ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

5 stars လူရႊင္ေတာ္အဖြဲ႔ဟာမိုးယံနဲ႔ေရႊလမင္းမွာ ပထမဆုရျပီးေနာက္လူရႊင္ေတာ္ ေလာကနဲ႔ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့ၾကတာလည္းျဖစ္ပါတယ္။ 5 stars လူရႊင္ေတာ္အဖြဲ႔မွာ လူရႊင္ေတာ္ (၅) ေယာက္နဲ႔ဖြဲ႔စည္းထားျပီး က်င္ဝွက္ဟာလည္း ေအာင္ျမင္ေနတဲ့ လူရႊင္ေတာ္တစ္ဦးျဖစ္လာခဲ့ပါတယ္။

သူကေတာ့ သူ႔ဘဝေလ်ွာက္လွမ္းေနရပံုနဲ႔ပတ္သက္ျပီး

“ငါတကားကိုသိန္း(30) ရတဲ့မင္းသားမဟုတ္ဖူးေလ လူေတြ…ငါဒီလိုဝတ္ထားရင္ သူတို႔ကအစစ္ေတြဝတ္ထားတယ္ထင္ေနၾကတယ္ ဘယ္လိုလုပ္အစစ္ဝတ္ႏိုင္မွာလဲ အတုေတြနဲ႔အလုပ္လုပ္ရတာ တခါတေလကားစီးဘာညာဆို ကားကလည္း အရစ္က်နဲ႔စီးတာေလ အေၾကြးေတြအမ်ားၾကီးက်န္ေသးတယ္ ဘယ္လိုလုပ္မလဲ လူေတြအျမင္ကတမ်ိဳး ဒါေပမယ့္ သူတို႔အျမင္က နိမိတ္ေကာင္းပါတယ္ ေက်းဇူးတင္ပါတယ္ သူတို႔ကပုပၺနိမိတ္ေပါ့ ၾကိဳတင္ျပီးေတာ့ ကိုက်င္ဝွက္ၾကီးခ်မ္းသာသြားျပီ ဆိုတာျမန္မာအယူအဆကေတာ့ အရမ္းေကာင္းတဲ့အဓိပၸါယ္ နိမိတ္ေတြ ခ်မ္းသာမွာပါ”

“ခ်မ္းသာရင္ လွဴမယ္ တန္းမယ္ မိသားစုလည္းစားမယ္ ဘုရားတည္မယ္ ေက်ာင္းေဆာက္မယ္ အဲ့ဒါေသခ်ာတယ္ ေျပးမလြတ္ဘူး တကယ္လုပ္မွာ အေျပာမဟုတ္ဘူးတကယ္ခ်မ္းသာၾကည့္ တကယ္လုပ္မွာ အခုလက္ရွိလည္း လွဴေနတန္းေနတယ္ အဖြဲ႔လိုက္လည္းလွဴတယ္ တန္းတယ္ ကိုယ္တေယာက္တည္းလည္း က်ေတာ္လွဴပါတယ္ လို႔ ဘယ္သူမွအသိမေပးဘူး ကိုယ့္ဘာသာလွဴတယ္”

“ဘာလို႔ဆို တဖက္သားကို ငါဟိုေန႔ကလွဴလိုက္ျပီကြ က်ေတာ္ဘယ္ေလာက္လွဴလိုက္တာကြ ဆိုတာ လွဴခ်င္တန္းခ်င္လို႔မဟုတ္ဖူး ဖင္ေဂါင္းက်ယ္ခ်င္လို႔ ၾကြားဝါခ်င္တဲ့စိတ္ မဟုတ္ဖူး ကိုယ္က ကိုယ့္စိတ္ထဲမွာကို လွဴခ်င္တန္းခ်င္လို႔တခါတေလ ဘယ္သူမွမသိဘူး လွဴလိုက္တာအဲ့လိုလွဴတာမ်ိဳးေတြအမ်ားၾကီးပဲ ကိုယ္ေစာင့္နတ္သိတယ္ ဘုရားသိတယ္ ရျပီ တခါတေလ ကိုယ့္မွာမရွိရင္ေတာ့ မတတ္ႏိုင္ဘူး ကိုယ္တတ္ႏိုင္တဲ့အခ်ိန္နဲ႔ ၾကံဳတဲ့ဟာကုိ လွဴေပးလိုက္တယ္ ဘယ္သူမွအကူညီမေတာင္းေတာ့ဖူး ေျမပိုင္၊ ျခံပိုင္ဘာမွမရွိေသးပါဘူး တိုက္ခန္းေပၚမွာပဲေနရေသးတာပါ မခ်မ္းသာေသးပါဘူး ဦးက်င္ဝွက္ၾကီးတေယာက္ အရမ္းခ်မ္းသာသြားျပီလို႔ေျပာတဲ့အတြက္ အရမ္းေက်းဇူးတင္ပါတယ္ လို႔သူရဲ႕ ဘဝေနထိုင္မွုပံုစံေတြကိုေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hla Taw Thar
#Unicode Version#
5 stars လူရွှင်တော်အဖွဲ့ဟာမိုးယံနဲ့ရွှေလမင်းမှာ ပထမဆုရပြီးနောက်လူရွှင်တော် လောကနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ 5 stars လူရွှင်တော်အဖွဲ့မှာ လူရွှင်တော် (၅) ယောက်နဲ့ဖွဲ့စည်းထားပြီး ကျင်ဝှက်ဟာလည်း အောင်မြင်နေတဲ့ လူရွှင်တော်တစ်ဦးဖြစ်လာခဲ့ပါတယ်။

