ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အင္ဒိုနီးရွား ဓာတ္ပံု ဆရာတစ္ဦးျဖစ္တဲ့ Zulkarnainကို ရုတ္တရက္ၾကည့္လိုက္ရင္ေတာ့ သူပါးစပ္ကိုအသံုးျပဳျပီး ကင္မရာကိုအဖြင့္အပိတ္လုပ္ရတယ္လို့ ထင္မိမွာမဟုတ္ပါဘူး။24နွစ္အရြယ္ Zulkarnainဟာ ေမြးကတည္းက ေျခလက္မပါပဲ ေမြးဖြားလာေပမယ့္ ဘဝကိုအရွဳံးမေပးပဲ မဆုတ္မနစ္တဲ့အရင္းခံဇဲြနဲ့ ၾကိဳးစားလာခဲ့သူျဖစ္ပါတယ္။ကင္မရာကိုကိုင္တြယ္ဖို့ လက္ေခ်ာင္းေလးေတြပါမလာေပမယ့္ သူ့ရဲ့မ်က္နွာ၊ပါးစပ္၊အဆစ္အေနနဲ့ထည့္ေပးထားတယ္ထင္ရတဲ့ လက္ေမာင္းေသးေသးေလးေတြကို အားျပဳျပီး ကင္မရာတစ္လံုးကို ကိုင္တြယ္နိုင္ဖို့ သူအၾကိမ္ၾကိမ္ၾကိဳးစားခဲ့ပါတယ္။

“က်ြန္ေတာ္ရုိက္ထားတဲ့ပံုေတြကိုၾကည့္ျပီး က်ြန္ေတာ္ဘယ္သူလဲလို့ စဥ္းစားအေျဖရွာေနမွာထက္ က်ြန္ေတာ့္ရဲ့ဖန္တီးမွဳေတြကို သတိထားမိမွာကို ပိုလိုခ်င္ပါတယ္”လို့ သူကေျပာခဲ့ပါတယ္။သူဟာ ေနရာတိုင္းမွာ သူမ်ားနဲ့မတူညီပဲကဲြထြက္စြာလုပ္နိုင္စြမ္းရွိသူေတြ ရွိတယ္ဆိုတာကို သက္ေသထူခဲ့သလို ျပင္းျပတဲ့ဆံုးျဖတ္ခ်က္စိတ္ဓာတ္နဲ့သာဆို ဘယ္အခက္အခဲကိုမဆို ရုန္းနိုင္တယ္ ဆိုတာကို အျပည့္အဝသက္ေသျပနိုင္ခဲ့သူ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ သူဟာ ထင္မွတ္မထားတဲ့ အမိုက္စားရုိက္ခ်က္ေတြနဲ့ retouchလည္းကိုယ္တိုင္လုပ္သလို သူလက္ခံထားတဲ့ အလုပ္ကိစၥအဝဝကို စီမံခန့္ခဲြေပးမယ့္ DZOELဆိုတဲ့ ကုမၼဏီကိုလည္း ေထာင္ထားပါေသးတယ္။

ကဲ အေျပာနဲ့မဟုတ္ပဲ အလုပ္နဲ့လက္ေတြ့သက္ေသျပထားတဲ့ သူ့ရုိက္ခ်က္ေတြကိုပါ စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say
#Unicode Version#
အင်ဒိုနီးရှား ဓာတ်ပုံ ဆရာတစ်ဦးဖြစ်တဲ့ Zulkarnainကို ရုတ်တရက်ကြည့်လိုက်ရင်တော့ သူပါးစပ်ကိုအသုံးပြုပြီး ကင်မရာကိုအဖွင့်အပိတ်လုပ်ရတယ်လို့ ထင်မိမှာမဟုတ်ပါဘူး။24နှစ်အရွယ် Zulkarnainဟာ မွေးကတည်းက ခြေလက်မပါပဲ မွေးဖွားလာပေမယ့် ဘဝကိုအရှုံးမပေးပဲ မဆုတ်မနစ်တဲ့အရင်းခံဇွဲနဲ့ ကြိုးစားလာခဲ့သူဖြစ်ပါတယ်။ကင်မရာကိုကိုင်တွယ်ဖို့ လက်ချောင်းလေးတွေပါမလာပေမယ့် သူ့ရဲ့မျက်နှာ၊ပါးစပ်၊အဆစ်အနေနဲ့ထည့်ပေးထားတယ်ထင်ရတဲ့ လက်မောင်းသေးသေးလေးတွေကို အားပြုပြီး ကင်မရာတစ်လုံးကို ကိုင်တွယ်နိုင်ဖို့ သူအကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။

“ကျွန်တော်ရိုက်ထားတဲ့ပုံတွေကိုကြည့်ပြီး ကျွန်တော်ဘယ်သူလဲလို့ စဉ်းစားအဖြေရှာနေမှာထက် ကျွန်တော့်ရဲ့ဖန်တီးမှုတွေကို သတိထားမိမှာကို ပိုလိုချင်ပါတယ်”လို့ သူကပြောခဲ့ပါတယ်။သူဟာ နေရာတိုင်းမှာ သူများနဲ့မတူညီပဲကွဲထွက်စွာလုပ်နိုင်စွမ်းရှိသူတွေ ရှိတယ်ဆိုတာကို သက်သေထူခဲ့သလို ပြင်းပြတဲ့ဆုံးဖြတ်ချက်စိတ်ဓာတ်နဲ့သာဆို ဘယ်အခက်အခဲကိုမဆို ရုန်းနိုင်တယ် ဆိုတာကို အပြည့်အဝသက်သေပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူဟာ ထင်မှတ်မထားတဲ့ အမိုက်စားရိုက်ချက်တွေနဲ့ retouchလည်းကိုယ်တိုင်လုပ်သလို သူလက်ခံထားတဲ့ အလုပ်ကိစ္စအဝဝကို စီမံခန့်ခွဲပေးမယ့် DZOELဆိုတဲ့ ကုမ္မဏီကိုလည်း ထောင်ထားပါသေးတယ်။

ကဲ အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့လက်တွေ့သက်သေပြထားတဲ့ သူ့ရိုက်ချက်တွေကိုပါ စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top