ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မည္သည့္ေလ့က်င့္ခန္းမဆိုျပဳလုပ္ျခင္းက က်န္းမာေရးေကာင္းမြန္ဖို႕ အေထာက္အကူျဖစ္ႏုိင္ေသာ္လည္း ထိုေလ့က်င့္ခန္းပံုစံအမ်ိဳးမ်ိဳးေတြထဲကမွ ေရကိုအေျချပဳၿပီး ျပဳလုပ္ရတဲ့ ေလ့က်င့္ခန္းေတြက ပိုမိုထိေရာက္မႈရွိတာကို ေတြ႕ျမင္ႏိုင္ပါတယ္။

ေရထဲသို႕ေရာက္သြားသည့္အခါမွာ သင့္ခႏၶာကိုယ္က ပံုမွန္အခ်ိန္ေတြထက္ ၉၀ ရာခိုင္ႏႈန္း ပိုမိုေပါ့ပါးေနတာကို ခံစားမိႏိုင္ၿပီး ေရအတြင္းေလ့က်င့္ခန္းျပဳလုပ္ျခင္းက ေန႕စဥ္ျပဳလုပ္ေနက် Gym လုပ္ထံုးမ်ားနဲ႕ တမူကြဲျပားေစမွာျဖစ္ပါတယ္။

ေရအတြင္းေလ့က်င့္ခန္းလုပ္ျခင္းက ကေလးလူႀကီးက်ားမ မေရြး ေပ်ာ္ရႊင္စိတ္ခ်မ္းေျမ႕မႈကိုေပးစြမ္းႏိုင္သလုိ အရိုးထိခိုက္ဒဏ္ရာရွိသူမ်ား၊ ကိုယ္၀န္ေဆာင္သည္မ်ား ႏွင့္ ၀ၿဖိဳးေသာသူမ်ားျဖင့္ပါ အထူးသင့္ေတာ္မႈရွိပါတယ္။ ထုိ႕အျပင္ မည္သည့္အားကစားပစၥည္းအကူအညီမွ လိုအပ္မည္မဟုတ္သလို ေရကူးကန္တစ္ခုရွိရံုျဖင့္ လြယ္လင့္တကူလုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။ ထုိ႕ေႀကာင့္ ေရထဲတြင္ ေလ့က်င့္ခန္းျပဳလုပ္ျခင္းက သင့္က်န္းမာေရးကို မည္ကဲ့သို႕အက်ိဳးေက်းဇူးမ်ား ေပးစြမ္းႏိုင္သလဲသိရေအာင္ ေ၀မွ်ေပးလိုက္ရပါတယ္။

၁။ ကိုယ္အေလးခ်ိန္က်ဆင္းေစျခင္း

ေရတြင္းေလ့က်င့္ခန္းမ်ားကို ေဆာ့ကစားသည့္အခ်ိန္မွာ ေရအရွိန္ႏွင့္လုိက္၍ မိမိတုိ႕၏ႏွလံုး၊ ႀကြက္သားမ်ားကိုပါ တပါတည္းေလ့က်င့္ခန္းျပဳလုပ္ရာေရာက္သျဖင့္ ကိုယ္အေလးခ်ိန္ေလ်ာ႕က်ရန္အတြက္ အထူးေကာင္းမြန္ပါတယ္။

၂။ အဆစ္မ်ားကိုသန္မာေစျခင္း

ေရ၏ေဖာ့ႏိုင္ေသာသတၱိက လူ႕ခႏၶာကိုယ္ရွိ အဆစ္မ်ားအေပၚ ဖိအားမ်ားမ်ားမေပးေသာေႀကာင့္ နာက်င္မႈ၊ ေရာင္ရမ္းမႈမ်ားျဖစ္ေပၚျခင္းကို ေလွ်ာ႕ခ်ႏိုင္မွာျဖစ္ပါတယ္။

၃။ ကိုယ္ခႏၶာကိုေပ်ာ႕ေျပာင္းမႈႈရွိေစျခင္း

ေျမေပၚ၌ေလ့က်င့္ခန္းျပဳလုပ္သည့္အခ်ိန္မ်ားတြင္ ကမာၻေျမဆြဲအားသက္ေရာက္မႈႏွင့္ ျပဳတ္က်မွာေႀကာက္သည့္စိတ္တို႕ေႀကာင့္ စိတ္တိုင္းက်ေရြ႕လ်ားခြင့္ မရႏိုင္ပါ။ သုိ႕ေသာ္လည္း ေရထဲေရာက္သည့္အခါမွာေတာ့ အဆစ္မ်ားေပ်ာ႕ေပ်ာင္းလာကာ ေရြ႕လ်ားမႈပံုစံမ်ားမွာလည္း တိုးတက္လာမွာျဖစ္ပါတယ္။

