ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အသက္ ၅ ႏွစ္အရြယ္ ဟာနာယာစူတာေက ဆိုသူမိန္းကေလးငယ္ဟာ မိခင္ကိုယ္စား သူရဲ႕ဖခင္ကို ျပဳစုေစာင့္ေရွာက္ဖို႔အတြက္ အိမ္မႈကိစၥေတြ လုပ္ေနရပါတယ္။

ျဖစ္စဥ္မွာ ဟာနာရဲ႕ မိခင္ျဖစ္သူ ခ်ိဳင္ ဟာ သူမကင္ဆာေရာဂါေၾကာင့္ မၾကာမီ ေသဆံုးရေတာ့မည္ျဖစ္တာေၾကာင့္ သူမေသခင္ သူ၏သမီးေလး သူ႔ဟာသူ အသက္ရွင္ႏိုင္ေရးအတြက္ ခ်က္ျပဳနည္းသိေစခ်င္ခဲ့တာပါ။

“ ဟာနာခ်မ္းေရ သမီးဘ၀မွာခ်က္ျပဳပ္နည္း သိဖို႔အရမ္းအေရးႀကီးတယ္ေနာ္။ အိမ္တြင္းအလုပ္ေတြကို ဘယ္လိုလုပ္ရမယ္၊ မီးဖိုေခ်ာင္သံုးဓားေတြကို ဘယ္လိုသံုးရမယ္ ဆိုတာကအစ မာမီးသင္ေပးမယ္ေနာ္။ သမီးရဲ႕ပညာေရးဟာ ဒီအလုပ္ေတြကၽြမ္းကၽြမ္းက်င္က်င္ မလုပ္တတ္ဘဲ မျပည့္စံုႏိုင္ပါဘူး။ သမီးရဲ႕ဘ၀မွာ အမီွအခိုကင္းမဲ့ၿပီး က်န္းမာသန္စြမ္းေနသေရႊ႕ ဘယ္ေနရာသြားသြား ထမင္းမငတ္ေတာ့ဘူးေပါ့။” ဟု သူ႔ရဲ႕ဘေလာက္ထဲမွာ သူမေျပာခဲ့တာပါ။

“ ကၽြန္မမွာကင္ဆာေရာဂါရိွသည္ျဖစ္ပါေစ၊ မရိွသည္ျဖစ္ပါေစ ကၽြန္မအရင္ေသရမွာဘဲ လို႔ထင္ပါတယ္။ တစ္ျခားနည္းလမ္းေတာ့ မျဖစ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ ေနာင္တမရိွ ကၽြန္မေသသြားဖို႔ ျဖစ္ပါတယ္။” ဆိုၿပီး ခိ်ဳင္ကသူေရးခဲ့ထားတဲ့စာထဲမွာ ေျပာထားပါတယ္။

“ သူ႔ကိုယ္သူအတက္ႏိူင္ဆံုး လုပ္ႏိုင္ေအာင္ ကၽြန္မသမီးကို ကၽြန္မပံုသြင္းခ်င္တာပါ။ တစ္ေန႔က်ရင္ သူမ အမီအခိုကင္းမဲ့ၿပီး သူကံၾကမၼာ သူဖန္တီးတက္လာေအာင္ ကၽြန္မသူ႕ကို ကူညီျခင္တာပါ” ဟု ခိ်ဳင္ဘေလာက္မွ တစ္ျခားမွတ္တမ္း တစ္ခုကေျပာခဲ့တာပါ။

၂၀၀၈ တြင္ ခိ်ဳင္ဟာ သူ၏ခင္ပြန္း ႏွင့္ ၅ ႏွစ္အရြယ္သူ၏ သမီးေလး ဟာနာတို႔ကို ထားခဲ့ကာ ေသဆံုးသြားပါတယ္။

သူ႔မိခင္သင္ထားေပးခဲ့သမွ်အားလံုး သူေကာင္းေကာင္းမွတ္မိတယ္။ ေသဆံုးၿပီးသြားေသာ သူ၏ဆရာသမားလည္းျဖစ္ မိခင္လည္းျဖစ္ေသာ သူ႕မာမီထံ အခုလို စာေရးလိုက္ပါတယ္။

