ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

သမၺန္နစ္ျမဳပ္မႈမွ ေပ်ာက္ဆုံးေနသူသုံးဦးအား လုိက္လံရွာေဖြေနသည့္ ေရေၾကာင္းရဲတပ္ဖြဲ႕အားေတြ႕ရစဥ္

ဒလၿမိဳ႕နယ္ ကမာကဆစ္ ဆိပ္ကမ္းဘက္မွ စဥ့္အိုးတန္းဆိပ္ ကမ္းသို႔ ခရီးသည္ ၁၃ ဦးတင္ ေဆာင္ကာ ေမာင္းႏွင္လာသည့္ စက္တပ္သမၺန္တစ္စီးသည္ ကမ္း စပ္ႏွင့္ ေပ ၂၀၀ အကြာတြင္ နစ္ ျမဳပ္သျဖင့္ သမၺန္ေမာင္းသူအပါအဝင္ လူသံုးဦး ေပ်ာက္ဆံုးခဲ့သည္။

ကမာကဆစ္ ဆိပ္ကမ္း ဘက္မွ အသက္ (၃၁) ႏွစ္အရြယ္ ကိုဇင္မင္းသူေမာင္းႏွင္လာသည့္ စက္တပ္သမၺန္သည္ ဒီဇင္ဘာ ၂၀ ရက္ နံနက္ ၄ နာရီခြဲခန္႔တြင္ ပန္ကာကိုဒိုက္ (အမႈိက္) ပတ္ ကာ စက္ရပ္တန္႔ခဲ့ေၾကာင္း အ ေနာက္ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႕မွ ရဲအ ရာရွိတစ္ဦးက ေျပာသည္။

သမၺန္ေမာင္းႏွင္သည့္ ကိုဇင္ မင္းသူသည္ ပန္ကာတြင္ပတ္ေန သည့္   အမႈိက္မ်ားဖယ္ရွားေနစဥ္ သမၺန္မွာေရစီးႏွင့္ ေမ်ာပါၿပီး   ေရလယ္တြင္  ေက်ာက္ခ်ရပ္နားထားသည့္ စီဘီကုန္တြဲကို ကန္႔လန္႔ျဖတ္တိုက္မိကာ  နစ္ျမဳပ္ခဲ့ေၾကာင္း ၎က  ဆက္လက္ရွင္းျပသည္။ယင္းသမၺန္ေပၚတြင္ ခရီး သည္ အမ်ိဳးသား ၁၀ ဦး အမ်ိဳး သမီးသံုးဦး လိုက္ပါစီးနင္းလာၿပီး စက္ေလွ တိမ္းေမွာက္ၿပီးေနာက္ အနီးရွိ သမၺန္မ်ားက ခရီးသည္ မ်ားကို ဝိုင္းဝန္းဆယ္ယူသျဖင့္ အမ်ိဳးသား ကိုးဦး၊ အမ်ိဳးသမီးႏွစ္ ဦးတို႔ကို ဆယ္ယူႏိုင္ခဲ့ေၾကာင္း ဆိပ္ကမ္းၿမိဳ႕မရဲစခန္းမွ  ရဲအရာရွိ တစ္ဦးက ေျပာသည္။

သမၺန္ေပၚတြင္ လိုက္ပါလာ သည့္ အမ်ိဳးသားတစ္ဦး၊ အမ်ိဳး သမီးတစ္ဦးႏွင့္ သမၺန္ေမာင္းႏွင္ သည့္ ကိုဇင္မင္းသူတို႔ ေပ်ာက္ ဆံုးသျဖင့္ စက္ေလွမ်ားအပါအ ဝင္၊ ေရေၾကာင္းရဲတပ္ဖြဲ႕က လိုက္ လာရွာေဖြေနေၾကာင္း ၎ကေျပာ သည္။ သို႔ ေသာ္ ဒီဇင္ဘာ ၂၀ ရက္ ည ၁၀နာရီ၀န္းက်င္အထိ ရွာေဖြေတြ႕ရွိျခင္း မရွိေသးေပ။