သူကတော့ သူ့ဘဝလျှောက်လှမ်းနေရပုံနဲ့ပတ်သက်ပြီး

“ငါတကားကိုသိန်း(30) ရတဲ့မင်းသားမဟုတ်ဖူးလေ လူတွေ…ငါဒီလိုဝတ်ထားရင် သူတို့ကအစစ်တွေဝတ်ထားတယ်ထင်နေကြတယ် ဘယ်လိုလုပ်အစစ်ဝတ်နိုင်မှာလဲ အတုတွေနဲ့အလုပ်လုပ်ရတာ တခါတလေကားစီးဘာညာဆို ကားကလည်း အရစ်ကျနဲ့စီးတာလေ အကြွေးတွေအများကြီးကျန်သေးတယ် ဘယ်လိုလုပ်မလဲ လူတွေအမြင်ကတမျိုး ဒါပေမယ့် သူတို့အမြင်က နိမိတ်ကောင်းပါတယ် ကျေးဇူးတင်ပါတယ် သူတို့ကပုပ္ဗနိမိတ်ပေါ့ ကြိုတင်ပြီးတော့ ကိုကျင်ဝှက်ကြီးချမ်းသာသွားပြီ ဆိုတာမြန်မာအယူအဆကတော့ အရမ်းကောင်းတဲ့အဓိပ္ပါယ် နိမိတ်တွေ ချမ်းသာမှာပါ”

“ချမ်းသာရင် လှူမယ် တန်းမယ် မိသားစုလည်းစားမယ် ဘုရားတည်မယ် ကျောင်းဆောက်မယ် အဲ့ဒါသေချာတယ် ပြေးမလွတ်ဘူး တကယ်လုပ်မှာ အပြောမဟုတ်ဘူးတကယ်ချမ်းသာကြည့် တကယ်လုပ်မှာ အခုလက်ရှိလည်း လှူနေတန်းနေတယ် အဖွဲ့လိုက်လည်းလှူတယ် တန်းတယ် ကိုယ်တယောက်တည်းလည်း ကျတော်လှူပါတယ် လို့ ဘယ်သူမှအသိမပေးဘူး ကိုယ့်ဘာသာလှူတယ်”

“ဘာလို့ဆို တဖက်သားကို ငါဟိုနေ့ကလှူလိုက်ပြီကွ ကျတော်ဘယ်လောက်လှူလိုက်တာကွ ဆိုတာ လှူချင်တန်းချင်လို့မဟုတ်ဖူး ဖင်ဂေါင်းကျယ်ချင်လို့ ကြွားဝါချင်တဲ့စိတ် မဟုတ်ဖူး ကိုယ်က ကိုယ့်စိတ်ထဲမှာကို လှူချင်တန်းချင်လို့တခါတလေ ဘယ်သူမှမသိဘူး လှူလိုက်တာအဲ့လိုလှူတာမျိုးတွေအများကြီးပဲ ကိုယ်စောင့်နတ်သိတယ် ဘုရားသိတယ် ရပြီ တခါတလေ ကိုယ့်မှာမရှိရင်တော့ မတတ်နိုင်ဘူး ကိုယ်တတ်နိုင်တဲ့အချိန်နဲ့ ကြုံတဲ့ဟာကို လှူပေးလိုက်တယ် ဘယ်သူမှအကူညီမတောင်းတော့ဖူး မြေပိုင်၊ ခြံပိုင်ဘာမှမရှိသေးပါဘူး တိုက်ခန်းပေါ်မှာပဲနေရသေးတာပါ မချမ်းသာသေးပါဘူး ဦးကျင်ဝှက်ကြီးတယောက် အရမ်းချမ်းသာသွားပြီလို့ပြောတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် လို့သူရဲ့ ဘဝနေထိုင်မှုပုံစံတွေကိုပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hla Taw Thar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top