န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေျခာက္ေသြ႔တ့ဲဦးေရျပား (သို႔) ဆံပင္ေတြမွာ ေဗာက္ျဖစ္တတ္ေလ့ ရွိပါတယ္။ ဒီလိုျဖစ္လာရင္ ယခုေဖာ္ျပေပးမယ့္ အခ်က္ေတြကို လက္ေတြ႔ျပဳလုပ္ၾကည့္ပါ။ သက္သာ
ေပ်ာက္ကင္းလာတာကို ေတြ႔ျမင္ရပါလိမ့္မယ္။

၁။ ေခါင္းလိမ္းဆီတစ္မ်ိဳး သို႔မဟုတ္ အုန္းဆီကို အပူေပးၿပီး ညစဥ္ ဦးေရျပားကိုလိမ္းေပးၿပီး နံနက္ေရာက္မွ ေရႏွင့္သန္႔စင္ေပးပါ။ ၿပီးတ့ဲအခါ ဦးေရျပားကို ေရွာက္ရည္၊ ဗီနီဂါရည္တို႔နဲ႔ ပြတ္ေပးပါ။

၂။ ဒါ့အျပင္ နံနက္ေရာက္လို႔ ဦးေရျပားကို သန္႔စင္ၿပီးသြားရင္ ေရွာက္သီးတစ္လံုးကို အရည္ညွစ္ၿပီး ဦးေရျပားနဲ႔ ဆံပင္ကို ပြတ္လိမ္းေပးရပါမယ္။

၃။ ဦးေရျပားကို ဗာဒံဆီနဲ႔ သံလြင္ဆီေတြကို ေရာၿပီးလိမ္းလို႔ ႏွိပ္ႏွယ္ေပးမယ္ဆိုရင္လည္း ေဗာက္ေတြကို ကင္းစင္ေစမွာပါ။

၄။ ေနာက္တစ္နည္းကေတာ့ ဒိန္ခ်ဥ္ပါ။ ဒိန္ခ်ဥ္ကို ေရွာက္ရည္နဲ႔ေရာၿပီး ညစဥ္ဦးေရျပားကို လိမ္းေပးမယ္ဆိုရင္လည္း သက္သာေစႏိုင္ပါတယ္။

၅။ အာနိသင္ျပင္းလြန္းတ့ဲ ေခါင္းေလွ်ာ္ရည္ေတြက ဆံပင္သားကို ေျခာက္ေသြ႔လာေစပါတယ္။ ဒါ့အျပင္ ေနေလာင္ဒဏ္ခံလြန္းပါကလည္း ဆံပင္သားေျခာက္ေသြ႔ ပ်က္စီးေစတ့ဲအတြက္ ေရွာင္ၾကဥ္သင့္ပါတယ္။

၆။ ေရကူးေလ့ရွိသူမ်ားကေတာ့ ဆံပင္ကို ေခါင္းစြပ္နဲ႔ လံုေအာင္ စြပ္ၿပီးမွ ေရကူးသင့္ပါတယ္။ ဒီလို မလုပ္ပါက ေရကန္ထဲမွာရွိတ့ဲ ေရရဲ႕ ကလိုရင္းဓာတ္ေၾကာင့္ ဆံသား ပ်က္စီး ေစႏိုင္ပါတယ္။

၇။ အုန္းဆီကုိ အပူေပးၿပီး ဦးေရျပားကို ႏွိပ္ႏွယ္ျခင္းက ဆံပင္သားကို ေပ်ာ့ေပ်ာင္းေစၿပီး ေဗာက္ျဖစ္ျခင္းမွလည္း ကာကြယ္ႏိုင္ပါတယ္။

၈။ ဘီးကိုလည္း အဖ်ားထိပ္ေတြမွာ ေရာ္ဘာပါ၀င္တ့ဲ ခ်ပ္က်ဲက်ဲ အမ်ိဳးအစားကိုသာ ေရြးၿပီး အသံုးျပဳသင့္ပါတယ္။

၉။ Hair dryer ကို အၿမဲအသံုးျပဳေလ့ရွိရင္ေတာ့ ဆံသားကို ေနေရာင္ျခည္နဲ႔ တိုက္ရုိက္ မထိေအာင္ ေရွာင္ၾကဥ္ရပါလိမ့္မယ္။

