ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လူတစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္မိၿပီး ခ်စ္သူျဖစ္သြားၾကတဲ့အခါ အခုေအာက္မွာေဖာ္ျပမယ့္အခ်က္ေတြထဲက တစ္ခုမဟုတ္တစ္ခုေတာ့ အားလံုးနီးပါးမွာရွိၾကမယ္လို႔ထင္မိပါတယ္။ ဒီအမူအက်င့္ေတြဟာ သင့္အေနနဲ႔ ျပႆနာမရွိပါဘူးလို႔ ထင္ရေပမယ့္ ၾကာလာရင္ေတာ့ သင္တို႔ႏွစ္ေယာက္ဆက္ဆံေရးကို အဆိပ္အေတာက္ျဖစ္ေစႏိုင္တဲ့အရာေတြပါ။

၁။ သ၀န္တုိျခင္း

သ၀န္တိုတယ္ဆိုတာကို ခ်စ္သူစံုတြဲတိုင္း သာမန္လို႔ထင္ၾကပါလိမ့္မယ္။ သူ႔အေပၚသ၀န္တိုတာဟာ ခ်စ္လို႔လို႔ပဲ သင္ယူဆမိႏိုင္ပါတယ္။ ဒါေပမယ့္ အလြန္အကၽြံသ၀န္တိုလာတဲ့ ဆက္ဆံေရးတစ္ခုဟာ ဘာလုပ္လုပ္အဆင္ေျပလာေတာ့မွာမဟုတ္ပါဘူး။ သ၀န္တိုျခင္းကေနစၿပီး သူ႔အေပၚ ကန္႔သတ္ခ်ဳပ္ခ်ယ္ျခင္းေတြ ျပဳလုပ္လာႏိုင္တာေၾကာင့္ သာယာေပ်ာ္ရႊင္တဲ့ အခ်စ္ေရးတစ္ခု ရရွိလာမွာမဟုတ္ပါဘူး။

၂။ အမွား၀န္မခံျခင္း

တခါတေလမွာ သင့္ခ်စ္သူကို သင္စိတ္ဆိုးေဒါသထြက္ေအာင္ျပဳလုပ္မိတဲ့အခါလည္းရွိမွာပါ။ အဲဒီအခါ သင္မွားတယ္ဆိုတာကို ၀န္ခံဖို႔ တခါတေလ ခက္ခဲတတ္ၾကပါတယ္။  သင္ဟာ အမွားကို လံုး၀၀န္ခံေလ့မရွိဘူးဆိုတာဟာ ျပႆနာတစ္ခုပါပဲ။ သင့္ခ်စ္သူ ့အေပၚတကယ္ခ်င္ရင္ သင့္အေနနဲ႔ အမွားလုပ္မိတဲ့အေၾကာင္း၀န္ခံပါ။ ခ်စ္သူကို ေတာင္းပန္လိုက္ပါ။

၃။ အတိတ္ကိုျပန္တူးဆြျခင္း

လက္ရွိပစၦဳပၸာန္မွာ သင့္ခ်စ္သူအျဖစ္ရွိေနတဲ့သူ႔ကို အတိတ္က အမွားေတြ၊ အားနည္းခ်က္ေတြကိုေထာက္ၿပီး အျပစ္ရွိသလိုခံစားရေအာင္မလုပ္သင့္ပါဘူး။ အခြင့္အေရးရတိုင္း အတိတ္ကိုတူးဆြၿပီး ခ်စ္သူကိုဒဏ္ရာမေပးသင့္ပါဘူး။

၄။ တဖန္ျပန္ၿပီးရန္လိုတတ္ျခင္း

တခါတေလမွာ သင္သူ႔အေပၚ မေက်မနပ္ျဖစ္တာကို ဘာလို႔လဲလို႔ အေျဖရွာမယ့္အစား သင့္အေပၚ စိတ္ဆိုးစိတ္ေကာက္လိုက္ေရာ။ အခုလို စိတ္ေကာက္ရမလားဆိုၿပီး သူကစိတ္ဆိုးသြားျပန္ေရာ။ ဒီလိုအျပဳအမူေတြလည္းစံုတြဲတိုင္းလိုလိုမွာ ရွိတတ္ၾကတယ္ေနာ္။ ကိုယ္ကခ်စ္လြန္းလို႔ အစကအလိုလိုက္ထားေပမယ့္ တစ္သက္လံုးလက္တြဲသြားဖို႔ရည္ရြယ္ရင္ အခုလိုမ်ိဳးလုပ္မယ့္အစား ခ်စ္သူကိုယ့္အေပၚ ဘာလို႔မေက်မနပ္ျဖစ္တာလဲဆိုတာကို ရွာေဖြၿပီး၊ စိတ္ေက်နပ္ေအာင္ ေခ်ာ့သင့္ပါတယ္။

၅။ သင္တို႔ႏွစ္ေယာက္ဆက္ဆံေရးကို ဓားစားခံလို ထားျခင္း

သင္ျပႆနာမရွိပါဘူးလို႔ထင္ေနတ့ဲ သင္တို႔ႏွစ္ေယာက္ဆက္ဆံေရးကို ထိခိုက္ေစတဲ့ အမူအက်င့္ေတြ

