န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

စစ္ကုိင္းတုိင္းေဒသၾကီး ေကာလင္းျမဳိ ့ျပင္ဦးလြင္ရပ္ကြက္တြင္ ၂၇.၁၂.၂၀၁၇ ရက္ေန႕ ေန႕လည္(၁)နာရီခြဲအခ်ိန္က ဆယ္တန္းေက်ာင္းသူ မခင္မာ(အမည္လြဲ)သည္ေနအိမ္၌ ေရခ်ိဳးျပီး သနပ္ခါးလိမ္းေနစဥ္ ျခံ၀င္းကပ္လ်က္ေနထိုင္သူ ဦးေအာင္ထြန္းလြင္ေရာက္လာျပီး ဆယ္တန္းေအာင္ေဆးရွိတယ္၊ ေဆးကအရမ္းစြမ္းတယ္၊ ဒီေဆးေႀကာင့္ ဆယ္တန္းေအာင္သြားသူ(၄)ဦးရွိျပီ ျဖစ္ေႀကာင္း ယံုႀကည္ေအာင္ေျပာဆိုပါသည္။

ငါတူမ ရခ်င္ရင္ အိမ္ကိုလာယူေလ၊ ခုအားတယ္မို႕လား၊ မႀကာပါဘူး မိနစ္(၂၀)ေလာက္ဘဲႀကာမယ္ဟုေျပာဆိုျပီး ျပန္သြားပါသည္။
မခင္မာ(အမည္လြဲ)သည္ ေက်ာင္းသြားရန္ ေက်ာင္းလြယ္အိတ္ကိုယူျပီး ဦးေအာင္ထြန္းလြင္ေနအိမ္ဘက္သို႕ ဆယ္တန္းေအာင္ေဆးယူရန္ သြားခဲ႔ပါသည္။
ဦးေအာင္ထြန္းလြင္မွ အိမ္ေပၚေခၚျပီး အရည္အဆီအျဖဴေရာင္ႏွင့္ အႀကည္ပလပ္စတစ္ဘူးအားျပသျပီး ဒါဆယ္တန္းေအာင္တဲ႕ ေဆးရည္ဟုေျပာျပသည္။

၄င္းေဆးအား ဘယ္လိုလိမ္းရမည္လည္းဟုေမးရာ ဦးေအာင္ထြန္းလြင္မွ မိန္းမအဂၤါထဲမွာ လိမ္းရမည္ဟုေျပာရာ၊ ဒါဆိုရင္ မလိမ္းခ်င္ပါဘူးဟုေျပာဆိုျပီး ျပန္မည္ဆိုျပီး ထြက္ခဲ႕ရာ ဦးေအာင္ထြန္းလြင္မွ လက္ဆြဲေခၚျပီး အိပ္ခန္းအတြင္း ေခၚေဆာင္သြားျပီး မရွက္နဲ႕ဘာမွမျဖစ္ဘူးဟုေျပာဆိုျပီး ထမီအားအား ဆြဲလွန္ျပီး အတြင္းခံေဘာင္းဘီအတြင္းႏႈိက္ျပီး အံုးဆီနံ႕ရေသာ အရည္မ်ားအား မိန္းမအဂၤါအတြင္း လိမ္းေပးရာ အတင္းရံုးကန္ျပီး ၄င္းေနအိမ္မွေျပးထြက္ခဲ႕ပါသည္။

၄င္းျဖစ္စဥ္အား အုပ္ထိန္းသူအေဒၚအားေျပာျပရာ အေဒၚျဖစ္သူႏွင့္ဖခင္တိုု႕မွ ေက်ာင္းသူတဦးအား သားမယားအျဖစ္ ႀကံစည္သူဦးေအာင္ထြန္းလြင္အား အေရးယူေပးပါရန္ ေကာလင္းျမိဳ႕မရဲစခန္းတြင္ တိုင္ႀကားခဲ႔ပါသည္။ေအာင္ထြန္းလြင္၊ အသက္(၄၁)ႏွစ္၊(ဘ)ဦးစစ္ေအာင္၊ ျပင္ဦးလြင္ရပ္ေနထိုင္သူအား ရာဇသတ္ႀကီးပုဒ္မ(၃၇၆)/၅သ ျဖင့္ အမႈ႕ဖြင့္အေရးယူထားေႀကာင္း သိရွိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kawlin Newslay

