ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ခြင့္လႊတ္တဲ့အခ်ိန္မွာလည္း တစ္ခါ ရွိၿပီေနာ္ ႏွစ္ခါရွိၿပီေနာ္ ဆိုၿပီး မွတ္ထားတာမ်ိဳး မဟုတ္ဘဲ လံုးဝ ေခ်ဖ်က္ႏိုင္ဖို႔ ႀကိဳးစားပါ။

မဂၤလာပြဲေလး က်င္းပၿပီးလို႔ အိမ္ေထာင္ေရးဆိုတဲ့ အခ်ိန္ကို ေရာက္သြားတဲ့အခါမွာေတာ့ လူပ်ိဳ လူလြတ္တုန္းကလို မဟုတ္ေတာ့ပါဘူးေနာ္။ ျပဳျပင္ ေျပာင္းလဲမႈကို အမ်ားႀကီး ေတြ႔ၾကံဳရၿပီဆိုတာကို လက္ခံရမွာ ျဖစ္ပါတယ္။ အိမ္ေထာင္တစ္ခုမွာ အေရးတႀကီး လိုအပ္တဲ့အရာေတြကေတာ့ အမ်ားႀကီး ရွိပါတယ္။ ဒီတစ္ခါ Marry ေျပာျပေပးခ်င္တာကေတာ့ အိမ္ေထာင္ေရးေလးရယ္လို႔ ျဖစ္လာရင္ အေရးႀကီးဆံုးအရာက ဘာလဲ ဆိုတာကို ေျပာျပေပးခ်င္ပါတယ္။ ေပ်ာ္စရာေကာင္းတဲ့ အိမ္ေထာင္ေရး ဆိုတာကေတာ့ ဘာျဖစ္မလဲ ဆိုတာကို သိထားေပးပါေနာ္။
နားလည္မႈကို အုတ္ျမစ္ခ်ပါလို႔ ဆိုခ်င္ပါတယ္

အခ်င္းခ်င္းၾကားက တည္ျမဲေနတဲ့ သံေယာဇဥ္ဆိုတာကို တည္တံ့ေနေစဖို႔ အတြက္ကေတာ့ နားလည္မႈကို အေျခခံရမွာပဲ ျဖစ္ပါတယ္။ နားလည္ေပးဖို႔ ဆိုတာကေတာ့ ေျပာရတာ လြယ္သေလာက္ တကယ္တန္း ျပဳလုပ္တဲ့အခ်ိန္မွာေတာ့ လြယ္မေယာင္နဲ႔ ခက္ခဲလွပါတယ္။ အိမ္ေထာင္တစ္ခုမွာ နားလည္မႈကို အေျခတည္ေနေအာင္ ျပဳလုပ္ပါ။

ပြင့္လင္းစြာ ေျပာဆိုပါ

ခ်စ္သူေတြ ဘဝတုန္းကဆိုရင္ ခ်စ္သူေလး အဆင္ေျပေစဖို႔၊ ျပံဳးေပ်ာ္ေစဖို႔သာ အေရးတႀကီး ျပဳလုပ္ဖို႔ လိုေပမယ့္ အိမ္ေထာင္ရယ္လို႔ ျဖစ္လာရင္ေတာ့ အရာတိုင္းကို အခ်င္းခ်င္း ပြင့္လင္းစြာ ေျပာဆိုေပးရမွာပါ။ တစ္ခုခု ေတြ႔ၾကံဳလာတဲ့အခ်ိန္မွာ တစ္ေယာက္တည္း ေျဖရွင္းဖို႔ မႀကိဳးစားပါနဲ႔။ လင္ရယ္ မယားရယ္ ျဖစ္လာတဲ့အတြက္ အခ်င္းခ်င္းၾကားက နားလည္မႈကို အေျခတည္ထားတဲ့ ဆက္ဆံေရးေလး အရ ႏွစ္ေယာက္သားၾကားမွာ ပြင့္လင္းစြာ ေျပာဆို ဆက္ဆံပါေနာ္။
ခြင့္လႊတ္လိုက္တာထက္ ေခ်ဖ်က္လိုက္ပါ

လူတစ္ကိုယ္ စိတ္တစ္မ်ိဳးမို႔လို႔ အခ်င္းခ်င္းၾကားမွာ မႀကိဳက္တာ လုပ္မိတဲ့အခ်ိန္မွာ ခြင့္လႊတ္လုိက္ပါ။ ခြင့္လႊတ္တဲ့အခ်ိန္မွာလည္း တစ္ခါ ရွိၿပီေနာ္ ႏွစ္ခါရွိၿပီေနာ္ ဆိုၿပီး မွတ္ထားတာမ်ိဳး မဟုတ္ဘဲ လံုးဝ ေခ်ဖ်က္ႏိုင္ဖို႔ ႀကိဳးစားပါ။ မွတ္ထားတတ္တာကေတာ့ အိမ္ေထာက္ဖက္ေတြ အခ်င္းခ်င္းၾကားက ေပ်ာ္ရႊင္ျခင္းေတြကို ေလ်ာ့နည္းလာေစႏိုင္လို႔ပဲ ျဖစ္ပါတယ္။

