ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မိခင္တစ္ေယာက္ဟာ က်န္းမာသန္စြမ္းသည့္ ကေလးေတြနဲ႕ ဘဝသစ္စတင္ရန္အတြက္ လက္ရွိ ရွိေနတဲ႕ မသန္စြမ္းသားေလး ၂ ေယာက္ကို ၾကြက္သတ္ေဆး ေကြ်းသတ္လိုက္ေၾကာင္းသိရပါတယ္။

ရုရွားႏိုင္ငံ၊ အီကာတာရင္ဘတ္ၿမိဳ႕မွ အသက္ ၃၉ ႏွစ္အရြယ္ အီလန္နာေကာ့ဒ္ယုကိုဗာ ဟာ သူမရဲ႕သားေလး ၂ ေယာက္ကို အဆိပ္ခပ္သတ္လုိက္သည့္အတြက္ ေထာင္ဒဏ္ ႏွစ္ ၂၀ က်ခံရမည့္ အေရးနဲ႕ ရင္ဆိုင္ေနရပါတယ္။

သူမ က ရဲေတြကို အခုလုိလုပ္ရတာကေတာ့ သူမရဲ႕ ကေလးေတြဟာ မ်ိဳးရိုးဗီဇႏွင့္ ဆိုင္သည့္ ေရာဂါရွိေနၾကလို႕ က်န္းမာေပ်ာ္ရႊင္သည့္ ဘဝသစ္တစ္ခု စတင္တည္ေထာင္ခ်င္တာေၾကာင့္ အခုလုိသတ္ခဲ့ရတာပါ လုိ႕ထြက္ဆိုပါတယ္။

အသက္မေသဘဲက်န္ရစ္ခဲ့သည့္ အသက္ ၈ ႏွစ္အရြယ္ သားေလး Ilya ရဲ႕ ခႏၶာကုိယ္ထဲမွာ ေသေစႏိုင္ေလာက္သည့္ ေဆးအမ်ိဳးအစား ေတြ႕ရွိရၿပီး ဆရာဝန္ေတြကေတာ့ ကေလးရဲ႕ အသက္ကိုကယ္ႏိုင္ခဲ့ပါတယ္။ သို႕ေပမယ့္ စံုေထာက္ေတြကေတာ့ ေသဆံုးသြားၾကၿပီျဖစ္တဲ႕ သူမရဲ႕ ကေလး ၃ ေယာက္ အေလာင္းေတြကို ျပန္လည္တူးေဖာ္စစ္ေဆးလွ်က္ရွိေနပါတယ္။

သူမရဲ႕ သမီးနဲ႕ သား ၂ ေယာက္ဟာ ျဖစ္ေတာင့္ျဖစ္ခဲ မ်ိဳးရိုးဗီဇဆိုင္ရာေရာဂါခံစားခဲ့ရၿပီး ပညာရွင္ေတြကေတာ့ ကေလး ၃ ေယာက္ထဲက ၂ ေယာက္ဟာ မေသခင္ ၾကြက္သတ္ေဆး အလြန္အကြ်ံသံုးစြဲထားေၾကာင္းေဖာ္ထုတ္ေပးလုိက္ပါတယ္။

အဆိုပါ ေဆးအမ်ိဳးအစားဟာ ၾကြက္သတ္ဖို႕အတြက္ အဓိကထုတ္လုပ္ထားတာျဖစ္ေပမယ့္ ေသြးစုပ္ တတ္သည့္ ပိုးေကာင္ေတြကိုလဲေသေစႏိုင္ၿပီး လူေတြအတြက္ ပိုးသတ္ေဆးအျဖစ္လဲ အသံုးျပဳႏိုင္ပါတယ္။ သို႕ေပမယ့္ သူမကေတာ့ သူမကေလးေတြကို ေဆးအျဖစ္တိုက္ေကြ်းခဲ့တာမဟုတ္ပါဘူး။

ပထမေတာ့ ေကာ့္ဒ္ယုကိုဗာ ဟာ သူမကေလးေတြကို သတ္ခဲ့တာမဟုတ္ေၾကာင္းျငင္းဆိုပါေသးတယ္။

ေနာက္ပိုင္းမွာေတာ့ တရားရံုးမွာ ကေလးေတြကို သတ္ခဲ့ေၾကာင္းနဲ႕ သတ္ဖို႕ၾကိဳးစားခဲ့ေၾကာင္းေျဖာက္ခ်က္ေပးပါတယ္။
“က်မ ကေလးေတြကို ေဆးကုဖို႕ၾကိဳးစားခဲ့ပါေသးတယ္၊ ဒါေပမယ့္ ဒီဝန္ထုတ္ဝန္ပိုးႀကီးကို ဖ်က္ဆီးပစ္ၿပီး က်န္းမာသန္စြမ္းတဲ႕ ကေလးေတြ ထပ္ေမြးဖို႕ၾကိဳးစားတာက ပိုလြယ္ကူမယ္လို႕စဥ္းစားခဲ့မိပါတယ္ ”။

