(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဆရာေတြသာမရိွရင္ ရွင္သန္ေနထိုင္ဖို႔ အသိပညာ အတတ္ပညာေတြကို ရယူႏုိင္စြမ္းဆိုတာလည္းရွိၾကမွာ မဟုတ္ပါဘူး။ ဆရာေတြဟာ ေက်ာင္းစာသာ မဟုတ္ဘဲ ဘဝအတြက္လိုအပ္တဲ့ အသိပညာေတြကိုပါ ေပးစြမ္းျပီး လမ္းျပႏုိင္ၾကသူေတြပါ။

ဖိလစ္ပိုင္ႏုိင္ငံ  San Jose ၿမိဳ႕က မူလတန္းေက်ာင္းေလးမွ အသက္ (၂၃) ႏွစ္အရြယ္ Maricris Llaguno အမည္ရိွ ဆရာမေလးရဲ႕ အေၾကာင္းဟာဆိုရင္ ေလးစားဖြယ္ေကာင္းတာေၾကာင့္ သတင္းေမႊးလ်က္ရိွပါတယ္။ သူမဟာ နံနက္ေစာေစာထျပီး ေမာ္ေတာ္ဆိုင္ကယ္နဲ႔ ကီလိုမီတာ ၄၀ (၂၅ မုိင္နီးပါး) ခရီးကိုႏွင္ကာ ေန႔တုိင္း ေက်ာင္းလာတာျဖစ္ပါတယ္။

ခရီးရွည္ဟာ ပင္ပန္းေစေပမယ့္ ေက်ာင္းကေန သူမကို ေစာင့္ႀကိဳေနတဲ့ ကေလးငယ္မ်ားရဲ႕ မ်က္ႏွာေတြက သူမကို အေမာေျပေစခဲ့ပါတယ္။ တစ္ေန႔တာရဲ႕ အဆံုးမွာလည္း သူမဟာ တူညီတဲ့ အကြာအေဝး (၂၅)မိုင္နီးပါးကိုပဲ ျပန္လည္ခရီးႏွင္ကာ အိမ္ျပန္ရျပီး လူအမ်ားအိပ္စက္ခ်ိန္မွ အိမ္ျပန္ေရာက္ပါတယ္။ ခရီးအကြာအေဝးအတြင္း ရြာေပါင္း (၂၀) ကို ျဖတ္သန္းရျပီး တံတားတစ္စင္းကို မေရာက္ခင္ ျမစ္ကိုလည္း ေလွစီးကာ ျဖတ္ရပါေသးတယ္။

သူမရဲ႕ ေပးဆပ္မွဳေတြကို နားလည္လာတဲ့ ေက်ာင္းသားေတြဟာ ပညာေရးကိုလည္း တန္ဖိုးထားတတ္လာၾကပါတယ္။ ကမၻာတစ္ဝန္းက ေက်ာင္းေတြမွာ ေကာင္းမြန္တဲ့ စာသင္ခန္း၊ လံုေလာက္တဲ့ သင္ေထာက္ကူေတြနဲ႔ သင္ၾကားေနခ်ိန္မွာေတာ့ ဆရာမေလး Llaguno နဲ႔ တပည့္ေတြဟာ ႐ုိးရွင္းစြာပဲ စာအုပ္ေလးေတြကိုပဲ အသံုးျပဳကာ ပညာသင္ေနၾကပါတယ္။ သူမဟာ လက္ရိွ အတန္းႏွစ္တန္းကို တာဝန္ယူသင္ၾကားေနျပီး ေက်ာင္းျပီးျပီးခ်င္း ဆရာမအလုပ္ဝင္ခဲ့ရာ အခုဆိုရင္ လုပ္သက္သံုးႏွစ္ရိွေနျပီျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ingyinphyu

# Unicode Version ျဖင့္ ဖတ္ပါ #
ဆရာတွေသာမရှိရင် ရှင်သန်နေထိုင်ဖို့ အသိပညာ အတတ်ပညာတွေကို ရယူနိုင်စွမ်းဆိုတာလည်းရှိကြမှာ မဟုတ်ပါဘူး။ ဆရာတွေဟာ ကျောင်းစာသာ မဟုတ်ဘဲ ဘဝအတွက်လိုအပ်တဲ့ အသိပညာတွေကိုပါ ပေးစွမ်းပြီး လမ်းပြနိုင်ကြသူတွေပါ။

ဖိလစ်ပိုင်နိုင်ငံ  San Jose မြို့က မူလတန်းကျောင်းလေးမှ အသက် (၂၃) နှစ်အရွယ် Maricris Llaguno အမည်ရှိ ဆရာမလေးရဲ့ အကြောင်းဟာဆိုရင် လေးစားဖွယ်ကောင်းတာကြောင့် သတင်းမွှေးလျက်ရှိပါတယ်။ သူမဟာ နံနက်စောစောထပြီး မော်တော်ဆိုင်ကယ်နဲ့ ကီလိုမီတာ ၄၀ (၂၅ မိုင်နီးပါး) ခရီးကိုနှင်ကာ နေ့တိုင်း ကျောင်းလာတာဖြစ်ပါတယ်။

ခရီးရှည်ဟာ ပင်ပန်းစေပေမယ့် ကျောင်းကနေ သူမကို စောင့်ကြိုနေတဲ့ ကလေးငယ်များရဲ့ မျက်နှာတွေက သူမကို အမောပြေစေခဲ့ပါတယ်။ တစ်နေ့တာရဲ့ အဆုံးမှာလည်း သူမဟာ တူညီတဲ့ အကွာအဝေး (၂၅)မိုင်နီးပါးကိုပဲ ပြန်လည်ခရီးနှင်ကာ အိမ်ပြန်ရပြီး လူအများအိပ်စက်ချိန်မှ အိမ်ပြန်ရောက်ပါတယ်။ ခရီးအကွာအဝေးအတွင်း ရွာပေါင်း (၂၀) ကို ဖြတ်သန်းရပြီး တံတားတစ်စင်းကို မရောက်ခင် မြစ်ကိုလည်း လှေစီးကာ ဖြတ်ရပါသေးတယ်။

သူမရဲ့ ပေးဆပ်မှုတွေကို နားလည်လာတဲ့ ကျောင်းသားတွေဟာ ပညာရေးကိုလည်း တန်ဖိုးထားတတ်လာကြပါတယ်။ ကမ္ဘာတစ်ဝန်းက ကျောင်းတွေမှာ ကောင်းမွန်တဲ့ စာသင်ခန်း၊ လုံလောက်တဲ့ သင်ထောက်ကူတွေနဲ့ သင်ကြားနေချိန်မှာတော့ ဆရာမလေး Llaguno နဲ့ တပည့်တွေဟာ ရိုးရှင်းစွာပဲ စာအုပ်လေးတွေကိုပဲ အသုံးပြုကာ ပညာသင်နေကြပါတယ်။ သူမဟာ လက်ရှိ အတန်းနှစ်တန်းကို တာဝန်ယူသင်ကြားနေပြီး ကျောင်းပြီးပြီးချင်း ဆရာမအလုပ်ဝင်ခဲ့ရာ အခုဆိုရင် လုပ်သက်သုံးနှစ်ရှိနေပြီဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ingyinphyu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top