ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

Food & Recipe: က်န္းမာေရးအတြက္ သင့္ေတာ္တယ္ထင္ရေပမယ့္ ေရွာင္႐ွားသင့္တဲ့ အစားအစာ (၆) မ်ိဳးတခ်ိဳ႕အစားအစာေတြကေတာ့ က်န္းမာေရးနဲ႔ ညီညြတ္တယ္လို႔ အေပၚယံထင္ရေပမယ့္ တကယ္တမ္းမွာ က်န္းမာေရးအတြက္ မသင့္ေလ်ာ္ပါဘူး။

"အစားလည္းေဆး၊ ေဆးလည္းအစာ" ဆိုတဲ့ စကားေတာင္႐ွိပါေသးတယ္။ တခ်ိဳ႕အစားအစာေတြက သံုးတတ္ရင္ ဓာတ္စာပါ။ အာဟာရျပည့္ဝေအာင္ စားေသာက္ေနထိုင္တတ္ရံုနဲ႔ က်န္းမာေရးေကာင္းမြန္တဲ့ သာဓကေတြလည္း အမ်ားႀကီးရွိပါတယ္။ ဒါေပမဲ့ တခ်ိဳ႕အစားအစာေတြကေတာ့ က်န္းမာေရးနဲ႔ ညီညြတ္တယ္လို႔ အေပၚယံထင္ရေပမယ့္ တကယ္တမ္းမွာ က်န္းမာေရးအတြက္ မသင့္ေလ်ာ္ပါဘူး။ အဲဒီအစားအစာေတြကေတာ့...

၁။ ရယ္ဒီမိတ္ၾကက္ဆင္သား

ၾကက္ဆင္သားဆိုတာ ဥေရာပအစားအစာတစ္မ်ိဳးပါ။ ပရိုတိန္းဓာတ္ အထူးၾကြယ္ဝၿပီး ခရမ္းခ်ဥ္သီး၊ သခြားသီး၊ မရိုးနိစ္တို႔နဲ႔ေရာၿပီး ေပါင္မုန္႔နဲ႔ ညွပ္စားလိုက္ရင္ အရသာအထူးေကာင္းမြန္တဲ႔ ၾကက္ဆင္သား ဆင္းဒဝစ္ခ်္ေလးကို ရ႐ွိေစမွာပါ။ ဒါေပမဲ့ ေရခဲ႐ိုက္ထားၿပီး အသင့္စားသံုးႏိုင္ေအာင္ ထုပ္ပိုးထားတဲ့ ရယ္ဒီမိတ္ၾကက္ဆင္သားကေတာ့ က်န္းမာေရးအတြက္ မေကာင္းမြန္ပါဘူး။ ရယ္ဒီမိတ္ ၾကက္ဆင္သားတစ္ထုပ္မွာ ေန႔စဥ္လိုအပ္တဲ့ ဆိုဒီယမ္ပမာဏ သံုးပံုတစ္ပံုေလာက္ထိ ပါဝင္ေနပါတယ္။ ခႏၶာကိုယ္ထဲမွာ ဆိုဒီယမ္ဓာတ္မ်ားေနရင္ ဆီးေက်ာက္တည္ျခင္း ျဖစ္ေစႏိုင္ပါတယ္။

