ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

၁၇ ႏွစ္ၾကာ ပိတ္ထား ေသာ အင္းစိန္ဂ်ီတီအိုင္ (အစိုးရ စက္မႈလက္မႈသိပၸံ-အင္းစိန္) ကို ဒီဇင္ဘာ ၁ ရက္တြင္ ျပန္လည္ဖြင့္ လွစ္ခဲ့ၿပီး သံုးႏွစ္သင္တန္းမ်ား ဖြင့္လွစ္သင္ၾကားမည္ျဖစ္သည္။

၁၂၂  ႏွစ္ သက္တမ္းရွိ ေအဂ်ီတီအိုင္ အေဆာက္အအံုကို ပညာေရးဝန္ႀကီးဌာနက ျပန္လည္ျပဳျပင္ကာ သင္တန္းမ်ားဖြင့္လွစ္ေပးၿပီး ယခုပညာသင္ႏွစ္တြင္ အဆိုပါေက်ာင္းသို႔ ေက်ာင္းသား


၂၂၃ ဦးႏွင့္ ေက်ာင္းသူ ၄၇ ဦးတက္ေရာက္ခြင့္ရထားသည္။

 ‘‘ေလွ်ာက္ထားသူဦးေရ ၂,၆၂၇ ဦးထဲမွ ေက်ာင္းတက္ဖို႔ျပန္ ေရြးခ်ယ္ခံရတဲ့သူ ၂၇၀ ဦးရွိပါ တယ္။ စာစသင္ေနၿပီ။ ေက်ာင္းအ တြက္ လိုအပ္တာေတြကိုလည္းအ ခု ဆက္တိုက္လုပ္ေနတယ္’’ ဟု အင္းစိန္ဂ်ီတီအိုင္ ေက်ာင္းအုပ္ ႀကီး ဦးျမတ္ကိုက ေျပာသည္။

ဒီဇင္ဘာ ၅ ရက္အထိ အင္း စိန္ဂ်ီတီအိုင္အေဆာက္အအံု၏ အင္းစိန္လမ္းမဘက္အျခမ္း စာ သင္ေဆာင္မ်ားကို ျပင္ဆင္မြမ္းမံ ထားၿပီး ယင္းအေဆာင္မ်ားတြင္ စာသင္ၾကားေနၿပီျဖစ္သည္။ ျပန္လည္ဖြင့္လွစ္ေသာ အင္းစိန္ ဂ်ီတီအိုင္ေက်ာင္းတြင္ စာသင္ခန္းငါးခန္း၊ စာၾကည့္တိုက္၊ ဘာသာရပ္ အလုိက္ဓာတ္ ခြဲခန္းေလးခန္း၊ၿမိဳ႕ျပအင္ဂ်င္နီယာ အလုပ္႐ံု၊Drawing Room ႏွစ္ခန္း၊ ဆရာနားေနခန္း၊ေက်ာင္း သားနားေနခန္းႏွင့္ ႐ံုးခန္းမ်ားပါဝင္သည္။

 ၿမိဳ႕ျပအင္ဂ်င္နီယာ၊ အီလက္ထရြန္နစ္ အင္ဂ်င္နီယာ၊ လွ်ပ္စစ္စြမ္းအား အင္ဂ်င္နီယာ၊ စက္မႈအင္ဂ်င္နီယာ၊ သုတနည္းပညာဘာသာရပ္ ငါးခုဖြင့္လွစ္မည္ျဖစ္ၿပီး သံုးႏွစ္သင္တန္းၿပီးဆံုးပါက ဒီပလိုမာေပးအပ္မည္ျဖစ္သည္။ထို႔အျပင္ သတ္မွတ္အရည္အခ်င္းႏွင့္ ကိုက္ညီပါက နည္းပညာတကၠသိုလ္တတိယႏွစ္သို႔ ေပါင္းကူးတက္ေရာက္ခြင့္ျပဳမည္ျဖစ္သည္။

အင္းစိန္ဂ်ီတီအိုင္ဝင္ခြင့္အ တြက္ တကၠသိုလ္စာေမးပြဲ၌ သခၤ်ာ၊ ႐ူပေဗဒ၊ ဓာတုေဗဒဘာ သာရပ္မ်ား ပါဝင္ေသာ ဘာသာ တြဲျဖင့္ ေအာင္ျမင္သူမ်ားကို ေအာက္တိုဘာ ၁၉ ရက္မွ ႏိုဝင္ ဘာ ၁၀ ရက္အထိ ေလွ်ာက္ထား ခြင့္ျပဳခဲ့သည္။ ယင္းတို႔အနက္ အဂၤလိပ္စာႏွင့္ သခၤ်ာဘာသာရပ္ ႏွစ္ခုေပါင္း ရမွတ္အျမင့္ဆံုးရသူမ်ားကို ဦးစားေပးလက္ခံခဲ့သည္။

