စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

တစ္ႏုိင္ငံလံုးအတိုင္း အတာျဖင့္ အိတ္ခ်္အိုင္ဗီပိုးအသစ္ ကူးစက္ျဖစ္ပြားမႈ၏ သံုးပံုတစ္ပံု ခန္႔သည္ ရန္ကုန္တုိင္းတြင္ရွိေန ၿပီး သံုးနာရီလွ်င္ တစ္ဦးႏႈန္းကူးစက္ျခင္းျဖစ္သည္။

၂၀၁၆ တြင္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက တြက္ခ်က္ထားေသာ စာရင္းမ်ားအရ တစ္ႏုိင္ငံလံုးအတိုင္းအတာျဖင့္ လူနာအသစ္ျဖစ္ပြားမႈႏႈန္းသည္ တစ္ေသာင္းတစ္ေထာင္ခန္႔ရွိ သည္။ ၎တို႔အနက္ လူနာ သံုးေထာင္ခန္႔သည္ ရန္ကုန္တိုင္း၌ ရွိေနေသာေၾကာင့္ တစ္ရက္လွ်င္ ရွစ္ဦးႏႈန္း (သို႔မဟုတ္) သံုးနာရီ လွ်င္ တစ္ဦးႏႈန္း ကူးစက္ခံရျခင္း ျဖစ္သည္။


‘‘ရန္ကုန္တိုင္းက လူဦးေရ အရမ္းမ်ားတယ္။ ရန္ကုန္၊ မႏၲ ေလးလိုေနရာေတြမွာ ၀န္ေဆာင္ မႈေတြကလည္း ရတာမ်ားေတာ့ အဲဒီေနရာေတြမွာ မ်ားတယ္ထင္ ရတာေပါ့။ လူဦးေရအခ်ဳိးနဲ႔ ၾကည့္ရင္လည္းမ်ားေတာ့ မ်ားတာေပါ့။ ရန္ကုန္တိုင္းအေျခအေနက ကူး စက္မႈအကုန္လံုးၿခံဳေျပာရင္ က်န္ တိုင္းနဲ႔ ျပည္နယ္ေတြလိုပဲ က် ဆင္းတယ္။ ဒါေပမဲ့ Key Popu-lation (HIV ကူးစက္ခံရရန္ အခြင့္အလမ္းမ်ားသူမ်ား)လို႔ေခၚတဲ့ ဦးတည္အုပ္စုေတြမွာ လူနာအ သစ္ကူးစက္ခံရႏႈန္းက သိသိသာ သာမက်ေသးဘူး။ သူတို႔မွာေတာ့ ကာကြယ္ေရးလုပ္ငန္းေတြ ပိုမို လုပ္ေဆာင္ဖို႔ လိုပါတယ္’’ဟု က်န္းမာေရးႏွင့္ အားကစား၀န္ ႀကီးဌာန ခုခံအားက်ကာလသား ေရာဂါတိုက္ဖ်က္ေရးစီမံခ်က္မန္ ေနဂ်ာ ေဒါက္တာ ထြန္းၫြန္႔ဦးက ေျပာသည္။

လူဦးေရ ခုနစ္သန္းေက်ာ္ရွိ ေသာ ရန္ကုန္တိုင္းေဒသႀကီးတြင္ အိတ္ခ်္အိုင္ဗီ၊ ေအအိုင္ဒီအက္စ္ ေရာဂါေ၀ဒနာရွင္ ၅၅,၀၀၀ ခန္႔ရွိ၍ တိုင္းေဒသႀကီးအတြင္း ေအအာရ္တီေဆးေပးထားေသာ လူနာဦးေရငါးေသာင္းခန္႔ရွိၿပီး တစ္ႏုိင္ငံလံုး၏ ေအအာရ္တီေဆးေပးထားမႈ၏ ၃၈ ရာခိုင္ႏႈန္းရွိေနသည္။