၂။ ဖြဲႏုမက္ဖင္မုန္႔

ဖြဲႏုမက္ဖင္ (Bran Muffin) မုန္႔ေတြဟာ ေကာ္ဖီနဲ႔ကိတ္ တြဲေရာင္းတဲ့ဆိုင္ေတြမွာ ဝယ္ယူရ႐ွိႏိုင္ၿပီး ေကာ္ဖီေမႊးေမႊးေလးနဲ႔ တြဲလိုက္ရင္ အေကာင္းဆံုးမနက္စာ ေရြးခ်ယ္မႈတစ္ခုလို႔ ထင္ရစရာ ႐ွိပါတယ္။ ဖြဲႏုဟာ အမွ်င္ဓာတ္ၾကြယ္ဝတဲ့ ရင္းျမစ္တစ္ခုျဖစ္ေပမဲ့ ဂ်ံဳ၊ သၾကား၊ ႏြားႏို႔၊ အဆီတို႔နဲ႔ေပါင္းၿပီး မက္ဖင္မုန္႔အျဖစ္ ဖုတ္လိုက္တဲ့အခ်ိန္မွာေတာ့ က်န္းမာေရးအတြက္ မသင့္ေတာ္ေတာ့ပါဘူး။ အရြယ္အစားေပၚ မူတည္ၿပီး ဖြဲႏုမက္ဖင္တစ္လံုးဟာ ခရင္မ္ေတြအမ်ားႀကီးပါတဲ့ ဒိုးနပ္တစ္ခုထက္ေတာင္ ကယ္လိုရီနဲ႔သၾကားဓာတ္ မ်ားေနႏိုင္ပါတယ္တဲ့။

၃။ ေျမပဲဲေထာပတ္

ေျမပဲထဲကရတဲ့ အဆီဓာတ္ကေတာ့ က်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။ ဟားဗတ္တကၠသိုလ္ သုေတသနတစ္ခုရဲ႕ အဆိုအရေတာ့ တစ္ေန႔ကို ေျမပဲလက္တစ္ဆုပ္စာခန္႔ ပံုုမွန္စားေပးရင္ ေစာေစာစီးစီး ေသဆံုးႏုုိင္ေျခ ၂၀ ရာခိုင္ႏႈန္းခန္႔ ေလ်ာ့နည္းေစတယ္တဲ့။ ဒါေပမဲ့ ေျမပဲေထာပတ္ကေတာ့ မတူပါဘူး။ ေျမပဲကေန အဆီထုတ္ၿပီး ျပဳလုပ္ထားတဲ့ ေျမပဲေထာပတ္ဟာ ေပါင္မုန္႔ေပၚမွာ သုတ္စားရင္ စားလို႔ေကာင္းတဲ့ အစားအစာတစ္မ်ိဳးပါ။ ဒါေပမဲ့ ေျမပဲေထာပတ္ထဲမွာ ကယ္လိုရီနဲ႔ အခ်ိဳဓာတ္ ၾကြယ္ဝၿပီး ကိုလက္စ္ထေရာေတြလည္း တက္ႏိုင္ေစႏိုင္ပါတယ္။ တစ္နည္းအားျဖင့္ သင့္ကို အဝလြန္ေစႏိုင္ပါတယ္။

၄။ ဆူ႐ွီ

ဆူ႐ွီဟာ လတ္ဆတ္တဲ့ငါး အသားလႊာရယ္၊ ေပါ့ေပါ့ပါးပါး ေဆာ့စ္ေတြရယ္နဲ႔ ေပါင္းစပ္ထားတဲ့ အစားအစာဆိုေတာ့ က်န္းမာေရးအတြက္ ေကာင္းမြန္တယ္လို႔ ထင္စရာပါပဲ။ ဆူ႐ွီေတြဟာ ဆန္နဲ႔ အသီးအရြက္ေတြနဲ႔ လုပ္ထားတာမ်ားေတာ့ ဆူ႐ွီဆိုင္ေရာက္ရင္ တနင့္တပိုးစားမိ တတ္ၾကပါတယ္။

ဒါေပမယ့္ အာဟာရေဗဒ ပညာ႐ွင္တစ္ဦးျဖစ္တဲ့ Rachel Beller ကေတာ့ ကယ္လီဖုိနီးယား ဆူ႐ွွီတစ္ပြဲဟာ မရိုးနိစ္အျပည့္ထည့္ထားတဲ့ တူနာငါးဆင္းဒဝစ္ခ်္ (၂) ခ်ပ္စားတာနဲ႔ ညီမွ်တယ္လို႔ဆိုပါတယ္။ ဒါဟာ ေတာ္ေတာ္မ်ားတဲ့ ကယ္လိုရီပမာဏပါ။ ေနာက္ၿပီး အူမႀကီးအေပၚ ဆူ႐ွီရဲ႕ အက်ိဳးသက္ေရာက္မႈေတြကိုလည္း ထည့္သြင္းစဥ္းစားသင့္ပါတယ္။

