iMyanmarHouse.com - Best Property Website for Myanmar
×

 ေပၚတူဂီတုိက္စစ္ မွဴး ေရာ္နယ္ဒုိ၏ ၅၂ မိနစ္အလြတ္တည္ကန္ေဘာဂုိးျဖင့္ ရီးရဲလ္က ဘရာဇီးကလပ္ ဂရီမီယုိကုိ အႏုိင္ ရၿပီး ၂၀၁၇ တြင္ ပၪၥမေျမာက္ ဖလားအျဖစ္ ကလပ္မ်ားကမၻာ့ ဖလားရရိွခဲ့သည္။

ေလးႏွစ္အတြင္း တတိယ ေျမာက္ ကလပ္ကမၻာ့ဖလားရရိွခဲ့ ေသာ ရီးရဲလ္သည္ ၿပိဳင္ဘက္ဘာစီလိုနာႏွင့္ ဖလားအေရအတြက္ တူညီခဲ့ကာ ယင္းၿပိဳင္ပြဲ၏ ရာဇဝင္တြင္ အေအာင္ျမင္ဆံုးအသင္းမ်ား အျဖစ္ မွတ္တမ္းဝင္ခဲ့သည္။

ယခုႏွစ္အတြင္း နည္းျပ ဇီဒန္းဦးေဆာင္သည့္ ရီးရဲလ္သည္ စပိန္လာလီဂါ၊ ခ်န္ပီယံလိဂ္၊ ယူ အီးအက္ဖ္ေအစူပါဖလားႏွင့္ စပိန္ စူပါဖလားတုိ႔ကုိ ရရိွခဲ့ၿပီးေနာက္ ငါးခုေျမာက္ျဖစ္ေသာ ကလပ္မ်ားကမၻာ့ဖလားကိုရရိွျခင္းျဖစ္သည္။

‘‘ဘရာဇီးလိဂ္အေၾကာင္းကုိ ကြၽန္ေတာ္ေကာင္းေကာင္းမသိပါ ဘူး။ ဒါေပမဲ့ သူတို႔ကစားတဲ့ ဆီမီးဖိုင္နယ္ပြဲကုိ ကြၽန္ေတာ္ၾကည့္ ထားခဲ့ပါတယ္။ သူတို႔ဟာ အသင္းေကာင္းတစ္သင္းပါ’’ဟု ဇီဒန္းက ေျပာသည္။

ရီးရဲလ္အတြက္ တစ္လံုး တည္းေသာ ဂုိးကုိ သြင္းယူသူ ေရာ္နယ္ဒုိက ‘‘ကြၽန္ေတာ္အရမ္း ေပ်ာ္ပါတယ္။ ကြၽန္ေတာ့္ေျပာ စကားေတြကုိ ေဘာလံုးကြင္းထဲမွ သက္ေသျပခဲ့ပါတယ္။ အသင္းကိုေနာက္ဖလားတစ္လံုးရေအာင္ ကူညီေပးခဲ့ပါတယ္’’ဟု ေျပာသည္။

ရီးရဲလ္သည္ ယခုဖလားကုိ ၂၀၁၄ႏွင့္ ၂၀၁၆ တို႔တြင္ ရရိွခဲ့ သည္။ ယင္းၿပိဳင္ပြဲ၏ အေကာင္းဆံုး ကစားသမားဆုကို မိုဒရစ္က ရရွိခဲ့ၿပီး ရီးရဲလ္တုိက္စစ္မွဴး ေရာ္နယ္ဒိုသည္ ယင္းၿပိဳင္ပြဲ၏ ရာဇ၀င္တြင္ မက္ဆီကိုေက်ာ္ျဖတ္ ၿပီး ဂိုးသြင္းဘုရင္ျဖစ္လာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
 ပေါ်တူဂီတိုက်စစ် မှူး ရော်နယ်ဒို၏ ၅၂ မိနစ်အလွတ်တည်ကန်ဘောဂိုးဖြင့် ရီးရဲလ်က ဘရာဇီးကလပ် ဂရီမီယိုကို အနိုင် ရပြီး ၂၀၁၇ တွင် ပဉ္စမမြောက် ဖလားအဖြစ် ကလပ်များကမ္ဘာ့ ဖလားရရှိခဲ့သည်။

လေးနှစ်အတွင်း တတိယ မြောက် ကလပ်ကမ္ဘာ့ဖလားရရှိခဲ့ သော ရီးရဲလ်သည် ပြိုင်ဘက်ဘာစီလိုနာနှင့် ဖလားအရေအတွက် တူညီခဲ့ကာ ယင်းပြိုင်ပွဲ၏ ရာဇဝင်တွင် အအောင်မြင်ဆုံးအသင်းများ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယခုနှစ်အတွင်း နည်းပြ ဇီဒန်းဦးဆောင်သည့် ရီးရဲလ်သည် စပိန်လာလီဂါ၊ ချန်ပီယံလိဂ်၊ ယူ အီးအက်ဖ်အေစူပါဖလားနှင့် စပိန် စူပါဖလားတို့ကို ရရှိခဲ့ပြီးနောက် ငါးခုမြောက်ဖြစ်သော ကလပ်များကမ္ဘာ့ဖလားကိုရရှိခြင်းဖြစ်သည်။

‘‘ဘရာဇီးလိဂ်အကြောင်းကို ကျွန်တော်ကောင်းကောင်းမသိပါ ဘူး။ ဒါပေမဲ့ သူတို့ကစားတဲ့ ဆီမီးဖိုင်နယ်ပွဲကို ကျွန်တော်ကြည့် ထားခဲ့ပါတယ်။ သူတို့ဟာ အသင်းကောင်းတစ်သင်းပါ’’ဟု ဇီဒန်းက ပြောသည်။

ရီးရဲလ်အတွက် တစ်လုံး တည်းသော ဂိုးကို သွင်းယူသူ ရော်နယ်ဒိုက ‘‘ကျွန်တော်အရမ်း ပျော်ပါတယ်။ ကျွန်တော့်ပြော စကားတွေကို ဘောလုံးကွင်းထဲမှ သက်သေပြခဲ့ပါတယ်။ အသင်းကိုနောက်ဖလားတစ်လုံးရအောင် ကူညီပေးခဲ့ပါတယ်’’ဟု ပြောသည်။

ရီးရဲလ်သည် ယခုဖလားကို ၂၀၁၄နှင့် ၂၀၁၆ တို့တွင် ရရှိခဲ့ သည်။ ယင်းပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားဆုကို မိုဒရစ်က ရရှိခဲ့ပြီး ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် ယင်းပြိုင်ပွဲ၏ ရာဇဝင်တွင် မက်ဆီကိုကျော်ဖြတ် ပြီး ဂိုးသွင်းဘုရင်ဖြစ်လာသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top