယ်သူခြင်းလဲ တယောက်နဲက တယောက် ရိုင်းပြတဲ့ အကြည့်တောင်မရှိပဲ ဒါဟာ ပြောင်းလဲမှုတရပ်အနေနဲ့ ကမ္ဘာဦးကို ပြန်သွားရသလိုပဲလို့ ဆိုပါတယ်။

နေ့စဉ် လာရောက်သူတွေမှာ 60 % က အမျိုးသားဖြစ်ပြီး 40% က အမျိုးသမီးတွေဖြစ်ပါတယ်။

သတင်းဌာနတခုရဲ့ စုံစမ်းမှုမှာလည်း အမေရိကားနဲ့ ဥရောပဘက်ထိ ဒီလိုဆိုင်မျိုး ခြေဆန့်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top