အခု ေျပာျပေပးထားတဲ့ အိမ္ေထာင္ေရးမွာ အေရးႀကီးဆံုး အရာေလးေတြကို ဖတ္ၾကည့္ေပးၿပီး  ခ်စ္သူေတြ ဘဝကေန တက္လွမ္းလိုက္တဲ့ အိမ္ေထာင္ဦးေန႔ရက္ေလးေတြက စၿပီး သာယာ ေပ်ာ္ရႊင္ႏိုင္ပါေစလို႔ ဖိုးသူေတာ္ ကေန ဆုမြန္ေကာင္း ေတာင္းေပးလိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: marry

# Unicode Version ျဖင့္ ဖတ္ပါ #
ခွင့်လွှတ်တဲ့အချိန်မှာလည်း တစ်ခါ ရှိပြီနော် နှစ်ခါရှိပြီနော် ဆိုပြီး မှတ်ထားတာမျိုး မဟုတ်ဘဲ လုံးဝ ချေဖျက်နိုင်ဖို့ ကြိုးစားပါ။

မင်္ဂလာပွဲလေး ကျင်းပပြီးလို့ အိမ်ထောင်ရေးဆိုတဲ့ အချိန်ကို ရောက်သွားတဲ့အခါမှာတော့ လူပျို လူလွတ်တုန်းကလို မဟုတ်တော့ပါဘူးနော်။ ပြုပြင် ပြောင်းလဲမှုကို အများကြီး တွေ့ကြုံရပြီဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုမှာ အရေးတကြီး လိုအပ်တဲ့အရာတွေကတော့ အများကြီး ရှိပါတယ်။ ဒီတစ်ခါ Marry ပြောပြပေးချင်တာကတော့ အိမ်ထောင်ရေးလေးရယ်လို့ ဖြစ်လာရင် အရေးကြီးဆုံးအရာက ဘာလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေး ဆိုတာကတော့ ဘာဖြစ်မလဲ ဆိုတာကို သိထားပေးပါနော်။
နားလည်မှုကို အုတ်မြစ်ချပါလို့ ဆိုချင်ပါတယ်

အချင်းချင်းကြားက တည်မြဲနေတဲ့ သံယောဇဉ်ဆိုတာကို တည်တံ့နေစေဖို့ အတွက်ကတော့ နားလည်မှုကို အခြေခံရမှာပဲ ဖြစ်ပါတယ်။ နားလည်ပေးဖို့ ဆိုတာကတော့ ပြောရတာ လွယ်သလောက် တကယ်တန်း ပြုလုပ်တဲ့အချိန်မှာတော့ လွယ်မယောင်နဲ့ ခက်ခဲလှပါတယ်။ အိမ်ထောင်တစ်ခုမှာ နားလည်မှုကို အခြေတည်နေအောင် ပြုလုပ်ပါ။

ပွင့်လင်းစွာ ပြောဆိုပါ

ချစ်သူတွေ ဘဝတုန်းကဆိုရင် ချစ်သူလေး အဆင်ပြေစေဖို့၊ ပြုံးပျော်စေဖို့သာ အရေးတကြီး ပြုလုပ်ဖို့ လိုပေမယ့် အိမ်ထောင်ရယ်လို့ ဖြစ်လာရင်တော့ အရာတိုင်းကို အချင်းချင်း ပွင့်လင်းစွာ ပြောဆိုပေးရမှာပါ။ တစ်ခုခု တွေ့ကြုံလာတဲ့အချိန်မှာ တစ်ယောက်တည်း ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ လင်ရယ် မယားရယ် ဖြစ်လာတဲ့အတွက် အချင်းချင်းကြားက နားလည်မှုကို အခြေတည်ထားတဲ့ ဆက်ဆံရေးလေး အရ နှစ်ယောက်သားကြားမှာ ပွင့်လင်းစွာ ပြောဆို ဆက်ဆံပါနော်။
ခွင့်လွှတ်လိုက်တာထက် ချေဖျက်လိုက်ပါ

လူတစ်ကိုယ် စိတ်တစ်မျိုးမို့လို့ အချင်းချင်းကြားမှာ မကြိုက်တာ လုပ်မိတဲ့အချိန်မှာ ခွင့်လွှတ်လိုက်ပါ။ ခွင့်လွှတ်တဲ့အချိန်မှာလည်း တစ်ခါ ရှိပြီနော် နှစ်ခါရှိပြီနော် ဆိုပြီး မှတ်ထားတာမျိုး မဟုတ်ဘဲ လုံးဝ ချေဖျက်နိုင်ဖို့ ကြိုးစားပါ။ မှတ်ထားတတ်တာကတော့ အိမ်ထောက်ဖက်တွေ အချင်းချင်းကြားက ပျော်ရွှင်ခြင်းတွေကို လျော့နည်းလာစေနိုင်လို့ပဲ ဖြစ်ပါတယ်။

အခု ပြောပြပေးထားတဲ့ အိမ်ထောင်ရေးမှာ အရေးကြီးဆုံး အရာလေးတွေကို ဖတ်ကြည့်ပေးပြီး  ချစ်သူတွေ ဘဝကနေ တက်လှမ်းလိုက်တဲ့ အိမ်ထောင်ဦးနေ့ရက်လေးတွေက စပြီး သာယာ ပျော်ရွှင်နိုင်ပါစေလို့ ဖိုးသူတော် ကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top