ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေဆးလိပ္ျဖတ္လိုသူမ်ားအေနျဖင့္ ေဆးလိပ္ေသာက္ေသာ အေလ့အက်င့္ေၾကာင့္ ရရွိေသာ အဆုတ္ပ်က္စီးမႈကို ျပန္လည္ကုစားရာတြင္ ခရမ္းခ်ဥ္သီးႏွင့္ သစ္သီးဝလံမ်ားက အေထာက္အကူေပးႏိုင္ ေၾကာင္း သုေတသနအသစ္တစ္ရပ္က ေတြ႕ရွိသည္။

ခရမ္းခ်ဥ္သီးႏွင့္ သစ္သီး၊ အထူးသျဖင့္ ပန္းသီးမ်ား ပါဝင္ေသာ အစားအစာမ်ားသည္ ေဆးလိပ္ေငြ႕ေၾကာင့္ ပ်က္စီးခဲ့ေသာ အဆုတ္ကို ျပန္လည္ကုစားေရး လ်င္ျမန္ေစႏိုင္သည္ဟု ဥေရာပႏွင့္ ၿဗိတိန္မွ လူ ၆၅၀ ကို ဆယ္စုႏွစ္ႏွင့္ခ်ီ၍ ေလ့လာခဲ့ေသာ သု ေတသနက ေဖာ္ျပသည္။

ယင္းအစားအစာမ်ားသည္ ေဆးလိပ္ျဖတ္ထားသူမ်ားကိုသာ ကူညီႏိုင္သည္မဟုတ္ဘဲ အျခားသူမ်ားအတြက္ပါ အက်ိဳးရွိသည္ဟု ဂြၽန္ေဟာ့ပ္ကင္းဘလြန္းဘာ့ဂ္ ျပည္သူ႔က်န္းမာေရးေက်ာင္းမွ သုေတသီမ်ားက ေျပာၾကားသည္။

တစ္ရက္လွ်င္ ပ်မ္းမွ်ခရမ္းခ်ဥ္သီးႏွစ္လံုး (သို႔မဟုတ္) ပန္းသီးသံုးလံုးခန္႔ စားသံုးသူမ်ားသည္ တစ္ရက္လွ်င္ ခရမ္းခ်ဥ္သီးတစ္လံုးေအာက္ (သို႔မဟုတ္) ပန္းသီးတစ္လံုးေအာက္ စားသံုးသူမ်ား ထက္ အဆုတ္၏ လုပ္ငန္းေဆာင္တာ က်ဆင္းမႈ ပိုနည္းသည္ကို သုေတသီမ်ားက ေတြ႕ရွိခဲ့သည္။

ထို႔အျပင္ ေဆးလိပ္ျဖတ္ထားသူမ်ားတြင္ အဆုတ္၏ စြမ္း ေဆာင္ရည္က်ဆင္းမႈ ေႏွးေကြးသည္ကို ပိုမိုသိသာစြာ ေတြ႕ရွိ ေၾကာင္းႏွင့္ ေဆးလိပ္ျဖတ္သူမ်ား၏ အဆုတ္ကို ကုစားရာ၌ ခရမ္းခ်ဥ္သီးမ်ားႏွင့္ လက္ဆတ္ေသာ အသီးအႏွံမ်ားက အေထာက္အ ကူျပဳႏိုင္ေၾကာင္း သုေတသီမ်ားက ေျပာၾကားသည္။

—Ref: UPI

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #


ဆေးလိပ်ဖြတ်လိုသူများအနေဖြင့် ဆေးလိပ်သောက်သော အလေ့အကျင့်ကြောင့် ရရှိသော အဆုတ်ပျက်စီးမှုကို ပြန်လည်ကုစားရာတွင် ခရမ်းချဉ်သီးနှင့် သစ်သီးဝလံများက အထောက်အကူပေးနိုင် ကြောင်း သုတေသနအသစ်တစ်ရပ်က တွေ့ရှိသည်။

ခရမ်းချဉ်သီးနှင့် သစ်သီး၊ အထူးသဖြင့် ပန်းသီးများ ပါဝင်သော အစားအစာများသည် ဆေးလိပ်ငွေ့ကြောင့် ပျက်စီးခဲ့သော အဆုတ်ကို ပြန်လည်ကုစားရေး လျင်မြန်စေနိုင်သည်ဟု ဥရောပနှင့် ဗြိတိန်မှ လူ ၆၅၀ ကို ဆယ်စုနှစ်နှင့်ချီ၍ လေ့လာခဲ့သော သု တေသနက ဖော်ပြသည်။

ယင်းအစားအစာများသည် ဆေးလိပ်ဖြတ်ထားသူများကိုသာ ကူညီနိုင်သည်မဟုတ်ဘဲ အခြားသူများအတွက်ပါ အကျိုးရှိသည်ဟု ဂျွန်ဟော့ပ်ကင်းဘလွန်းဘာ့ဂ် ပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသီများက ပြောကြားသည်။

တစ်ရက်လျှင် ပျမ်းမျှခရမ်းချဉ်သီးနှစ်လုံး (သို့မဟုတ်) ပန်းသီးသုံးလုံးခန့် စားသုံးသူများသည် တစ်ရက်လျှင် ခရမ်းချဉ်သီးတစ်လုံးအောက် (သို့မဟုတ်) ပန်းသီးတစ်လုံးအောက် စားသုံးသူများ ထက် အဆုတ်၏ လုပ်ငန်းဆောင်တာ ကျဆင်းမှု ပိုနည်းသည်ကို သုတေသီများက တွေ့ရှိခဲ့သည်။

ထို့အပြင် ဆေးလိပ်ဖြတ်ထားသူများတွင် အဆုတ်၏ စွမ်း ဆောင်ရည်ကျဆင်းမှု နှေးကွေးသည်ကို ပိုမိုသိသာစွာ တွေ့ရှိ ကြောင်းနှင့် ဆေးလိပ်ဖြတ်သူများ၏ အဆုတ်ကို ကုစားရာ၌ ခရမ်းချဉ်သီးများနှင့် လက်ဆတ်သော အသီးအနှံများက အထောက်အ ကူပြုနိုင်ကြောင်း သုတေသီများက ပြောကြားသည်။

—Ref: UPI

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top