စိတ္ေရာဂါကုဆရာဝန္ေတြကေတာ့ သူမဟာ လံုးဝ ပံုမွန္ပဲျဖစ္ေၾကာင္းေျပာသြားခဲ့ပါတယ္။ ျပစ္မွဳထင္ရွားပါက သူမဟာ ေထာင္ထဲမွာ ႏွစ္ ၂၀ ထိေနရမွာပါ။

သူမရဲ႕ သမီးေလး အလက္ဇၿႏၵား၊ သားေလး ၂ ေယာက္ျဖစ္တဲ႕ မက္ဇင္ နဲ႕ မိရွာ တို႕ဟာ အသက္ ၃ ႏွစ္ မျပည့္ခင္မွာပဲ အားလံုးေသဆံုးသြားခဲ့ၾကပါတယ္။ အေလာင္းေဖာ္စစ္ေဆးခ်က္ေတြအရ အားလံုးဟာ ၾကြက္သတ္ေဆး အလြန္အကြ်ံသံုးစြဲထားေၾကာင္းေတြ႕ရွိရပါတယ္။

Ilya ဟာလဲပဲ ၾကြက္သတ္ေဆးျပား ၃၀ ခန္႕ ေသာက္ထားေၾကာင္းေတြ႕ရွိရေပမယ့္ အသက္ေဘးကေန လြတ္ေျမာက္ခဲ့ရပါတယ္။

အခု Ilya ကုိေစာင့္ေရွာက္ေနတဲ႕ ေကာ့ဒ္ယုကိုဗာ ရဲ႕ ခင္ပြန္းျဖစ္သူ အန္ဒရူးကေတာ့ သူမဟာ ခ်စ္ခင္ၾကင္နာတတ္တဲ႕ မိခင္ေကာင္းတစ္ေယာက္ျဖစ္လုိ႕ အခုလို ကေလးေတြကို သတ္လုိက္တာဟာ မယံုၾကည္ေလာက္ေအာင္ ျဖစ္ရေၾကာင္းေျပာပါတယ္။

“သူမဟာ အံ႕ၾသစရာေကာင္းတဲ႕ မိခင္တစ္ေယာက္ပါ၊ သူမ ကေလးေတြကို ဘယ္ေလာက္ဂရုစိုက္သလဲဆိုတာ က်ေနာ္ျမင္ေနရတာပဲ”။

ကေလးေတြဟာ ဆိုးဆိုးဝါးဝါး ေနထိုင္မေကာင္းျဖစ္ေနလို႕ ကေလးေတြကို သူမအေနနဲ႕ ကယ္တင္ဖို႕ၾကိဳးစားခဲ့ေၾကာင္းလဲ ေျပာျပပါတယ္။

Source – Myint Zaw Thein ( Hello Myanmar )
ဖိုးသူေတာ္ (www.phothutaw.com)
Credit: hlataw

#Unicode Version#
မိခင်တစ်ယောက်ဟာ ကျန်းမာသန်စွမ်းသည့် ကလေးတွေနဲ့ ဘဝသစ်စတင်ရန်အတွက် လက်ရှိ ရှိနေတဲ့ မသန်စွမ်းသားလေး ၂ ယောက်ကို ကြွက်သတ်ဆေး ကျွေးသတ်လိုက်ကြောင်းသိရပါတယ်။

ရုရှားနိုင်ငံ၊ အီကာတာရင်ဘတ်မြို့မှ အသက် ၃၉ နှစ်အရွယ် အီလန်နာကော့ဒ်ယုကိုဗာ ဟာ သူမရဲ့သားလေး ၂ ယောက်ကို အဆိပ်ခပ်သတ်လိုက်သည့်အတွက် ထောင်ဒဏ် နှစ် ၂၀ ကျခံရမည့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

သူမ က ရဲတွေကို အခုလိုလုပ်ရတာကတော့ သူမရဲ့ ကလေးတွေဟာ မျိုးရိုးဗီဇနှင့် ဆိုင်သည့် ရောဂါရှိနေကြလို့ ကျန်းမာပျော်ရွှင်သည့် ဘဝသစ်တစ်ခု စတင်တည်ထောင်ချင်တာကြောင့် အခုလိုသတ်ခဲ့ရတာပါ လို့ထွက်ဆိုပါတယ်။

အသက်မသေဘဲကျန်ရစ်ခဲ့သည့် အသက် ၈ နှစ်အရွယ် သားလေး Ilya ရဲ့ ခန္ဓာကိုယ်ထဲမှာ သေစေနိုင်လောက်သည့် ဆေးအမျိုးအစား တွေ့ရှိရပြီး ဆရာဝန်တွေကတော့ ကလေးရဲ့ အသက်ကိုကယ်နိုင်ခဲ့ပါတယ်။ သို့ပေမယ့် စုံထောက်တွေကတော့ သေဆုံးသွားကြပြီဖြစ်တဲ့ သူမရဲ့ ကလေး ၃ ယောက် အလောင်းတွေကို ပြန်လည်တူးဖော်စစ်ဆေးလျှက်ရှိနေပါတယ်။