# Unicode Version ျဖင့္ ဖတ္ပါ #
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ပြင်ဦးလွင်ရပ်ကွက်တွင် ၂၇.၁၂.၂၀၁၇ ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်က ဆယ်တန်းကျောင်းသူ မခင်မာ(အမည်လွဲ)သည်နေအိမ်၌ ရေချိုးပြီး သနပ်ခါးလိမ်းနေစဉ် ခြံဝင်းကပ်လျက်နေထိုင်သူ ဦးအောင်ထွန်းလွင်ရောက်လာပြီး ဆယ်တန်းအောင်ဆေးရှိတယ်၊ ဆေးကအရမ်းစွမ်းတယ်၊ ဒီဆေးကြောင့် ဆယ်တန်းအောင်သွားသူ(၄)ဦးရှိပြီ ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုပါသည်။

ငါတူမ ရချင်ရင် အိမ်ကိုလာယူလေ၊ ခုအားတယ်မို့လား၊ မကြာပါဘူး မိနစ်(၂၀)လောက်ဘဲကြာမယ်ဟုပြောဆိုပြီး ပြန်သွားပါသည်။
မခင်မာ(အမည်လွဲ)သည် ကျောင်းသွားရန် ကျောင်းလွယ်အိတ်ကိုယူပြီး ဦးအောင်ထွန်းလွင်နေအိမ်ဘက်သို့ ဆယ်တန်းအောင်ဆေးယူရန် သွားခဲ့ပါသည်။
ဦးအောင်ထွန်းလွင်မှ အိမ်ပေါ်ခေါ်ပြီး အရည်အဆီအဖြူရောင်နှင့် အကြည်ပလပ်စတစ်ဘူးအားပြသပြီး ဒါဆယ်တန်းအောင်တဲ့ ဆေးရည်ဟုပြောပြသည်။

၎င်းဆေးအား ဘယ်လိုလိမ်းရမည်လည်းဟုမေးရာ ဦးအောင်ထွန်းလွင်မှ မိန်းမအင်္ဂါထဲမှာ လိမ်းရမည်ဟုပြောရာ၊ ဒါဆိုရင် မလိမ်းချင်ပါဘူးဟုပြောဆိုပြီး ပြန်မည်ဆိုပြီး ထွက်ခဲ့ရာ ဦးအောင်ထွန်းလွင်မှ လက်ဆွဲခေါ်ပြီး အိပ်ခန်းအတွင်း ခေါ်ဆောင်သွားပြီး မရှက်နဲ့ဘာမှမဖြစ်ဘူးဟုပြောဆိုပြီး ထမီအားအား ဆွဲလှန်ပြီး အတွင်းခံဘောင်းဘီအတွင်းနှိုက်ပြီး အုံးဆီနံ့ရသော အရည်များအား မိန်းမအင်္ဂါအတွင်း လိမ်းပေးရာ အတင်းရုံးကန်ပြီး ၎င်းနေအိမ်မှပြေးထွက်ခဲ့ပါသည်။

၎င်းဖြစ်စဉ်အား အုပ်ထိန်းသူအဒေါ်အားပြောပြရာ အဒေါ်ဖြစ်သူနှင့်ဖခင်တိုု့မှ ကျောင်းသူတဦးအား သားမယားအဖြစ် ကြံစည်သူဦးအောင်ထွန်းလွင်အား အရေးယူပေးပါရန် ကောလင်းမြို့မရဲစခန်းတွင် တိုင်ကြားခဲ့ပါသည်။အောင်ထွန်းလွင်၊ အသက်(၄၁)နှစ်၊(ဘ)ဦးစစ်အောင်၊ ပြင်ဦးလွင်ရပ်နေထိုင်သူအား ရာဇသတ်ကြီးပုဒ်မ(၃၇၆)/၅သ ဖြင့် အမှု့ဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kawlin Newslay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top