၅။ ငွက္ေပ်ာေျခာက္ေၾကာ္

ရိုးရိုးငွက္ေပ်ာသီးတစ္လံုးမွာ အမွ်င္ဓာတ္၊ ပိုတက္စီယမ္၊ ဗိုက္တာမင္စီ၊ ကယ္လိုရီနည္းနည္း၊ အဆီနည္းနည္းပဲ ပါဝင္ပါတယ္။ ငွက္ေပ်ာေျခာက္ေၾကာ္ထဲမွာေတာ့ ကယ္လိုရီ (၁၅၀) ေလာက္ပါဝင္ပါတယ္။ ကယ္လိုရီမ်ားျပားတဲ့အတြက္ အဝလြန္သူေတြ၊ ႏွလံုးေရာဂါသည္ေတြ၊ ဆီးခ်ိဳသမားေတြအတြက္ေတာ့ အႏၱရာယ္ပါပဲ။

၆။ ဘူးသြပ္ထားတဲ့ Green Tea

Green Tea (လက္ဖက္စိမ္းေရေႏြးၾကမ္း) ေသာက္ရတာ တကယ္ေကာင္းပါတယ္။ အရသာ႐ွိသလို က်န္းမာေရး အက်ိဳးေက်းဇူး ေတြလည္း အမ်ားႀကီးပါဝင္ပါတယ္။ ဒါေပမဲ့ ကိုယ္ေသာက္ေနတာ antioxidant ၾကြယ္ဝစြာပါဝင္တဲ့ လက္ဖက္ရည္ၾကမ္းကို ေသာက္ေနတာလား။ အသင့္ေသာက္သံုးလို႔ရတဲ့ လက္ဖက္စိမ္းအရသာ စြက္ထားတဲဲ႔ သၾကားေရကို ေသာက္ေနတာလား ဆိုတာကိုေတာ့ ကြဲကြဲျပားျပား သိဖို႔လိုအပ္ပါလိမ့္မယ္။

ConsumerLab.com ရဲ႕စာတမ္းတစ္ခုမွာ ေဖာ္ျပထားတာက စတိုးဆိုင္ေတြမွာ ေရာင္းခ်ေနတဲ့ ဘူးသြပ္ထားတဲ့ လက္ဖက္ရည္ဟာ ပံုမွန္လက္ဖက္ရည္ၾကမ္းထဲမွာ ပါဝင္တဲ့ ECGC ဆိုတဲ့ antioxidant မပါဝင္သေလာက္ပါပဲတဲ့။ ဒီေတာ့ လက္ဖက္စိမ္းေရေႏြးၾကမ္းရဲ႕ အက်ိဳးေက်းဇူးေတြကို မရ႐ွိဘဲ သၾကားေရကိုပဲ ခႏၶာကိုယ္ထဲ နင္းကန္စြတ္ထည့္ ေနမိသလို ျဖစ္မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
တချို့အစားအစာတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ အပေါ်ယံထင်ရပေမယ့် တကယ်တမ်းမှာ ကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။

"အစားလည်းဆေး၊ ဆေးလည်းအစာ" ဆိုတဲ့ စကားတောင်ရှိပါသေးတယ်။ တချို့အစားအစာတွေက သုံးတတ်ရင် ဓာတ်စာပါ။ အာဟာရပြည့်ဝအောင် စားသောက်နေထိုင်တတ်ရုံနဲ့ ကျန်းမာရေးကောင်းမွန်တဲ့ သာဓကတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ တချို့အစားအစာတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ အပေါ်ယံထင်ရပေမယ့် တကယ်တမ်းမှာ ကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။ အဲဒီအစားအစာတွေကတော့...

