ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သရုပ္ေဆာင္ အကယ္ဒမီမင္္းသမီးေလး စိုးျပည့္သဇင္ကေတာ့ သူ႔ရဲ႕ fb စာမ်က္ႏွာေပၚမွာ Post တစ္ခုတင္ထားပါတယ္။ ေဟာေျပာပြဲေလးတခုမွာၾကားဖူးတဲ့ ပံုျပင္ေလးတစ္ပုဒ္ေျပာျပမယ္ေနာ္ဆုိၿပီး အစျပဳၿပီး ကင္းၿမွီးေကာက္ ပံုျပင္အေၾကာင္းကို အခုလို ေျပာျပထားပါတယ္။

ေဟာေျပာပြဲေလးတခုမွာၾကားဖူးတဲ့ပံုျပင္ေလးတစ္ပုဒ္ေျပာျပမယ္ေနာ္…..တခါကမိန္းကေလးငယ္ေလးႏွစ္ေယာက္ေတာထဲမွာလမ္းေလွ်ာက္လာၾကတယ္……အဲ့ခ်ိန္မွာေခ်ာင္းထဲက်ေတာ့မဲ့ကင္းႃမွီးေကာက္ေလးတေကာင္ကိုေကာင္မေလးကျမင္သြားေတာ့သြားကယ္တာေပါ့ေနာ္…..လက္ေလးနဲ႔တင္ၿပီးကယ္လိုက္တယ္တဲ့ကုန္းေပၚလည္းေရာက္ေရာကင္းႃမွီးေကာက္ဟာအဆိပ္ဂွိတဲ့သူရဲ႕အႃမွီးခၽြန္နဲ႔ထိုးသြားတာေပါ့ေလ….ေကာင္မေလးဟာနာက်င္ၿပီးက်န္ခဲ့တာေပါ့ ဒါေပမယ့္ဘာမွမေျပာပါဘူး……ခရီးဆက္သြားၾကတယ္…ေနာက္တေနရာမွာလည္း…..ဒီလိုဘဲကင္းႃမွီးေကာက္ေလးေရထဲက်ခါနီးသြားေတြ႕ျပန္တယ္သူထပ္ကယ္တယ္….အသက္ေဘးကလည္းလြတ္ေရာသူ႔လက္ကိုအႃမွီးနဲ႔တုပ္သြားျပန္တယ္…..

ဒီတခါမွာေတာ့သူ႔ေဘးကအတူပါလာတဲ့အေဖာ္ေကာင္မေလးကစိတ္ပ်က္စြာေျပာေတာ့တယ္…..နင္ဟာအမွတ္မရွိဘူး……ကိုယ္ဘယ္ေလာက္ေကာင္းေကာင္းကိုယ့္ကိုျပန္လည္ရန္ျပဳသြားတဲ့ေက်းဇူးမသိတတ္သူေတြကိုဘာလို႔ကယ္တာလဲတဲ့……..ေကာင္မေလးဘာမွမေျပာဘဲျပံဳးၿပီးနားေထာင္တယ္……

ခဏၾကာေတာ့ေကာင္မေလးျပန္ေျပာတဲ့စကားက…..ကင္းႃမွီးေကာက္ဆိုတာဘာလုပ္တတ္လဲတဲ့………

ကင္းႃမွီးေကာက္ဆိုတဲ့အတိုင္းသူ႔အက်င့္သူ႔စ႐ိုက္သူ႔ဗီဇအတိုင္းသူ႔အလုပ္သူလုပ္မွာဘဲ…….သူကကင္းႃမွီးေကာက္မိုလိ့ုကင္းႃမွီးေကာက္အလုပ္လုပ္တာ……ငါကလူေလတဲ့…..လူဆိုတာလူ႔အလုပ္ဘဲလုပ္တယ္တဲ့………

ဒီလိုပါဘဲေလာကမွာကိုယ္ဘယ္ေလာက္ေကာင္းေကာင္းကိုယ့္အေပၚမွာေစတနာနဲ႔မတန္ေအာင္ရန္ျပဳသြားတဲ့သူေတြအမ်ားႀကီးပါဘဲ……ဒါဟာကင္းႃမွီးေကာက္လိုလူမ်ိဳးေတြပါဘဲ……

ဒီလိုလူေတြနဲ႔တနး္မညွိခ်င္ပါနဲ႔…..ကိုယ့္ကိုကိုယ္သာလူပီသတဲ့လူျဖစ္ဖို႔ႀကိဳးစားပါ….ေစတနာမပ်က္သြားပါနဲ႔ေနာ္…..လူနဲ႔ကင္းႃမွီးေကာက္ဆိုတာအဆင့္ခ်င္းကြာပါတယ္ေလေနာ္…..လူ႔အသိဉာဏ္ရွိတဲ့လူတစ္ေယာက္ဘဲျဖစ္ခ်င္တာမို႔………ႀကိဳးစားလ်က္🙏🙏🙏 SPTZ…” ဆိုၿပီး တင္ထားပါတယ္။ Post ရဲ႕ ေအာက္မွာေတာ့ သရုပ္ေဆာင္မင္းသား ခန္႔စည္သူနဲ႔ အဆုိေတာ္ ေကာ္နီတို႔က ၀င္မန္႔ၿပီး စိုးျပည့္ကို ေထာက္ခံအားေပးထားတာ ေတြ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #

