iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ႏိႈးစက္ပိတ္ၿပီး ျပန္မအိပ္ပါနဲ႔။

ႏိႈးစက္ပိတ္ၿပီး ၅မိနစ္၊ ၁ဝမိနစ္ေလာက္ ျပန္အိပ္တာက အိပ္ေရးမဝသလို ခံစားရေစၿပီး တစ္ေန႔တာလံုးမွာ ထိုင္းမိႈင္းေလးလံေနေစပါတယ္။ ဒါေၾကာင့္ ႏိႈးစက္ျမည္တာနဲ႔ အိပ္ရာကခ်က္ခ်င္း ထလိုက္ပါ။

၂။ အိပ္ရာထဲမွာ ေခြေခါက္ၿပီး ႏွပ္မေနပါနဲ႔။

အိပ္ရာႏိုးတာနဲ႔ ေျခလက္နဲ႔ ခႏၶာကိုယ္ကို အေၾကာဆန္႔လိုက္ပါ။ အေၾကာမ်ားမ်ားဆန္႔ေလေလ အေညာင္းအညာေတြေျပေပ်ာက္ၿပီး လန္းဆန္းတက္ၾကြေလေလ ျဖစ္ပါတယ္။ အိပ္ရာႏုိးႏိုးခ်င္း မထဘဲနဲ႔ ေခြေခါက္ေနရင္ေတာ့ တစ္ေန႔တာလံုး အိပ္ငိုက္ၿပီး စိတ္ဖိစီးမႈမ်ားေနတတ္ပါတယ္။

၃။ အိပ္ရာႏိုးႏုိးခ်င္း အင္တာနက္မသံုးပါနဲ႔။

အိပ္ရာႏိုးႏိုးခ်င္း ေဖ့ဘုတ္ေတြ၊ အီးေမးလ္ေတြဖြင့္ၾကည့္တာက တစ္ေန႔တာလံုး လုပ္ေဆာင္ရမယ့္ အေရးႀကီးအလုပ္ေတြအတြက္ အဟန္႔အတားျဖစ္ေစပါတယ္။ ေဖ့ဘုတ္ဆိုတာ ၾကည့္ေလၾကည့္ေလ စိတ္ဝင္စားေလဆိုသလို စိတ္အာရံုကို ဆြဲေဆာင္ႏိုင္တာေၾကာင့္ သင့္ရဲ႕ တန္ဖိုးရွိတဲ့မနက္ခင္းကို အလဟႆကုန္ဆံုးေစႏုိင္ပါတယ္။

၄။ အိပ္ရာမသိမ္းဘဲ ပစ္မထားခဲ့ပါနဲ႔။

သန္႔ရွင္းသပ္ရပ္ေနတဲ့ အိပ္ရာေလးကို ျမင္လိုက္ရျခင္းဟာ တစ္ေန႔တာလံုးအတြက္ စိတ္အားတက္ၾကြေအာင္ လံႈ႕ေဆာ္ေပးႏုိင္ပါတယ္။ ၿပီးေတာ့ အိပ္ရာသိမ္းတတ္တဲ့ အက်င့္ေကာင္းေလးကေန ေနာက္ထပ္အေရးပါတဲ့ အက်င့္ေကာင္းေလးေတြကို ထိန္းသိမ္းဖို႔ စိတ္ခြန္အားျဖစ္ေစပါတယ္။

၅။ အိပ္ရာႏိုးႏိုးခ်င္း ေကာ္ဖီမေသာက္ပါနဲ႔။

မနက္ ၈နာရီနဲ႔ ၉ နာရီအတြင္းမွာ ခႏၶာကိုယ္ကေန စြမ္းအင္ေတြကို တိုးပြားေစတဲ့ ေကာ္တီေစာလ္ (cortisol) ေဟာ္မုန္းကို ထုတ္လႊတ္ေပးပါတယ္။ မနက္ ၉နာရီခြဲမတိုင္ခင္ ေကာ္ဖီေသာက္ျခင္းက ေကာ္တီေစာလ္ေဟာ္မုန္းထြက္ရွိမႈကို အဟန္႔အတားျဖစ္ေစႏုိင္ၿပီး တစ္ေန႔တာလံုးအတြက္ စြမ္းအင္မလံုေလာက္ဘဲ ေမာပန္းႏြမ္းလ်ေနတတ္ပါတယ္။

၆။ တံခါးေတြပိတ္မထားပါနဲ႔။

မ်က္လံုးမွိတ္ၿပီး အိပ္ေနေပမဲ့ မသိစိတ္က အလင္းနဲ႔ အေမွာင္ကို သိေနပါတယ္။ မနက္အိပ္ရာထခ်ိန္မွာ တံခါးေတြပိတ္ထားၿပီး ေမွာင္ေနတယ္ဆိုရင္ ေန႔ညမသဲကြဲဘဲ အိပ္ေရးမဝသလိုျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ မနက္အိပ္ရာႏိုးတာနဲ႔ အိပ္ခန္းျပတင္းေပါက္ကို ဖြင့္လိုက္ပါ။

၇။ အက်င့္ဆိုးေတြကို ေမြးျမဴမထားပါနဲ႔။

တစ္ေန႔တာလံုးကို ျဖတ္သန္းေနသမွ်နည္းလမ္းေတြဟာ ေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ၊ အက်င့္ပါေနလို႔ျဖစ္ပါတယ္။ မနက္ခင္းအခ်ိန္ေတြကို ေကာင္းမြန္စြာ ျဖတ္သန္းႏိုင္ဖို႔ အက်င့္ဆိုးေတြကို ဖယ္ရွားလိုက္ပါ။ အက်င့္ဆိုးေတြကို ဖယ္ရွားလိုက္တာနဲ႔ အက်င့္ေကာင္းေတြကုိ လုပ္ေဆာင္ႏိုင္ဖို႔ စိတ္စြမ္းအင္ရလာမွာပါ။

