ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အလွၾကိဳက္တဲ့မိန္းကေလးေတြ မရွိမျဖစ္ထိန္းသိမ္းအပ္တာက လက္သည္းပါ။ လက္သည္းျဖဴျဖဴေဖြးေဖြး ရွည္ရွည္သြယ္သြယ္နဲ႔ဆို ၾကည့္လို႔ကိုေကာင္းေနေရာ။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ လက္သည္းကိုညွပ္ခ်င္သလုိညွပ္ၾကပါတယ္။ စာေရးသူကိုယ္တိုင္လည္းအရင္ဆုိညွပ္ခ်င္သလုိညွပ္ပစ္တာပါပဲ။ လက္ေခ်ာင္းရွည္သြယ္သူေတြဆို မသိရေပမယ့္ ပုတက္တက္လက္ေခ်ာင္းေလးေတြက်ျပန္ေတာ့ ကိုယ္နဲ႔လုိက္တဲ့ လက္သည္းပံုစံညွပ္မွ အဆင္ေျပမွာပါ။ဒါေၾကာင့္ ဒီလက္သည္းပံုစံ (၅) မ်ိဳးထဲက ကိုယ္လည္းၾကိဳက္၊ သင့္လည္းသင့္ေတာ္မယ့္ပံုစံမ်ိဳးကို ေရြးညွပ္ေစခ်င္ပါတယ္။

၁။ေလးေထာင့္ပံုစံ

လက္သည္းကို ေလးေထာင့္ပံုစံေလးညွပ္တာက ဒီေခတ္မွာ အရမ္းေခတ္စားလာတာကိုေတြ႔ရပါတယ္။ လက္သည္းထိပ္နားမွာေလးေထာင့္ပံုစံေလးနဲ႔မို႔ လက္သည္းခပ္တိုတိုထားသူေတြနဲ႕ပိုလိုက္ဖက္ပါတယ္။

၂။ေလးေထာင့္မက်တက်ပံုစံ

ဒီလက္သည္းပံုစံက ေလးေထာင့္ပံုစံမ်ိဳးေထာင့္မခၽြန္ပဲ ေထာင့္ခပ္၀ိုင္း၀ိုင္းေလးမို႔ ၾကည့္လို႔လည္းလွျပီး လက္သည္းမရွည္မတိုထားတတ္သူေတြအတြက္ သင့္ေတာ္ပါတယ္။

၃။ အ၀ိုင္းပံုစံ

အ၀ိုင္းပံုစံေလးကေတာ့ လက္ေခ်ာင္းတိုေနတဲ့အခါ (သို႔) တုတ္တုတ္ေလးျဖစ္ေနတဲ့အခါမ်ိဳးမွာပိုလိုက္ဖက္ပါတယ္။ လက္သည္းအ၀ိုင္းပံုစံေလးကေတာ့ တိုတက္ေနတဲ့လက္ေခ်ာင္းေတြကို ရွည္သြယ္သေယာင္ထင္ရေစပါတယ္။

၄။ဗာဒံေစ့ပံုစံ

ဗာဒံေစ့ပံုစံမ်ိဳးကိုေတာ့ နာမည္ေက်ာ္ဆယ္လီေတြ ညွပ္တာမ်ားပါတယ္။ ေအာက္ေျခက်ယ္ျပီး ေဘးအနားသြယ္ကာ ဗာဒံေစ့ပံုစံအတိုင္း ထိပ္ဖ်ားေလးခပ္ခၽြန္ခၽြန္ျဖစ္ေနတာပါ။ အ၀ိုင္းပံုစံလိုမ်ိဳးပဲ လက္သည္းပုတုတ္တဲ့သူေတြညွပ္ေပးသင့္ပါတယ္။

၅။ ဘဲဥပံုစံ

ဘဲဥပံုစံလက္သည္းကေတာ့ ဗာဒံေစ့ပံုစံနဲ႔ခပ္ဆင္ဆင္ေပမယ့္ ထိပ္ဖ်ားကေျပေျပ၀ိုင္း၀ိုင္းေလးျဖစ္သြားတာက ဗာဒံေစ့ပံုစံနဲ႔မတူတဲ့အခ်က္ပါ။ လက္သည္းကိုက္၀ါသနာရွင္ေတြေတာ့ ဒီလိုလက္သည္းမ်ိဳးညွပ္ဖို႔စဥ္းေတာင္မစားပါနဲ႔။ သူကလက္သည္းခပ္ရွည္ရွည္ရွိသူေတြနဲ႔မွလိုက္ဖက္တာပါ။