အင္းစိန္ဂ်ီတီအိုင္ေက်ာင္း သည္ ျမန္မာႏိုင္ငံ၏ ပထမဆံုး စက္မႈလက္မႈပညာသင္ ေက်ာင္း ျဖစ္ၿပီး ေက်ာင္းအေဆာက္အအံု သည္ ၁၂၂ ႏွစ္သက္တမ္းရွိသည္။ အဆိုပါေက်ာင္းကို ၂၀၀၀ ျပည့္ႏွစ္ တြင္ စတင္ပိတ္ထားရာ ၂၀၁၆ ၌ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရးေကာ္မတီက ပညာ ေရးဝန္ႀကီးဌာနသို႔ ျပန္လည္လႊဲ ေျပာင္းေပးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


၁၇ နှစ်ကြာ ပိတ်ထား သော အင်းစိန်ဂျီတီအိုင် (အစိုးရ စက်မှုလက်မှုသိပ္ပံ-အင်းစိန်) ကို ဒီဇင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့် လှစ်ခဲ့ပြီး သုံးနှစ်သင်တန်းများ ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။

၁၂၂  နှစ် သက်တမ်းရှိ အေဂျီတီအိုင် အဆောက်အအုံကို ပညာရေးဝန်ကြီးဌာနက ပြန်လည်ပြုပြင်ကာ သင်တန်းများဖွင့်လှစ်ပေးပြီး ယခုပညာသင်နှစ်တွင် အဆိုပါကျောင်းသို့ ကျောင်းသား


၂၂၃ ဦးနှင့် ကျောင်းသူ ၄၇ ဦးတက်ရောက်ခွင့်ရထားသည်။

 ‘‘လျှောက်ထားသူဦးရေ ၂,၆၂၇ ဦးထဲမှ ကျောင်းတက်ဖို့ပြန် ရွေးချယ်ခံရတဲ့သူ ၂၇၀ ဦးရှိပါ တယ်။ စာစသင်နေပြီ။ ကျောင်းအ တွက် လိုအပ်တာတွေကိုလည်းအ ခု ဆက်တိုက်လုပ်နေတယ်’’ ဟု အင်းစိန်ဂျီတီအိုင် ကျောင်းအုပ် ကြီး ဦးမြတ်ကိုက ပြောသည်။

ဒီဇင်ဘာ ၅ ရက်အထိ အင်း စိန်ဂျီတီအိုင်အဆောက်အအုံ၏ အင်းစိန်လမ်းမဘက်အခြမ်း စာ သင်ဆောင်များကို ပြင်ဆင်မွမ်းမံ ထားပြီး ယင်းအဆောင်များတွင် စာသင်ကြားနေပြီဖြစ်သည်။ ပြန်လည်ဖွင့်လှစ်သော အင်းစိန် ဂျီတီအိုင်ကျောင်းတွင် စာသင်ခန်းငါးခန်း၊ စာကြည့်တိုက်၊ ဘာသာရပ် အလိုက်ဓာတ် ခွဲခန်းလေးခန်း၊မြို့ပြအင်ဂျင်နီယာ အလုပ်ရုံ၊Drawing Room နှစ်ခန်း၊ ဆရာနားနေခန်း၊ကျောင်း သားနားနေခန်းနှင့် ရုံးခန်းများပါဝင်သည်။

 မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာဘာသာရပ် ငါးခုဖွင့်လှစ်မည်ဖြစ်ပြီး သုံးနှစ်သင်တန်းပြီးဆုံးပါက ဒီပလိုမာပေးအပ်မည်ဖြစ်သည်။ထို့အပြင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက နည်းပညာတက္ကသိုလ်တတိယနှစ်သို့ ပေါင်းကူးတက်ရောက်ခွင့်ပြုမည်ဖြစ်သည်။

အင်းစိန်ဂျီတီအိုင်ဝင်ခွင့်အ တွက် တက္ကသိုလ်စာမေးပွဲ၌ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာ သာရပ်များ ပါဝင်သော ဘာသာ တွဲဖြင့် အောင်မြင်သူများကို အောက်တိုဘာ ၁၉ ရက်မှ နိုဝင် ဘာ ၁၀ ရက်အထိ လျှောက်ထား ခွင့်ပြုခဲ့သည်။ ယင်းတို့အနက် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် နှစ်ခုပေါင်း ရမှတ်အမြင့်ဆုံးရသူများကို ဦးစားပေးလက်ခံခဲ့သည်။

အင်းစိန်ဂျီတီအိုင်ကျောင်း သည် မြန်မာနိုင်ငံ၏ ပထမဆုံး စက်မှုလက်မှုပညာသင် ကျောင်း ဖြစ်ပြီး ကျောင်းအဆောက်အအုံ သည် ၁၂၂ နှစ်သက်တမ်းရှိသည်။ အဆိုပါကျောင်းကို ၂၀၀၀ ပြည့်နှစ် တွင် စတင်ပိတ်ထားရာ ၂၀၁၆ ၌ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက ပညာ ရေးဝန်ကြီးဌာနသို့ ပြန်လည်လွှဲ ပြောင်းပေးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top