ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

တ႐ုတ္ႏိုင္ငံ ဟူနန္ျပည္နယ္က ဆီဇာတန္မီးယပ္နဲ႔သြားဖြားေဆး႐ုံတစ္႐ုံရဲ႕ ခြဲစိပ္ခန္း ကုတင္တစ္လုံးေပၚမွာ အသက္မဲ့ေနတဲ့ မိခင္အေလာင္းတစ္ေလာင္းရဲ႕ ေဘးမွာ ခပ္တိုး တိုးညႇင္းညႇင္းအသက္ရႈေနတဲ့ ကေလးငယ္တို႔ရဲ႕ျမင္ကြင္းကို လူနာရွင္ျမင္ေတြ အေတာ္ ေလး စိတ္ေသာကေရာက္ကာ ေဒါသအိုးေပါက္ကြဲသြားခဲ့ရပါၿပီ။

အေလာင္းရဲ႕ေဘးပတ္လည္မွာလည္း ဘယ္လိုေဆးဝါအကူအညီေတြမရွိ၊ ေစာင့္ၾကည့္ ကုသေပးမယ့္ ေဆးဝါးအကူတစ္ေယာက္ မွ မရွိတာေၾကာင့္ ေဆး႐ုံရဲ႕တာဝန္ယူမႈမရွိတဲ့ ဒီကိစၥ အျဖစ္အပ်က္က အမ်ားအျမင္မွာ မွင္သက္သြားေစေလာက္ေအာင္သိေစခဲ့တာ ပဲျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ကိုယ္ဝန္ေဆာင္မိခင္ ဇန္က မီးဖြားခါနီးမွာ ဗိုက္အရမ္းနာက်င္ လာ၍ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ ယင္းေဆး႐ုံသို႔အေရးေပၚတင္လိုက္ရပါတယ္။

ေဆး႐ုံ ဆရာဝန္ေတြရဲ႕ေျပာၾကားခ်က္အရ မိခင္ေလာင္းမွာ ကေလးငယ္ကထြားလြန္းတဲ့ အ တြက္ စိုးရိမ္ရမယ့္အေနအထားရွိေၾကာင္းကို လူနာရွင္ခင္ပြန္း လီအူကိုႀကိဳတင္ေျပာထားကာခြဲစိပ္ရမယ့္ခြင့္ျပဳခ်က္ကိုယူထားလိုက္ၿပီး ေနာက္တစ္ေန႔မွာပဲ ဇနီးသည္ရဲ႕ သားအိမ္ကို ခြဲထုတ္လိုက္ၾကတယ္လို႔ သိရွိရပါတယ္။

ထို႔ေနာက္ရက္မွာေတာ့ရင္ဘတ္ေဟာင္းေလာင္းဖြင့္ထားတဲ့ ဇနီးသည္ရဲ႕ အေလာင္း နဲ႔အသက္ ေငြ႕ေငြ႕ရႈေနတဲ့ ကေလးငယ္တို႔ႏွစ္ဦးကို ေဆး႐ုံုရဲ႕ ေအးစက္လြန္းတဲ့ခြဲခန္း ကုတင္မွာ ၾကည့္ရႈသူမရွိတဲ့ အေနအထားကိုေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ဒီလိုျမင္ကြင္းမ်ိဳး ကိုျမင္ရတဲ့အတြက္ လူနာရွင္ေတြအေနနဲ႔လည္း အေတာ္ေလး ထိတ္လန႔္ေၾကာက္႐ြံ႕ကာ ေဒါသသူပုန္ထြက္ခဲ့ရၿပီး ယခုေလာေလာဆယ္မွာေတာ့ ေဆး႐ုံကိုသက္ဆိုင္ရာမွ တဆင့္တရားစြဲဆိုမႈ၊ ဆႏၵျပမႈေတြျပဳလုပ္ေနၾကၿပီးေတာ့ လူတစ္ေယာက္ရဲ႕ အသက္ကို တာဝန္ယူျခင္းမရွိေၾကာင္းကို လူအမ်ားျပည္သူေတြ သိေအာင္ေဖာ္ထုတ္သြားမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Latest News