၄။ ေသြးေပါင္ခ်ိန္ကိုေလွ်ာ႕ခ်ေပးျခင္း

ေရထဲတြင္ေလ့က်င့္ခန္းျပဳလုပ္သည့္အခ်ိန္မ်ား၌ ေရဖိအားက ခႏၶာကိုယ္တစ္ေလွ်ာက္ ေသြးလည္ပတ္မႈကို ပိုမိုေကာင္းမြန္ေစကာ ႏွလံုးခုန္ႏႈန္းကိုလည္း ေလ်ာ႕နည္းသြားေစမွာပါ။

၅။ ႀကြက္သားမ်ားသန္မာလာေစျခင္း

ေရအားႏွင့္ယွဥ္၍ ေလ့က်င့္ခန္းျပဳလုပ္သည့္အခါမွာ သင့္ခႏၶာကိုယ္ရွိ ႀကြက္သားမ်ားဖြံ႕ၿဖိဳးလာကာ ပိုမိုၿပီးေတာ့လည္း သန္မာထြားႀကိဳင္းလာေစမွာျဖစ္ပါတယ္။

၆။ စိတ္ဖိစီးမႈကိုေလ်ာ႕က်ေစျခင္း

ေရ၏လႈပ္ရွားမႈပံုစံကိုႀကည့္ျခင္းက စိတ္ႀကည္လင္မႈရရွိေစႏိုင္သည့္ နည္းလမ္းမ်ားထဲဲတြင္ တစ္ခုအပါအင္ျဖစ္သလုိ ေရထဲတြင္ရွိေနျခင္းကလည္း ခႏၶာကိုယ္ႏွင့္စိတ္ကို ခ်မ္းေျမ႕လန္းဆန္းမႈရွိေစမွာျဖစ္ပါတယ္။

၇။ အပိုအားကစားပစၥည္းမ်ားအသံုးျပဳစရာမလိုျခင္း

ေငြကုန္ေႀကးက်ခံကာ အျခားအားကစားပစၥည္းမ်ားကို အသံုးျပဳစရာမလုိေတာ့ဘဲ ေရကိုအသံုးျပဳ၍ လြယ္ကူသက္သာစြာ ေလ့က်င့္ခန္းျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။ အေလးအပင္အသံုးျပဳစရာမလိုေတာ့သည့္အတြက္ အရိုးအဆစ္နာက်င္တတ္သူမ်ား၊ ဒဏ္ရာအနာတရာရွိသူမ်ားအတြက္ အထူးသင့္ေတာ္သည့္နည္းလမ္းတစ္ခုပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
မည်သည့်လေ့ကျင့်ခန်းမဆိုပြုလုပ်ခြင်းက ကျန်းမာရေးကောင်းမွန်ဖို့ အထောက်အကူဖြစ်နိုင်သော်လည်း ထိုလေ့ကျင့်ခန်းပုံစံအမျိုးမျိုးတွေထဲကမှ ရေကိုအခြေပြုပြီး ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေက ပိုမိုထိရောက်မှုရှိတာကို တွေ့မြင်နိုင်ပါတယ်။

ရေထဲသို့ရောက်သွားသည့်အခါမှာ သင့်ခန္ဓာကိုယ်က ပုံမှန်အချိန်တွေထက် ၉၀ ရာခိုင်နှုန်း ပိုမိုပေါ့ပါးနေတာကို ခံစားမိနိုင်ပြီး ရေအတွင်းလေ့ကျင့်ခန်းပြုလုပ်ခြင်းက နေ့စဉ်ပြုလုပ်နေကျ Gym လုပ်ထုံးများနဲ့ တမူကွဲပြားစေမှာဖြစ်ပါတယ်။

