AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ပန္းသီးရွာလကာရည္ကို ၀ယ္ရခက္တယ္လို႔ ေျပာေနက်သူေတြအတြက္ အိမ္မွာဘဲ ပန္းသီးရွာလကာရည္ လုပ္လုိ႔ရတဲ့ နည္းလမ္းေလးကို ေ၀မွ်လိုက္ပါတယ္ေနာ္။

ပန္းသီးရွာလကာရည္ လုပ္ဖို႔ လိုအပ္တာေတြက

    ပန္းသီးအေသးဆို ၃ လံုး၊ ပန္းသီး အႀကီးဆို ၂လံုး (ဓာတု ေဆး၀ါးမသံုးစြဲထားတဲ့ organic အသီးေလးေတြ သံုးရင္ ပိုေကာင္းပါတယ္)
    သၾကား အညိဳ လက္ဖက္ရည္ဇြန္း ၃ ဇြန္း
    ေရက်က္ေအး


ျပဳလုပ္နည္း

ပန္းသီးေလးေတြကိုေရေဆးၿပီး အစိတ္ေလးေတြ စိတ္လိုက္ပါ။ အခြံပါထည့္လုိ႔ရပါတယ္။

သန္႔ရွင္းၿပီး အ၀က်ယ္တဲ့ ပုလင္းအလြတ္တစ္လံုးထဲထည့္လိုက္ပါ။

သၾကားလက္ဖက္ရည္ဇြန္း ၃ ဇြန္းကို ေရက်က္ေအး တစ္ခြက္နဲ႔ေရာၿပီး

ပန္းသီးေတြအေပၚကေန ေလာင္းခ်ပါ။ ပန္းသီးေတြကို ျမွပ္ေအာင္ ေလာင္းခ်ပါ။

လက္သုတ္ပါ၀ါ သန္႔သန္႔ နဲ႔ အေပါက္ကို အုပ္လုိက္ၿပီး သားေရကြင္းနဲ႔ စီးထားပါ။ ဒါမွမေကာင္းတဲ့အနံ႔ေတြ ထြက္သြားႏိုင္မွာျဖစ္ပါတယ္။

အဲ့ဒီပုလင္းကို ေျခာက္ေသြ႔၊ ေႏြးေထြးၿပီး အလင္းေရာင္ တိုက္ရိုက္မက်တဲ့ေနရာမွာ ၂ ပတ္ကေန ၃ပတ္ၾကားထားပါ။

ၿပီးရင္ ပန္းသီးေတြ ဖယ္လုိက္ပါ။

02

ပုလင္းကို ေျခာက္ေသြ႔၊ ေႏြးေထြးၿပီး အလင္းေရာင္ တိုက္ရိုက္မက်တဲ့ေနရာမွာ ျပန္ထားပါ။ သိမ္းထားအခ်ိန္အတြင္း ရက္အနည္းငယ္ၾကာရင္ တစ္ခါ ပလပ္စတစ္ သို႔ သစ္သား ဇြန္းနဲ႔ ေမႊေပးပါ။ ၄ ပတ္ကေန ၆ ပတ္အၾကား သိမ္းထားပါ။

၄ပတ္ၾကာတဲ့အခါမွာ ပန္သီးရွာလကာရည္ကို ျမည္းၾကည့္ၿပီး ကိုယ့္ႀကိဳက္တဲ့ အေနအထားမ်ိဳးရလာရင္ အဖံုအပိတ္ပါတဲ့ ပုလင္းတစ္လံုးထဲေျပာင္းထည့္ၿပီး အသံုးျပဳလို႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyFood
#Unicode Version#
ပန်းသီးရှာလကာရည်ကို ဝယ်ရခက်တယ်လို့ ပြောနေကျသူတွေအတွက် အိမ်မှာဘဲ ပန်းသီးရှာလကာရည် လုပ်လို့ရတဲ့ နည်းလမ်းလေးကို ဝေမျှလိုက်ပါတယ်နော်။

ပန်းသီးရှာလကာရည် လုပ်ဖို့ လိုအပ်တာတွေက

    ပန်းသီးအသေးဆို ၃ လုံး၊ ပန်းသီး အကြီးဆို ၂လုံး (ဓာတု ဆေးဝါးမသုံးစွဲထားတဲ့ organic အသီးလေးတွေ သုံးရင် ပိုကောင်းပါတယ်)
    သကြား အညို လက်ဖက်ရည်ဇွန်း ၃ ဇွန်း
    ရေကျက်အေး


ပြုလုပ်နည်း

ပန်းသီးလေးတွေကိုရေဆေးပြီး အစိတ်လေးတွေ စိတ်လိုက်ပါ။ အခွံပါထည့်လို့ရပါတယ်။

သန့်ရှင်းပြီး အဝကျယ်တဲ့ ပုလင်းအလွတ်တစ်လုံးထဲထည့်လိုက်ပါ။

သကြားလက်ဖက်ရည်ဇွန်း ၃ ဇွန်းကို ရေကျက်အေး တစ်ခွက်နဲ့ရောပြီး

ပန်းသီးတွေအပေါ်ကနေ လောင်းချပါ။ ပန်းသီးတွေကို မြှပ်အောင် လောင်းချပါ။

လက်သုတ်ပါဝါ သန့်သန့် နဲ့ အပေါက်ကို အုပ်လိုက်ပြီး သားရေကွင်းနဲ့ စီးထားပါ။ ဒါမှမကောင်းတဲ့အနံ့တွေ ထွက်သွားနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီပုလင်းကို ခြောက်သွေ့၊ နွေးထွေးပြီး အလင်းရောင် တိုက်ရိုက်မကျတဲ့နေရာမှာ ၂ ပတ်ကနေ ၃ပတ်ကြားထားပါ။

ပြီးရင် ပန်းသီးတွေ ဖယ်လိုက်ပါ။

02

ပုလင်းကို ခြောက်သွေ့၊ နွေးထွေးပြီး အလင်းရောင် တိုက်ရိုက်မကျတဲ့နေရာမှာ ပြန်ထားပါ။ သိမ်းထားအချိန်အတွင်း ရက်အနည်းငယ်ကြာရင် တစ်ခါ ပလပ်စတစ် သို့ သစ်သား ဇွန်းနဲ့ မွှေပေးပါ။ ၄ ပတ်ကနေ ၆ ပတ်အကြား သိမ်းထားပါ။

၄ပတ်ကြာတဲ့အခါမှာ ပန်သီးရှာလကာရည်ကို မြည်းကြည့်ပြီး ကိုယ့်ကြိုက်တဲ့ အနေအထားမျိုးရလာရင် အဖုံအပိတ်ပါတဲ့ ပုလင်းတစ်လုံးထဲပြောင်းထည့်ပြီး အသုံးပြုလို့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyFood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top