ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မေကြးၿမိဳ႕နယ္ ေပပင္ စမ္းေက်းရြာ၌  ေတြ႕ရွိသည့္ အင္ၾကင္းေက်ာက္႐ုပ္ႂကြင္းႏွင့္ ပတ္သက္၍ မည္သုိ႔ဆက္လက္ ေဆာင္ရြက္မည္ကုိ ဒီဇင္ဘာ ၆ ရက္တြင္ အစည္းအေ၀းျပဳလုပ္ ဆုံးျဖတ္မည္ျဖစ္ေၾကာင္း မေကြး တိုင္းသယံဇာတ၀န္ႀကီးဦးျမင့္ ေဇာ္က ေျပာသည္။

‘‘ကုမၸဏီအေနနဲ႔ ျပည္ ေထာင္စုကေတာ့ ခြင့္ျပဳခ်က္ေတြ အကုန္ပါလာတယ္ေပါ့။ တုိင္းေဒ သႀကီးအဖြဲ႕ကလည္း ထုိက္သင့္ တဲ့အဆုံးအျဖတ္လုပ္ပါလိမ့္မယ္။ ဗုဒၶဟူးေန႔အစည္းအေ၀းကေန တရား၀င္ဆုံးျဖတ္ၿပီး လုပ္ေဆာင္ သြားပါ့မယ္’’ ဟု ၀န္ႀကီးဦးျမင့္ ေဇာ္က ေျပာသည္။

မေကြးၿမိဳ႕နယ္ ေပပင္စမ္း ေက်းရြာတြင္ေတြ႕ရွိသည့္ အင္ ၾကင္းေက်ာက္ျဖစ္႐ုပ္ႂကြင္းသည္ အလ်ားေပတစ္ရာခန္႔ရွိၿပီး အရင္း လုံးပတ္ ေပ ၂၀ ခန္႔ႏွင့္ အဖ်ားလုံး ပတ္္ ၁၀ ေပခန္႔ရွိေၾကာင္း ေဒသခံ မ်ားကေျပာသည္။

အဆုိပါအင္ၾကင္းေက်ာက္ ျဖစ္႐ုပ္ႂကြင္းေတြ႕ရွိသည့္ေနရာ ကုိ လြန္ခဲ့သည့္သုံးႏွစ္ခန္႔က ထရီး ဂ်ိတ္(Tree Jade) ကုမၸဏီက စတင္တူးေဖာ္ေသာ္လည္းအရည္ အေသြး မျပည့္မီသည့္ ေက်ာက္ မ်ားသာ ေတြ႕ရွိခဲ့သည္။ ၂၀၁၆ ႏုိ၀င္ဘာအတြင္းက အဆုိပါအင္ ၾကင္းေက်ာက္ႀကီးကုိ ေတြ႕ရွိခဲ့ ေၾကာင္း ကုမၸဏီတာ၀န္ရွိသူ ဦးမင္းေရႊက ေျပာသည္။

ထုိ႔ေၾကာင့္ ျမန္မာႏုိင္ငံအင္ ၾကင္းေက်ာက္လုပ္ငန္းမ်ားအ သင္းကတစ္ဆင့္ သတၱဳတြင္း၀န္ ႀကီးဌာနသုိ႔ လုပ္ငန္းမ်ားဆက္ လက္လုပ္ေဆာင္ႏုိင္ရန္ တင္ျပ သျဖင့္၊ ျပည္ေထာင္စုအဆင့္မွ သက္ဆိုင္သည့္ဌာနမ်ား၏ ခြင့္ျပဳ ခ်က္ကုိ ၂၀၁၇ ဇြန္လတြင္ရရွိခဲ့ ေၾကာင္း ၎ကဆုိသည္။ ထုိ႔ ေနာက္ လိုအပ္သည္မ်ားဆက္ လက္ေဆာင္ရြက္ႏုိင္ရန္ ျပည္ နယ္အစုိးရသုိ႔ တင္ျပထားသည္။

