ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

သရုပ္ေဆာင္ခိုင္ႏွင္းေ၀ တစ္ေယာက္ ဘ၀လက္တြဲေဖာ္ အိမ္ေထာင္ဘက္မရွာေတာ့ဘဲ မိဘမဲ့ကေလးမ်ားကိုသာ မိဘေမတၱာေပးအပ္သြားၿပီး အႏုပညာအလုပ္ႏွင့္ တြဲဖက္ကာ မိခင္ျဖစ္သူႏွင့္သာ ေရွ႕ဆက္ေနထိုင္မည္ဟု သူမ၏ခံယူခ်က္ကို ေျပာျပသည္။

အိမ္ေထာင္ တစ္ခု ထပ္မံထူေထာင္လိုက္ပါက လုပ္ခ်င္သည့္ အလုပ္မ်ား လုပ္ႏိုင္္ေတာ့မည္မဟုတ္ျခင္းေၾကာင့္ အိမ္ေထာင္မျပဳေတာ့ျခင္းျဖစ္သည္ဟု ပြင့္လင္းစြာ ထုတ္ေဖာ္ေျပာၾကားလိုက္ျခင္းျဖစ္သည္။

“အိမ္ေထာင္တစ္ခု ထူေထာင္ၿပီး ပ်က္သြားခ်ိန္ကစၿပီး အစ္မ ျပန္မထူေထာင္ေတာ့တာက ညည္းေငြ႕သြားလို႔လား ဆိုတာက အဲလိုမ်ိဳးေတာ့ မဟုတ္ပါဘူး။ အိမ္ေထာင္တစ္ခု ထပ္ျပဳလိုက္တယ္ဆိုရင္ ဒီအလုပ္ေတြကို လုပ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ အစ္မသူငယ္ခ်င္းေတြဆိုရင္ အစ္မကိုေျပာၾကတယ္။ ဆုပန္ထြာတို႔ တျခားသူငယ္ခ်င္းေတြေရာေပါ့။ နင္က စိတ္သြားတိုင္း ကိုယ္ပါ လုပ္ႏိုင္တယ္တဲ့။ ဒီေတာ့ အစ္မကလည္း ျပန္ေျပာရတယ္။ ငါကေတာ့ တစ္ေယာက္တည္းဆိုေတာ့ လုပ္ႏိုင္တာေပါလို႔။ နင္တို႔ အိမ္ေထာင္ေတြရွိတယ္။ သားသမီးေတြရိွေနေတာ့ သူတို႔မွာ လုပ္ခ်င္၊ ကိုင္ခ်င္ၾကေပမဲ့ အခ်ိန္မေပးႏိုင္ေတာ့ဘူးေလ။ အစ္မပရဟိတ အလုပ္ေတြ လုပ္လို႔ရိွရင္ သူတို႔အခ်ိန္အားရင္ ကူလုပ္ေပးၾကတယ္ေပါ့ေနာ္။ အဲလိုသာ အိမ္ေထာင္သားေမြးသာ လုပ္လိုက္လို႔ရိွရင္ ေသခ်ာပါတယ္။

အစ္မထင္တာက အခုလို ပရဟိတအလုပ္ေတြ၊ အႏုပညာအလုပ္ေတြလည္း စိတ္သြားတိုင္း ကိုယ္ပါလုပ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ အခုက ပရဟိတ အလုပ္ေတြ လုပ္ကိုင္ေနရတာကိုပဲ အစ္မေက်နပ္တယ္။ ၀ါသနာပါတယ္။ ဒီေတာ့ ပရဟိတအလုပ္နဲ႔ အႏုပညာအလုပ္ေတြနဲ႔ပဲ အစ္မ ေနသြားေတာ့မယ္။ လက္တြဲေဖာ္မရွာေတာ့ဘူး။ အစ္မအေမနဲ႔ အတူေနၿပီး ပရဟိတအလုပ္ေတြ လုပ္ကိုင္မယ္။ မိဘမဲ့ကေလးေတြက အစ္မသားသမီးေလးေတြပါပဲ။ သူတို႔ လိုအပ္ခ်က္ေလးေတြကို အတတ္ႏိုင္ဆံုးႀကိဳးစားၿပီးျဖည့္ေပးမယ္။ ဒါေတြကဘယ္လုိမွမရႏိုင္တဲ့အရာေတြပါ။ သူတို႔ေလးေတြကို ေမတၱာေတြေပးၿပီးေနေတာ့မယ္”ဟုခိုင္ႏွင္းေ၀ကေျပာသည္။

ဇာတ္ကားရိုက္ကူးသည့္ အႏုပညာအလုပ္မ်ားအျပင္ ပရဟိအလုပ္မ်ားကိုလည္း စိတ္ေရာကိုယ္ပါ “ခိုင္ႏွင္းေ၀ပရဟိတအဖြဲ႕” ကို ဖြဲ႕စည္းကာ ပရဟိတလုပ္ငန္းမ်ား လုပ္ကိုင္ေနၿပီး အမွတ္(၃)လမ္းမ၊ ဘားလားႀကီးေက်းရြာ၊ ပုလဲၿမိဳ႕သစ္တြင္ ေျမဧက ၂၀၀ ေက်ာ္ရိွသည့္ေနရာတြင္လည္း မိဘမဲ့ေက်ာင္းဖြင့္လွစ္ရန္ စီစဥ္ေနသည္ဟုသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Shwe Myanmar