မွတ္သားစရာစာေစာင္ေလးကို သူငယ္ခ်င္းေတြအတြက္ SHARE လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: shwelayoung

# Unicode Version ျဖင့္ ဖတ္ပါ #
၁။ နှိုးစက်ပိတ်ပြီး ပြန်မအိပ်ပါနဲ့။

နှိုးစက်ပိတ်ပြီး ၅မိနစ်၊ ၁ဝမိနစ်လောက် ပြန်အိပ်တာက အိပ်ရေးမဝသလို ခံစားရစေပြီး တစ်နေ့တာလုံးမှာ ထိုင်းမှိုင်းလေးလံနေစေပါတယ်။ ဒါကြောင့် နှိုးစက်မြည်တာနဲ့ အိပ်ရာကချက်ချင်း ထလိုက်ပါ။

၂။ အိပ်ရာထဲမှာ ခွေခေါက်ပြီး နှပ်မနေပါနဲ့။

အိပ်ရာနိုးတာနဲ့ ခြေလက်နဲ့ ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ပါ။ အကြောများများဆန့်လေလေ အညောင်းအညာတွေပြေပျောက်ပြီး လန်းဆန်းတက်ကြွလေလေ ဖြစ်ပါတယ်။ အိပ်ရာနိုးနိုးချင်း မထဘဲနဲ့ ခွေခေါက်နေရင်တော့ တစ်နေ့တာလုံး အိပ်ငိုက်ပြီး စိတ်ဖိစီးမှုများနေတတ်ပါတယ်။

၃။ အိပ်ရာနိုးနိုးချင်း အင်တာနက်မသုံးပါနဲ့။

အိပ်ရာနိုးနိုးချင်း ဖေ့ဘုတ်တွေ၊ အီးမေးလ်တွေဖွင့်ကြည့်တာက တစ်နေ့တာလုံး လုပ်ဆောင်ရမယ့် အရေးကြီးအလုပ်တွေအတွက် အဟန့်အတားဖြစ်စေပါတယ်။ ဖေ့ဘုတ်ဆိုတာ ကြည့်လေကြည့်လေ စိတ်ဝင်စားလေဆိုသလို စိတ်အာရုံကို ဆွဲဆောင်နိုင်တာကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့မနက်ခင်းကို အလဟဿကုန်ဆုံးစေနိုင်ပါတယ်။

၄။ အိပ်ရာမသိမ်းဘဲ ပစ်မထားခဲ့ပါနဲ့။

သန့်ရှင်းသပ်ရပ်နေတဲ့ အိပ်ရာလေးကို မြင်လိုက်ရခြင်းဟာ တစ်နေ့တာလုံးအတွက် စိတ်အားတက်ကြွအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ပြီးတော့ အိပ်ရာသိမ်းတတ်တဲ့ အကျင့်ကောင်းလေးကနေ နောက်ထပ်အရေးပါတဲ့ အကျင့်ကောင်းလေးတွေကို ထိန်းသိမ်းဖို့ စိတ်ခွန်အားဖြစ်စေပါတယ်။

၅။ အိပ်ရာနိုးနိုးချင်း ကော်ဖီမသောက်ပါနဲ့။

မနက် ၈နာရီနဲ့ ၉ နာရီအတွင်းမှာ ခန္ဓာကိုယ်ကနေ စွမ်းအင်တွေကို တိုးပွားစေတဲ့ ကော်တီစောလ် (cortisol) ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။ မနက် ၉နာရီခွဲမတိုင်ခင် ကော်ဖီသောက်ခြင်းက ကော်တီစောလ်ဟော်မုန်းထွက်ရှိမှုကို အဟန့်အတားဖြစ်စေနိုင်ပြီး တစ်နေ့တာလုံးအတွက် စွမ်းအင်မလုံလောက်ဘဲ မောပန်းနွမ်းလျနေတတ်ပါတယ်။

၆။ တံခါးတွေပိတ်မထားပါနဲ့။

မျက်လုံးမှိတ်ပြီး အိပ်နေပေမဲ့ မသိစိတ်က အလင်းနဲ့ အမှောင်ကို သိနေပါတယ်။ မနက်အိပ်ရာထချိန်မှာ တံခါးတွေပိတ်ထားပြီး မှောင်နေတယ်ဆိုရင် နေ့ညမသဲကွဲဘဲ အိပ်ရေးမဝသလိုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မနက်အိပ်ရာနိုးတာနဲ့ အိပ်ခန်းပြတင်းပေါက်ကို ဖွင့်လိုက်ပါ။

၇။ အကျင့်ဆိုးတွေကို မွေးမြူမထားပါနဲ့။

တစ်နေ့တာလုံးကို ဖြတ်သန်းနေသမျှနည်းလမ်းတွေဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အကျင့်ပါနေလို့ဖြစ်ပါတယ်။ မနက်ခင်းအချိန်တွေကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ဖို့ အကျင့်ဆိုးတွေကို ဖယ်ရှားလိုက်ပါ။ အကျင့်ဆိုးတွေကို ဖယ်ရှားလိုက်တာနဲ့ အကျင့်ကောင်းတွေကို လုပ်ဆောင်နိုင်ဖို့ စိတ်စွမ်းအင်ရလာမှာပါ။

မှတ်သားစရာစာစောင်လေးကို သူငယ်ချင်းတွေအတွက် SHARE လိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: shwelayoung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top