‘‘ရြာမွာရွိတဲ့ေဒသခံေတြအ ေနနဲ႔လည္း အထင္မမွားရေအာင္ ေစာင့္ေရွာက္မႈလုပ္ထားပါတယ္။ ရြာကမေက်နပ္ဘဲနဲ႔ ျပည္ေထာင္ စုအစုိးရ၊ တိုင္းေဒသႀကီးအစုိးရ က အာဏာနဲ႔ယူသြားတယ္ဆုိတာ မ်ိဳးမျဖစ္ေအာင္ မလုိလားအပ္တဲ့ ျပႆနာေတြမျဖစ္ေအာင္ ကြၽန္ ေတာ္တို႔စီစဥ္ေနပါတယ္’’ ဟု ၀န္ ႀကီးကဆိုသည္။

အဆုိပါေက်ာက္ျဖစ္႐ုပ္ ႂကြင္း  တူးေဖာ္ေတြ႕ရွိသည့္ ေက်းရြာကုိ ကုမၸဏီကလုိအပ္ သည့္ အလွဴေငြမ်ားထည့္၀င္ ခဲ့ၿပီး လုပ္ငန္းမ်ားေဆာင္ရြက္သ ျဖင့္ နစ္နာခဲ့သည့္  ယာပုိင္ရွင္၏ ေတာင္းဆိုမႈမ်ားကုိလည္း ေပး အပ္ၿပီးျဖစ္ေၾကာင္း ဦးမင္းေရႊက ေျပာသည္။ ၎တို႔ကုမၸဏီအေန ႏွင့္ ျပည္ေထာင္စုအစုိးရက ခြင့္ျပဳ၍ အခြန္အခမ်ားလည္း ေပးသြင္း ၿပီးျဖစ္ကာ စီးပြားကူးသန္းခြင့္ ျပဳခ်က္လည္း ရရွိထားေၾကာင္း၊ ဆက္လက္၍ ကုမၸဏီအေနႏွင့္ မေကြးတိုင္းအစုိးရ ခြင့္ျပဳခ်က္ ရရွိရန္ ဆက္လက္ေဆာင္ရြက္ မည္ျဖစ္ေၾကာင္း ၎ကေျပာ သည္။

သုိ႔ေသာ္မလုိအပ္ဘဲ လုပ္ ငန္းၾကန္႔ၾကာျခင္းေၾကာင့္ ရင္းႏွီး ျမႇဳပ္ႏွံသည့္ကုမၸဏီမ်ား ဆုံး႐ႈံးမႈ မ်ားရွိသကဲ့သုိ႔ လုပ္ငန္းလုပ္ ေဆာင္ရန္ ကုမၸဏီမ်ား စုိးရိမ္ပူ ပန္မႈမ်ားလည္းရွိလာႏုိင္ေၾကာင္း ဦးမင္းေရႊကဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မကွေးမြို့နယ် ပေပင် စမ်းကျေးရွာ၌  တွေ့ရှိသည့် အင်ကြင်းကျောက်ရုပ်ကြွင်းနှင့် ပတ်သက်၍ မည်သို့ဆက်လက် ဆောင်ရွက်မည်ကို ဒီဇင်ဘာ ၆ ရက်တွင် အစည်းအဝေးပြုလုပ် ဆုံးဖြတ်မည်ဖြစ်ကြောင်း မကွေး တိုင်းသယံဇာတဝန်ကြီးဦးမြင့် ဇော်က ပြောသည်။

‘‘ကုမ္ပဏီအနေနဲ့ ပြည် ထောင်စုကတော့ ခွင့်ပြုချက်တွေ အကုန်ပါလာတယ်ပေါ့။ တိုင်းဒေ သကြီးအဖွဲ့ကလည်း ထိုက်သင့် တဲ့အဆုံးအဖြတ်လုပ်ပါလိမ့်မယ်။ ဗုဒ္ဓဟူးနေ့အစည်းအဝေးကနေ တရားဝင်ဆုံးဖြတ်ပြီး လုပ်ဆောင် သွားပါ့မယ်’’ ဟု ဝန်ကြီးဦးမြင့် ဇော်က ပြောသည်။