# Unicode Version ျဖင့္ ဖတ္ပါ #

သရုပ်ဆောင်ခိုင်နှင်းေ၀ တစ်ယောက် ဘဝလက်တွဲဖော် အိမ်ထောင်ဘက်မရှာတော့ဘဲ မိဘမဲ့ကလေးများကိုသာ မိဘမေတ္တာပေးအပ်သွားပြီး အနုပညာအလုပ်နှင့် တွဲဖက်ကာ မိခင်ဖြစ်သူနှင့်သာ ရှေ့ဆက်နေထိုင်မည်ဟု သူမ၏ခံယူချက်ကို ပြောပြသည်။

အိမ်ထောင် တစ်ခု ထပ်မံထူထောင်လိုက်ပါက လုပ်ချင်သည့် အလုပ်များ လုပ်နိုင်တော့မည်မဟုတ်ခြင်းကြောင့် အိမ်ထောင်မပြုတော့ခြင်းဖြစ်သည်ဟု ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

“အိမ်ထောင်တစ်ခု ထူထောင်ပြီး ပျက်သွားချိန်ကစပြီး အစ်မ ပြန်မထူထောင်တော့တာက ညည်းငွေ့သွားလို့လား ဆိုတာက အဲလိုမျိုးတော့ မဟုတ်ပါဘူး။ အိမ်ထောင်တစ်ခု ထပ်ပြုလိုက်တယ်ဆိုရင် ဒီအလုပ်တွေကို လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အစ်မသူငယ်ချင်းတွေဆိုရင် အစ်မကိုပြောကြတယ်။ ဆုပန်ထွာတို့ တခြားသူငယ်ချင်းတွေရောပေါ့။ နင်က စိတ်သွားတိုင်း ကိုယ်ပါ လုပ်နိုင်တယ်တဲ့။ ဒီတော့ အစ်မကလည်း ပြန်ပြောရတယ်။ ငါကတော့ တစ်ယောက်တည်းဆိုတော့ လုပ်နိုင်တာပေါလို့။ နင်တို့ အိမ်ထောင်တွေရှိတယ်။ သားသမီးတွေရှိနေတော့ သူတို့မှာ လုပ်ချင်၊ ကိုင်ချင်ကြပေမဲ့ အချိန်မပေးနိုင်တော့ဘူးလေ။ အစ်မပရဟိတ အလုပ်တွေ လုပ်လို့ရှိရင် သူတို့အချိန်အားရင် ကူလုပ်ပေးကြတယ်ပေါ့နော်။ အဲလိုသာ အိမ်ထောင်သားမွေးသာ လုပ်လိုက်လို့ရှိရင် သေချာပါတယ်။

အစ်မထင်တာက အခုလို ပရဟိတအလုပ်တွေ၊ အနုပညာအလုပ်တွေလည်း စိတ်သွားတိုင်း ကိုယ်ပါလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ အခုက ပရဟိတ အလုပ်တွေ လုပ်ကိုင်နေရတာကိုပဲ အစ်မကျေနပ်တယ်။ ဝါသနာပါတယ်။ ဒီတော့ ပရဟိတအလုပ်နဲ့ အနုပညာအလုပ်တွေနဲ့ပဲ အစ်မ နေသွားတော့မယ်။ လက်တွဲဖော်မရှာတော့ဘူး။ အစ်မအမေနဲ့ အတူနေပြီး ပရဟိတအလုပ်တွေ လုပ်ကိုင်မယ်။ မိဘမဲ့ကလေးတွေက အစ်မသားသမီးလေးတွေပါပဲ။ သူတို့ လိုအပ်ချက်လေးတွေကို အတတ်နိုင်ဆုံးကြိုးစားပြီးဖြည့်ပေးမယ်။ ဒါတွေကဘယ်လိုမှမရနိုင်တဲ့အရာတွေပါ။ သူတို့လေးတွေကို မေတ္တာတွေပေးပြီးနေတော့မယ်”ဟုခိုင်နှင်းဝေကပြောသည်။

ဇာတ်ကားရိုက်ကူးသည့် အနုပညာအလုပ်များအပြင် ပရဟိအလုပ်များကိုလည်း စိတ်ရောကိုယ်ပါ “ခိုင်နှင်းဝေပရဟိတအဖွဲ့” ကို ဖွဲ့စည်းကာ ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေပြီး အမှတ်(၃)လမ်းမ၊ ဘားလားကြီးကျေးရွာ၊ ပုလဲမြို့သစ်တွင် မြေဧက ၂၀၀ ကျော်ရှိသည့်နေရာတွင်လည်း မိဘမဲ့ကျောင်းဖွင့်လှစ်ရန် စီစဉ်နေသည်ဟုသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Shwe Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top