“ သမီးေမေမ့ကို ေျပာစရာတစ္ခုရိွတယ္။ သမီးအရာအားလံုးတက္စြမ္းႏိုင္ပါၿပီ။ ေမေမ အံ့ၾသမသြားဘူးလား။ သမီးငိုမေနေတာ့ပါဘူးအေမ။ သမီးအေကာင္းဆံုးလုပ္ေနပါတယ္။”

ဟာနာဟာ သူေက်ာင္းမသြားခင္ သူ႔ရဲ႕အိမ္ေမြးေခြးကို အစာေကၽြး၊ သူနဲ႔အတူလမ္းေလွ်ာက္ ၿပီးေနာက္ စႏၵယားသင္ခန္းစာေတြကို လုပ္ပါတယ္။
ေက်ာင္းမွအိမ္ကို ျပန္ေရာက္လာရင္ ေရာက္ေရာက္ခ်င္း ဟာနာဟာ အ၀တ္ေတြေလွ်ာ္၊ ေၿခာက္ၿပီးသားအ၀တ္ေတြကိုေခါက္၊ ေရခ်ိဴးကန္ႏွင့္ အိမ္ကို သန္႔ရွင္းေရးလုပ္၊ ေနာက္ၿပီး သူ၏ဖခင္အတြက္ ထမင္းခ်က္ေပးရပါတယ္။

ဤအရာေတြက ဟာနာ၏ဖခင္ ရွင္ငို အား “ Hana-chan No miso Shiru” ဟုအမည္ရေသာ စာအုပ္တစ္အုပ္ေရးသားရန္ လံႈ႕ေဆာ္ခဲ့ပါတယ္။ ၄င္းစာအုပ္ဟာ ယခုဆိုရင္ ဂ်ပန္ႏိုင္ငံမွာ ေရာင္းရအေကာင္းဆံုး စာအုပ္တစ္အုပ္ျဖစ္လာၿပီး အဆုိပါစာအုပ္အမည္နဲ႔ဘဲ ရုပ္ရွင္ရိုက္ကူးဖို႔အဆင့္ထိေတာင္ ေရာက္သြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nang May Ei
#Unicode Version#
 အသက် ၅ နှစ်အရွယ် ဟာနာယာစူတာကေ ဆိုသူမိန်းကလေးငယ်ဟာ မိခင်ကိုယ်စား သူရဲ့ဖခင်ကို ပြုစုစောင့်ရှောက်ဖို့အတွက် အိမ်မှုကိစ္စတွေ လုပ်နေရပါတယ်။

ဖြစ်စဉ်မှာ ဟာနာရဲ့ မိခင်ဖြစ်သူ ချိုင် ဟာ သူမကင်ဆာရောဂါကြောင့် မကြာမီ သေဆုံးရတော့မည်ဖြစ်တာကြောင့် သူမသေခင် သူ၏သမီးလေး သူ့ဟာသူ အသက်ရှင်နိုင်ရေးအတွက် ချက်ပြုနည်းသိစေချင်ခဲ့တာပါ။

“ ဟာနာချမ်းရေ သမီးဘဝမှာချက်ပြုပ်နည်း သိဖို့အရမ်းအရေးကြီးတယ်နော်။ အိမ်တွင်းအလုပ်တွေကို ဘယ်လိုလုပ်ရမယ်၊ မီးဖိုချောင်သုံးဓားတွေကို ဘယ်လိုသုံးရမယ် ဆိုတာကအစ မာမီးသင်ပေးမယ်နော်။ သမီးရဲ့ပညာရေးဟာ ဒီအလုပ်တွေကျွမ်းကျွမ်းကျင်ကျင် မလုပ်တတ်ဘဲ မပြည့်စုံနိုင်ပါဘူး။ သမီးရဲ့ဘဝမှာ အမှီအခိုကင်းမဲ့ပြီး ကျန်းမာသန်စွမ်းနေသရွှေ့ ဘယ်နေရာသွားသွား ထမင်းမငတ်တော့ဘူးပေါ့။” ဟု သူ့ရဲ့ဘလောက်ထဲမှာ သူမပြောခဲ့တာပါ။