မကွေးမြို့နယ် ပေပင်စမ်း ကျေးရွာတွင်တွေ့ရှိသည့် အင် ကြင်းကျောက်ဖြစ်ရုပ်ကြွင်းသည် အလျားပေတစ်ရာခန့်ရှိပြီး အရင်း လုံးပတ် ပေ ၂၀ ခန့်နှင့် အဖျားလုံး ပတ် ၁၀ ပေခန့်ရှိကြောင်း ဒေသခံ များကပြောသည်။

အဆိုပါအင်ကြင်းကျောက် ဖြစ်ရုပ်ကြွင်းတွေ့ရှိသည့်နေရာ ကို လွန်ခဲ့သည့်သုံးနှစ်ခန့်က ထရီး ဂျိတ်(Tree Jade) ကုမ္ပဏီက စတင်တူးဖော်သော်လည်းအရည် အသွေး မပြည့်မီသည့် ကျောက် များသာ တွေ့ရှိခဲ့သည်။ ၂၀၁၆ နိုဝင်ဘာအတွင်းက အဆိုပါအင် ကြင်းကျောက်ကြီးကို တွေ့ရှိခဲ့ ကြောင်း ကုမ္ပဏီတာဝန်ရှိသူ ဦးမင်းရွှေက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအင် ကြင်းကျောက်လုပ်ငန်းများအ သင်းကတစ်ဆင့် သတ္တုတွင်းဝန် ကြီးဌာနသို့ လုပ်ငန်းများဆက် လက်လုပ်ဆောင်နိုင်ရန် တင်ပြ သဖြင့်၊ ပြည်ထောင်စုအဆင့်မှ သက်ဆိုင်သည့်ဌာနများ၏ ခွင့်ပြု ချက်ကို ၂၀၁၇ ဇွန်လတွင်ရရှိခဲ့ ကြောင်း ၎င်းကဆိုသည်။ ထို့ နောက် လိုအပ်သည်များဆက် လက်ဆောင်ရွက်နိုင်ရန် ပြည် နယ်အစိုးရသို့ တင်ပြထားသည်။

‘‘ရွာမှာရှိတဲ့ဒေသခံတွေအ နေနဲ့လည်း အထင်မမှားရအောင် စောင့်ရှောက်မှုလုပ်ထားပါတယ်။ ရွာကမကျေနပ်ဘဲနဲ့ ပြည်ထောင် စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရ က အာဏာနဲ့ယူသွားတယ်ဆိုတာ မျိုးမဖြစ်အောင် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် ကျွန် တော်တို့စီစဉ်နေပါတယ်’’ ဟု ဝန် ကြီးကဆိုသည်။

အဆိုပါကျောက်ဖြစ်ရုပ် ကြွင်း  တူးဖော်တွေ့ရှိသည့် ကျေးရွာကို ကုမ္ပဏီကလိုအပ် သည့် အလှူငွေများထည့်ဝင် ခဲ့ပြီး လုပ်ငန်းများဆောင်ရွက်သ ဖြင့် နစ်နာခဲ့သည့်  ယာပိုင်ရှင်၏ တောင်းဆိုမှုများကိုလည်း ပေး အပ်ပြီးဖြစ်ကြောင်း ဦးမင်းရွှေက ပြောသည်။ ၎င်းတို့ကုမ္ပဏီအနေ နှင့် ပြည်ထောင်စုအစိုးရက ခွင့်ပြု၍ အခွန်အခများလည်း ပေးသွင်း ပြီးဖြစ်ကာ စီးပွားကူးသန်းခွင့် ပြုချက်လည်း ရရှိထားကြောင်း၊ ဆက်လက်၍ ကုမ္ပဏီအနေနှင့် မကွေးတိုင်းအစိုးရ ခွင့်ပြုချက် ရရှိရန် ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းကပြော သည်။

သို့သော်မလိုအပ်ဘဲ လုပ် ငန်းကြန့်ကြာခြင်းကြောင့် ရင်းနှီး မြှုပ်နှံသည့်ကုမ္ပဏီများ ဆုံးရှုံးမှု များရှိသကဲ့သို့ လုပ်ငန်းလုပ် ဆောင်ရန် ကုမ္ပဏီများ စိုးရိမ်ပူ ပန်မှုများလည်းရှိလာနိုင်ကြောင်း ဦးမင်းရွှေကဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top