န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
#Unicode Version#
ကျွန်တော် တစ်ကယ် ဖြစ ်ပျက် ခဲ့တဲ့အဖြစ်အပျက် တစ်ခု ပါ ။ ကျွန်တော် လေးတန်း ကျောင်းသားဘဝ က ကိုရင် ဝတ် ခဲ့ တဲ့အချိန် က ပေါ့ ။ နေ ရာ က တော့ ယခု တပ် မတော် ချည်မျှင်နှင့် အထည်စက်ရုံ ရှိတဲ့ အင်း တိုင် ( ရန်ကုန်-ပဲခူး ကားလမ်းပေါ် ) က နေ နောက်ထပ် တစ်နာရီလောက်မြင်းလှည် းစီးရင် ရောက်တဲ့ နေ ရာ ပါ ၊ အဲဒီ တုန်း ကတော့မြင်းလှည်းပေါ့ဗျာ ။ အလံတစ်ဗိုလ် ရွာ ဆို တာ ရှိတယ် ဗျ ။ အဲဒီ ရွာ က နေ နောက်ထပ် နှစ်ရွာ လောက်ဖြတ်သွားရသေးတယ် ၊ နာမည်တော့မမှတ်မိတော့ဘူး ။ အလံတစ် ဗိုလ်ရွာကိုတော့ကောင်းကောင်းမှတ်မိတယ် ။ နာမည် လည်း ဆန်း တာ ကို း။ ကျွန်တော် ကို ရင် ဝတ် တဲ့ ရွာ က တော့ နောက်ထပ် နှစ်ရွာ မြောက်ရွာ ပါ ၊ ထားပါလေ နာမည် က အရေး မကြီးဘူး မဟုတ်လား ဇာတ်လမ်း က အဓိ က လေ နော် ။
ကဲကျွန်တော့်ဇာတ်လမ်းဆက်ရအောင် ။ လေးတန်းဆို တော့ ကျွန်တော ်လည်း သင်္ကန်းတော့သိပ် မနိုင်သေးဘူး လူ ကောင် က ညှပ် တာကိုး ဗျ ။ အဲဒီ ရွာမှာ က ဘုန်း တော် ကြီး ကျောင်း က ဆောက်လက်စ တန်း လန်း ကြီး ဗျ ၊ ဒါ့အပြင် က ကျောင်းခပ်ငယ်ငယ် တစ်ဆောင်ပဲရှိတယ် ။ အဲဒီမှာ က တော့ ကျောင်းထိုင် ဘုန်း တော်ကြီး နေ တယ် ။ ကျွန်တော ်တို့ကို ရင် တွေ က အပါးနှစ်ဆယ် လောက်ရှိပါတယ် ။ ကျွန်တော် တို့က တော့ဆောက်လက်စ တန်း လန်း ကျောင်းဆောင်မှာ အောက်ဘက် က ပျဉ်တွေဘာတွေခင်းပြီး ပြီ ဆို တော့အိပ်ရတာပေါ့။ ကျွန်တော် က ကြောက်လည်းကြောက်တတ်တော့ ကျွန်တော့်အဖေ က လိုက်အိပ်ပေးတယ် ။ ကပ္ပိယ ပေါ့ဗျာ ။
ဒါနဲ့ ည ဘက ်ကျရင် ကလေး တွေ ဆို တော့ ဘုန်း ကြီး မသိအောင် က မုန့်ခိုးစားချင် ကြတာလေ ။ နောက်တစ်ခု က ကြားဖူး နားဝ လည်း ရှိတော့ ကိုရင် ဝတ် ရင် ည ဘက် အဖတ် မစား ရဘူး ဆိုရင် အရည် သောက်ကြမယ် ဆိုပြီးတော့ ဘုန်း ကြီ းကျောင်း ရှေ့ က မုန့်ဆိုင်မှာ ကြံသကာ ခဲတွေ ဝယ် ပြီးတော့ ရေ ဖျော်သောက်ကြတာပေါ့ ။ အရည် သောက် ရင် ငရဲ မကြီး ဘူး ထင် လို့ လေ ။ဒီလို နဲ့ ကျွန်တော် ကိုရင် ဝတ်လို့ လေး ရက်မြောက်နေ့မှာ ကျွန်တော့်အလှည့် (ကြံသကာ ဝယ် ဖို့ အတွက်) ရောက်ပါလေ ရော ။ ဒါနဲ့ ညနေ ခြောက်ခွဲလောက်တော့ရှိမယ် ။ ကျွန်တော် ဘုန်းကြီးကျောင်းအပြင် ကို ထွက်ပြီးတော့ ကြံသကာ ဝယ် တယ် ။ ဒါနဲ့ ပြန် လည် းဝင်လာ ရော နောက် က နေ ပြီးတော့ ကိုရင် မင်း တို့ တွေစည်း ကမ်း မရှိဘူးလား ဆို တာ ကို သေချာ ကြားလိုက်တာဗျ ။ ဒါနဲ့ ဘယ်သူများပြော လည်း ပေါ့ နော ်။ အချင်း ချင်း ထဲ က များ နောက်လား ပေါ့ ။ ဒါပေမယ့် အသံ က လည်း လူ ကြီး အသံ ကြီးဗျ ။ ဒါနဲ့ ကြောက်ကြောက်နဲ့ကျောင်း ဆောင် သစ် ကြီး ဘက ်ကို ပြေး တော့တာပေါ့ ။ ကျောင်းပေါ် ရောက်သွားတော့လည်း အမော ပြေ သွားတော့သူငယ်ချင်းတွေ နဲ့ ဟိ ုပြောဒီပြော နဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပေါ့ ။ ဒီလို နဲ့ ည အိပ်ရော ။ ကျွန်တော့်အဖေ က လည်း ပုံမှန် ပဲ ဆို တော့ အိပ ်တာပေါ့ ။ အဲဒီ အချိန်မှာ ကျွန်တော့်ခေါင်း ရင်း က ဆောက်လက်စတံခါးပေါက်ဟင်းလင်း ဆိုတော့လေ တဖြူးဖြူးနဲ့ပေါ့ဗျာ ။အပြင် ကလ လည်းသာနေတာဆိုတော့ လှမ်းငေးမိတာပေါ့ ။
အဲဒီ အချိန်မှာ ပဲ ပိန္နဲပင် ပေါ် က နေလူ ကြီး တစ်ယောက် ဇောက်ထိုး ကြီး ဆင်း လာ တာ အသေအချာ အရှင်း အလင်း ကြီး ကို မြင် ရတာ ဗျာ ။ အဝတ် တွေကလည်း သင်္ကန်းလို ကြီး ။ ဒါနဲ့ကျွန်တော်လညး ကြောက်ကြောက်နဲ့မျက်စိစုံမှိတ်ထား ပြီး အိပ်ချင်ယောင်ဆောင်နေတာ။ မကြာဘူး ကျွန်တော့်ဘေး က တစ်ကောင်ကို စပြီးတော့ သင်္ကန်း ကိုဆွဲပြီး အပြင် ကို ဆွဲထုတ်တာ ။ လူ ပါ ပါသွားတယ် ။ သကောင့်သားကအိပ်ပုပ် ကြီးတော့ မသိဘူး ။ ကျွန်တော် က မြင် နေ ရပြီ ။ အဲဒီကောင် ကျောင်းအပြင် သံမံတလင်းပေါ် မှာ ရောက်နေပြီ ။ ခဏ နေ တော့ကျွန်တော့်သင်္ကန်း စ ကို လာ ဆွဲရော ။ ဒါနဲ့ ကျွန်တော်လည်း အတင်း ခေါင်း မြီးခြုံပြီးတော့ တင်း နေအောင် ပြန် ဆွဲအုပ်ထားတာပေါ့။ မရဘူး ဗျ။ လူပါ ပါသွားတာ ၊ ကိုယ် ပါ ကျောင်းပြင် ရောက်သွားတာ ။ အဲဒါနဲ့ အသံကုန်အော် တော့တာပဲ ။ အဲဒီ အချိန် မှာ အဖေ ကလည်း နိုးလာ ပြီ ။ ကြည့်လိုက်တော့ ကျွန်တော်တို့ နှစ်ယောက် က ကျောင်းပြင်မှာ ။ ကြံသကာ ရည် ခိုးသောက်တဲ့ နှစ်ယောက်ပေါ့ ။ အဲဒီလိ ု နဲ့ ကျွန်တော် တို့နှစ်ယောက်ကို အဆောင်ထဲပြန်ထည့်ရုံ ရှိသေးတယ် ။ နောက်ထပ် ကိုရင် တွေ ကို ပါ ဘယ်သူက တီးမှန်း မသိဘဲ နဲ့ အဆော်ခံ ရတာ ။ လေး ငါး ယောက်လောက် အတီးခံလိုက်ရတယ် ။ အကုန်လုံး နိုး နေတာနော် ။အဲဒီ အချိန်မှာ ။ ဒါနဲ့ဘုန်း ကြီး ကို သွားနှိုး တော့။ ဘုန်း ကြီး က ဘာ မှ မပြော ဘူး ။ ပြန် အိပ် ခိုင်း တယ် ။ နောက်နေ့ရောက်တော့ ကျွန်တော် ဖျား ရော ။ ဒါနဲ့ပဲ ကြောက်တာနဲ့ ခုနစ် ရက်တောင်မပြည့်ဘူး ကျွန်တော ်ခြောက်ရက်နဲ့ပဲ ကိုရင် လူ ထွက် ခဲ့ရတယ် ။ ထွက်တဲ့ နေ့မှာ ဘုန်း ကြီး က ပြော တယ် တဲ့ အဖေ့ကို ။ ဒါ က လညး ်နောက်မှ ပြန ်သိ ရတာပါ ။ ကိုယ်ကြောက်မှာစိုးလို့ သူတို့ ကမပြော ပြ ဘူး အဲဒီတုန်း က ။
အဲဒီ ည က လာ တာ က အရင် ကျောင်းထိုင်ဘုန်း ကြီး ပါတဲ့ ။ ကျောင်း ဆောင်ဆောက်နေတာ မပြီး ပြတ်သေးခင် ဆုံးသွားတော့ စိတ်စွဲပြီးတော့ မကျွတ် မလွတ် ဖြစ်နေတယ်ဆို ပဲ ။
ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top