“ ကျွန်မမှာကင်ဆာရောဂါရှိသည်ဖြစ်ပါစေ၊ မရှိသည်ဖြစ်ပါစေ ကျွန်မအရင်သေရမှာဘဲ လို့ထင်ပါတယ်။ တစ်ခြားနည်းလမ်းတော့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် နောင်တမရှိ ကျွန်မသေသွားဖို့ ဖြစ်ပါတယ်။” ဆိုပြီး ချိုင်ကသူရေးခဲ့ထားတဲ့စာထဲမှာ ပြောထားပါတယ်။

“ သူ့ကိုယ်သူအတက်နိူင်ဆုံး လုပ်နိုင်အောင် ကျွန်မသမီးကို ကျွန်မပုံသွင်းချင်တာပါ။ တစ်နေ့ကျရင် သူမ အမီအခိုကင်းမဲ့ပြီး သူကံကြမ္မာ သူဖန်တီးတက်လာအောင် ကျွန်မသူ့ကို ကူညီခြင်တာပါ” ဟု ချိုင်ဘလောက်မှ တစ်ခြားမှတ်တမ်း တစ်ခုကပြောခဲ့တာပါ။

၂၀၀၈ တွင် ချိုင်ဟာ သူ၏ခင်ပွန်း နှင့် ၅ နှစ်အရွယ်သူ၏ သမီးလေး ဟာနာတို့ကို ထားခဲ့ကာ သေဆုံးသွားပါတယ်။

သူ့မိခင်သင်ထားပေးခဲ့သမျှအားလုံး သူကောင်းကောင်းမှတ်မိတယ်။ သေဆုံးပြီးသွားသော သူ၏ဆရာသမားလည်းဖြစ် မိခင်လည်းဖြစ်သော သူ့မာမီထံ အခုလို စာရေးလိုက်ပါတယ်။

“ သမီးမေမေ့ကို ပြောစရာတစ်ခုရှိတယ်။ သမီးအရာအားလုံးတက်စွမ်းနိုင်ပါပြီ။ မေမေ အံ့သြမသွားဘူးလား။ သမီးငိုမနေတော့ပါဘူးအမေ။ သမီးအကောင်းဆုံးလုပ်နေပါတယ်။”

ဟာနာဟာ သူကျောင်းမသွားခင် သူ့ရဲ့အိမ်မွေးခွေးကို အစာကျွေး၊ သူနဲ့အတူလမ်းလျှောက် ပြီးနောက် စန္ဒယားသင်ခန်းစာတွေကို လုပ်ပါတယ်။
ကျောင်းမှအိမ်ကို ပြန်ရောက်လာရင် ရောက်ရောက်ချင်း ဟာနာဟာ အဝတ်တွေလျှော်၊ ခြောက်ပြီးသားအဝတ်တွေကိုခေါက်၊ ရေချိူးကန်နှင့် အိမ်ကို သန့်ရှင်းရေးလုပ်၊ နောက်ပြီး သူ၏ဖခင်အတွက် ထမင်းချက်ပေးရပါတယ်။

ဤအရာတွေက ဟာနာ၏ဖခင် ရှင်ငို အား “ Hana-chan No miso Shiru” ဟုအမည်ရသော စာအုပ်တစ်အုပ်ရေးသားရန် လှုံ့ဆော်ခဲ့ပါတယ်။ ၎င်းစာအုပ်ဟာ ယခုဆိုရင် ဂျပန်နိုင်ငံမှာ ရောင်းရအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်လာပြီး အဆိုပါစာအုပ်အမည်နဲ့ဘဲ ရုပ်ရှင်ရိုက်ကူးဖို့အဆင့်ထိတောင် ရောက်သွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nang May Ei
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top