ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အဆုတ္ကင္ဆာက ကင္ဆာေရာဂါေတြထဲမွာဆိုရင္ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးေရာ အျဖစ္မ်ားတဲ့ ေရာဂါျဖစ္ေနပါၿပီ။

အဆုတ္ကင္ဆာက အေစာပိုင္းမွာ ကုသရင္ေတာ့ ပိုၿပီး ထိေရာက္မႈ ရွိတာေၾကာင့္ အဆုတ္ကင္ဆာရဲ႕ အေစာပိုင္း လကၡဏာေတြကို ေ၀မွ်လိုက္ပါတယ္။

ေခ်ာင္းဆိုးေသြးပါျခင္း

ေခ်ာင္းဆိုးတဲ့အခ်ိန္မွာ ေသြးပါတာက ေကာင္းတဲ့ လကၡဏာမဟုတ္ပါဘူး။ ဒါေၾကာင့္ ေသြးပါရင္ ဆရာ၀န္ဆီ ခ်က္ျခင္းသြားျပသင့္ပါတယ္။ ေခ်ာင္းဆိုးေသြးပါတိုင္းလည္း ကင္ဆာ လကၡဏာမဟုတ္ေပမယ့္ တျခား ျပင္းထန္တဲ့ေရာဂါမ်ိဳးေတြလည္း ရွိႏိုင္တာေၾကာင့္ ေဆးခန္းသြားျပသင့္ပါတယ္။

ရင္ဘတ္ေအာင့္ျခင္း

ရင္ဘတ္၊ ေနာက္ေက်ာ နဲ႔ ပခံုးေတြ ေအာင့္ေနၿပီး မေပ်ာက္သြားရင္ သတိထားသင့္ပါတယ္။ ေခ်ာင္းဆိုး၊ ရယ္ေမာ၊ အသက္ျပင္းျပင္းရွဴလိုက္ရင္ ပိုၿပီး ေအာင့္လာတတ္ပါတယ္။

“နာေနတဲ့ေနရာက အက်ိတ္ရွိေနတတ္တယ္”လို႔ နယူးေယာက္ၿမိဳ႕မွာရွိတဲ့ Icahn School of Medicine တကၠသိုလ္မွ ခြဲစိတ္ဆရာ၀န္နဲ႔ ပါေမာကၡ ေဒါက္တာ Flores က ေျပာပါတယ္။

ဒါေၾကာင့္ နာက်င္မႈကို ခံစားရရင္ တတ္ကၽြမ္းတဲ့ ဆရာ၀န္နဲ႔ ျပသဖို႔လိုပါတယ္။

နာတာရွည္ ေခ်ာင္းဆိုးျခင္း

ေခ်ာင္းဆိုးတာက ရာသီဥတုေၾကာင့္ အလက္ဂ်စ္ေၾကာင့္၊ ေရသီးတာေၾကာင့္ ျဖစ္တတ္ေပမယ့္ အၿမဲလိုလို ေခ်ာင္းဆိုးေနရင္ အဆုတ္ကင္ဆာလည္းျဖစ္ႏိုင္ပါတယ္။ ေခ်ာင္းဆိုးတယ္ဆိုတာ ခႏၶာကိုယ္ထဲမွာ တစ္ခုခု၀င္ေရာက္ေနတာေၾကာင့္ ခႏၶာကိုယ္က ဖယ္ရွားဖို႔ ႀကိဳးစားေနတာပါ။

အသက္ရွဴ ခက္ခဲျခင္း

အသက္ရွဴမ၀ျခင္း၊ အသက္ရွဴခက္ခဲျခင္းက အက်ိတ္က ေလျပႊန္ေတြ သြားေရာက္ပိတ္ဆို႔ေနတတ္ပါတယ္။ ကင္ဆာက အဆုတ္မွာ စတင္ျဖစ္ေနရင္ ရင္ဘတ္ထဲမွာ အရည္ေတြျဖစ္ေစၿပီး ရင္ဘတ္ထဲမွာ အရည္ ၃ လီတာ၊ ၄ လီတာေလာက္ကို ထိန္းသိမ္းထားႏိုင္ေပမယ့္ လံုး၀ျပည့္သြားရင္ အဆုတ္က ေလလံုလံုေလာက္ေလာက္မရရွိေတာ့ပါဘူး။ ဒါ့ေၾကာင့္ အသက္ရွဴမ၀၊ အသက္ရွဴရ ခက္ခဲတာတို႔ ျဖစ္ေစပါတယ္။

