၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

လတစ္လရဲ႕ ရက္ ၂၀ ေက်ာ္တာနဲ႔ လခစားေတြ အမ်ားဆံုးၾကံဳေတြ႔ရတဲ့ ျပသနာကေတာ့ လက္ထဲမွာ ေငြပိုေငြလွ်ံ မရွိေတာ့တာပါပဲ။ ဘယ္သြားခ်င္တယ္၊ ဘာစားခ်င္တယ္ စိတ္ေလးေတြကိုေလ်ာ့ လက္ထဲမွာ က်န္ေနေသးတဲ့ ပိုက္ဆံေတြ လကုန္ရက္ထိ ေလာက္ငွေအာင္ ၿခိဳးၿခံေနၾကရတယ္ေလ။ ဒါေၾကာင့္လည္း ျပတ္တုန္းလပ္္တုန္း ၂၃ ဆိုၿပီး အဆိုေတာ္ ေ၀လက သီခ်င္းဆိုထားေသးတယ္။ လခထုတ္ၿပီးခါစ အခ်ိန္မွာ စုထားဖို႔စိတ္ကူးထက္ လိုခ်င္တာေလးေတြ၀ယ္၊ စားခ်င္တာေတြစားနဲ႔ပဲ လလယ္ေလာက္အေရာက္ လခထုတ္ထားေတြလည္း တတိတိနဲ႔ ပါးကုန္ပါေတာ့တယ္။  ဒီလိုအေျခအေနေတြကေန အေကာင္းဆံုး ရုန္းထြက္ႏုိင္မယ့္ နည္းလမ္းေတြကို ေ၀မွ်ေပးခ်င္ပါတယ္။

လခရလာၿပီဆိုတာနဲ႔ သင့္လစာကို ေျခာက္ပံု ပံုလိုက္ပါ။ ပထမဆံုးအပံုကိုေတာ့ တစ္လလံုး သင္ မျဖစ္မေနအသံုးျပဳရမယ့္ က႑အတြက္ထားပါ။ ဥပမာ- ေန႔စဥ္ခရီးစရိတ္၊ တစ္လစာ အိမ္အသံုးစရိတ္ စတာေတြအတြက္ ခဲြထားပါ။  ဒုတိယအပံုကိုေတာ့ ပညာေရး၊ အလုပ္အကိုင္တိုးတက္ေရးအတြက္ သင္တန္းေတြ၊ ေက်ာင္းေတြတက္ဖို႔ထားပါ။ ဒီအပံုကေတာ့ လတိုင္း ကုန္ခ်င္မွကုန္မယ့္အပိုင္းျဖစ္လို႔ လိုတုိုးပိုေလ်ာ့ လုပ္လုိ႔ရပါတယ္။ တတိယအပံုကိုေတာ့ သင္ တစ္လလံုး ပင္ပန္းထားသမွ် ကိုယ့္ကိုယ္ကို ျပန္ဆုခ်တဲ့အေနနဲ႔ လိုခ်င္တဲ့ပစၥည္းေတြ ၀ယ္ဖို႔အတြက္ ထားပါ။ စတုတၳအပံုကိုေတာ့ က်န္းမာေရးလို အေရးေပၚအေျခအေနေတြမွာ အသံုးျပဳႏိုင္ေအာင္ထားပါ။  ပဥၥမအပံုကိုေတာ့ ၀ါသနာပါရာ ခရီးသြားျခင္း၊ အားကစား၊ ပရဟိတလုပ္ငန္းေတြအတြက္ ထားလိုက္ပါ။ ေနာက္ဆံုးက်န္တဲ့အပံုကိုေတာ့ အပိုေငြ၀င္ရေအာင္ လက္ရွိ၀င္ေငြအျပင္ ေရရွည္အတြက္ စိတ္ခ်ရမယ့္ လုပ္ငန္းေတြမွာ ရင္းႏွီးျမဳွပ္ႏွံထားႏုိင္သလို အာမခံခ်က္ရွိတဲ့ ဘဏ္ထဲထည့္ၿပီး အနာဂတ္အတြက္ စုေဆာင္းထားပါ။