၁။ ရယ်ဒီမိတ်ကြက်ဆင်သား

ကြက်ဆင်သားဆိုတာ ဥရောပအစားအစာတစ်မျိုးပါ။ ပရိုတိန်းဓာတ် အထူးကြွယ်ဝပြီး ခရမ်းချဉ်သီး၊ သခွားသီး၊ မရိုးနိစ်တို့နဲ့ရောပြီး ပေါင်မုန့်နဲ့ ညှပ်စားလိုက်ရင် အရသာအထူးကောင်းမွန်တဲ့ ကြက်ဆင်သား ဆင်းဒဝစ်ချ်လေးကို ရရှိစေမှာပါ။ ဒါပေမဲ့ ရေခဲရိုက်ထားပြီး အသင့်စားသုံးနိုင်အောင် ထုပ်ပိုးထားတဲ့ ရယ်ဒီမိတ်ကြက်ဆင်သားကတော့ ကျန်းမာရေးအတွက် မကောင်းမွန်ပါဘူး။ ရယ်ဒီမိတ် ကြက်ဆင်သားတစ်ထုပ်မှာ နေ့စဉ်လိုအပ်တဲ့ ဆိုဒီယမ်ပမာဏ သုံးပုံတစ်ပုံလောက်ထိ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ဓာတ်များနေရင် ဆီးကျောက်တည်ခြင်း ဖြစ်စေနိုင်ပါတယ်။

၂။ ဖွဲနုမက်ဖင်မုန့်

ဖွဲနုမက်ဖင် (Bran Muffin) မုန့်တွေဟာ ကော်ဖီနဲ့ကိတ် တွဲရောင်းတဲ့ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီး ကော်ဖီမွှေးမွှေးလေးနဲ့ တွဲလိုက်ရင် အကောင်းဆုံးမနက်စာ ရွေးချယ်မှုတစ်ခုလို့ ထင်ရစရာ ရှိပါတယ်။ ဖွဲနုဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ ရင်းမြစ်တစ်ခုဖြစ်ပေမဲ့ ဂျုံ၊ သကြား၊ နွားနို့၊ အဆီတို့နဲ့ပေါင်းပြီး မက်ဖင်မုန့်အဖြစ် ဖုတ်လိုက်တဲ့အချိန်မှာတော့ ကျန်းမာရေးအတွက် မသင့်တော်တော့ပါဘူး။ အရွယ်အစားပေါ် မူတည်ပြီး ဖွဲနုမက်ဖင်တစ်လုံးဟာ ခရင်မ်တွေအများကြီးပါတဲ့ ဒိုးနပ်တစ်ခုထက်တောင် ကယ်လိုရီနဲ့သကြားဓာတ် များနေနိုင်ပါတယ်တဲ့။

၃။ မြေပဲထောပတ်

မြေပဲထဲကရတဲ့ အဆီဓာတ်ကတော့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဟားဗတ်တက္ကသိုလ် သုတေသနတစ်ခုရဲ့ အဆိုအရတော့ တစ်နေ့ကို မြေပဲလက်တစ်ဆုပ်စာခန့် ပုံုမှန်စားပေးရင် စောစောစီးစီး သေဆုံးနိုုင်ခြေ ၂၀ ရာခိုင်နှုန်းခန့် လျော့နည်းစေတယ်တဲ့။ ဒါပေမဲ့ မြေပဲထောပတ်ကတော့ မတူပါဘူး။ မြေပဲကနေ အဆီထုတ်ပြီး ပြုလုပ်ထားတဲ့ မြေပဲထောပတ်ဟာ ပေါင်မုန့်ပေါ်မှာ သုတ်စားရင် စားလို့ကောင်းတဲ့ အစားအစာတစ်မျိုးပါ။ ဒါပေမဲ့ မြေပဲထောပတ်ထဲမှာ ကယ်လိုရီနဲ့ အချိုဓာတ် ကြွယ်ဝပြီး ကိုလက်စ်ထရောတွေလည်း တက်နိုင်စေနိုင်ပါတယ်။ တစ်နည်းအားဖြင့် သင့်ကို အဝလွန်စေနိုင်ပါတယ်။