ပင္ပန္းႏြမ္းနယ္

ခါတိုင္းလုပ္ေနက်ပံုစံအတိုင္းလုပ္ေနတာေတာင္ ပင္ပန္းေနတယ္ဆိုရင္ သတိထားသင့္ပါတယ္။ ကိုယ္အေလးခ်ိန္ က်သြားတာ၊ ထမင္းမစားခ်င္တာေတြကလည္း အဆုတ္ကင္ဆာရဲ႕ လကၡဏာေတြပါ။ ေဆးလိပ္ေသာက္သံုးတာ၊ ကင္ဆာ မ်ိဳးရိုးရွိတာေတြကလည္း အဆုတ္ကင္ဆာျဖစ္ပြားႏိုင္ေခ်ကိုျမင့္တက္ေစပါတယ္။

ပန္းနာရင္ၾကပ္

ငယ္စဥ္က ပန္းနာရင္ၾကပ္ျဖစ္ပြားဖူးတဲ့ ကေလးေတြအေနနဲ႔ အဆုတ္ကင္ဆာကို အၿမဲလိုလို သတိထား စစ္ေဆးသင့္ပါတယ္။ အသက္ႀကီးမွ ပန္းနာရင္ၾကပ္ျဖစ္တဲ့သူေတြကလည္း အဆုတ္မွာ အက်ိတ္ရွိမရွိကုိ စစ္ေဆးသင့္ပါတယ္။

တစ္ကိုယ္လံုး နာက်င္

အဆုတ္ကင္ဆာက အမ်ားအားျဖင့္ အေစာပိုင္းမွာ သိသာထင္ရွားတဲ့ လကၡဏာ ျပေလ့မရွိပါဘူး။ ေခါင္းကိုက္၊ ေခါင္းမူး၊ ေျခလက္ေတြ ထံုက်င္ေနရင္ ကင္ဆာဆဲလ္ေတြက ဦးေႏွာက္နဲ႔ ခါးရိုးကို ပြားေနတတ္ပါတယ္။ အေရျပားနဲ႔မ်က္လံုးေတြ ၀ါေနရင္ အဆုတ္ကို ပြားသြားတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myfoodmyanmar

#Unicode Version#

အဆုတ်ကင်ဆာက ကင်ဆာရောဂါတွေထဲမှာဆိုရင် အမျိုးသားရော၊ အမျိုးသမီးရော အဖြစ်များတဲ့ ရောဂါဖြစ်နေပါပြီ။

အဆုတ်ကင်ဆာက အစောပိုင်းမှာ ကုသရင်တော့ ပိုပြီး ထိရောက်မှု ရှိတာကြောင့် အဆုတ်ကင်ဆာရဲ့ အစောပိုင်း လက္ခဏာတွေကို ဝေမျှလိုက်ပါတယ်။

ချောင်းဆိုးသွေးပါခြင်း

ချောင်းဆိုးတဲ့အချိန်မှာ သွေးပါတာက ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါကြောင့် သွေးပါရင် ဆရာဝန်ဆီ ချက်ခြင်းသွားပြသင့်ပါတယ်။ ချောင်းဆိုးသွေးပါတိုင်းလည်း ကင်ဆာ လက္ခဏာမဟုတ်ပေမယ့် တခြား ပြင်းထန်တဲ့ရောဂါမျိုးတွေလည်း ရှိနိုင်တာကြောင့် ဆေးခန်းသွားပြသင့်ပါတယ်။

ရင်ဘတ်အောင့်ခြင်း

ရင်ဘတ်၊ နောက်ကျော နဲ့ ပခုံးတွေ အောင့်နေပြီး မပျောက်သွားရင် သတိထားသင့်ပါတယ်။ ချောင်းဆိုး၊ ရယ်မော၊ အသက်ပြင်းပြင်းရှူလိုက်ရင် ပိုပြီး အောင့်လာတတ်ပါတယ်။