ပိုက္ဆံစုတဲ့အခါ စုႏုိင္သမွ် စုေဆာင္းမိေအာင္ ျပင္ဆင္ရပါမယ္။ အေသးသံုးပိုက္ဆံေတြကို သတိထားပါ။ ရာဂဏန္း၊ ေထာင္ဂဏန္း ပိုက္ဆံေတြပဲဆိုၿပီး လ်စ္လ်ဴရွဳလိုက္မိလို႔ တစ္လလံုး ျပန္တြက္လိုက္ရင္ အေသးသံုး ပိုက္ဆံေတြက အဓိကယိုေပါက္ ျဖစ္လာပါတယ္။ လူငယ္ေတြမွာ သူမ်ားအထင္ၾကီးေအာင္ မလိုအပ္တဲ့ပစၥည္းေတြ ၀ယ္တတ္ၾကပါတယ္။ သူငယ္ခ်င္းေတြက ေနာက္ဆံုးေပၚ ဘယ္ပစၥည္းသံုးလို႔ ငါလည္းသံုးႏိုင္မွ ေခတ္မီမယ္ဆိုတာမ်ဳိး၊ ဘယ္သူေတြကေတာ့ ဆိုင္အသစ္ဖြင့္လို႔ စားေနတဲ့ပံုေတြ facebook မွာ တင္ေနတာ ငါလည္း သူတို႔နဲ႔အၿပိဳင္ တင္ႏုိင္ေအာင္ ကိုယ္ၾကိဳက္ေသာ္ရွိ မၾကိဳက္ေသာ္ရွိ သြားစားၾကတာမ်ဳိးေတြက ယေန႔ေခတ္ လူငယ္ေတြရဲ႕ အဓိက ေငြထြက္ေပါက္ ျဖစ္လာခဲ့ပါတယ္။

လခစား၀န္ထမ္းေတြ ၾကံဳေတြ႕ရတဲ့ လစာမလုံေလာက္မႈရဲ႕ အဓိက အေၾကာင္းရင္းကေတာ့ ၀င္ေငြထြက္ေငြ မညီမွ်တာရယ္၊ ၾကိဳတင္တြက္ဆၿပီး မသံုးတာေၾကာင့္ပါ။ သင့္အတြက္ မလိုအပ္ဘူးဆုိရင္ ဘာအေၾကာင္းျပခ်က္နဲ႔မွ မ၀ယ္ဖို႔ ဆံုးျဖတ္ထားပါ။ ေစ်းသက္သာတဲ့ အသံုးေဆာင္ပစၥည္းေတြ အမ်ားၾကီး ၀ယ္မိတာထက္ ေစ်းၾကီးၿပီး အရည္အေသြးေကာင္း၊ ၾကာရွည္အသံုးခံတဲ့ ပစၥည္းကိုပဲ ေသခ်ာေရြး၀ယ္ပါ။ မတတ္ႏိုင္ေသးရင္ မ၀ယ္ပါနဲ႔ဦး။ သင့္ရဲ႕ တစ္လစာ၀င္ေငြကို သံုးၿပီးမွ ပိုတာကို စုေဆာင္းတာထက္၊ လခထုတ္ၿပီးတာနဲ႔ အရင္ စုထားလိုက္ၿပီးမွ ပိုတာကိုသံုးရင္း ပူပင္ေၾကာင့္ၾကမႈမရွိတဲ့ လကုန္ရက္မ်ားကို ေက်ာ္ျဖတ္ႏုိင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yangon Life

# Unicode Version ျဖင့္ ဖတ္ပါ #

လတစ်လရဲ့ ရက် ၂၀ ကျော်တာနဲ့ လခစားတွေ အများဆုံးကြုံတွေ့ရတဲ့ ပြသနာကတော့ လက်ထဲမှာ ငွေပိုငွေလျှံ မရှိတော့တာပါပဲ။ ဘယ်သွားချင်တယ်၊ ဘာစားချင်တယ် စိတ်လေးတွေကိုလျော့ လက်ထဲမှာ ကျန်နေသေးတဲ့ ပိုက်ဆံတွေ လကုန်ရက်ထိ လောက်ငှအောင် ခြိုးခြံနေကြရတယ်လေ။ ဒါကြောင့်လည်း ပြတ်တုန်းလပ်တုန်း ၂၃ ဆိုပြီး အဆိုတော် ဝေလက သီချင်းဆိုထားသေးတယ်။ လခထုတ်ပြီးခါစ အချိန်မှာ စုထားဖို့စိတ်ကူးထက် လိုချင်တာလေးတွေဝယ်၊ စားချင်တာတွေစားနဲ့ပဲ လလယ်လောက်အရောက် လခထုတ်ထားတွေလည်း တတိတိနဲ့ ပါးကုန်ပါတော့တယ်။  ဒီလိုအခြေအနေတွေကနေ အကောင်းဆုံး ရုန်းထွက်နိုင်မယ့် နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