# Unicode Version ျဖင့္ ဖတ္ပါ#
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က ဆီဇာတန်မီးယပ်နဲ့သွားဖွားဆေးရုံတစ်ရုံရဲ့ ခွဲစိပ်ခန်း ကုတင်တစ်လုံးပေါ်မှာ အသက်မဲ့နေတဲ့ မိခင်အလောင်းတစ်လောင်းရဲ့ ဘေးမှာ ခပ်တိုး တိုးညှင်းညှင်းအသက်ရှုနေတဲ့ ကလေးငယ်တို့ရဲ့မြင်ကွင်းကို လူနာရှင်မြင်တွေ အတော် လေး စိတ်သောကရောက်ကာ ဒေါသအိုးပေါက်ကွဲသွားခဲ့ရပါပြီ။

အလောင်းရဲ့ဘေးပတ်လည်မှာလည်း ဘယ်လိုဆေးဝါအကူအညီတွေမရှိ၊ စောင့်ကြည့် ကုသပေးမယ့် ဆေးဝါးအကူတစ်ယောက် မှ မရှိတာကြောင့် ဆေးရုံရဲ့တာဝန်ယူမှုမရှိတဲ့ ဒီကိစ္စ အဖြစ်အပျက်က အများအမြင်မှာ မှင်သက်သွားစေလောက်အောင်သိစေခဲ့တာ ပဲဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် ဇန်က မီးဖွားခါနီးမှာ ဗိုက်အရမ်းနာကျင် လာ၍ သြဂုတ်လ ၁၀ ရက်နေ့မှာ ယင်းဆေးရုံသို့အရေးပေါ်တင်လိုက်ရပါတယ်။

ဆေးရုံ ဆရာဝန်တွေရဲ့ပြောကြားချက်အရ မိခင်လောင်းမှာ ကလေးငယ်ကထွားလွန်းတဲ့ အ တွက် စိုးရိမ်ရမယ့်အနေအထားရှိကြောင်းကို လူနာရှင်ခင်ပွန်း လီအူကိုကြိုတင်ပြောထားကာခွဲစိပ်ရမယ့်ခွင့်ပြုချက်ကိုယူထားလိုက်ပြီး နောက်တစ်နေ့မှာပဲ ဇနီးသည်ရဲ့ သားအိမ်ကို ခွဲထုတ်လိုက်ကြတယ်လို့ သိရှိရပါတယ်။

ထို့နောက်ရက်မှာတော့ရင်ဘတ်ဟောင်းလောင်းဖွင့်ထားတဲ့ ဇနီးသည်ရဲ့ အလောင်း နဲ့အသက် ငွေ့ငွေ့ရှုနေတဲ့ ကလေးငယ်တို့နှစ်ဦးကို ဆေးရုံရဲ့ အေးစက်လွန်းတဲ့ခွဲခန်း ကုတင်မှာ ကြည့်ရှုသူမရှိတဲ့ အနေအထားကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုမြင်ကွင်းမျိုး ကိုမြင်ရတဲ့အတွက် လူနာရှင်တွေအနေနဲ့လည်း အတော်လေး ထိတ်လန့်ကြောက်ရွံ့ကာ ဒေါသသူပုန်ထွက်ခဲ့ရပြီး ယခုလောလောဆယ်မှာတော့ ဆေးရုံကိုသက်ဆိုင်ရာမှ တဆင့်တရားစွဲဆိုမှု၊ ဆန္ဒပြမှုတွေပြုလုပ်နေကြပြီးတော့ လူတစ်ယောက်ရဲ့ အသက်ကို တာဝန်ယူခြင်းမရှိကြောင်းကို လူအများပြည်သူတွေ သိအောင်ဖော်ထုတ်သွားမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Latest News 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top