iMyanmarHouse.com - Best Property Website for Myanmar
×

 ေခ်ာက္ထဲက်ကာ မီး ေလာင္ေနေသာ ကားအတြင္းပိတ္ မိေနသူကို ကယ္တင္ခဲ့သည့္ ယာဥ္ထိန္းရဲကို ဂုဏ္ျပဳဆုခ်ီးျမႇင့္မည္ဟု ေနျပည္ေတာ္ ယာဥ္ထိန္းရဲတပ္ ဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ ျပည္ထဲေရး၀န္ႀကီးဌာန ဒုတိယအၿမဲတမ္းအတြင္း၀န္ ဦးခိုင္ထြန္းဦးေမာင္းႏွင္လာသည့္ ယာဥ္သည္ ဇဗၺဴသီရိၿမိဳ႕နယ္ ႏုိင္ငံ ျခားေရး၀န္ႀကီး႐ုံးအနီးတြင္ ဒီဇင္ ဘာ ၂၄ ရက္ ေန႔လယ္ ၂ နာရီ ေက်ာ္က  အရွိန္လြန္တိမ္းေမွာက္ခဲ့ၿပီး အဆိုပါ႐ုံးေရွ႕ရွိ ၁၅ ေပခန္႔နက္သည့္ ေခ်ာက္ထဲက်ကာ မီးေလာင္မႈျဖစ္ပြားခဲ့သည္။

ယင္းမီးေလာင္မႈတြင္ ဦးခိုင္ ထြန္းဦးကို ကယ္ဆယ္ခဲ့သည့္ ယာဥ္ထိန္းရဲတပ္ၾကပ္ျမင့္ေဇာ္ ဟိန္းအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ရန္ စီစဥ္ေနၿပီး ခ်ီးျမႇင့္မည့္ေန႔ရက္ကို လတ္တေလာမသတ္မွတ္ရေသးေၾကာင္း အထက္ပါတာ၀န္ရွိသူက ေျပာသည္။

‘‘ဆိုင္ကယ္သမားက ခ်ိန္း က်ေနလို႔ သြားကူတာ။ သူက ဆရာကားတစ္စီးေခ်ာက္ထဲက် ၿပီး မီးေလာင္ေနတယ္ဆိုလို႔ သြား ၾကည့္တယ္။ ကားထဲမွာလူရွိမွန္း ပထမေတာ့ မသိဘူး။ လက္ထြက္ လာေတာ့မွ ဆင္းၿပီး ကယ္လိုက္ တာပါ။ ဘယ္သူမွန္းသိလို႔ ကယ္ တာေတာ့ မဟုတ္ပါဘူး’’ဟု ယာဥ္ထိန္းရဲတပ္ၾကပ္ ျမင့္ေဇာ္ဟိန္းက ေျပာသည္။ ကားတံခါးသည္ ေလာ့ခ္က်ေနသျဖင့္ ကားတံခါးမွန္ကိုခြဲကာ ကယ္ဆယ္ခဲ့ရၿပီး တပ္ၾကပ္ျမင့္ေဇာ္ဟိန္း၏ ဘယ္ေျခေထာက္ႏွင့္ ညာလက္တို႔တြင္ ျပတ္ရွဒဏ္ရာမ်ားရရွိခဲ့သည္။

‘‘ေျခေထာက္ဒဏ္ရာက ဖိနပ္စီးလို႔မရေသးတဲ့အတြက္ လူ ႀကီးေတြက ခြင့္ေပးထားပါတယ္’’ ဟု ၎က ဆိုသည္။

ဦးခိုင္ထြန္းဦးသည္ မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ညာဘက္ေပါင္၌ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး  ေနျပည္ေတာ္ခုတင္ ၁,၀၀၀  ေဆး႐ုံတြင္ တက္ေရာက္ကုသခဲ့ရသည္။

အခင္းျဖစ္ပြားသည့္ေနရာ သို႔ မီးသတ္ဗဟိုမွ မီးသတ္တပ္ဖြဲ႕ ၀င္မ်ား၊ ယာဥ္မႈးစစ္႐ုံးမွ ယာဥ္ ထိန္းရဲတပ္ဖြဲ႕၀င္မ်ားလာေရာက္ မီးၿငိႇမ္းသတ္ရာ မြန္းလြဲ ၃ နာရီေက်ာ္တြင္ မီးၿငိမ္းခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
 ချောက်ထဲကျကာ မီး လောင်နေသော ကားအတွင်းပိတ် မိနေသူကို ကယ်တင်ခဲ့သည့် ယာဉ်ထိန်းရဲကို ဂုဏ်ပြုဆုချီးမြှင့်မည်ဟု နေပြည်တော် ယာဉ်ထိန်းရဲတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးမောင်းနှင်လာသည့် ယာဉ်သည် ဇဗ္ဗူသီရိမြို့နယ် နိုင်ငံ ခြားရေးဝန်ကြီးရုံးအနီးတွင် ဒီဇင် ဘာ ၂၄ ရက် နေ့လယ် ၂ နာရီ ကျော်က  အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး အဆိုပါရုံးရှေ့ရှိ ၁၅ ပေခန့်နက်သည့် ချောက်ထဲကျကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယင်းမီးလောင်မှုတွင် ဦးခိုင် ထွန်းဦးကို ကယ်ဆယ်ခဲ့သည့် ယာဉ်ထိန်းရဲတပ်ကြပ်မြင့်ဇော် ဟိန်းအား ဂုဏ်ပြုဆုချီးမြှင့်ရန် စီစဉ်နေပြီး ချီးမြှင့်မည့်နေ့ရက်ကို လတ်တလောမသတ်မှတ်ရသေးကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

‘‘ဆိုင်ကယ်သမားက ချိန်း ကျနေလို့ သွားကူတာ။ သူက ဆရာကားတစ်စီးချောက်ထဲကျ ပြီး မီးလောင်နေတယ်ဆိုလို့ သွား ကြည့်တယ်။ ကားထဲမှာလူရှိမှန်း ပထမတော့ မသိဘူး။ လက်ထွက် လာတော့မှ ဆင်းပြီး ကယ်လိုက် တာပါ။ ဘယ်သူမှန်းသိလို့ ကယ် တာတော့ မဟုတ်ပါဘူး’’ဟု ယာဉ်ထိန်းရဲတပ်ကြပ် မြင့်ဇော်ဟိန်းက ပြောသည်။ ကားတံခါးသည် လော့ခ်ကျနေသဖြင့် ကားတံခါးမှန်ကိုခွဲကာ ကယ်ဆယ်ခဲ့ရပြီး တပ်ကြပ်မြင့်ဇော်ဟိန်း၏ ဘယ်ခြေထောက်နှင့် ညာလက်တို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့သည်။

‘‘ခြေထောက်ဒဏ်ရာက ဖိနပ်စီးလို့မရသေးတဲ့အတွက် လူ ကြီးတွေက ခွင့်ပေးထားပါတယ်’’ ဟု ၎င်းက ဆိုသည်။

ဦးခိုင်ထွန်းဦးသည် မီးလောင်မှုဖြစ်စဉ်ကြောင့် ညာဘက်ပေါင်၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  နေပြည်တော်ခုတင် ၁,၀၀၀  ဆေးရုံတွင် တက်ရောက်ကုသခဲ့ရသည်။

အခင်းဖြစ်ပွားသည့်နေရာ သို့ မီးသတ်ဗဟိုမှ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ယာဉ်မှုးစစ်ရုံးမှ ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များလာရောက် မီးငြှိမ်းသတ်ရာ မွန်းလွဲ ၃ နာရီကျော်တွင် မီးငြိမ်းခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top