၄။ ဆူရှီ

ဆူရှီဟာ လတ်ဆတ်တဲ့ငါး အသားလွှာရယ်၊ ပေါ့ပေါ့ပါးပါး ဆော့စ်တွေရယ်နဲ့ ပေါင်းစပ်ထားတဲ့ အစားအစာဆိုတော့ ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ ထင်စရာပါပဲ။ ဆူရှီတွေဟာ ဆန်နဲ့ အသီးအရွက်တွေနဲ့ လုပ်ထားတာများတော့ ဆူရှီဆိုင်ရောက်ရင် တနင့်တပိုးစားမိ တတ်ကြပါတယ်။

ဒါပေမယ့် အာဟာရဗေဒ ပညာရှင်တစ်ဦးဖြစ်တဲ့ Rachel Beller ကတော့ ကယ်လီဖိုနီးယား ဆူရှှီတစ်ပွဲဟာ မရိုးနိစ်အပြည့်ထည့်ထားတဲ့ တူနာငါးဆင်းဒဝစ်ချ် (၂) ချပ်စားတာနဲ့ ညီမျှတယ်လို့ဆိုပါတယ်။ ဒါဟာ တော်တော်များတဲ့ ကယ်လိုရီပမာဏပါ။ နောက်ပြီး အူမကြီးအပေါ် ဆူရှီရဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

၅။ ငှက်ပျောခြောက်ကြော်

ရိုးရိုးငှက်ပျောသီးတစ်လုံးမှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဗိုက်တာမင်စီ၊ ကယ်လိုရီနည်းနည်း၊ အဆီနည်းနည်းပဲ ပါဝင်ပါတယ်။ ငှက်ပျောခြောက်ကြော်ထဲမှာတော့ ကယ်လိုရီ (၁၅၀) လောက်ပါဝင်ပါတယ်။ ကယ်လိုရီများပြားတဲ့အတွက် အဝလွန်သူတွေ၊ နှလုံးရောဂါသည်တွေ၊ ဆီးချိုသမားတွေအတွက်တော့ အန္တရာယ်ပါပဲ။

၆။ ဘူးသွပ်ထားတဲ့ Green Tea

Green Tea (လက်ဖက်စိမ်းရေနွေးကြမ်း) သောက်ရတာ တကယ်ကောင်းပါတယ်။ အရသာရှိသလို ကျန်းမာရေး အကျိုးကျေးဇူး တွေလည်း အများကြီးပါဝင်ပါတယ်။ ဒါပေမဲ့ ကိုယ်သောက်နေတာ antioxidant ကြွယ်ဝစွာပါဝင်တဲ့ လက်ဖက်ရည်ကြမ်းကို သောက်နေတာလား။ အသင့်သောက်သုံးလို့ရတဲ့ လက်ဖက်စိမ်းအရသာ စွက်ထားတဲ့ သကြားရေကို သောက်နေတာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား သိဖို့လိုအပ်ပါလိမ့်မယ်။

ConsumerLab.com ရဲ့စာတမ်းတစ်ခုမှာ ဖော်ပြထားတာက စတိုးဆိုင်တွေမှာ ရောင်းချနေတဲ့ ဘူးသွပ်ထားတဲ့ လက်ဖက်ရည်ဟာ ပုံမှန်လက်ဖက်ရည်ကြမ်းထဲမှာ ပါဝင်တဲ့ ECGC ဆိုတဲ့ antioxidant မပါဝင်သလောက်ပါပဲတဲ့။ ဒီတော့ လက်ဖက်စိမ်းရေနွေးကြမ်းရဲ့ အကျိုးကျေးဇူးတွေကို မရရှိဘဲ သကြားရေကိုပဲ ခန္ဓာကိုယ်ထဲ နင်းကန်စွတ်ထည့် နေမိသလို ဖြစ်မှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top