မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
# Zawgyi Version ဖြင့် ဖတ်ပါ #
Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ#
မေပြည့်စုံအောင်လို့ကြားလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိမှာက Body Structure ကောင်းကောင်းနဲ့ လေယာဉ်ဝတ်စုံလေးဝတ်ထားတာ ကိုမြင်မိမှာပဲဖြစ်ပါတယ်။ သူမရဲ့ခန္ဓာကိုယ်အချိုးအစားတောင့်တင်းမှုကြောင့် အမျိုးသားပရိသတ်တွေကြား နာမည်ကြီးလာသူလေးဖြစ်ပြီး အမျိုးသမီးတွေကြားမှာလည်းချစ်သူခင်သူပေါများသူလေးလည်းဖြစ်ပါတယ်။
သူမဟာ ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်တတ်ပြီး ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။မကြာသေးခင်ကမှ အဆိုတော် Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ Pre Wedding ပုံတွေအတွက် ထိုင်းနိုင်ငံမှာ ရိုက်ကူးပြီး ပြန်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကြော်ငြာတွေလက်ခံရိုက်ကူးလျှက်ရှိနေပြီး သူမရိုက်ကူးပေးခဲ့တဲ့ ကြော်ငြာ ၂ ခုရှိပါပြီ။
“ညီမကအပျော်အပါးအရမ်းကြိုက်တတ်တယ် 17/18 လောက်တုန်းက ကလပ်တွေအရမ်းသွားတယ် နောက်ပိုင်းကျတော့လည်း ဒီစော် ဘယ်လိုကြီးလဲဆိုပြီးပြောမှာစိုးလို့ မသွားတော့ဘူး” လို့ပြောပါတယ်
“ညီမနာမည်စသိတည်းက ညီမကိုတိုက်ခိုက်တဲ့လူတွေရှိတယ်ဒါပေမယ့် ဘာ ဖီးလ်မှမထားဘူး။ ဘာလို့လည်းဆိုတော့ကိုယ့် Field အချင်းချင်းကမဟုတ်ဖူး။ ခုဟာက ကိုယ့် Field ထဲကပြောတယ်ဆိုတော့ ညီမ နည်းနည်းတော့ဖြစ်တယ်။ ပို့စ်တင်လိုက်တည်းက ညီမလည်းစိတ်အရမ်းတိုလို့ပေါ့နော်။ ကိုယ့်သူငယ်ချင်းတွေကလည်း ကိုယ့်ကို နင့်ကိုပေါ်တင်ကြီးရေးနေပြီ ဆိုတော့ ဒါပေမယ့် အဲ့ပို့စ်ကို (၂) ရက်လောက်အတွင်းဖျက်လိုက်တယ် ကိုယ့်ကိုသူများတွေကတော့ အမြဲပြောမှာပဲလေ ပြောတာတိုင်းကို လိုက်ခံစားနေရင် ကိုယ့်ကိုချစ်တဲ့အချိန်လျော့သွားလိမ့်မယ် နောက်ပိုင်းကိုယ့်ကိုတိုုက်ခိုက်လည်းစိတ်ထဲမထားတော့ဘူးလို့ ” လွန်ခဲ့တဲ့လပိုင်းက သူမနဲ့ Field ချင်းတူတဲ့ သူအချို့နဲ့ပြသနာတက်ခဲ့တဲ့အပေါ်မှာလည်း ခုလိုပြောပြခဲ့တာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top