အဆိုပါ သမၺန္နစ္ျမဳပ္မႈႏွင့္ ပတ္သက္ၿပီး ကိုဇင္မင္းသူကို ဆိပ္ ကမ္းၿမိဳ႕မရဲစခန္းက လူ႔အသက္ ကိုျဖစ္ေစေအာင္ ေရယာဥ္ကို ေမာင္းႏွင္ေစမႈ ပုဒ္မ ၂၈၀ ျဖင့္ အမႈဖြင့္ အေရးယူထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
#Unicode Version#
သမ္ဗန်နစ်မြုပ်မှုမှ ပျောက်ဆုံးနေသူသုံးဦးအား လိုက်လံရှာဖွေနေသည့် ရေကြောင်းရဲတပ်ဖွဲ့အားတွေ့ရစဉ်

ဒလမြို့နယ် ကမာကဆစ် ဆိပ်ကမ်းဘက်မှ စဉ့်အိုးတန်းဆိပ် ကမ်းသို့ ခရီးသည် ၁၃ ဦးတင် ဆောင်ကာ မောင်းနှင်လာသည့် စက်တပ်သမ္ဗန်တစ်စီးသည် ကမ်း စပ်နှင့် ပေ ၂၀၀ အကွာတွင် နစ် မြုပ်သဖြင့် သမ္ဗန်မောင်းသူအပါအဝင် လူသုံးဦး ပျောက်ဆုံးခဲ့သည်။

ကမာကဆစ် ဆိပ်ကမ်း ဘက်မှ အသက် (၃၁) နှစ်အရွယ် ကိုဇင်မင်းသူမောင်းနှင်လာသည့် စက်တပ်သမ္ဗန်သည် ဒီဇင်ဘာ ၂၀ ရက် နံနက် ၄ နာရီခွဲခန့်တွင် ပန်ကာကိုဒိုက် (အမှိုက်) ပတ် ကာ စက်ရပ်တန့်ခဲ့ကြောင်း အ နောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအ ရာရှိတစ်ဦးက ပြောသည်။

သမ္ဗန်မောင်းနှင်သည့် ကိုဇင် မင်းသူသည် ပန်ကာတွင်ပတ်နေ သည့်   အမှိုက်များဖယ်ရှားနေစဉ် သမ္ဗန်မှာရေစီးနှင့် မျောပါပြီး   ရေလယ်တွင်  ကျောက်ချရပ်နားထားသည့် စီဘီကုန်တွဲကို ကန့်လန့်ဖြတ်တိုက်မိကာ  နစ်မြုပ်ခဲ့ကြောင်း ၎င်းက  ဆက်လက်ရှင်းပြသည်။ယင်းသမ္ဗန်ပေါ်တွင် ခရီး သည် အမျိုးသား ၁၀ ဦး အမျိုး သမီးသုံးဦး လိုက်ပါစီးနင်းလာပြီး စက်လှေ တိမ်းမှောက်ပြီးနောက် အနီးရှိ သမ္ဗန်များက ခရီးသည် များကို ဝိုင်းဝန်းဆယ်ယူသဖြင့် အမျိုးသား ကိုးဦး၊ အမျိုးသမီးနှစ် ဦးတို့ကို ဆယ်ယူနိုင်ခဲ့ကြောင်း ဆိပ်ကမ်းမြို့မရဲစခန်းမှ  ရဲအရာရှိ တစ်ဦးက ပြောသည်။

သမ္ဗန်ပေါ်တွင် လိုက်ပါလာ သည့် အမျိုးသားတစ်ဦး၊ အမျိုး သမီးတစ်ဦးနှင့် သမ္ဗန်မောင်းနှင် သည့် ကိုဇင်မင်းသူတို့ ပျောက် ဆုံးသဖြင့် စက်လှေများအပါအ ဝင်၊ ရေကြောင်းရဲတပ်ဖွဲ့က လိုက် လာရှာဖွေနေကြောင်း ၎င်းကပြော သည်။ သို့ သော် ဒီဇင်ဘာ ၂၀ ရက် ည ၁၀နာရီဝန်းကျင်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

အဆိုပါ သမ္ဗန်နစ်မြုပ်မှုနှင့် ပတ်သက်ပြီး ကိုဇင်မင်းသူကို ဆိပ် ကမ်းမြို့မရဲစခန်းက လူ့အသက် ကိုဖြစ်စေအောင် ရေယာဉ်ကို မောင်းနှင်စေမှု ပုဒ်မ ၂၈၀ ဖြင့် အမှုဖွင့် အရေးယူထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top