“နာနေတဲ့နေရာက အကျိတ်ရှိနေတတ်တယ်”လို့ နယူးယောက်မြို့မှာရှိတဲ့ Icahn School of Medicine တက္ကသိုလ်မှ ခွဲစိတ်ဆရာဝန်နဲ့ ပါမောက္ခ ဒေါက်တာ Flores က ပြောပါတယ်။

ဒါကြောင့် နာကျင်မှုကို ခံစားရရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။

နာတာရှည် ချောင်းဆိုးခြင်း

ချောင်းဆိုးတာက ရာသီဥတုကြောင့် အလက်ဂျစ်ကြောင့်၊ ရေသီးတာကြောင့် ဖြစ်တတ်ပေမယ့် အမြဲလိုလို ချောင်းဆိုးနေရင် အဆုတ်ကင်ဆာလည်းဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ တစ်ခုခုဝင်ရောက်နေတာကြောင့် ခန္ဓာကိုယ်က ဖယ်ရှားဖို့ ကြိုးစားနေတာပါ။

အသက်ရှူ ခက်ခဲခြင်း

အသက်ရှူမဝခြင်း၊ အသက်ရှူခက်ခဲခြင်းက အကျိတ်က လေပြွှန်တွေ သွားရောက်ပိတ်ဆို့နေတတ်ပါတယ်။ ကင်ဆာက အဆုတ်မှာ စတင်ဖြစ်နေရင် ရင်ဘတ်ထဲမှာ အရည်တွေဖြစ်စေပြီး ရင်ဘတ်ထဲမှာ အရည် ၃ လီတာ၊ ၄ လီတာလောက်ကို ထိန်းသိမ်းထားနိုင်ပေမယ့် လုံးဝပြည့်သွားရင် အဆုတ်က လေလုံလုံလောက်လောက်မရရှိတော့ပါဘူး။ ဒါ့ကြောင့် အသက်ရှူမဝ၊ အသက်ရှူရ ခက်ခဲတာတို့ ဖြစ်စေပါတယ်။

ပင်ပန်းနွမ်းနယ်

ခါတိုင်းလုပ်နေကျပုံစံအတိုင်းလုပ်နေတာတောင် ပင်ပန်းနေတယ်ဆိုရင် သတိထားသင့်ပါတယ်။ ကိုယ်အလေးချိန် ကျသွားတာ၊ ထမင်းမစားချင်တာတွေကလည်း အဆုတ်ကင်ဆာရဲ့ လက္ခဏာတွေပါ။ ဆေးလိပ်သောက်သုံးတာ၊ ကင်ဆာ မျိုးရိုးရှိတာတွေကလည်း အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေကိုမြင့်တက်စေပါတယ်။

ပန်းနာရင်ကြပ်

ငယ်စဉ်က ပန်းနာရင်ကြပ်ဖြစ်ပွားဖူးတဲ့ ကလေးတွေအနေနဲ့ အဆုတ်ကင်ဆာကို အမြဲလိုလို သတိထား စစ်ဆေးသင့်ပါတယ်။ အသက်ကြီးမှ ပန်းနာရင်ကြပ်ဖြစ်တဲ့သူတွေကလည်း အဆုတ်မှာ အကျိတ်ရှိမရှိကို စစ်ဆေးသင့်ပါတယ်။

တစ်ကိုယ်လုံး နာကျင်


အဆုတ်ကင်ဆာက အများအားဖြင့် အစောပိုင်းမှာ သိသာထင်ရှားတဲ့ လက္ခဏာ ပြလေ့မရှိပါဘူး။ ခေါင်းကိုက်၊ ခေါင်းမူး၊ ခြေလက်တွေ ထုံကျင်နေရင် ကင်ဆာဆဲလ်တွေက ဦးနှောက်နဲ့ ခါးရိုးကို ပွားနေတတ်ပါတယ်။ အရေပြားနဲ့မျက်လုံးတွေ ဝါနေရင် အဆုတ်ကို ပွားသွားတတ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top