စာဖတ္ပရိသတ္ပ်ိဳေမတို႔ိလည္း အေပၚက လက္သည္းပံုစံ (၅) မ်ိဳးထဲက ကိုယ္နဲ႔လိုက္ဖက္မယ္ထင္တာကို ေျပာင္းညွပ္ၾကည့္ပါ။ လက္သညး္ပဲ မွားညွပ္မိေတာ့လည္း ျပန္ရွည္လာတဲ့အခါ ျပန္ျပင္လုိ႔ရပါတယ္။ ရဲရဲသာညွပ္ၾကည့္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
အလှကြိုက်တဲ့မိန်းကလေးတွေ မရှိမဖြစ်ထိန်းသိမ်းအပ်တာက လက်သည်းပါ။ လက်သည်းဖြူဖြူဖွေးဖွေး ရှည်ရှည်သွယ်သွယ်နဲ့ဆို ကြည့်လို့ကိုကောင်းနေရော။ ဒါပေမယ့် တော်တော်များများကတော့ လက်သည်းကိုညှပ်ချင်သလိုညှပ်ကြပါတယ်။ စာရေးသူကိုယ်တိုင်လည်းအရင်ဆိုညှပ်ချင်သလိုညှပ်ပစ်တာပါပဲ။ လက်ချောင်းရှည်သွယ်သူတွေဆို မသိရပေမယ့် ပုတက်တက်လက်ချောင်းလေးတွေကျပြန်တော့ ကိုယ်နဲ့လိုက်တဲ့ လက်သည်းပုံစံညှပ်မှ အဆင်ပြေမှာပါ။ဒါကြောင့် ဒီလက်သည်းပုံစံ (၅) မျိုးထဲက ကိုယ်လည်းကြိုက်၊ သင့်လည်းသင့်တော်မယ့်ပုံစံမျိုးကို ရွေးညှပ်စေချင်ပါတယ်။

၁။လေးထောင့်ပုံစံ

လက်သည်းကို လေးထောင့်ပုံစံလေးညှပ်တာက ဒီခေတ်မှာ အရမ်းခေတ်စားလာတာကိုတွေ့ရပါတယ်။ လက်သည်းထိပ်နားမှာလေးထောင့်ပုံစံလေးနဲ့မို့ လက်သည်းခပ်တိုတိုထားသူတွေနဲ့ပိုလိုက်ဖက်ပါတယ်။

၂။လေးထောင့်မကျတကျပုံစံ

ဒီလက်သည်းပုံစံက လေးထောင့်ပုံစံမျိုးထောင့်မချွန်ပဲ ထောင့်ခပ်ဝိုင်းဝိုင်းလေးမို့ ကြည့်လို့လည်းလှပြီး လက်သည်းမရှည်မတိုထားတတ်သူတွေအတွက် သင့်တော်ပါတယ်။

၃။ အဝိုင်းပုံစံ

အဝိုင်းပုံစံလေးကတော့ လက်ချောင်းတိုနေတဲ့အခါ (သို့) တုတ်တုတ်လေးဖြစ်နေတဲ့အခါမျိုးမှာပိုလိုက်ဖက်ပါတယ်။ လက်သည်းအဝိုင်းပုံစံလေးကတော့ တိုတက်နေတဲ့လက်ချောင်းတွေကို ရှည်သွယ်သယောင်ထင်ရစေပါတယ်။

၄။ဗာဒံစေ့ပုံစံ

ဗာဒံစေ့ပုံစံမျိုးကိုတော့ နာမည်ကျော်ဆယ်လီတွေ ညှပ်တာများပါတယ်။ အောက်ခြေကျယ်ပြီး ဘေးအနားသွယ်ကာ ဗာဒံစေ့ပုံစံအတိုင်း ထိပ်ဖျားလေးခပ်ချွန်ချွန်ဖြစ်နေတာပါ။ အဝိုင်းပုံစံလိုမျိုးပဲ လက်သည်းပုတုတ်တဲ့သူတွေညှပ်ပေးသင့်ပါတယ်။

၅။ ဘဲဥပုံစံ

ဘဲဥပုံစံလက်သည်းကတော့ ဗာဒံစေ့ပုံစံနဲ့ခပ်ဆင်ဆင်ပေမယ့် ထိပ်ဖျားကပြေပြေဝိုင်းဝိုင်းလေးဖြစ်သွားတာက ဗာဒံစေ့ပုံစံနဲ့မတူတဲ့အချက်ပါ။ လက်သည်းကိုက်ဝါသနာရှင်တွေတော့ ဒီလိုလက်သည်းမျိုးညှပ်ဖို့စဉ်းတောင်မစားပါနဲ့။ သူကလက်သည်းခပ်ရှည်ရှည်ရှိသူတွေနဲ့မှလိုက်ဖက်တာပါ။

စာဖတ်ပရိသတ်ပျိုမေတို့ိလည်း အပေါ်က လက်သည်းပုံစံ (၅) မျိုးထဲက ကိုယ်နဲ့လိုက်ဖက်မယ်ထင်တာကို ပြောင်းညှပ်ကြည့်ပါ။ လက်သည်းပဲ မှားညှပ်မိတော့လည်း ပြန်ရှည်လာတဲ့အခါ ပြန်ပြင်လို့ရပါတယ်။ ရဲရဲသာညှပ်ကြည့်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top