၂၀၁၆ တြင္ ခန္႔မွန္းတြက္ခ်က္မႈမ်ားအရ ျမန္မာႏိုင္ငံ၌အိတ္ခ်္အိုင္ဗီပိုး ျဖစ္ပြားေနသူ ၂၂၀,၀၀၀ ခန္႔ရွိၿပီး မူးယစ္ေဆး အေၾကာထဲထုိးသြင္းမႈမွ၂၉ ရာခိုင္ႏႈန္း၊ အမ်ဳိးသမီးလိင္လုပ္သားမ်ားမွ ၇ ရာခိုင္ႏႈန္း၊ လိင္တူဆက္ဆံသူမ်ားမွ ၁၃ ရာခိုင္ႏႈန္းကူးစက္ခံေနရသည္။ အသစ္ကူးစက္ခံရမႈသည္ ၂၀၀၀ ျပည့္ႏွစ္တြင္ လူဦးေရ ၃၅,၀၀၀ ရွိခဲ့ရာမွ ၂၀၁၆ တြင္ တစ္ေသာင္းေက်ာ္အထိ က်ဆင္းလာၿပီး ၂၀၃၀ အကုန္တြင္ အိတ္ခ်္အိုင္ဗီပိုးကူးစက္မႈကင္းေ၀းသည့္ အဆင့္ထိေရာက္ရန္ ရည္မွန္းေဆာင္ရြက္ေနသည္။

အိပ္ခ်္အိုင္ဗီပိုးခံစားေနရသူ မ်ားအေနျဖင့္ လက္ရွိအခ်ိန္ထိ ပတ္၀န္းက်င္က ခြဲျခားဆက္ဆံျခင္းႏွင့္ အလုပ္အကိုင္ရွားပါးျခင္းစေသာ အခက္အခဲမ်ားရွိေနေသး ေၾကာင္း အိတ္ခ်္အိုင္ဗီေ၀ဒနာရွင္ မ်ားအား ကူညီေစာင့္ေရွာက္ေပးေနသည့္ လူမႈအဖြဲ႕အစည္းမ်ားက ေျပာသည္။

‘‘ပတ္၀န္းက်င္မွာ အသိပညာျမႇင့္တင္ေပးဖို႔ လိုအပ္ေနသလို ကာကြယ္ေရးအပိုင္းေတြလုပ္ဖို႔ လိုပါတယ္။ အဓိကကာကြယ္ေရး က အေရးႀကီးတယ္။ ခက္တာက အခုကာကြယ္ေရးအပိုင္းေတြမွာ နည္းနည္းေလ်ာ့နည္းသြားတယ္။ ေလ်ာ့နည္းသြားေတာ့ ကူးစက္မႈ ႏႈန္းေတြက ထပ္ၿပီးျမင့္လာမွာလည္း ကြၽန္ေတာ္တို႔က စိုးရိမ္တယ္ေပါ့။ ဒါ့ေၾကာင့္ ကာကြယ္ေရးပိုင္းေတြကို အဖြဲ႕အစည္းေတြအားလံုးက ပူးေပါင္းပါ၀င္ၿပီးေတာ့ လုပ္မယ္ဆိုရင္ ခြဲျခားမႈေတြက ဒီထက္ပိုၿပီး ေလ်ာ့နည္းသြားမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္’’ဟု ေအးၿငိမ္းေမတၱာလူထုအေျချပဳအဖြဲ႕အစည္းမွ ကိုမ်ဳိးမင္းထက္က အႀကံျပဳသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #

တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အိတ်ချ်အိုင်ဗီပိုးအသစ် ကူးစက်ဖြစ်ပွားမှု၏ သုံးပုံတစ်ပုံ ခန့်သည် ရန်ကုန်တိုင်းတွင်ရှိနေ ပြီး သုံးနာရီလျှင် တစ်ဦးနှုန်းကူးစက်ခြင်းဖြစ်သည်။

    ၂၀၁၆ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တွက်ချက်ထားသော စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူနာအသစ်ဖြစ်ပွားမှုနှုန်းသည် တစ်သောင်းတစ်ထောင်ခန့်ရှိ သည်။ ၎င်းတို့အနက် လူနာ သုံးထောင်ခန့်သည် ရန်ကုန်တိုင်း၌ ရှိနေသောကြောင့် တစ်ရက်လျှင် ရှစ်ဦးနှုန်း (သို့မဟုတ်) သုံးနာရီ လျှင် တစ်ဦးနှုန်း ကူးစက်ခံရခြင်း ဖြစ်သည်။