လခရလာပြီဆိုတာနဲ့ သင့်လစာကို ခြောက်ပုံ ပုံလိုက်ပါ။ ပထမဆုံးအပုံကိုတော့ တစ်လလုံး သင် မဖြစ်မနေအသုံးပြုရမယ့် ကဏ္ဍအတွက်ထားပါ။ ဥပမာ- နေ့စဉ်ခရီးစရိတ်၊ တစ်လစာ အိမ်အသုံးစရိတ် စတာတွေအတွက် ခွဲထားပါ။  ဒုတိယအပုံကိုတော့ ပညာရေး၊ အလုပ်အကိုင်တိုးတက်ရေးအတွက် သင်တန်းတွေ၊ ကျောင်းတွေတက်ဖို့ထားပါ။ ဒီအပုံကတော့ လတိုင်း ကုန်ချင်မှကုန်မယ့်အပိုင်းဖြစ်လို့ လိုတိုးပိုလျော့ လုပ်လို့ရပါတယ်။ တတိယအပုံကိုတော့ သင် တစ်လလုံး ပင်ပန်းထားသမျှ ကိုယ့်ကိုယ်ကို ပြန်ဆုချတဲ့အနေနဲ့ လိုချင်တဲ့ပစ္စည်းတွေ ဝယ်ဖို့အတွက် ထားပါ။ စတုတ္ထအပုံကိုတော့ ကျန်းမာရေးလို အရေးပေါ်အခြေအနေတွေမှာ အသုံးပြုနိုင်အောင်ထားပါ။  ပဉ္စမအပုံကိုတော့ ဝါသနာပါရာ ခရီးသွားခြင်း၊ အားကစား၊ ပရဟိတလုပ်ငန်းတွေအတွက် ထားလိုက်ပါ။ နောက်ဆုံးကျန်တဲ့အပုံကိုတော့ အပိုငွေဝင်ရအောင် လက်ရှိဝင်ငွေအပြင် ရေရှည်အတွက် စိတ်ချရမယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြုှပ်နှံထားနိုင်သလို အာမခံချက်ရှိတဲ့ ဘဏ်ထဲထည့်ပြီး အနာဂတ်အတွက် စုဆောင်းထားပါ။

ပိုက်ဆံစုတဲ့အခါ စုနိုင်သမျှ စုဆောင်းမိအောင် ပြင်ဆင်ရပါမယ်။ အသေးသုံးပိုက်ဆံတွေကို သတိထားပါ။ ရာဂဏန်း၊ ထောင်ဂဏန်း ပိုက်ဆံတွေပဲဆိုပြီး လျစ်လျူရှုလိုက်မိလို့ တစ်လလုံး ပြန်တွက်လိုက်ရင် အသေးသုံး ပိုက်ဆံတွေက အဓိကယိုပေါက် ဖြစ်လာပါတယ်။ လူငယ်တွေမှာ သူများအထင်ကြီးအောင် မလိုအပ်တဲ့ပစ္စည်းတွေ ဝယ်တတ်ကြပါတယ်။ သူငယ်ချင်းတွေက နောက်ဆုံးပေါ် ဘယ်ပစ္စည်းသုံးလို့ ငါလည်းသုံးနိုင်မှ ခေတ်မီမယ်ဆိုတာမျိုး၊ ဘယ်သူတွေကတော့ ဆိုင်အသစ်ဖွင့်လို့ စားနေတဲ့ပုံတွေ facebook မှာ တင်နေတာ ငါလည်း သူတို့နဲ့အပြိုင် တင်နိုင်အောင် ကိုယ်ကြိုက်သော်ရှိ မကြိုက်သော်ရှိ သွားစားကြတာမျိုးတွေက ယနေ့ခေတ် လူငယ်တွေရဲ့ အဓိက ငွေထွက်ပေါက် ဖြစ်လာခဲ့ပါတယ်။

လခစားဝန်ထမ်းတွေ ကြုံတွေ့ရတဲ့ လစာမလုံလောက်မှုရဲ့ အဓိက အကြောင်းရင်းကတော့ ဝင်ငွေထွက်ငွေ မညီမျှတာရယ်၊ ကြိုတင်တွက်ဆပြီး မသုံးတာကြောင့်ပါ။ သင့်အတွက် မလိုအပ်ဘူးဆိုရင် ဘာအကြောင်းပြချက်နဲ့မှ မဝယ်ဖို့ ဆုံးဖြတ်ထားပါ။ ဈေးသက်သာတဲ့ အသုံးဆောင်ပစ္စည်းတွေ အများကြီး ဝယ်မိတာထက် ဈေးကြီးပြီး အရည်အသွေးကောင်း၊ ကြာရှည်အသုံးခံတဲ့ ပစ္စည်းကိုပဲ သေချာရွေးဝယ်ပါ။ မတတ်နိုင်သေးရင် မဝယ်ပါနဲ့ဦး။ သင့်ရဲ့ တစ်လစာဝင်ငွေကို သုံးပြီးမှ ပိုတာကို စုဆောင်းတာထက်၊ လခထုတ်ပြီးတာနဲ့ အရင် စုထားလိုက်ပြီးမှ ပိုတာကိုသုံးရင်း ပူပင်ကြောင့်ကြမှုမရှိတဲ့ လကုန်ရက်များကို ကျော်ဖြတ်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Yangon Life
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top