၁၀။ ပရိုတင္းဓာတ္ စားသံုးမႈ ပမာဏကိုလည္း တိုးျမွင့္သင့္ပါတယ္။ ဒါ့အျပင္ ဂ်ံဳ၊ ဒိန္ခ်ဥ္၊ ပဲသီး၊ ပဲငါးပိ၊ ဥမ်ားႏွင့္ ပရုိတင္းဓာတ္ပါ၀င္တ့ဲ ငါးေတြကိုပါ မျဖစ္မေန စားသံုးေပးရပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဧကရီ

# Unicode Version ျဖင့္ ဖတ္ပါ #

ခြောက်သွေ့တဲ့ဦးရေပြား (သို့) ဆံပင်တွေမှာ ဗောက်ဖြစ်တတ်လေ့ ရှိပါတယ်။ ဒီလိုဖြစ်လာရင် ယခုဖော်ပြပေးမယ့် အချက်တွေကို လက်တွေ့ပြုလုပ်ကြည့်ပါ။ သက်သာ
ပျောက်ကင်းလာတာကို တွေ့မြင်ရပါလိမ့်မယ်။

၁။ ခေါင်းလိမ်းဆီတစ်မျိုး သို့မဟုတ် အုန်းဆီကို အပူပေးပြီး ညစဉ် ဦးရေပြားကိုလိမ်းပေးပြီး နံနက်ရောက်မှ ရေနှင့်သန့်စင်ပေးပါ။ ပြီးတဲ့အခါ ဦးရေပြားကို ရှောက်ရည်၊ ဗီနီဂါရည်တို့နဲ့ ပွတ်ပေးပါ။

၂။ ဒါ့အပြင် နံနက်ရောက်လို့ ဦးရေပြားကို သန့်စင်ပြီးသွားရင် ရှောက်သီးတစ်လုံးကို အရည်ညှစ်ပြီး ဦးရေပြားနဲ့ ဆံပင်ကို ပွတ်လိမ်းပေးရပါမယ်။

၃။ ဦးရေပြားကို ဗာဒံဆီနဲ့ သံလွင်ဆီတွေကို ရောပြီးလိမ်းလို့ နှိပ်နှယ်ပေးမယ်ဆိုရင်လည်း ဗောက်တွေကို ကင်းစင်စေမှာပါ။

၄။ နောက်တစ်နည်းကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်ကို ရှောက်ရည်နဲ့ရောပြီး ညစဉ်ဦးရေပြားကို လိမ်းပေးမယ်ဆိုရင်လည်း သက်သာစေနိုင်ပါတယ်။

၅။ အာနိသင်ပြင်းလွန်းတဲ့ ခေါင်းလျှော်ရည်တွေက ဆံပင်သားကို ခြောက်သွေ့လာစေပါတယ်။ ဒါ့အပြင် နေလောင်ဒဏ်ခံလွန်းပါကလည်း ဆံပင်သားခြောက်သွေ့ ပျက်စီးစေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

၆။ ရေကူးလေ့ရှိသူများကတော့ ဆံပင်ကို ခေါင်းစွပ်နဲ့ လုံအောင် စွပ်ပြီးမှ ရေကူးသင့်ပါတယ်။ ဒီလို မလုပ်ပါက ရေကန်ထဲမှာရှိတဲ့ ရေရဲ့ ကလိုရင်းဓာတ်ကြောင့် ဆံသား ပျက်စီး စေနိုင်ပါတယ်။

၇။ အုန်းဆီကို အပူပေးပြီး ဦးရေပြားကို နှိပ်နှယ်ခြင်းက ဆံပင်သားကို ပျော့ပျောင်းစေပြီး ဗောက်ဖြစ်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

၈။ ဘီးကိုလည်း အဖျားထိပ်တွေမှာ ရော်ဘာပါဝင်တဲ့ ချပ်ကျဲကျဲ အမျိုးအစားကိုသာ ရွေးပြီး အသုံးပြုသင့်ပါတယ်။

၉။ Hair dryer ကို အမြဲအသုံးပြုလေ့ရှိရင်တော့ ဆံသားကို နေရောင်ခြည်နဲ့ တိုက်ရိုက် မထိအောင် ရှောင်ကြဉ်ရပါလိမ့်မယ်။

၁၀။ ပရိုတင်းဓာတ် စားသုံးမှု ပမာဏကိုလည်း တိုးမြှင့်သင့်ပါတယ်။ ဒါ့အပြင် ဂျုံ၊ ဒိန်ချဉ်၊ ပဲသီး၊ ပဲငါးပိ၊ ဥများနှင့် ပရိုတင်းဓာတ်ပါဝင်တဲ့ ငါးတွေကိုပါ မဖြစ်မနေ စားသုံးပေးရပါမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဧကရီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top