ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သာေကတၿမိဳ႕နယ္၊ ၁ဝ/ေျမာက္ရပ္ကြက္ရွိ ေနအိမ္တစ္လံုးတြင္ အိမ္အကူ အလုပ္လုပ္ကိုင္ေနေသာ အသက္ ၂၂ ႏွစ္အ႐ြယ္ အမ်ိဳးသမီးကို အိမ္ရွင္၏ သားျဖစ္သူ ဆရာဝန္က အဓမၼျပဳက်င့္မႈျဖင့္ ဒီဇင္ဘာလ ၁၈ ရက္ေန႔၌ ယင္းဆရာဝန္ကုိ သာေကတ နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ အေရးယူထားေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

တရားလိုျပဳ အမႈဖြင့္တုိင္ၾကားထားသူ အိမ္အကူအမ်ိဳးသမီးမွာ မေကြးတုိင္းေဒသႀကီး၊ ေရနံေခ်ာင္းၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္႐ြာတြင္ ေနထုိင္သူျဖစ္ၿပီး ယခုႏွစ္ ဇူလုိင္လမွ စတင္ကာ အခင္းျဖစ္ေနအိမ္သို႔ တစ္လလွ်င္ လုပ္အားခ က်ပ္တစ္သိန္းခြဲျဖင့္ အိမ္အကူ လာေရာက္ လုပ္ကုိင္ေနစဥ္ ေအာက္တုိဘာလ ၁၈ ရက္ ည ၁၁နာရီ ဝန္းက်င္က အိမ္ရွင္၏သားျဖစ္သူ အသက္ ၄၃ ႏွစ္ ဆရာဝန္က ၎၏ပါးစပ္ကုိ လက္ျဖင့္ပိတ္ၿပီး သားမယားအျဖစ္ အဓမၼျပဳက်င့္ခဲ့ေၾကာင္း တုိင္ၾကားခဲ့သည္။

“တုိင္ၾကားခံရတဲ့ ဆရာဝန္က အခုျဖစ္သြားတဲ့ကိစၥကုိ ငါတာဝန္ယူမယ္။ ဘယ္သူမွ အသိမေပးနဲ႔ဆုိလုိ႔ အမ်ိဳးသမီးက ဘယ္သူမွ မေျပာခဲ့ဘူးလုိ႔ ထြက္ဆုိထားတယ္။ ဒီဇင္ဘာ ၁၇ ရက္ေန႔မွာ အိမ္အကူ အမ်ိဳးသမီးက အိမ္ရွင္ထံ အလုပ္ထြက္ေတာ့မယ့္အေၾကာင္း အသိေပးၿပီး အလုပ္ထြက္ခဲ့တယ္။ ၿပီးေတာ့ တာေမြက သူ႔အေဒၚအိမ္မွာ သြားေနၿပီး ဒီျဖစ္စဥ္ကို အသိေပးခဲ့ၿပီးမွ ရဲစခန္းလာ အမႈဖြင့္ခဲ့တာ။ ဒါက တရားလုိရဲ႕ ထြက္ဆုိခ်က္ေပါ့ေနာ္။ ျဖစ္စဥ္ မွန္ မမွန္ကုိေတာ့ လက္တေလာ စံုစမ္းစစ္ေဆးေနဆဲပါ”ဟု ရဲအရာရွိက ရွင္းျပသည္။

အမႈဖြင့္တုိင္းၾကားခံသည့္ ဆရာဝန္မွာ ေဆးကုမၸဏီတစ္ခုမွ ဒါ႐ုိက္တာျဖစ္ၿပီး ၎ကို သာေကတနယ္ေျမ ရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ ဖမ္းဆီအေရးယူ၍ ယင္းအမႈကို အျမန္ဆံုး တရားစြဲတင္ႏုိင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

#Unicode Version#
သာကေတမြို့နယ်၊ ၁ဝ/မြောက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အိမ်အကူ အလုပ်လုပ်ကိုင်နေသော အသက် ၂၂ နှစ်အရွယ် အမျိုးသမီးကို အိမ်ရှင်၏ သားဖြစ်သူ ဆရာဝန်က အဓမ္မပြုကျင့်မှုဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့၌ ယင်းဆရာဝန်ကို သာကေတ နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တရားလိုပြု အမှုဖွင့်တိုင်ကြားထားသူ အိမ်အကူအမျိုးသမီးမှာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သူဖြစ်ပြီး ယခုနှစ် ဇူလိုင်လမှ စတင်ကာ အခင်းဖြစ်နေအိမ်သို့ တစ်လလျှင် လုပ်အားခ ကျပ်တစ်သိန်းခွဲဖြင့် အိမ်အကူ လာရောက် လုပ်ကိုင်နေစဉ် အောက်တိုဘာလ ၁၈ ရက် ည ၁၁နာရီ ဝန်းကျင်က အိမ်ရှင်၏သားဖြစ်သူ အသက် ၄၃ နှစ် ဆရာဝန်က ၎င်း၏ပါးစပ်ကို လက်ဖြင့်ပိတ်ပြီး သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်ကြားခဲ့သည်။

“တိုင်ကြားခံရတဲ့ ဆရာဝန်က အခုဖြစ်သွားတဲ့ကိစ္စကို ငါတာဝန်ယူမယ်။ ဘယ်သူမှ အသိမပေးနဲ့ဆိုလို့ အမျိုးသမီးက ဘယ်သူမှ မပြောခဲ့ဘူးလို့ ထွက်ဆိုထားတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အိမ်အကူ အမျိုးသမီးက အိမ်ရှင်ထံ အလုပ်ထွက်တော့မယ့်အကြောင်း အသိပေးပြီး အလုပ်ထွက်ခဲ့တယ်။ ပြီးတော့ တာမွေက သူ့အဒေါ်အိမ်မှာ သွားနေပြီး ဒီဖြစ်စဉ်ကို အသိပေးခဲ့ပြီးမှ ရဲစခန်းလာ အမှုဖွင့်ခဲ့တာ။ ဒါက တရားလိုရဲ့ ထွက်ဆိုချက်ပေါ့နော်။ ဖြစ်စဉ် မှန် မမှန်ကိုတော့ လက်တလော စုံစမ်းစစ်ဆေးနေဆဲပါ”ဟု ရဲအရာရှိက ရှင်းပြသည်။

အမှုဖွင့်တိုင်းကြားခံသည့် ဆရာဝန်မှာ ဆေးကုမ္ပဏီတစ်ခုမှ ဒါရိုက်တာဖြစ်ပြီး ၎င်းကို သာကေတနယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီအရေးယူ၍ ယင်းအမှုကို အမြန်ဆုံး တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top