တစ္ခုခုရန္ျဖစ္စကားမ်ားၿပီဆိုရင္ ေတာ္ၿပီ လမ္းခြဲလို္က္ေတာ့မယ္။ ျပတ္လိုက္ေတာ့မယ္ဆိုၿပီး ၿခိမ္းေျခာက္တာမ်ိဳး မလုပ္သင့္ပါဘူး။ သူကိုယ့္အေပၚအရမ္းခ်စ္တာကို သိလို႔ တမင္အႏိုင္ယူၿပီး အခုလိုမ်ိဳးေျပာတာမ်ိဳးဟာ တျဖည္းျဖည္းနဲ႔ သင္တို႔ႏွစ္ေယာက္ဆက္ဆံေ၇းကို ထိခိုက္လာေစႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
လူတစ်ယောက်နဲ့တစ်ယောက်ချစ်မိပြီး ချစ်သူဖြစ်သွားကြတဲ့အခါ အခုအောက်မှာဖော်ပြမယ့်အချက်တွေထဲက တစ်ခုမဟုတ်တစ်ခုတော့ အားလုံးနီးပါးမှာရှိကြမယ်လို့ထင်မိပါတယ်။ ဒီအမူအကျင့်တွေဟာ သင့်အနေနဲ့ ပြဿနာမရှိပါဘူးလို့ ထင်ရပေမယ့် ကြာလာရင်တော့ သင်တို့နှစ်ယောက်ဆက်ဆံရေးကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေပါ။

၁။ သဝန်တိုခြင်း

သဝန်တိုတယ်ဆိုတာကို ချစ်သူစုံတွဲတိုင်း သာမန်လို့ထင်ကြပါလိမ့်မယ်။ သူ့အပေါ်သဝန်တိုတာဟာ ချစ်လို့လို့ပဲ သင်ယူဆမိနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံသဝန်တိုလာတဲ့ ဆက်ဆံရေးတစ်ခုဟာ ဘာလုပ်လုပ်အဆင်ပြေလာတော့မှာမဟုတ်ပါဘူး။ သဝန်တိုခြင်းကနေစပြီး သူ့အပေါ် ကန့်သတ်ချုပ်ချယ်ခြင်းတွေ ပြုလုပ်လာနိုင်တာကြောင့် သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခု ရရှိလာမှာမဟုတ်ပါဘူး။

၂။ အမှားဝန်မခံခြင်း

တခါတလေမှာ သင့်ချစ်သူကို သင်စိတ်ဆိုးဒေါသထွက်အောင်ပြုလုပ်မိတဲ့အခါလည်းရှိမှာပါ။ အဲဒီအခါ သင်မှားတယ်ဆိုတာကို ဝန်ခံဖို့ တခါတလေ ခက်ခဲတတ်ကြပါတယ်။  သင်ဟာ အမှားကို လုံး၀၀န်ခံလေ့မရှိဘူးဆိုတာဟာ ပြဿနာတစ်ခုပါပဲ။ သင့်ချစ်သူ့အပေါ်တကယ်ချင်ရင် သင့်အနေနဲ့ အမှားလုပ်မိတဲ့အကြောင်းဝန်ခံပါ။ ချစ်သူကို တောင်းပန်လိုက်ပါ။

၃။ အတိတ်ကိုပြန်တူးဆွခြင်း

လက်ရှိပစ္ဆုပ္ပာန်မှာ သင့်ချစ်သူအဖြစ်ရှိနေတဲ့သူ့ကို အတိတ်က အမှားတွေ၊ အားနည်းချက်တွေကိုထောက်ပြီး အပြစ်ရှိသလိုခံစားရအောင်မလုပ်သင့်ပါဘူး။ အခွင့်အရေးရတိုင်း အတိတ်ကိုတူးဆွပြီး ချစ်သူကိုဒဏ်ရာမပေးသင့်ပါဘူး။

၄။ တဖန်ပြန်ပြီးရန်လိုတတ်ခြင်း

တခါတလေမှာ သင်သူ့အပေါ် မကျေမနပ်ဖြစ်တာကို ဘာလို့လဲလို့ အဖြေရှာမယ့်အစား သင့်အပေါ် စိတ်ဆိုးစိတ်ကောက်လိုက်ရော။ အခုလို စိတ်ကောက်ရမလားဆိုပြီး သူကစိတ်ဆိုးသွားပြန်ရော။ ဒီလိုအပြုအမူတွေလည်းစုံတွဲတိုင်းလိုလိုမှာ ရှိတတ်ကြတယ်နော်။ ကိုယ်ကချစ်လွန်းလို့ အစကအလိုလိုက်ထားပေမယ့် တစ်သက်လုံးလက်တွဲသွားဖို့ရည်ရွယ်ရင် အခုလိုမျိုးလုပ်မယ့်အစား ချစ်သူကိုယ့်အပေါ် ဘာလို့မကျေမနပ်ဖြစ်တာလဲဆိုတာကို ရှာဖွေပြီး၊ စိတ်ကျေနပ်အောင် ချော့သင့်ပါတယ်။

၅။ သင်တို့နှစ်ယောက်ဆက်ဆံရေးကို ဓားစားခံလို ထားခြင်း

သင်ပြဿနာမရှိပါဘူးလို့ထင်နေတဲ့ သင်တို့နှစ်ယောက်ဆက်ဆံရေးကို ထိခိုက်စေတဲ့ အမူအကျင့်တွေ

တစ်ခုခုရန်ဖြစ်စကားများပြီဆိုရင် တော်ပြီ လမ်းခွဲလိုက်တော့မယ်။ ပြတ်လိုက်တော့မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုး မလုပ်သင့်ပါဘူး။ သူကိုယ့်အပေါ်အရမ်းချစ်တာကို သိလို့ တမင်အနိုင်ယူပြီး အခုလိုမျိုးပြောတာမျိုးဟာ တဖြည်းဖြည်းနဲ့ သင်တို့နှစ်ယောက်ဆက်ဆံရေးကို ထိခိုက်လာစေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top