‘‘ရန်ကုန်တိုင်းက လူဦးရေ အရမ်းများတယ်။ ရန်ကုန်၊ မန္တ လေးလိုနေရာတွေမှာ ဝန်ဆောင် မှုတွေကလည်း ရတာများတော့ အဲဒီနေရာတွေမှာ များတယ်ထင် ရတာပေါ့။ လူဦးရေအချိုးနဲ့ ကြည့်ရင်လည်းများတော့ များတာပေါ့။ ရန်ကုန်တိုင်းအခြေအနေက ကူး စက်မှုအကုန်လုံးခြုံပြောရင် ကျန် တိုင်းနဲ့ ပြည်နယ်တွေလိုပဲ ကျ ဆင်းတယ်။ ဒါပေမဲ့ Key Popu-lation (HIV ကူးစက်ခံရရန် အခွင့်အလမ်းများသူများ)လို့ခေါ်တဲ့ ဦးတည်အုပ်စုတွေမှာ လူနာအ သစ်ကူးစက်ခံရနှုန်းက သိသိသာ သာမကျသေးဘူး။ သူတို့မှာတော့ ကာကွယ်ရေးလုပ်ငန်းတွေ ပိုမို လုပ်ဆောင်ဖို့ လိုပါတယ်’’ဟု ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ခုခံအားကျကာလသား ရောဂါတိုက်ဖျက်ရေးစီမံချက်မန် နေဂျာ ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။

လူဦးရေ ခုနစ်သန်းကျော်ရှိ သော ရန်ကုန်တိုင်းဒေသကြီးတွင် အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင် ၅၅,၀၀၀ ခန့်ရှိ၍ တိုင်းဒေသကြီးအတွင်း အေအာရ်တီဆေးပေးထားသော လူနာဦးရေငါးသောင်းခန့်ရှိပြီး တစ်နိုင်ငံလုံး၏ အေအာရ်တီဆေးပေးထားမှု၏ ၃၈ ရာခိုင်နှုန်းရှိနေသည်။

၂၀၁၆ တွင် ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံ၌အိတ်ချ်အိုင်ဗီပိုး ဖြစ်ပွားနေသူ ၂၂၀,၀၀၀ ခန့်ရှိပြီး မူးယစ်ဆေး အကြောထဲထိုးသွင်းမှုမှ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီးလိင်လုပ်သားများမှ ၇ ရာခိုင်နှုန်း၊ လိင်တူဆက်ဆံသူများမှ ၁၃ ရာခိုင်နှုန်းကူးစက်ခံနေရသည်။ အသစ်ကူးစက်ခံရမှုသည် ၂၀၀၀ ပြည့်နှစ်တွင် လူဦးရေ ၃၅,၀၀၀ ရှိခဲ့ရာမှ ၂၀၁၆ တွင် တစ်သောင်းကျော်အထိ ကျဆင်းလာပြီး ၂၀၃၀ အကုန်တွင် အိတ်ချ်အိုင်ဗီပိုးကူးစက်မှုကင်းဝေးသည့် အဆင့်ထိရောက်ရန် ရည်မှန်းဆောင်ရွက်နေသည်။

အိပ်ချ်အိုင်ဗီပိုးခံစားနေရသူ များအနေဖြင့် လက်ရှိအချိန်ထိ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံခြင်းနှင့် အလုပ်အကိုင်ရှားပါးခြင်းစသော အခက်အခဲများရှိနေသေး ကြောင်း အိတ်ချ်အိုင်ဗီဝေဒနာရှင် များအား ကူညီစောင့်ရှောက်ပေးနေသည့် လူမှုအဖွဲ့အစည်းများက ပြောသည်။

‘‘ပတ်ဝန်းကျင်မှာ အသိပညာမြှင့်တင်ပေးဖို့ လိုအပ်နေသလို ကာကွယ်ရေးအပိုင်းတွေလုပ်ဖို့ လိုပါတယ်။ အဓိကကာကွယ်ရေး က အရေးကြီးတယ်။ ခက်တာက အခုကာကွယ်ရေးအပိုင်းတွေမှာ နည်းနည်းလျော့နည်းသွားတယ်။ လျော့နည်းသွားတော့ ကူးစက်မှု နှုန်းတွေက ထပ်ပြီးမြင့်လာမှာလည်း ကျွန်တော်တို့က စိုးရိမ်တယ်ပေါ့။ ဒါ့ကြောင့် ကာကွယ်ရေးပိုင်းတွေကို အဖွဲ့အစည်းတွေအားလုံးက ပူးပေါင်းပါဝင်ပြီးတော့ လုပ်မယ်ဆိုရင် ခွဲခြားမှုတွေက ဒီထက်ပိုပြီး လျော့နည်းသွားမယ်လို့ ကျွန်တော်ထင်ပါတယ်’’ဟု အေးငြိမ်းမေတ္တာလူထုအခြေပြုအဖွဲ့အစည်းမှ ကိုမျိုးမင်းထက်က အကြံပြုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top