သရုပ်ဆောင် အကယ်ဒမီမင်းသမီးလေး စိုးပြည့်သဇင်ကတော့ သူ့ရဲ့ fb စာမျက်နှာပေါ်မှာ Post တစ်ခုတင်ထားပါတယ်။ ဟောပြောပွဲလေးတခုမှာကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်ဆိုပြီး အစပြုပြီး ကင်းမြှီးကောက် ပုံပြင်အကြောင်းကို အခုလို ပြောပြထားပါတယ်။

ဟောပြောပွဲလေးတခုမှာကြားဖူးတဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်…..တခါကမိန်းကလေးငယ်လေးနှစ်ယောက်တောထဲမှာလမ်းလျှောက်လာကြတယ်……အဲ့ချိန်မှာချောင်းထဲကျတော့မဲ့ကင်းမြှီးကောက်လေးတကောင်ကိုကောင်မလေးကမြင်သွားတော့သွားကယ်တာပေါ့နော်…..လက်လေးနဲ့တင်ပြီးကယ်လိုက်တယ်တဲ့ကုန်းပေါ်လည်းရောက်ရောကင်းမြှီးကောက်ဟာအဆိပ်ဂှိတဲ့သူရဲ့အမြှီးချွန်နဲ့ထိုးသွားတာပေါ့လေ….ကောင်မလေးဟာနာကျင်ပြီးကျန်ခဲ့တာပေါ့ ဒါပေမယ့်ဘာမှမပြောပါဘူး……ခရီးဆက်သွားကြတယ်…နောက်တနေရာမှာလည်း…..ဒီလိုဘဲကင်းမြှီးကောက်လေးရေထဲကျခါနီးသွားတွေ့ပြန်တယ်သူထပ်ကယ်တယ်….အသက်ဘေးကလည်းလွတ်ရောသူ့လက်ကိုအမြှီးနဲ့တုပ်သွားပြန်တယ်…..

ဒီတခါမှာတော့သူ့ဘေးကအတူပါလာတဲ့အဖော်ကောင်မလေးကစိတ်ပျက်စွာပြောတော့တယ်…..နင်ဟာအမှတ်မရှိဘူး……ကိုယ်ဘယ်လောက်ကောင်းကောင်းကိုယ့်ကိုပြန်လည်ရန်ပြုသွားတဲ့ကျေးဇူးမသိတတ်သူတွေကိုဘာလို့ကယ်တာလဲတဲ့……..ကောင်မလေးဘာမှမပြောဘဲပြုံးပြီးနားထောင်တယ်……

ခဏကြာတော့ကောင်မလေးပြန်ပြောတဲ့စကားက…..ကင်းမြှီးကောက်ဆိုတာဘာလုပ်တတ်လဲတဲ့………

ကင်းမြှီးကောက်ဆိုတဲ့အတိုင်းသူ့အကျင့်သူ့စရိုက်သူ့ဗီဇအတိုင်းသူ့အလုပ်သူလုပ်မှာဘဲ…….သူကကင်းမြှီးကောက်မိုလိ့ုကင်းမြှီးကောက်အလုပ်လုပ်တာ……ငါကလူလေတဲ့…..လူဆိုတာလူ့အလုပ်ဘဲလုပ်တယ်တဲ့………

ဒီလိုပါဘဲလောကမှာကိုယ်ဘယ်လောက်ကောင်းကောင်းကိုယ့်အပေါ်မှာစေတနာနဲ့မတန်အောင်ရန်ပြုသွားတဲ့သူတွေအများကြီးပါဘဲ……ဒါဟာကင်းမြှီးကောက်လိုလူမျိုးတွေပါဘဲ……

ဒီလိုလူတွေနဲ့တန်းမညှိချင်ပါနဲ့…..ကိုယ့်ကိုကိုယ်သာလူပီသတဲ့လူဖြစ်ဖို့ကြိုးစားပါ….စေတနာမပျက်သွားပါနဲ့နော်…..လူနဲ့ကင်းမြှီးကောက်ဆိုတာအဆင့်ချင်းကွာပါတယ်လေနော်…..လူ့အသိဉာဏ်ရှိတဲ့လူတစ်ယောက်ဘဲဖြစ်ချင်တာမို့………ကြိုးစားလျက်🙏🙏🙏 SPTZ…” ဆိုပြီး တင်ထားပါတယ်။ Post ရဲ့ အောက်မှာတော့ သရုပ်ဆောင်မင်းသား ခန့်စည်သူနဲ့ အဆိုတော် ကော်နီတို့က ဝင်မန့်ပြီး စိုးပြည့်ကို ထောက်ခံအားပေးထားတာ တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top