ရေအတွင်းလေ့ကျင့်ခန်းလုပ်ခြင်းက ကလေးလူကြီးကျားမ မရွေး ပျော်ရွှင်စိတ်ချမ်းမြေ့မှုကိုပေးစွမ်းနိုင်သလို အရိုးထိခိုက်ဒဏ်ရာရှိသူများ၊ ကိုယ်ဝန်ဆောင်သည်များ နှင့် ဝဖြိုးသောသူများဖြင့်ပါ အထူးသင့်တော်မှုရှိပါတယ်။ ထို့အပြင် မည်သည့်အားကစားပစ္စည်းအကူအညီမှ လိုအပ်မည်မဟုတ်သလို ရေကူးကန်တစ်ခုရှိရုံဖြင့် လွယ်လင့်တကူလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် ရေထဲတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ကျန်းမာရေးကို မည်ကဲ့သို့အကျိုးကျေးဇူးများ ပေးစွမ်းနိုင်သလဲသိရအောင် ဝေမျှပေးလိုက်ရပါတယ်။

၁။ ကိုယ်အလေးချိန်ကျဆင်းစေခြင်း

ရေတွင်းလေ့ကျင့်ခန်းများကို ဆော့ကစားသည့်အချိန်မှာ ရေအရှိန်နှင့်လိုက်၍ မိမိတို့၏နှလုံး၊ ကြွက်သားများကိုပါ တပါတည်းလေ့ကျင့်ခန်းပြုလုပ်ရာရောက်သဖြင့် ကိုယ်အလေးချိန်လျော့ကျရန်အတွက် အထူးကောင်းမွန်ပါတယ်။

၂။ အဆစ်များကိုသန်မာစေခြင်း

ရေ၏ဖော့နိုင်သောသတ္တိက လူ့ခန္ဓာကိုယ်ရှိ အဆစ်များအပေါ် ဖိအားများများမပေးသောကြောင့် နာကျင်မှု၊ ရောင်ရမ်းမှုများဖြစ်ပေါ်ခြင်းကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

၃။ ကိုယ်ခန္ဓာကိုပျော့ပြောင်းမှုှုရှိစေခြင်း

မြေပေါ်၌လေ့ကျင့်ခန်းပြုလုပ်သည့်အချိန်များတွင် ကမ္ဘာမြေဆွဲအားသက်ရောက်မှုနှင့် ပြုတ်ကျမှာကြောက်သည့်စိတ်တို့ကြောင့် စိတ်တိုင်းကျရွေ့လျားခွင့် မရနိုင်ပါ။ သို့သော်လည်း ရေထဲရောက်သည့်အခါမှာတော့ အဆစ်များပျော့ပျောင်းလာကာ ရွေ့လျားမှုပုံစံများမှာလည်း တိုးတက်လာမှာဖြစ်ပါတယ်။

၄။ သွေးပေါင်ချိန်ကိုလျှော့ချပေးခြင်း

ရေထဲတွင်လေ့ကျင့်ခန်းပြုလုပ်သည့်အချိန်များ၌ ရေဖိအားက ခန္ဓာကိုယ်တစ်လျှောက် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေကာ နှလုံးခုန်နှုန်းကိုလည်း လျော့နည်းသွားစေမှာပါ။

၅။ ကြွက်သားများသန်မာလာစေခြင်း

ရေအားနှင့်ယှဉ်၍ လေ့ကျင့်ခန်းပြုလုပ်သည့်အခါမှာ သင့်ခန္ဓာကိုယ်ရှိ ကြွက်သားများဖွံ့ဖြိုးလာကာ ပိုမိုပြီးတော့လည်း သန်မာထွားကြိုင်းလာစေမှာဖြစ်ပါတယ်။

၆။ စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း

ရေ၏လှုပ်ရှားမှုပုံစံကိုကြည့်ခြင်းက စိတ်ကြည်လင်မှုရရှိစေနိုင်သည့် နည်းလမ်းများထဲတွင် တစ်ခုအပါအင်ဖြစ်သလို ရေထဲတွင်ရှိနေခြင်းကလည်း ခန္ဓာကိုယ်နှင့်စိတ်ကို ချမ်းမြေ့လန်းဆန်းမှုရှိစေမှာဖြစ်ပါတယ်။

၇။ အပိုအားကစားပစ္စည်းများအသုံးပြုစရာမလိုခြင်း

ငွေကုန်ကြေးကျခံကာ အခြားအားကစားပစ္စည်းများကို အသုံးပြုစရာမလိုတော့ဘဲ ရေကိုအသုံးပြု၍ လွယ်ကူသက်သာစွာ လေ့ကျင့်ခန်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အလေးအပင်အသုံးပြုစရာမလိုတော့သည့်အတွက် အရိုးအဆစ်နာကျင်တတ်သူများ၊ ဒဏ်ရာအနာတရာရှိသူများအတွက် အထူးသင့်တော်သည့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top