သူမရဲ့ သမီးနဲ့ သား ၂ ယောက်ဟာ ဖြစ်တောင့်ဖြစ်ခဲ မျိုးရိုးဗီဇဆိုင်ရာရောဂါခံစားခဲ့ရပြီး ပညာရှင်တွေကတော့ ကလေး ၃ ယောက်ထဲက ၂ ယောက်ဟာ မသေခင် ကြွက်သတ်ဆေး အလွန်အကျွံသုံးစွဲထားကြောင်းဖော်ထုတ်ပေးလိုက်ပါတယ်။

အဆိုပါ ဆေးအမျိုးအစားဟာ ကြွက်သတ်ဖို့အတွက် အဓိကထုတ်လုပ်ထားတာဖြစ်ပေမယ့် သွေးစုပ် တတ်သည့် ပိုးကောင်တွေကိုလဲသေစေနိုင်ပြီး လူတွေအတွက် ပိုးသတ်ဆေးအဖြစ်လဲ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် သူမကတော့ သူမကလေးတွေကို ဆေးအဖြစ်တိုက်ကျွေးခဲ့တာမဟုတ်ပါဘူး။

ပထမတော့ ကော့်ဒ်ယုကိုဗာ ဟာ သူမကလေးတွေကို သတ်ခဲ့တာမဟုတ်ကြောင်းငြင်းဆိုပါသေးတယ်။

နောက်ပိုင်းမှာတော့ တရားရုံးမှာ ကလေးတွေကို သတ်ခဲ့ကြောင်းနဲ့ သတ်ဖို့ကြိုးစားခဲ့ကြောင်းဖြောက်ချက်ပေးပါတယ်။
“ကျမ ကလေးတွေကို ဆေးကုဖို့ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမယ့် ဒီဝန်ထုတ်ဝန်ပိုးကြီးကို ဖျက်ဆီးပစ်ပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးတွေ ထပ်မွေးဖို့ကြိုးစားတာက ပိုလွယ်ကူမယ်လို့စဉ်းစားခဲ့မိပါတယ် ”။

စိတ်ရောဂါကုဆရာဝန်တွေကတော့ သူမဟာ လုံးဝ ပုံမှန်ပဲဖြစ်ကြောင်းပြောသွားခဲ့ပါတယ်။ ပြစ်မှုထင်ရှားပါက သူမဟာ ထောင်ထဲမှာ နှစ် ၂၀ ထိနေရမှာပါ။

သူမရဲ့ သမီးလေး အလက်ဇန္ဒြား၊ သားလေး ၂ ယောက်ဖြစ်တဲ့ မက်ဇင် နဲ့ မိရှာ တို့ဟာ အသက် ၃ နှစ် မပြည့်ခင်မှာပဲ အားလုံးသေဆုံးသွားခဲ့ကြပါတယ်။ အလောင်းဖော်စစ်ဆေးချက်တွေအရ အားလုံးဟာ ကြွက်သတ်ဆေး အလွန်အကျွံသုံးစွဲထားကြောင်းတွေ့ရှိရပါတယ်။

Ilya ဟာလဲပဲ ကြွက်သတ်ဆေးပြား ၃၀ ခန့် သောက်ထားကြောင်းတွေ့ရှိရပေမယ့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ရပါတယ်။

အခု Ilya ကိုစောင့်ရှောက်နေတဲ့ ကော့ဒ်ယုကိုဗာ ရဲ့ ခင်ပွန်းဖြစ်သူ အန်ဒရူးကတော့ သူမဟာ ချစ်ခင်ကြင်နာတတ်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်လို့ အခုလို ကလေးတွေကို သတ်လိုက်တာဟာ မယုံကြည်လောက်အောင် ဖြစ်ရကြောင်းပြောပါတယ်။

“သူမဟာ အံ့သြစရာကောင်းတဲ့ မိခင်တစ်ယောက်ပါ၊ သူမ ကလေးတွေကို ဘယ်လောက်ဂရုစိုက်သလဲဆိုတာ ကျနော်မြင်နေရတာပဲ”။

ကလေးတွေဟာ ဆိုးဆိုးဝါးဝါး နေထိုင်မကောင်းဖြစ်နေလို့ ကလေးတွေကို သူမအနေနဲ့ ကယ်တင်ဖို့ကြိုးစားခဲ့ကြောင်းလဲ ပြောပြပါတယ်။

Source – Myint Zaw Thein ( Hello Myanmar )

ဖိုးသူတော် (www.phothutaw.com)
Credit: hlataw

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top